ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Comprehensive Report on Orange Market Size & Share 2032 - The Report Cube
Orange Market Overview:
Market Size (2024): USD 3.85 Billion
Market Size (2032): USD xx Billion
CAGR (2023–2032): 3.89%
Top Companies in Orange Market: Berje, Inc., Citrosuco, Citrus World Inc., Hyatt Fruit Co., Indian River Fruit Co., Lemon Concentrate, Nielson Citrus Products Co. Inc., Paradise Juice, Perricone Farms, Schacht Groves, Sequoia Orange Co. Inc., and Others (Sunrise Fruits Company, The Fruit Co., Zain Natural Agro India Pvt. Ltd.).
Request a Free Sample PDF of This Report - https://www.thereportcubes.com..../request-sample/oran
Green Hydrogen Market Outlook 2032: Trends, Opportunities & Challenges - The Report Cube
Green Hydrogen Market Overview:
Market Size (2023): USD xx Billion
Market Size (2032): USD xx Billion
CAGR (2023–2032): 15.7%
Top Companies in Green Hydrogen Market: Linde plc, Air Liquide, Air Products and Chemicals, Engie, Uniper Energy Storage, Wind to Gas Energy, Shell, and Others.
Request a Free Sample PDF of This Report - https://www.thereportcubes.com..../request-sample/gree
Paraguay Off-the-Road (OTR) Vehicle Tire Market Outlook 2032: Trends, Opportunities & Challenges - The Report Cube
Paraguay Off-the-Road (OTR) Vehicle Tire Market Overview:
Market Size (2023): USD xx Billion
Market Size (2032): USD xx Billion
CAGR (2023–2032): 3.2%
Top Companies in Paraguay Off-the-Road (OTR) Vehicle Tire Market: Michelin, Bridgestone, Goodyear, Pirelli, Continental, Yokohama, Shandong Linglong Tires, and Others.
Request a Free Sample PDF of This Report - https://www.thereportcubes.com..../request-sample/para
Comprehensive Report on Mexico Industrial Coating Market Size & Share 2032 - The Report Cube
Mexico Industrial Coating Market Overview:
Market Size (2023): USD xx Billion
Market Size (2032): USD xx Billion
CAGR (2023–2032): 18.0%
Top Companies in Mexico Industrial Coating Market: Axalta Coating Systems Mexico S de RL de CV, PPG Industries, Inc., Sherwin Williams, HEMPEL DE MEXICO, SA DE CV, Henkel AG & Co. KGaA, Jotun Mexico SA de CV, Akzo Nobel N.V., Sika Mexicana SA de CV, BASF Coatings de Mexico, S.A. de C, and Others.
