၈ ပွဲဆက် နိုင်ပွဲပျောက်ပြီးနောက် နည်းပြအိုင်ဂေါ်ကျူဒိုကို ဂျူဗင်တပ်ထုတ်ပယ်
========================

ဂျူဗင်တပ်ဟာ ၈ ပွဲဆက် နိုင်ပွဲပျောက်ဆုံးပြီးနောက် နည်းပြအိုင်ဂေါ်ကျူဒိုကို ထုတ်ပယ်လာပါတယ်။

ခရိုအေးရှားနည်းပြဟာ တနင်္ဂနွေနေ့တုန်းက စီးရီးအေပြိုင်ဘက် လာဇီယိုကို ထုတ်ပယ်ပြီးနောက် ထုတ်ပယ်ခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ကျူဒိုဟာ မတ်လတုန်းက ထုတ်ပယ်ခြင်းခံရတဲ့ တီယာဂိုမော့တာနေရာမှာ အစားထိုးခန့်အပ်ခြင်းခံခဲ့ရတာပါ။

သူဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းက ပေါင်သန်း ၁၂၀ အသုံးပြုကာ ကစားသမားခေါ်ယူအားဖြည့်ပေးမှု ရရှိခဲ့ပေမယ့်လည်း ရလဒ်ကောင်းရှရှိရေး ဦးဆောင်ပေးနိုင်ခဲ့ခြင်း မရှိပါဘူး။

ဂျူဗင်တပ်ဟာ စီးရီးအေရာသီအစတုန်းက အင်တာမီလန်အား ၃-၁ ဖြင့် အနိုင်ရရှိမှုအပါအဝင် ၃ ပွဲဆက် နိုင်ပွဲ ရရှိခဲ့ပေမယ့်လည်း ပြိုင်ပွဲအရပ်ရပ် ၅ ပွဲဆက် သရေကျခဲ့ပါတယ်။

ယင်းနောက် ဂျူဗင်တပ်ဟာ ကိုမို၊ ရီးရဲလ်မက်ဒရစ်၊ လာဇီယိုတို့အား ၃ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပါတယ်။

ဂျူဗင်တပ်ဟာ လာဇီယိုရှုံးပွဲကြောင့် ထိပ်ဆုံးမှ နာပိုလီ၊ ရိုးမားတို့နှင့် ရမှတ် ၆ မှတ်ကွာဟကာ အဆင့် ၈ နေရာမှာ ရပ်တည်နေရပါတယ်။

ဂျူဗင်တပ်ဟာ ကျူဒိုနှင့်အတူ နည်းပြအဖွဲ့ဝင်များဖြစ်ကြတဲ့ အိုင်ဗန်ဂျာဗော်စစ်၊ တိုမီဆလပ်ဗ်ရိုဂျစ်၊ ရီကာဒိုရာဂနာချီတို့ကိုလည်း ထုတ်ပယ်ခဲ့ပါတယ်။

ဂျူဗင်တပ်ဟာ လူငယ်အသင်းနည်းပြဆက်ဆီမိုဘရမ်ဘယ်လီကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားပါတယ်။ ဘရမ်ဘယ်လီဟာ ဗုဒ္ဓဟူးနေ့ည အူဒီးနီးစ်နှင့်ပွဲစဉ်အား ကြီးကြပ်သွားပါမယ်။

အိုင်ဗန်ကျူဒိုဟာ ဂျူဗင်တပ်အား ၂၄ ပွဲကိုင်တွယ်ရာတွင် ၁၀ ပွဲတည်းသာ နိုင်ပွဲ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

သူဟာ အီတလီကလပ်များဖြစ်ကြတဲ့ အူဒီးနီးစ်၊ ဗီရိုနာနှင့် လာဇီယိုတို့ကိုလည်း ကိုင်တွယ်ခဲ့ဖူးပါတယ်။

ကျူဒိုဟာ ကစားသမားဘဝတုန်းက ဂျူဗင်တပ်နှင့်အတူ စီးရီးအေဖလား ၂ ကြိမ်ဆွတ်ခူးခဲ့ဖူးပြီး တူရကီ၊ ဂရိ၊ ခရိုအေးရှားနှင့် ပြင်သစ်တို့တွင်လည်း နည်းပြဘဝ ကျင်လည်ဖူးပါတယ်။

