26 w - Translate

Nov 9 to Nov 29 မှာ 🤍✨
ဒို့တွေရဲ့အချစ်ဆုံး mercury retrograde လေးလာပါမယ်ရှင်🙂‍↔️
အခုကတော့အစမ်းကြိတ်တဲ့ကာလလေးပါချင့်😔

image
26 w - Translate

မတူတဲ့ အသက်အရွယ်မှာ
မတူတဲ့ ရွေးချယ်မှုရှိတယ်...။
မတူတဲ့ အချိန်ကာလမှာ
မတူတဲ့ ဘဝနေနည်းရှိတယ်...။
ကိုယ့်အသက်အရွယ်တိုင်းမှာ
အကောင်းဆုံး နေထိုင်ခြင်းက
ဘဝရဲ့ အကြီးမားဆုံး အကျိုးရလဒ် ဖြစ်တယ် ...။ 🥰
🔹နိုင်းနိုင်းစနေ🔹

26 w - Translate

ထူးခတ်ထားသော အနာဂတ်
_________________________
- ဒုက္ခနဲ့ အသားကျ သွားတဲ့နောက်
ရင်ဘတ်က ဒဏ်ရာလည်း
နည်းနည်းမှ မနာတော့ဘူး၊
-ကိုယ့်နိုင်ငံကို ခြေချ ထားပါလျက်
အထပ်ထပ် ကြွေနေတဲ့ ဘဝတွေကို
ရာဇဝင်ဆိုးထဲ ထိုးထည့်ခဲ့ရတာက
မလုံတဲ့ လိပ်ပြာပါပဲ၊
-ထူးခတ်ထားတဲ့ အနာဂတ်ကို
လူငယ်တွေ ဘယ်အားသုံးပြီး
ရုန်းမလဲ။
-နာမည်ကောင်းရဖို့ မကြိုးစားနဲ့
ဘဝကောင်း ရဖို့ ကြိုးစား၊
မသန်စွမ်းဖြစ်နေတဲ့ နိုင်ငံကို
မင်းတို့လက်ထဲ ထိုးထည့်ခဲ့ရမှာ
အားတော့နာတယ်။
-ငါတို့ မြန်မာနိုင်ငံဟာ
အယူခံဝင်ခွင့်မရှိတဲ့ ငရဲပါပဲ။
#မြူမှော်ရုံ

image

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ WRF မော်ဒယ်လ်၏ ၂၈-၁၀-၂၀၂၅ ရက်နေ့ မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန်ကို အခြေခံတွက်ထုတ်ထားသည့် ၂၉-၁၀-၂၀၂၅ ရက်နေ့မှ ၃၁-၁၀-၂၀၂၅ ရက်နေ့အထိ မိုးရွာသွန်းမှုခန့်မှန်းချက်ပြပုံ

image

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ WRF မော်ဒယ်လ်၏ ၂၈-၁၀-၂၀၂၅ ရက်နေ့ မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန်ကို အခြေခံတွက်ထုတ်ထားသည့် ၂၉-၁၀-၂၀၂၅ ရက်နေ့မှ ၃၁-၁၀-၂၀၂၅ ရက်နေ့အထိ မိုးရွာသွန်းမှုခန့်မှန်းချက်ပြပုံ

image

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ WRF မော်ဒယ်လ်၏ ၂၈-၁၀-၂၀၂၅ ရက်နေ့ မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန်ကို အခြေခံတွက်ထုတ်ထားသည့် ၂၉-၁၀-၂၀၂၅ ရက်နေ့မှ ၃၁-၁၀-၂၀၂၅ ရက်နေ့အထိ မိုးရွာသွန်းမှုခန့်မှန်းချက်ပြပုံ

image

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ WRF မော်ဒယ်လ်၏ ၂၈-၁၀-၂၀၂၅ ရက်နေ့ မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန်ကို အခြေခံတွက်ထုတ်ထားသည့် ၂၉-၁၀-၂၀၂၅ ရက်နေ့မှ ၃၁-၁၀-၂၀၂၅ ရက်နေ့အထိ မိုးရွာသွန်းမှုခန့်မှန်းချက်ပြပုံ

image
image
image

ယခုနှစ်အကုန်တွင် ရှက်ဖီးလ်ဝင်းနက်စ်ဒေးအား ပိုင်ရှင်သစ်ထံ လွဲပြောင်းနိုင်မယ်လို့ စီမံအုပ်ချုပ်မှုအဖွဲ့ ကြေညာလာ
======================

ရှက်ဖီးလ်ဝင်းနက်စ်ဒေးရဲ့ ပူးတွဲ စီမံအုပ်ချုပ်ရေးအဖွဲ့က အသင်းကို ဝယ်ယူရေးအတွက် ရင်းနှီးမြှပ်နှံသူ လေးဖွဲ့၊ ငါးဖွဲ့ရဲ့ ကမ်းလှမ်းမှု ရရှိထားပြီး ယခုနှစ်ကုန်ပိုင်းတွင် အသင်းကို ပိုင်ရှင်သစ်ထံ လွဲပြောင်းပေးနိုင်တော့မှာ ဖြစ်ကြောင်း အတည်ပြုလာပါတယ်။