Request a Free Sample PDF of This Report - https://www.thereportcubes.com..../request-sample/mexi
ညောင်ဦးမှာ အမျိုးသားနဲ့အမျိုးသမီးတယောက် ပစ်သတ်ခံရ
အောက်တိုဘာ ၉ ၊ ၂၀၂၅
GG (VOM)
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ လက်ပန်တဲရွာမှာ အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်ကို လက်နက်ကိုင်အဖွဲ့တခုက နေအိမ်ထဲထိဝင်ရောက်ပြီး သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
ဖြစ်စဥ်က အောက်တိုဘာ ၈ ရက်နေ့ မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အသတ်ခံရသူတွေက လက်ပန်တဲရွာမှ အသက် ၃၃ နှစ်အရွယ် ဟိန်းကိုကိုဦးဆိုသူနဲ့ အသက် ၂၉ နှစ်အရွယ် မသိန်းဆွေဆိုသူတို့ဖြစ်ကြောင်းသိရပါတယ်။
" အိမ်ထဲအထိ ဝင်ပစ်သွားတာလို့သိရတယ်။နေရာမှာပဲ ဆုံးသွားကြတယ်။အမျိုးသားက လည်ပင်းနဲ့ နံကြားမှန်တယ်။အမျိုးသမီးက နားအောက်ဖောက်ဝင်ဒဏ်ရာနဲ့ဆုံးတယ်။ဘယ်အဖွဲ့ကလုပ်တယ်၊ ဘာကြောင့်သတ်တယ် ဆိုတာတော့ သေချာမသိတဲ့အတွက်မပြောနိုင်ပါဘူး။ " လို့ ဖြစ်စဥ်သိသူ ဒေသခံကပြောပါတယ်။
သေဆုံးသူနှစ်ယောက်က နေအိမ်မှာရှိနေချိန် လက်နက်ကိုင်ဆောင်ထားသူ ငါးယောက်ရောက်လာပြီး သေနတ်နဲ့ပစ်သတ်သွားတာဖြစ်ကြောင်း ၊ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရောက်လာပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်သွားတယ်လို့သိရပါတယ်။
သြဂုတ် ၂၂ ရက်ကလည်း ညောင်ဦးမြို့နယ်၊စဥ့်ကူမြို့က ကျူရှင်ဆရာမဆိုသူ ဒေါ်အိအိခိုင်နဲ့ မှတ်ပုံတင်ပွဲစားဆိုသူ ဦးမောင်ဝင်းဆိုသူတို့လည်း သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။
ဇူလိုင် ၃၁ ရက်ကလည်း ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ ဆည်ကျေးရွာမှာ မူလတန်းပြ ဆရာမတယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။ဇူလိုင် ၁၃ ရက်ကလည်း ညောင်ဦး ၊လက်ထုပ်ကျေးရွာမှာ အမျိုးသားတယောက် ပစ်သတ်ခံခဲ့ရတယ်လို့သိရပါတယ်။
ဇွန် ၁၅ ရက် ကလည်း ညောင်ဦး ၊ညောင်ပင်ကန်ရွာက အထက်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာမကြီးနဲ့ခင်ပွန်းဖြစ်သူတို့ ပစ်သတ်ခံခဲ့ရပြီး ဇွန် ၉ ရက်ကလည်း ညောင်ဦး၊ ဒဟတ်ကန်ကျေးရွာမှ ရာအိမ်မှူး နဲ့ ကြံ့ခိုင်ရေးပါတီဝင်နှစ်ယောက်တို့ ပစ်သတ်ခံခဲ့ရတယ်လို့သိရပါတယ်။
Photo: CJ
Credit - Voice of Myanmar News Agency
#သတင်းဟင်းလေးအိုးကြီး