ဂျူဗင်တပ်ဟာ ကျူဒိုနေရာမှာ အစားထိုးနိုင်မယ့် နည်းပြရှာဖွေနေပြီး အင်တာမီလန်နှင့် အီတလီနည်းပြဟောင်းရောဘတ်တိုမန်စီနီက ထိပ်ဆုံးမှ ရေပန်းစားနေပါတယ်။ ဒါ့အပြင် ဂျူဗင်တပ်နည်းပြရာထူးအတွက် လျာထားစာရင်းတွင် လူစီယာနိုစပယ်လက်တီ ပါဝင်သလို နည်းပြဟောင်းမော့တာလည်း ပါဝင်နေပါတယ်။

မော့တာဟာ ဂျူဗင်တပ်ရဲ့ စာချုပ်လက်အောက်တွင် ရှိနေဆဲ ဖြစ်ပြီး ဂျူဗင်တပ်ဒါရိုက်တာဒါမီယန်ကိုမိုလ်လီနှင့် ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိသူပါ။

ဒါပေမယ့် မော့တာဟာ ဂျူဗင်တပ်စီနီယာစတားအချို့နှင့် ပြဿနာရှိထားသူ ဖြစ်ပါတယ်။

image

ပင်နယ်တီကန်စဉ် ပေါင်ကြွက်သားဒဏ်ရာရရှိကာ အနားယူရတော့မယ့် ကီဗင်ဒီဘရိုင်း
=====================

ကီဗင်ဒီဘရိုင်းဟာ အင်တာမီလန်နှင့်ပွဲစဉ်တွင် ပင်နယ်တီကန်သွင်းစဉ် ပေါင်ကြွက်သားဒဏ်ရာရရှိကာ ကာလအတန်ကြာ အနားယူလာရတော့မှာ ဖြစ်ပါတယ်။

အသက် ၃၄ နှစ်ရှိ ဘယ်လ်ဂျီယံအသင်းခေါင်းဆောင်ဟာ စနေနေ့တုန်းက ၃၃ မိနစ်တွင် အဖွင့်ဂိုးအား ပင်နယ်တီမှ တဆင့် သွင်းယူစဉ် ပေါင်ကြွက်သားဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး မိနစ်အနည်းငယ်အကြာတွင် လူစားလဲခဲ့ရပါတယ်။

ဘယ်လ်ဂျီယံကွင်းလယ်ကစားသမားဟာ ဆေးရုံသို့ သွားရောက် စစ်ဆေးမှု ခံယူရာ ပြင်းထန် ပေါင်ကြွက်သားဒဏ်ရာရရှိနေကြောင်း တွေ့ရှိခဲ့ရပါတယ်။

အင်တာမီလန်ကို ၃-၁ ဖြင့် အနိုင်ရရှိပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်လာတဲ့ နာပိုလီက ကီဗင်ဒီဘရိုင်း ဘယ်လောက် အနားယူရမယ်၊ ဘယ်တော့ ပြန်ကစားနိုင်မယ်ဆိုတာကိုတော့ မကြေညာပါဘူး။

ကီဗင်ဒီဘရိုင်းဟာ နွေရာသီတုန်းက မန်စီးတီးမှ ထွက်ခွာလာပြီးနောက် နာပိုလီသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းလာခဲ့တာပါ။

သူဟာ စီးရီးအေပွဲ ၈ ပွဲတွင် ၄ ဂိုးသွင်းထားပြီး ချန်ပီယံလိဂ် ၃ ပွဲကစားထားပါတယ်။

image

ယူရို ၅၀၀၀၀ တန်ဖိုးရှိ နာရီများကို ခိုးယူပြီး အတုများနှင့် အစားထိုးထားကြောင်း တွေ့ရပြီးနောက် လက်ထောက်နှင့် လုံခြုံရေးတို့အား ထောင်ထဲ ပို့လာမယ့် ကားဆီးလက်စ်
===================

