ရွာမသံမဏိစက်ရုံကွေ့တွင် ချည်လုံးများတင်လာသော တွဲကား တိမ်းမှောက်ပြီး ဆိုင်ကယ်နှင့် Light truck ယာဉ်ကို ဆင့်ကဲတိုက်မှုဖြစ်ပွား
အင်းစိန် ၊ ရွာမသံမဏိစက်ရုံကွေ့တွင် ချည်လုံးများတင်လာသော တွဲကားတိမ်းမှောက်ပြီး ဆိုင်ကယ်နှင့် Light truck ယာဉ်ကို ဆင့်ကဲတို-က်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့ ဖေဖော်ဝါရီ (၅) ရက် ညနေ (၃) နာရီခွဲဝန်းကျင်အချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ရွှေပြည်စက်မှုဇုန်သို့ သွားရောက်မည့် ချည်လုံးများ သယ်ဆောင်လာသည့် တွဲကားက တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
" သူ့ဝိတ်သူမထိမ်းနိုင်ဘဲ မှောက်တာ။ ပြီးတော့မှာ မှောက်နေတဲ့အတိုင်း အရှိန်နဲ့ရှေ့က သွားနေတဲ့ ဆိုင်ကယ်နဲ့ Light truck ကားကို ထပ်တို-က်တာ၊ ဆိုင်ကယ်ကတော့ ကားအောက်ရောက်သွားပြီး လူကတော့ လွတ်‌သွားတယ်။ ဆိုင်ကယ်သမား ခြေထောက်တော့ ကွဲသွားတယ်။ ‌ေ-သဆုံးမရှိပါဘူး" ဟု သွားရောက်ကူညီခဲ့သည့် လူမှုကယ်ဆယ်ရေးအသင်းတာဝန်ခံ တစ်ဦးက ရှင်းပြသည်။
တိမ်းမှောက်သွားသည့် တွဲကားယာဉ်မောင်းလည်း ထိခို-က်ဒ-ဏ်ရာရရှိကာ ထိခို-က်ဒ-ဏ်ရာမှာ မစိုးရိမ်ရဘဲ လက်ရှိတွင် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

image