ရှမ်းပြည်နယ်တွင် ငလျင်ကြောင့် ပျ-က်ဆီးမှုများ ပြုပြင်ရန် ကျပ် ၁၄၇ ဘီလီယံချထားပေး
ရှမ်းပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့် အစိုးရရုံးဌာနအဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများ၊ ဘာသာရေးအဆောက်အအုံများနှင့် စေတီပုထိုးများ၊ ဆေးရုံများ၊ ကျောင်းများနှင့် ဒေသခံပြည်သူများ၏ နေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ကျပ် ၁၄၇ ဘီလီယံကျော် ခွဲဝေချထားပေးကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောသည်။
ယနေ့ကျရောက်သည့် (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ယာယီသမ္မတက အထက်ပါတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ခွဲဝေချထားပေးသည့် ကျပ် ၁၄၇ ဘီလီယံကိုလည်း သက်ဆိုင်ရာဌာနများမှ ကျွမ်းကျင်ပညာရှင်များ ဦးဆောင်စေလျက် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
နိုင်ငံတော်အနေဖြင့် ပြည်ထောင်စုကြီးတစ်ခုလုံး အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အချိန်တိုကာလအတွင်း အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ရသကဲ့သို့ ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခများ၊ ဆူပူအကြမ်းဖက်မှုများနှင့် သဘာဝဘေးဖြစ်ပွားမှု တို့ကြောင့် ကြုံတွေ့လာရသည့် ထိခို-က်ပျ-က်စီးမှုများကိုလည်း ငွေကြေးဘီလီယံပေါင်းများစွာကျခံပြီး ပြန်လည်တည်ဆောက်ပေးလျက်ရှိကြောင်းလည်း ယာယီသမ္မတ က ပြောသည်။
ထို့ပြင် ပြည်နယ်အတွင်း ဖြစ်ပွားနေသော မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးမှုများ၊ အွန်လိုင်း လောင်းကစားလိမ်လည်မှုများနှင့် တရားမဝင်ကုန်သွယ်မှု စသည့် နိုင်ငံနှင့် ပြည်သူ၏ ဂုဏ်သိက္ခာကို ကျဆင်းစေပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ပျ-က်စီးစေသည့် လုပ်ဆောင်နေမှုများ ပပျောက်စေရေးကိုလည်း အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်းလည်း ယာယီသမ္မတ ကပြောကြားခဲ့သည်။