ရီးရဲလ်မက်ဒရစ်ဂန္ထဝင်အိုင်ကာကားဆီးလက်စ်ဟာ ဝယ်ယူစုဆောင်းထားတဲ့ ယူရို ၅၀၀၀၀ တန်ဖိုးရှိ တန်ဖိုးကြီး နာရီ ၅ လုံးကို ခိုးယူကာ အတုဖြင့် အစားထိုးထားကြောင်း တွေ့ရပြီးနောက် ကာလရှည်ကြာ အလုပ်လုပ်လာတဲ့ လက်ထောက်နှင့် လုံခြုံရေးဝန်ထမ်းတစ်ဦးတို့အား အမှုဖွင့်လာပါတယ်။

အိုင်ကာကားဆီးလက်စ်ဟာ အဖိုးတန်နာရီများကို အတုဖြင့် အစားထိုးထားကြောင်း သိရပြီးနောက် ရဲစခန်းတွင် အမှုဖွင့်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ၎င်းတို့အား ဖမ်းဆီးထိန်းသိမ်းပြီးနောက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပါတယ်။

Diario de Sevilla ရဲ့ ဖော်ပြမှုအရ ကားဆီးလက်စ်ထံတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်လာခဲ့တဲ့ လက်ထောက်ဟာ ယင်းတန်ဖိုးကြီးနာရီများကို ရယူပြီးနောက် သတိမထားမိအောင် အတုများနှင့် အစားထိုးထားခဲ့တာပါ။

ဒါပေမယ့် သူ့လုပ်ဆောင်မှုက တာရှည်မခံဘဲ ကားဆီးလက်စ်ဟာ သူစုဆောင်းထားတဲ့ နာရီများ သံသယဝင်မိပြီး အနီးကပ်ကြည့်တဲ့အခါမှာတော့ အတုများ ဖြစ်နေကြောင်း သတိထားမိသွားခဲ့တာလည်း ဖြစ်ပါတယ်။

ယင်းနောက် အောက်တိုဘာလ ၁၆ ရက်နေ့မှာတော့ ကားဆီးလက်စ်ဟာ စပိန်ရဲတပ်ဖွဲ့ထံ အမှုဖွင့်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့က အမှုကို စစ်ဆေးခဲ့ရာ ရက်အနည်းငယ်အတွင်းမှာပင် လက်ထောက်နှင့် သူမရဲ့ ခင်ပွန်း လုံခြုံရေးဝန်ထမ်းတို့ ခိုးယူကာ အတုဖြင့် အစားထိုးထားခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိသွားခဲ့ပါတယ်။ ယင်းလုံခြုံရေးဝန်ထမ်းကာ နာမည်ကြီးအားကစားသမားများနှင့် စယ်လီများနေထိုင်ရာ လာဖင်ကာတွင် အလုပ်လုပ်နေသူ ဖြစ်ပါတယ်။

၎င်းတို့ဟာ ကားဆီးလက်စ်ရဲ့ အဖိုးတန်နာရီများကို ခိုးယူပြီးနောက် စပိန်မှ ထွက်ခွာရန် စီစဉ်ထားကြပေမယ့်လည်း မထွက်ခွာမီမှာပင် ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ ၎င်းတို့ဟာ ကားဆီးလက်စ် အမှုဖွင့်ပြီး ၅ ရက်အကြာ အောက်တိုဘာလ ၂၁ ရက်နေ့တွင် ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။

ရဲတပ်ဖွဲ့ဝင်များဟာ ကားဆီးလက်စ်ရဲ့ အခိုးခံရတဲ့ နာရီ ၅ လုံးမှ ၂ လုံးကိုသာ ပြန်လည် ရယူနိုင်ခဲ့ပါတယ်။ ကျန် ယူရို ၈၀၀၀ မှ ယူရို ၁၅၀၀၀ အတွင်း တန်ဖိုးရှိ နာရီ ၃ လုံးကိုမူ ရှာမတွေ့သေးပါဘူး။

