Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ပြီးပြည့်စုံတဲ့ မုန့်ဟင်းခါး 🍝ချက်နည်း
၁။ ဟင်းရည်အတွက် လိုအပ်တဲ့ ပစ္စည်းများ
ငါး - ငါးခူ (သို့) ငါးကြင်းဖြူ ၁ ကီလိုဂရမ် (၂ ပေါင်ခန့်)
ငါးပြုတ်ရန် - စပါးလင် (၂) ချောင်း (ထုပြီးချည်ပါ)၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆီသတ်ရန်
ကြက်သွန်နီ - ၃ လုံး (ပါးပါးလှီးပါ)
ကြက်သွန်ဖြူ - ၅-၆ တက် (ထုထောင်းပါ)
ချင်း (ဂျင်း) - လက်မဝက်ခန့် (ထုထောင်းပါ)
စပါးလင် - ၃ ချောင်း (အဖြူပိုင်းကို ထုထောင်းပါ)
ငရုတ်သီးအရောင်တင်မှုန့် - စားပွဲတင်ဇွန်း ၁-၂ ဇွန်း (အစပ်ကြိုက်ရင် များများထည့်ပါ)
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ပုစွန်ငါးပိ (သို့) ငါးပိထောင်း - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း (မကြိုက်ရင် ချန်ထားနိုင်သည်)
ဆီ - ၁/၂ ခွက်
ဟင်းရည်အတွက်
ဆန်လှော်မှုန့် (သို့) ပဲမှုန့် (ပဲကျန်မှုန့်) - စားပွဲတင်ဇွန်း ၃ ဇွန်း (ရေအနည်းငယ်နဲ့ ဖျော်ပါ)
ငှက်ပျောအူ (သို့) ကြာရိုး - အသင့်တော်ဆုံးပမာဏ (ပါးပါးလှီးပြီး ရေစိမ်ထားပါ)
ငါးငံပြာရည် - စားပွဲတင်ဇွန်း ၃-၄ ဇွန်း (သို့) အရသာအလိုက်
ဆား/ဟင်းခတ်မှုန့် - အရသာအလိုက်
ရေ - ၈-၁၀ ခွက် (သို့) လိုအပ်သလောက်
၂။ ချက်ပြုတ်နည်းအဆင့်ဆင့်
(က) ငါးပြုတ်ခြင်း
၁။ ငါးကို ရေစင်အောင်ဆေးပြီး အိုးကြီးတစ်လုံးထဲထည့်ကာ ရေ၊ စပါးလင်၊ နနွင်းမှုန့်နဲ့ ဆားထည့်၍ ပွက်ပွက်ဆူအောင် တည်ပါ။
၂။ ငါးကျက်လျှင် ဆယ်ယူပြီး အအေးခံပါ။ ငါးပြုတ်ရည်ကိုတော့ စစ်၍ သိမ်းထားပါ။
၃။ အအေးခံထားသော ငါးအသားများကို အရိုးနင့် အခွံများ မပါစေဘဲ နူးညံ့အောင် ခြေပေးပါ။
(ခ) ဆီသတ်ခြင်း
၁။ ဒယ်အိုးတစ်လုံးထဲတွင် ဆီထည့်ပြီး အပူပေးပါ။
၂။ ထုထားသော ကြက်သွန်ဖြူ၊ ချင်း (ဂျင်း)၊ စပါးလင်တို့ကို ဆီသတ်ပါ။ မွှေးလာလျှင် ကြက်သွန်နီလှီးထားတာများ ကို ထည့်ပြီး ရွှေအိုရောင်သန်းသည်အထိ ဆက်လှော်ပေးပါ။
၃။ နနွင်းမှုန့်၊ ငရုတ်သီးအရောင်တင်မှုန့်နှင့် ငါးပိတို့ကို ထည့်ပြီး မွှေးလာသည်အထိ ဆက်လှော်ပါ။
၄။ ခြေထားသော ငါးအသား ကို ထည့်ပြီး ငါးငံပြာရည်အနည်းငယ်ဖြင့် အရသာဝင်အောင် ဆီသတ်ပေးပါ။
(ဂ) ဟင်းရည်တည်ခြင်း
၁။ သိမ်းထားသော ငါးပြုတ်ရည် ကို အိုးကြီးထဲတွင် ပြန်တည်ပါ။
၂။ ဆီသတ်ထားသော ငါးအရောအနှောများကို ဟင်းရည်ထဲ ထည့်ပါ။
၃။ ရေဖျော်ထားသော ဆန်လှော်မှုန့် (သို့) ပဲမှုန့် ကိုလည်း ထည့်ပြီး မွှေပေးပါ။ ဟင်းရည်မခဲစေရန် သတိထား၍ မွှေပေးပါ။
၄။ ပါးပါးလှီးထားသော ငှက်ပျောအူ (သို့) ကြာရိုး ကို ထည့်ပြီး နူးသည်အထိ တည်ပါ။
