ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်များ ပြည်သူ့အ
သံနားထောင်ကြရန်ဆွေးနွေး

တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်များနှင့် ဗဟိုကော်မတီဝင်များအစည်းအဝေးကို ယနေ့ ဖေဖော်ဝါရီ ၅ ရက်က ပါတီဗဟိုရုံးချုပ်၌ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ရွေးကောက်ပွဲ၌အနိုင်ရရှိသည့် ကိုယ်စားလှယ်များ ပြည်သူ့အသံနားထောင်ရန်၊ ပြည်သူကိုမျက်နှာမူရန်၊ ဒေသတွင်း ပြည်သူများ၏အခက် အခဲများ၊ ကြုံတွေ့နေရသည်များကို လွှတ်တော်တွင်း/ပြင် ဟန်ချက်ညီညီကြိုးစားရန် ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ကျင်းပခဲ့ပြီးသောရွေးကောက်ပွဲမှ အားသာချက်/အားနည်းချက်များ၊ လိုအပ်ချက်များကိုလည်း ဆွေးနွေးသုံးသပ်ခဲ့ကြသည်။

image