ခါရာဘောင်ဖလားပွဲစဉ်မတိုင်မီ ဖြစ်ရပ်အတွက် ချဲလ်ဆီးနည်းပြရိုဆင်နီယာကို အာတီတာ တောင်းပန်လာ
====================
မီခေးလ်အာတီတာဟာ ခါရာဘောင်ဖလားပွဲစဉ်မတိုင်မီ ပြိုင်ဘက်အသင်း ကွင်းဘက်ခြမ်းသို့ ဝင်ရောက်ကာ သွေးပူလေ့ကျင့်ခန်း ပြုလုပ်ခဲ့မှုအတွက် လေးစားမှု မရှိလို့ ဝေဖန်ပြောဆိုခဲ့တဲ့ ချဲလ်ဆီးနည်းပြလီယမ်ရိုဆင်နီယာအား တောင်းပန်လာပါတယ်။
အဆိုပါအသင်းနှစ်သင်းတို့ဟာ ကြားရက်တုန်းက အမ်းမရိတ်ကွင်းတွင် ခါရာဘောင်ဖလားဆီမီးဖိုင်နယ်ဒုတိယအကျော့အဖြစ် ကစားခဲ့တာ ဖြစ်ပါတယ်။
ယင်းပွဲစဉ်မတိုင်မီ အာဆင်နယ်ဟာ သွေးပူလေ့ကျင့်ခန်းပြုလုပ်လာရာတွင် ချဲလ်ဆီးအသင်းဘက် ကွင်းခြမ်းသို့အထိ ကျူးကျော်ဝင်ရောက်ကာ ပြုလုပ်ခဲ့ပါတယ်။
ယင်းအဖြစ်အပျက်ကြောင့် ရိုဆင်နီယာဟာ အကြီးအကျယ် ဒေါသထွက်ခဲ့ပြီး "stay in your half. Stay in your f*****g half. F*****g stay there." ဆိုပြီး ဒေါသတကြီး အော်ဟစ်ပြောဆိုခဲ့ပါတယ်။
ပွဲအပြီးတွင်လည်း ရိုဆင်နီယာက အာဆင်နယ်အသင်းမှာ ပြိုင်ဘက်အသင်းအပေါ် မလေးမစားပြုလုပ်ကြောင်း ဝေဖန်သွားခဲ့ပါတယ်။
ယခုအခါ အာတီတာက "ကျွန်တော် မသိပါဘူး။ ဒါက သူ့အမြင်ပါ။ ကျွန်တော်တို့ အားလုံးကို လေးစားပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် နည်းပြအဖွဲ့ဝင်တစ်ယောက်ယောက်ပဲ ဖြစ်ဖြစ် သူတို့ဘက်ခြမ်းသို့ ဝင်ရောက်သွားမိရင် တောင်းပန်ပါတယ်။ ဘောလုံးမှာ ဒါမျိုး အဖြစ်များတယ်။ အထူးသဖြင့် ဂိုးသမားတွေက အဝေးကန်တင်တတ်လို့ပါ။ ဒါပါပဲ။ ဘာမှ ထူးထူးထွေထွေ မှတ်ချက်ပြုစရာ မရှိပါဘူး"လို့ ပြောကြားသွားပါတယ်။

image