၅။ အရသာကို မြည်းစမ်းပြီး လိုအပ်ပါက ငါးငံပြာရည်၊ ဆား၊ ငရုတ်ကောင်းတို့ဖြင့် အရသာ ဖြည့်စွက်ပါ။ မုန့်ဟင်းခါးဟင်းရည်သည် ပျစ်ပြီး မွှေးနေရပါမယ်။ အနည်းဆုံး မိနစ် ၃၀ ခန့် ဆူပွက်အောင် တည်ပေးပါ။
၃။ တွဲဖက်ပစ္စည်းများ (Garnishes)
မုန့်ဟင်းခါးကို အရသာရှိအောင် စားသုံးဖို့အတွက် အောက်ပါ တွဲဖက်ပစ္စည်းများ မပါမဖြစ် လိုအပ်ပါတယ်။
မုန့်ဖတ် - အသင့်ပြုတ်ထားသော ဆန်ကြာဇံ (သို့) မုန့်ဟင်းခါးဖတ်
ကြက်သွန်နီ - ပါးပါးလှီးထားသော ကြက်သွန်နီစိမ်း
ကြက်ဥ - ဘဲဥပြုတ် (သို့) ကြက်ဥပြုတ် (အစိတ်လေးများ ပိုင်းထားပါ)
အကြော် - ပဲကြော်၊ ဘူးသီးကြော် (သို့) မုန့်လုံးကြော်၊ ငါးဖယ်ကြော်
အခြား - နံနံပင် (သို့) တရုတ်နံနံ (ပါးပါးလှီး)၊ သံပုရာသီး (သို့) ရှောက်သီး (အရည်ညှစ်ရန်)၊ ငရုတ်သီးအကြော် (သို့) ငရုတ်သီးဆီချက်
၄။ စားသုံးရန် ပြင်ဆင်ခြင်း
ပန်းကန်လုံးတစ်လုံးထဲတွင် မုန့်ဖတ် (ကြာဇံ) ကို ထည့်ပါ။ ထို့နောက် ပူပူနွေးနွေးရှိသော မုန့်ဟင်းခါးဟင်းရည်ကို အနှစ်ပါအောင် လောင်းထည့်ပါ။ အပေါ်မှ ကြက်ဥ၊ ကြက်သွန်နီ၊ နံနံပင်၊ အကြော်များဖြင့် အလှဆင်ပြီး၊ သံပုရာရည် (သို့) ရှောက်ရည်ညှစ်၍ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
#kogyiaung
#မုန့်ဟင်းခါးချက်နည်း
#follower
credit to owner
ယာဉ်တစ်စီးအရှိန်လွန်၍ အအေးဆိုင်ကို တိုက်မိရာ အအေးသောက်နေသည့် အမျိုးသမီးဒဏ်ရာရရှိ
စက်တင်ဘာ ၂၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စည်ပင်သာယာဆိပ်ကမ်းနားလမ်း ပွင့်နဒီအအေးဆိုင်ကို ယာဉ်တစ်စီးမှ အရှိန်လွန်၍ တိုက်မိရာ အအေးသောက်နေသည့် အမျိုးသမီး ပေါင်ရိုးကျိုးသွားကြောင်း သိရသည်။
စက်တင်ဘာလ ၂၆ ရက်နေ့တွင် ယာဉ်တစ်စီးမှာ အရှိန်လွန်၍ အအေးဆိုင်အား တိုက်မိရာထိုအအေးဆိုင်တွင် အအေးသောက်နေသည့် အမျိုးသမီးအာ တိုက်မိရာ ညာခြေပေါင်ကျိုးပြီး၊ ခြေသလုံးတွင် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“ကားသမားတော့ ဘာမှမဖြစ်ဘူး။ အအေးသောက်နေတဲ့ အမျိုးသမီးတစ်ယောက် ပေါင်ကျိုးတာ” လို့ မြေပြင်အားသွားရောက်ကူညီသည့် မြို့ခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
အဆိုပါဒဏ်ရာရရှိသည့် အမျိုးသမီးကို မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
Photo-Credit
#democracynowmm



ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးက
ဒု - ဦးစီးမှူး ရာထူး (၄၂) နေရာ လျှောက်လွှာ
ခေါ်စာပါ
#govjob

ဒီစာအုပ်ကိုဖတ်ကြည့်ပြီးတော့ နားမလည်ခဲ့တဲ့အရာကို နားလည်လိုက်တာပဲ ဘာကိုလဲဆိုတော့ ချစ်ရဲ့သားနဲ့ အတူရှိဖို့ မဖြစ်နိုင်တာတွေ ရှိပါလားဆိုတာကို။လောကကြီးမှာ ဘေးပယောဂကြောင့် အတူမရှိလိုက်ရတာတွေ ပေါပါတယ်။ဒီစာအုပ်ထဲမှာ