သောကြာနေ့တုန်းက ပိုင်ရှင်ဒီဖုန်းချန်ဆီရီက ချန်ပီယံရှစ်ကလပ်အား စီမံအုပ်ချုပ်မှုလက်အောက်သို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ခရစ်ဝစ်ဖီးလ်က ပိုင်ရှင်သစ်ရှာဖွေနေပါတယ်။

ဝစ်ဖီးလ်က ရှက်ဖီးလ်ဝင်းနက်စ်ဒေးမှာ EFL စည်းမျဉ်းအရ ဈေးကွက်အတွင်းတွင် ၂၈ ရက်တိုင် ရှိနေမှာ ဖြစ်ပြီး ကောင်းမွန်တဲ့ ကမ်းလှမ်းမှုများ ရရှိထားကြောင်း အတည်ပြုလာပါတယ်။

ဒါ့အပြင် ဝစ်ဖီးလ်က ပိုင်ရှင်သစ်များက လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင် ကစားသမားသစ်များ ဝယ်ယူအားဖြည့်ပေးလာဖို့ မျှော်လင့်ကြောင်းလည်း ဆိုသွားပါတယ်။

ဝစ်ဖီးလ်က အသင်းအား ဝယ်ယူရေး ကမ်းလှမ်းမှုများကို လာမယ့်လတွင် ဆန်းစစ် ရွေးချယ်လာမှာ ဖြစ်ပြီး နှစ်မကုန်မီ အရောင်းအဝယ်အပြီးသတ်သွားမယ်လို့ ဆိုထားပါတယ်။

ရှက်ဖီးလ်ဝင်းနက်စ်ဒေးပရိသတ်များဟာ ဘဏ္ဍာရေးအကြပ်အတည်းကြားထဲသို့ ရောက်နေတဲ့ ကလပ်ရဲ့ စနေနေ့တုန်းက ပွဲကို ကွင်းလုံးပြည့်လာရောက်အားပေးကာ ကလပ်ရဲ့ အမှတ်တရစတိုးမှလည်း ပစ္စည်းများ ဝယ်ယူကာ ကလပ်ကို ငွေကြေးအားဖြည့်မှု ပြုလုပ်ခဲ့ကြပါတယ်။

ယခင်တုန်းက ရှက်ဖီးလ်ပရိသတ်များဟာ ကလပ်ရဲ့ပွဲများကို လာမကြည့်ဘဲ သပိတ်မှောက်လာခဲ့ကြတာပါ။
စီမံအုပ်ချုပ်ရေးအဖွဲ့ဟာ ပရိသတ်များရဲ့ အားပေးမှုကြောင့် ပေါင် ၅ သိန်းကျော်အထိ ရရှိကာ ကလပ်ကို အခက်အခဲကာလအတွင်း စီမံနိုင်လာကြပါတယ်။

image

ယူနိုက်တက်လူငယ်ကစားသမားရဲ့ ဖခင် ကိုယ့်ကိုယ်ကို အဆုံးစီရင်
=====================

ယူနိုက်တက်လူငယ်အသင်းနောက်ခံလူရစ်စ်ဘန်းနက်ရဲ့ ဖခင်ဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု ပြုလုပ်သွားခဲ့ပါတယ်။
FA Youth Cup ချန်ပီယံဖြစ်စဉ်တုန်းက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ အသက် ၂၁ နှစ်ရှိ ဘန်းနက်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက လိဂ် ၂ ကလပ် ဖလက်ဝုဒ်တောင်းတွင် အငှားဖြင့် သွားကစားခဲ့သူ ဖြစ်ပြီး ဖခင်ဖြစ်သူ နာရေးကြောင့် ယူနိုက်တက်ဘက်က ခွင့်ပေးထားပါတယ်။

ဘန်းနက်က ဖခင်ဖြစ်သူ အဆုံးစီရင်သွားမှုအတွက် များစွာ ကြေကွဲဝမ်းနည်းရကြောင်း၊ ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦးဖြစ်လာအောင် ပြုစုပျိုးထောင်လာသူ ဖြစ်ကြောင်း၊ ကိုယ်ကိုယ်ကို အဆုံးစီရင်မှုများ ပပျောက်ရေးအတွက် ပြဿနာများကို ဖော်ထုတ်ပြောဆိုမှု ပြုလုပ်သင့်ကြောင်း အင်စတာဂရမ်တွင် ပို့စ်တင်ရေးသားသွားပါတယ်။

ဒါ့အပြင် ဘန်းနက်ဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုပပျောက်ရေး လှုပ်ရှားနေတဲ့ ပရဟိတအဖွဲ့များရဲ့ ဖုန်းနံပါတ်ကိုလည်း ပို့စ်တင်သွားပါတယ်။