ဖားကန့်နှင့်မြစ်ကြီးနားမြို့နယ်တို့တွင် လူ(၅)ဦးထက်ပို၍ မစုဝေးကြရန်နှင့်ညမထွက်ရ အမိန့်ထုတ်
အောက်တိုဘာ ၉
ကချင်ပြည်နယ်အတွင်းရှိ ဖားကန့်မြို့နယ်နှင့် မြစ်ကြီးနားမြို့နယ်တို့တွင် လူ(၅)ဦးနှင့်အထက် စုဝေးခြင်းမပြုကြရန်နှင့် ည(၁၀)နာရီမှ နံနက်(၄)နာရီအတွင်း အပြင်မထွက်မထွက်ကြရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အသိပေးထားကြောင်း ဒေသခံများထံမှသိရသည်။
လူ(၅)ဦး သို့မဟုတ် (၅)ဦးထက်ပိုသောလူများသည် ဖားကန့်မြို့နယ်အတွင်း လမ်းမကြီးများ၊ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် သို့မဟုတ် အများ ပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် စုဝေးခြင်းမပြုရန်နှင့် ည(၁၀)နာရီအချိန်မှ နံနက်(၄)နာရီ အချိန်အတွင်း ညမထွက်ရအမိန့်ကို အောက်တိုဘာလ (၈) ရက်ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဖားကန့်မြို့နယ်နယ်နှင့် မြစ်ကြီးနားမြို့နယ် နိမိတ်အတွင်း လူအချို့သည် အများပြည်သူ့တို့၏လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ပြုမူ ဆောင်ရွက်နေကြောင်း တွေ့ရှိရသည်ဟု အသိပေးထုတ်ပြန်ရာတွင်ပါဝင်ကြောင်း ဒေသခံများကဆိုသည်။
ထိုသို့ သို့ပြုမူဆောင်ရွက်ခြင်းသည်တည်ငြိမ်အေးချမ်းရေးနှင့်အများပြည်သူတို့၏ လုံခြုံရေး တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေသည့်အပြင်ရုန်းရင်းဆန်ခတ် မှုများဖြစ်ပွားစေနိုင်သည်ဟု ယုံကြည်ယူဆရသဖြင့် ဖားကန့်မြို့နယ်နှင့် မြစ်ကြီးနားမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု/ကျေးရွာများတွင် စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တစ်မျိုးမျိုး အသုံးပြု၍ဖြစ်စေ၊ လူကိုယ်တိုင် ဖြစ်စေ၊ စီတန်းလှည့်လည်ခြင်း၊ နှိုးဆော်ခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်ပြုမူခြင်းများကို တားမြစ်လိုက်ကြောင်း သိရသည်။
Credit - NP News Agency
#centralnewsnaypyitaw
အလုပ်ရှင်ကို လေးစားသင့်တယ်လို့ စီးရီးအေအကြီးအကဲရဲ့ ပြောဆိုခြင်းခံလာရတဲ့ ရာဘီယော့
အောက်တိုဘာ ၉
နိုင်ငံခြားတွင် လိဂ်ပွဲကစားလာစေမှုအား ဝေဖန်ပြောဆိုခဲ့တဲ့ အေစီမီလန်အလယ်တန်းကစားသမားအက်ဒရီယန်ရာဘီယော့အနေဖြင့် အလုပ်ရှင်ကို လေးစားသင့်တယ်လို့ စီးရီးအေအမှုဆောင်ချုပ်လူဂီဒီဆီရာဗိုရဲ့ ပြောဆိုခြင်းခံလာရပါတယ်။
အေစီမီလန်ဟာ လာမယ့် ဖေဖော်ဝါရီလတွင် ကိုမိုနှင့် စီးရီးအေပွဲစဉ်အား ဩစတြေးလျနိုင်ငံ၊ ပတ်တွင် ကစားလာမှာ ဖြစ်ပြီး ဗီလာရီးရဲလ်နှင့် ဘာစီလိုနာတို့မှာလည်း ဒီဇင်ဘာလတွင် လာလီဂါပွဲအား မိုင်ယာမီတွင် ကစားလာပါမယ်။