တော့ တခြားလူရဲ့ ပယောဂကြောင့်မဟုတ်ဘဲ နှစ်ဦးသားရဲ့ ရွေးချယ်မှုပါ။တော်တော်လှတဲ့ အချစ်ကိုလည်း တွေ့ရတဲ့အပြင် အတူတူဆက်မသွားဖို့ရွေးချယ်တာကလည်း မှန်ကန်တယ်လို့ ခံစားမိတဲ့ အခိုက်ပဲ။များသောအားဖြင့် ဝတ္ထုဖတ်ရင်ပဲဖြစ်ဖြစ်
ဇာတ်လမ်းကြည့်ရင်ပဲ ဖြစ်ဖြစ် ချစ်တဲ့သူတွေကိုပေါင်းဖက်စေချင်တာပဲ ဒီစာအုပ်ထဲမှာတော့ အတူတူမရှိတာက အကောင်းဆုံးလို့ မြင်မိတယ်။အချစ်နဲ့ပတ်သက်ပြီးတော့ အသက်အပိုင်းအခြားပေါ်မူတည်ပြီး(အသိဥာဏ်က ပိုမှန်လောက်မလား) လူတွေကတုံ့ပြန်မှုတွေပြောင်းသွားတယ်လို့
မြင်မိတယ်။ဆယ်ကျော်သက်အရွယ် လောကကြီးအကြောင်းမသိခင်က အားအပြင်းဆုံးမလား အရာအရာကို လုပ်နိုင်တယ်ထင်ပြီး ရူးသွပ်ကြတယ်။နှလုံးသားကို ဦးနှောက်ကမထိန်းကျောင်းနိုင်သေးဘူးဆိုတော့ အတူရှိရင်ဖြစ်ပြီဆိုတာမျိုး။
အမှန်တစ်ကယ်က ချစ်ခြင်းနဲ့ အတူတူရှိခြင်းက သပ်သပ်စီမဟုတ်လား။ကိုယ့်ဘေးနားမှာ ရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ အချစ်ရှိနေတယ်ဆိုတာကို နားလည်စေတဲ့ စာအုပ်ပါပဲ။
လှပတဲ့အချစ်ကို ခံစားချင်ရင်တော့ ဖတ်ကြည့်စေချင်တယ်။နောက်ပြီး
Danielle Steel က မြန်မာစာဖတ်သူတွေနဲ့ ရင်းနှီးတဲ့ စာရေးဆရာမလား ။သူ့စာအုပ်တွေက အမြဲစိတ်ဝင်စားဖို့ကောင်းပါတယ်။တဖြည်းဖြည်းနဲ့ နစ်ဝင်သွားစေတာမျိုးပါ။ခင်မင်စွာဖြင့်
#မောင်မိုးသူ
#သားပျောက်သူ
#daniellesteel
Credit to owner
ဒီယေဂိုဂျိုတာရဲ့ မိသားစုအား စာချုပ်လက်ကျန်တန်ဖိုးအတိုင်း ပေါင် ၁၄.၅ သန်းအပြည့်အဝ ပေးလာတဲ့ လီဗာပူး
စက်တင်ဘာ ၂၇
လီဗာပူးဟာ ဒီယေဂိုဂျိုတာ သေဆုံးသွားပြီးနောက် သူ့စာချုပ်လက်ကျန် တန်ဖိုးအတိုင်း ပေါင် ၁၄.၅ သန်းအား မိသားစုဝင်များအား ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
လီဗာပူးစတားဟာ ဇူလိုင်လတုန်းက ညီဖြစ်သူအင်ဒရေဆေးလ်ဗားနှင့်အတူ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားခဲ့ကာ ဇနီးသည် ရူတီကာဒိုဆိုနှင့် ကလေး ၃ ဦး ကျန်ရစ်ခဲ့ပါတယ်။
ဂျိုတာဟာ လီဗာပူးတွင် တစ်ပတ်လုပ်ခ ပေါင် ၁၄၀၀၀၀ ဝန်းကျင် ရရှိနေသူ ဖြစ်ပြီး ၂ နှစ်စာချုပ်သက်တမ်းကျန်နေသေးသူ ဖြစ်ပါတယ်။
ယခုအခါ လီဗာပူးနည်းပြအန်းဆလော့က ကလပ်ပိုင်ရှင် Fenway Sports Group ဟာ ဂျိုတာရဲ့ စာချုပ်လက်ကျန် တန်ဖိုး အပြည့်အဝအား ကျန်ရစ်သူ ဇနီးနှင့် ကလေးများအား လွဲပြောင်းပေးလိုက်ပြီ ဖြစ်ကြောင်း အတည်ပြုလာပါတယ်။
လီဗာပူးဟာ ဂျိုတာအား ဂုဏ်ပြုတဲ့အနေဖြင့် သူဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၂၀ အား ကလပ်မှ ရာသက်ပန် အနားပေးထားပြီး ဖြစ်သလို ယခုရာသီ ဝတ်စုံတွင်လည်း ဂျိုတာအား ဂုဏ်ပြုတဲ့ စာသားထည့်သွင်းပေးထားပါတယ်။