ကားဆီးလက်စ်ဟာ ကစားသမားဘဝမှ အနားယူပြီးနောက် ယူအီးအက်ဖ်အေနှင့် ရီးရဲလ်မက်ဒရစ်တို့တွင် သံတမန်အဖြစ် အလုပ်လုပ်နေပါတယ်။

image

ပြောင်းလဲသွားတဲ့အရာတွေအတွက်
ငါ့မှာ အချိန်မရှိဘူး။

ဘဝမှာ ဘာဆိုဘာမှ နှစ်ခါ ပြန်မရဘူး
ဒါကြောင့် လူတစ်ယောက်ကိုလည်း
ငါနှစ်ကြိမ်ပြန်မချစ်ဘူး။

တကယ့်ချစ်ခြင်းမေတ္တာ အစစ်အမှန်မှာ
အဲဒီလူက သူ့ကို နှစ်ကြိမ်ပြန်ချစ်စေမယ့်
လုပ်ရပ်မျိုး သူလုပ်မှာ မဟုတ်ဘူး။

26 w - Translate

အောက်တန်းစားစိတ်ဓာတ်
==================
သူတစ်ပါး၏ ကိုယ်ကျင့်သိက္ခာကို
အပုပ်ချလိုသည့် သဘောဖြင့်
မမှန်စွပ်စွဲ ကဲ့ရဲ့ပြစ်တင်တတ်သော
စိတ်ဓာတ်။

သူတစ်ပါး မကောင်းကြောင်းကို
အဆမတန် ချဲ့ကား ပြောဆိုကာ
မိမိကောင်းကြောင်းကိုသာ
ထပ်တလဲလဲ ပြောဆိုတတ်သော
စိတ်ဓာတ်။

နည်းနည်းလုပ်ပြပြီး
လုပ်ပြသည်နှင့် မတန်အောင်ပြန်ပြီး
အကျိုးထူး ခံစားခွင့်
ရချင် လိုချင်သော စိတ်ဓာတ်။

ကိုယ့်ထက်သာသူကို
မနာလို ဝန်တိုမှုအပြည့်နဲ့
တိုက်ခိုက်စော်ကားလိုသည့် စိတ်ဓာတ်။

ကိုယ်အောက်နိမ့်ကျသူအား
ဖိနှိပ်စော်ကားပြီး ပါဝါပြကာ
ဂုဏ်မောက်နေတတ်သော စိတ်ဓာတ်။

တစ်ပါးသူ၏ ခံစားချက်ကို
နည်းနည်းလေးမှ ထည့်မတွက်ဘဲ
ကိုယ်ပြောချင်ရာ ပြောကာ
လုပ်ချင်ရာကို တဇွတ်ထိုး
လုပ်တတ်သော စိတ်ဓာတ်။

ရှေ့လျှင်တစ်မျိုး ကွယ်ရာတစ်ဖုံ
စကားကို ဗလောင်းဗလဲ ပြောကာ
ချွန်တုံးလုပ်တတ်
ကုန်းတိုက်တတ်သော စိတ်ဓာတ်။

မောက်မာရိုင်းစိုင်းပြီး
ဆဲဆိုအော်ဟစ်ဖို ဝန်မလေးဘဲ
အရှက်အကြောက်
ကင်းမဲ့နေတတ်သော စိတ်ဓာတ်။

အားနည်းသူအား ထုထောင်း၍
အားကြီးသူအား
ကပ်ဖားရပ်ဖားလုပ်ကာ
နေရာယူတတ်
ဂွင်ရိုက်တတ်သော စိတ်ဓာတ်။

အခွင့်အရေးဆို
လိုတာထက်ပိုပြီး ယူတတ်သလောက်
အနစ်နာခံဖိုကြ
တွန့်ဆုတ် တွေဝေတတ်သော စိတ်ဓာတ်။

ကိုယ်ကိုယ့်ကို အထင်ကြီးလွန်းပြီး
တစ်ပါးသူလုပ်သမျှ အကောင်းမမြင်
အကောင်းမထင်ဘဲ
ပုတ်ခတ်စော်ကားလိုသည့် စိတ်ဓာတ်။

kalay မြို

image

kalay မြို

image

kalay မြို

image

kalay မြို

image

kalay မြို

image