မန်ချက်စတာဖွားဘန်းနက်ဟာ ၂၀၂၂ ခုနှစ်တုန်းက FA Youth Cup ဆွတ်ခူးနိုင်ခဲ့တဲ့ ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပါတယ်။ ယင်းအသင်းတွင် ကိုဘီမိုင်နူးနှင့် အလီဂျန်ဒရိုဂါနာချိုလည်း ပါဝင်ပါတယ်။

သူဟာ ၂၀၂၄ ခုနှစ် နွေရာသီ အမေရိကန်ခရီးစဉ်တွင် ပထမအသင်းနှင့်အတူ လိုက်ပါခွင့် ရခဲ့ပါတယ်။

သူဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတုန်းက ဝက်စ်ဟမ်းအား ၂-၀ ဖြင့် ရှုံးနိမ့်တဲ့ပွဲတွင် အရန်စာရင်းထဲမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။
သူဟာ ယခုရာသီတွင် ယူနိုက်တက်ယူ-၂၁ အသင်းအတွက် ၂ ပွဲကစားထားပါတယ်။

image

El Clasico ပွဲတွင် ရင့်သီးတဲ့ အပြုအမူပြုလုပ်ခဲ့မှုအတွက် အရေးယူခြင်းခံရဖို့ ရှိနေတဲ့ ဘယ်လင်ဂမ်
=======================

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားဂျူ့ဘယ်လင်ဂမ်ဟာ ဘာစီလိုနာနှင့် El Clasico ပွဲစဉ်တွင် ယူရို ၂၀၂၄ တုန်းက ပြုလုပ်ခဲ့တဲ့ ရင့်သီးတဲ့ အပြုအမူ ထပ်မံ ပြုလုပ်မှုအတွက် ပြင်းထန်တဲ့ အရေးယူခြင်းခံလာရဖို့ ရှိနေပါတယ်။

အသက် ၂၂ နှစ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမားဟာ ဆလိုဗက်ကီးယားကို ၂-၁ ဖြင့် အနိုင်ရတဲ့ ယူရို ၂၀၂၄ ပွဲစဉ်တွင် ပရိသတ်များရှိရာသို့ ငယ်ပါညှစ်တဲ့ ပုံစံပြုလုပ်ပြခဲ့မှုကြောင့် ပေါင် ၂၅၀၀၀ ဒဏ်ရိုက်ခြင်းခံခဲ့ရတဲ့အပြင် ဆိုင်းငံ့ ၁ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

ယခု ဘယ်လင်ဂမ်ဟာ တနင်္ဂနွေနေ့ညတုန်းက ဘာနေဗျူးကွင်းတွင် ဘာစီလိုနာအား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင် အထက်ပါ အပြုအမူမျိုး ထပ်မံ ပြုလုပ်ခဲ့ပြန်ပါတယ်။

ဘယ်လင်ဂမ်ဟာ မနေ့ညတုန်းက El Clasico ပွဲစဉ်တွင် ဘက်ပေး ဂိုးသွင်းနိုင်အောင် ဖန်တီးမှု ပြုလုပ်ခဲ့တဲ့အပြင် ကိုယ်တိုင်လည်း တစ်ဂိုးသွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။

သူဟာ El Clasico ပွဲစဉ်တွင် လျာထုတ်ပြကာ ငယ်ပါအား ညှစ်တဲ့ပုံစံ ပြုလုပ်ခဲ့ပါတယ်။

မနေ့ညက El Clasico ပွဲစဉ်တွင် ပွဲပြီးခါနီးတွင် ပီဒရီ အထုတ်ခံရစဉ် နှစ်ဖက်ကစားသမားများ ရုန်းရင်းဆန်ခတ် ဖြစ်ပါတယ်။ ဒါ့အပြင် ပွဲအပြီးတွင်လည်း နှစ်ဖက်ကစားသမားတို့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ဒါနီကာဗာဂျယ်နှင့် ဗီနီရှပ်စ်တို့ဟာ El Clasico ပွဲမတိုင်မီ ပွဲများတွင် ရီးရဲလ်မက်ဒရစ်တို့ ဓားပြတိုက်မှု၊ စောဒကတက်မှုများ ပြုလုပ်တယ်ဆိုပြီး ပြောဆိုခဲ့တဲ့ လာမိန်းယာမဲလ်အား ပစ်မှတ်ထားခဲ့ကြတာ တွေ့ရပါတယ်။
ဘယ်လင်ဂမ်ဟာလည် ပွဲအပြီးတွင် “Talk is cheap. HALA MADRID SIEMPRE!!!” ဆိုပြီး အင်စတာဂရမ်မှာ စာရေးသား ပို့စ်တင်ခဲ့ပါတယ်။

လက်ရှိအချိန်တွင် ဘယ်လင်ဂမ်ရဲ့ El Clasico ပွဲစဉ်မှ အပြုအမူအား လာလီဂါဘက်မှ အရေးယူလာမလားဆိုတာ မသိရသေးပါဘူး။

image