လီဗာပူးဟာ ဂျိုတာ ကွယ်လွန်ခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် တိုက်စစ်မှူးဟူဂိုအီကီတီကီနှင့် အလက်ဇန္ဒားအီဆက်ခ်တို့အား ပေါင် ၁၉၉ သန်း သုံးစွဲပြီး ခေါ်ယူမှု အပါအဝင် ပေါင် ၄၂၆ သန်း သုံးစွဲကာ ကစားသမားခေါ်ယူအားဖြည့်မှုများပြုလုပ်ခဲ့ပါတယ်။
#ဘောလုံးသတင်းစုံ
❝အားကောင်းသောလေဖိအားနည်းရပ်ဝန်းမှ နောက် ၁၂ နာရီ အတွင်း မုန်တိုင်းငယ်အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်သလို အားကောင်းသောအပူပိုင်းမုန်တိုင်း“ဘူအလွိုင်”သည်လည်း မနက်ဖြန် တောင်တရုတ်ပင်လယ်ပြင်သို့ရောက်ရှိနိုင်ကာ တိုင်ဖွန်းမုန်တိုင်းအဖြစ်အားကောင်းလာနိုင်❞
စက်တင်ဘာ ၂၇
စက်တင်ဘာ ၂၆ ရက်၊ မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်း ရပ်ဝန်း(Well Marked Low Pressure Area)သည် ဆက်လက်တည်ရှိနေကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်ဘက်သို့ရွေ့လျားနိုင်ပြီး ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်တောင်ပိုင်းကမ်းလွန်- အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေ)တို့တွင် နောက် ၁၂ နာရီ အတွင်း မုန်တိုင်းငယ်အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ကာ မနက်ဖြန် စက်တင်ဘာ ၂၇ ရက်နေ့တွင် ဩရိဿပြည်နယ်တောင်ပိုင်း-အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်း ကမ်းခြေတို့ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းထားသည်။
အလားတူ ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အားကောင်းသောအပူပိုင်းမုန်တိုင်း“ဘူအလွိုင်”(BUALOI)သည်လည်း အနောက်- အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး မနက်ဖြန် စက်တင်ဘာ ၂၇ ရက်နေ့တွင် တောင်တရုတ်ပင်လယ်ပြင်သို့ရောက်ရှိနိုင်ကာ တိုင်ဖွန်းမုန်တိုင်းအဖြစ်အားကောင်းလာနိုင်သည်ဟု မိုး/ဇလက ခန့်မှန်းထားသည်။
ထိုမှတစ်ဆင့် အနောက်- အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ စက်တင်ဘာ ၂၈ ရက်နေ့ ညပိုင်းတွင် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသများကို ဖြတ်ကျော်နိုင်သည်ဟုလည်း ခန့်မှန်းထားသည်။
မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာ ကွက်ကျား၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းနှင့် ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း နှင့် တောင်ပိုင်း)တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ရန် မိုး/ဇလက အကြံပြုထားသည်။
#centralnewsnaypyitaw
