အမျိုးသမီးဇာတ်ပို့ဆုအတွက် မျိုးသန္တာထွန်းနှင့် ခိုင်နှင်းဝေတို့ နှစ်ယောက်အပြိုင် ရေပန်းစားနေ
ရုပ်ရှင်ချစ်ပရိသတ်များက သရုပ်ဆောင် မျိုးသန္တာထွန်းနှင့် ခိုင်နှင်းဝေတို့ကို အမျိုးသမီးဇာတ်ပို့ဆုအဖြစ် ကြိုတင်ခန့်မှန်းထားကြသည်။
မျိုးသန္တာထွန်းသည် ဗြောသံဇာတ်ကားဖြင့်လည်းကောင်း၊ ခိုင်နှင်းဝေသည် ဂုဏ် ဆိုသည့်ဇာတ်ကားဖြင့်လည်းကောင်း ပရိသတ်များက အမျိုးသမီးဇာတ်ပို့ဆုအတွက် ထင်ကြေးပေးထားကြသည်။
ဗြောသံ ရုပ်ရှင်ဇာတ်ကားကြီးသည် မြန်မာ့ရိုးရာ ရှင်ပြုအလှူတော်ကို အခြေခံပြု ရို-က်ကူးထားသည့် ဘဝသရုပ်ဖော်ဒရမ်မာ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်သည်။
ဂုဏ် ရုပ်ရှင်ဇာတ်ကားကြီးသည် မိခင်များအားလုံးအတွက် ရည်ညွှန်းဖော်ပြထားသည့်ဇာတ်ကားဖြစ်သည်။
အဆိုပါဇာတ်ကားနှစ်ခုလုံးသည် ပရိသတ်အားပေးမှုအခိုင်အမာရရှိထားသည့် ဇာတ်ကားများဖြစ်သည်။