ပြင်သစ်လက်ရွေးစင်ကစားသမားရာဘီယော့ဟာ ပြင်သစ်သတင်းစာ Le Figaro နှင့် အင်တာဗျူးတွင် ယင်းအစီအစဉ်မှာ ရူးကြောင်ကြောင်နိုင်လှကြောင်း ဝေဖန်သွားခဲ့ပါတယ်။
ယခုအခါ စီးရီးအေအကြီးအကဲက "သူ မှန်တယ်။ ဒါပေမယ့် ရာဘီယော့ဟာ ဘောလုံးသမားတွေ ငွေသန်းပေါင်းများစွာ ရနေတာကို မေ့နေတယ်။ သူတို့ ဘောလုံးကစားဖို့ ငွေပေးခံနေရတယ်ဆိုတာ မေ့နေတယ်။ သူ ရရှိတဲ့ ငွေအတွက် လေးစားသင့်တယ်။ သူ့အလုပ်ရှင်အေစီမီလန်ရဲ့ ဆန္ဒကို လေးစားသင့်တယ်။ သူ့အလုပ်ရှင်မီလန်က နိုင်ငံခြားမှာ ဒီပွဲကစားဖို့ လက်ခံထားတာပါ"လို့ ပြောကြားသွားပါတယ်။
ယူအီးအက်ဖ်အေဟာ စီးရီးအေနှင့် လာလီဂါပွဲတို့အား ပြည်ပသို့ ထွက်ကစားမှုအား ရပ်တန့်ရေး ဥပဒေပိုင်းဆိုင်ရာ လုပ်ပိုင်ခွင့် မရှိမှုနှင့်အတူ တစ်ကြိမ်တည်းအဖြစ် ခွင့်ပြုချက် ပေးထားပါတယ်။
#ဘောလုံးသတင်းစုံ
ဗန်းမောက်မြို့နယ် တိုက်ပွဲရှောင်များ စားနပ်ရိက္ခာ လိုအပ်နေ
အောက်တိုဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့သိမ်း စစ်ဆင်ရေးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ကဒူးတပ်ဖွဲ့တို့ ပူးပေါင်း ဖော်ဆောင်ခဲ့ခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရ သည့် ဒေသခံများသည် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။
တိုက်ပွဲရှောင်များသည် ဗန်းမောက်မြို့အနောက်ခြမ်းရှိ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၏ ထိန်းချုပ် နယ်မြေထဲသို့ လည်းကောင်း၊ ဗန်းမောက်မြို့ တောင်ခြမ်းရှိ PDF-KIA-ကဒူးတပ်ဖွဲ့ ထိန်းချုပ်နယ်မြေထဲသို့ လည်းကောင်း တိမ်းရှောင်နေကြရသည်။
တချို့မှာလည်း မည်သည့် အဖွဲ့အစည်း၏ နယ်မြေထဲကိုမှ မသွားဘဲ တောထဲသို့ တိမ်းရှောင်နေကြရသည်။
အဆိုပါ တိုက်ပွဲရှောင်များသည် စားနပ်ရိက္ခာများ၊ ကျန်းမာ စောင့်ရှောက်မှုအတွက် ဆေးဝါးများ၊ လောင်စာဆီများ အရေးပေါ် လိုအပ်နေကြောင်း ဗန်းမောက်ဒေသခံ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက အဓိက,ကတော့ စစ်ဘေးရှောင်ရတာပေါ့၊ စစ်ဘေးရှောင်တဲ့ နေရာမှာ ဟိုဘက်တပ်ဖွဲ့နဲ့ ဒီဘက်တပ်ဖွဲ့ ကြားထဲမှာ စစ်ဘေးရှောင်တွေက တချို့ကလည်း ဒီဘက် SNA ရဲ့ ထိန်းချုပ်မှု နယ်ထဲကို သွားတယ်။ တချို့က လည်း PDF ရဲ့ ထိန်းချုပ်နယ်ထဲ ရောက်သွားတယ်။ အဲဒီကြားထဲမှာပေါ့နော် ဒေသခံတွေက။ ဦးဆောင်ပြီးတော့ ကူညီဆောင်ရွက်ပေးမယ့် လူမရှိပဲနဲ့ ဖြစ်နေတယ်။ အဲလိုမျိုး လောလောဆယ်တော့ နေဖို့ထိုင်ဖို့ကတော့ နောက် နေဖို့ထိုင်ဖို့ရယ် စားဖို့ရယ် အဓိကပေါ့လေ။ ပြီးမှပဲ နောက်လိုမယ့်ဟာတွေ ဆေးဝါးတွေလိုမယ်။ သွားဖို့ လာဖို့ လောင်စာဆီတို့ ဘာတို့လည်း လိုမှာပဲ အဲဘက်ကတော့။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အခါကျတော့ ဒါပေမယ့် အခြေခံ လိုအပ်ချက်ကတော့ စားရေးသောက်ရေးပေါ့ စားရေးသောက်ရေးရယ် နေဖို့ထိုင်ဖို့ရယ်ဟု ပြောသည်။
လက်ရှိတွင် ဗန်းမောက်မြို့နယ်အတွင်း၌ တိုက်ပွဲရှောင် ၅၀၀၀ ဝန်းကျင်ရှိပြီး SNA ထိန်းချုပ်နယ်မြေအတွင်းသို့ တိုက်ပွဲရှောင် ၁၀၀၀ ကျော် ဝင်ရောက် တိမ်းရှောင်လျက်ရှိကြောင်း၊ တချို့မှာ တောတောင်ဘက် တိမ်းရှောင်နေ ကြကြောင်း၊ တချို့ကတော့ KIA-PDF-ကဒူးတပ်ဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း ရှိနေကြောင်း သိရသည်။
SNA ကတော့ ဗန်းမောက်မြို့နယ်၊ ခိုပြင်ကျေးရွာနှင့် ပင်းမန (ခေါ်) ညောင်သာယာကျေးရွာမှ တိုက်ပွဲရှောင် ၁၆၈ ဦးနှင့် အစိုးရဝန်ထမ်း ၂၆၀ ကျော်ကို စားနပ်ရိက္ခာများ ထောက်ပံ့ပေးလျက်ရှိသလို ကျန်းမာရေး စောင့်ရှောက်မှု လည်း ပေးလျက်ရှိသည်။
လက်ရှိအချိန်တွင် စစ်ဘေးရှောင်ဦးရေ (၅၀၀၀) ခန့်ရှိပြီး ဒေသခံပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များအား ကူညီ ဆောင်ရွက်ရန်တွင်
ဗန်းမောက်ဒေသသည် ဖုန်းလိုင်းဆက်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲကြမ်းတမ်းသည့်အတွက် လက်ရှိ အချိန်တွင် တိုက်ပွဲရှောင်များအား အစိုးရနှင့် နိုင်ငံတကာမှ ကူညီဆောင်ရွက်ပေးသူ မရှိသေးကြောင်း ဗန်းမောက် ဒေသခံ တစ်ဦးမှ CNI သတင်းဌာနသို့ ပြောသည်။
၎င်းက အခုလက်ရှိ ကူညီမယ့် သူလည်းမရှိဘူး။ တစ်ယောက်မှ မရှိသေးဘူး။ ကျနော်တို့က အခုဟာက ဘယ်ရွာ က ဘယ်ကို ရောက်နေတယ်ဆိုတဲ့ ဟာတောင်မှ ကျနော်တို့က မသိဘူး။ ဒါကြောင့်မို့လဲ ကျနော်တို့ အဲဘက်မှာက ဖုန်းလိုင်းလည်းမရှိဘူး။ တချို့နေရာလေးတွေမှာ အင်တာနက် ဝါယာလက်နဲ့ သုံးတဲ့ဟာလေးတွေရှိတော့ အဲတာ လေးတွေနဲ့ နည်းနည်းလေး သတင်းရတာလောက်ပဲ။ သတင်းတွေလည်း ကျနော်တို့က တော်ရုံနဲ့မရဘူး။ အဆက် သွယ်လည်းမရဘူး။ အဲတာကြောင့်မို့လို့ ကူညီပေးမယ့် လူလည်း ကူညီချင်တယ်ဆိုရင်တောင်မှပဲ သွားကူညီလို့ မရဘူး အဲလိုမျိုး ဖြစ်နေတာဟု ပြောသည်။
ဗန်းမောက်မြို့သိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကဒူး တပ်ဖွဲ့တို့ ပူးပေါင်းပြီး စက်တင်ဘာ ၁၅ ရက်တွင် စတင်ဖော်ဆောင်ခဲ့ပြီးနောက် စက်တင်ဘာ ၂၀ ရက်တွင် ဗန်းမောက်မြို့ကို သိမ်းပိုက်ခဲ့သည်။
ထို့နောက် ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊ မြန်မာ့တပ်မတော်တို့သည် အင်အားစုစည်းပြီး အောက်တိုဘာ ၄ ရက်တွင် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေကြပြီး ဗန်းမောက်မြို့ အနီးတဝိုက်တွင် တိုက်ပွဲများပြင်းထန်နေ သည်။
ပုံ - ဗန်းမောက်တိုက်ပွဲရှောင်များကို တွေ့ရစဉ်
Credit - CNI Burmese
#သတင်းဟင်းလေးအိုးကြီး