33 ပတ် - ဘာသာပြန်ပါ။ - Youtube

ဒီနှစ်ဆောင်းဦးကာလမှာထွက်ရှိမယ့် Made in Abyss Movie 1 "Awakening Mystery" ရဲ့ ပထမဆုံး Teaser Trailer

Teaser Trailer:

33 ပတ် - ဘာသာပြန်ပါ။

Stencil guide tattoo ideas

image

image
33 ပတ် - ဘာသာပြန်ပါ။

"လူကောင်း" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမြဲတမ်း အနိုင်ကျင့်ခံနေရဖို မလိုပါဘူး 🚫✨
တော်တော်များများက ပါးစပ်ပိတ်ပြီး ခေါင်းငုံခံနေမှ၊ ဘာပြောပြော ပြုံးပြနေမှ "လူကောင်း" လို သတ်မှတ်တတ်ကြပါတယ်။ ဒါပေမဲ့ အဲဒီလို အသိအမှတ်ပြုခံရဖိုအတွက် ကိုယ့်ရဲ့ စိတ်ကျန်းမာရေးနဲ့ ဂုဏ်သိက္ခာကို အထိခိုက်ခံနေရပြီဆိုရင်တော့ ဒါဟာ မှန်ကန်တဲ့ လမ်းစဉ်မဟုတ်တော့ပါဘူး။
ကိုယ့်ဘက်က မှန်နေသရွေ့၊ ကိုယ့်ရဲ့ တန်ဖိုးကို ထိပါးလာတဲ့အခါမျိုးမှာ ပြန်ပြောဖို၊ ကိုယ့်အခွင့်အရေးအတွက် ရပ်တည်ဖို ဝန်မလေးပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုက်လို သူတိုအမြင်မှာ "လူဆိုး" ဖြစ်သွားလည်း အရေးမကြီးပါဘူး။ သူတစ်ပါးအကြိုက် "လူကောင်း" အတုဖြစ်နေတာထက် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတဲ့ "လူသား" တစ်ယောက်ဖြစ်ဖိုက ပိုအရေးကြီးပါတယ်။ 💯
သတိထားရမှာက... တစ်ဖက်လူကို ရည်ရွယ်ချက်ရှိရှိ ရိုင်းစိုင်းဖို မဟုတ်ဘဲ၊ ကိုယ့်ရဲ့ "စည်း" ကို လေးစားတတ်အောင် သင်ပေးဖိုပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိခြင်းကလည်း ရင့်ကျက်တဲ့ လူသားတစ်ယောက်ရဲ့ အရည်အချင်းတစ်ခုပါပဲ။ 💪❤️
ဒီနေ့ကစပြီး "အနိုင်ကျင့်ခံ လူကောင်း" ဘဝကနေ ရုန်းထွက်ပြီး ကိုယ့်ကိုယ်ကိုယ် အလေးထားတဲ့သူ ဖြစ်ပါစေ။ ✨

ငါ့စိတ်ကို ဘယ်သူမှနားလည်မပေးကြဘူး
ငါ့စိတ် -

image
33 ပတ် - ဘာသာပြန်ပါ။

Calcium Nitrate Fertilizer Market 2026: Global Growth, Trends, and Forecast to 2035

According to Market Intelo’s latest research, the global calcium nitrate fertilizer market was valued at USD 2.85 billion in 2025 and is projected to reach USD 5.12 billion by 2035, growing at a compound annual growth rate (CAGR) of 6.2% during the forecast period. The growth is fueled by the rising adoption of precision agriculture, increasing global food demand, and growing awareness about sustainable nutrient management practices.

Read More -> https://marketintelo.com/repor....t/calcium-nitrate-fe

33 ပတ် - ဘာသာပြန်ပါ။

April လ 1 ရက်နေ့မှာထွက်ရှိမယ့် Dorohedoro Season 2

image

တိုက်ခိုက်ခံခဲ့ရပါက ဒေသတွင်းရှိ အမေရိကန်စစ်စခန်းများကို ပြန်တိုက်ခိုက်သွားမည်ဟု အီရန် သတိပေး
ဒေသတွင်း စုစည်းနေသော အမေရိကန်တပ်ဖွဲ့များက အီရန်ကို တိုက်ခိုက်ခဲ့ပါက ဒေသတွင်းမှ အမေရိကန်စစ်စခန်းများကို ပြန်လည် တိုက်ခိုက်သွားမည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးက အတိအလင်းပြောကြားပြီး ယင်းစစ်စခန်းများအား လက်ခံထားသည့် နိုင်ငံများကို တိုက်ခိုက်ခြင်းအဖြစ် မမြင်သင့်ကြောင်းလည်း ၎င်းက အလေးအနက်ပြောသည်
နှစ်ဖက်စလုံးက အပြုသဘောဆောင်သည်ဟု ဆိုကြသော အိုမန်နိုင်ငံမှ တစ်ဆင့်ခံ နျူကလီးယား ဆွေးနွေးမှုများကို ဆက်လုပ်သွားမည်ဟု တီဟီရန်နှင့် ဝါရှင်တန် ကတိကဝတ် ပြုခဲ့ကြပြီးနောက်တစ်နေ့ ကာတာမှ အယ်လ်ဂျာဇီးယား ရုပ်သံနှင့် တွေ့ဆုံချိန်တွင် အီရန်နိုင်ငံခြားရေး အဘတ်စ်အာရက်ချီက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
“အမေရိကန်မြေကို တိုက်ခိုက်ဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လည်း ဒေသတွင်းက သူတို့ရဲ့ စစ်စခန်းတွေကို ကျွန်တော်တို့ ပစ်မှတ်ထားသွားပါမယ်။ ကျွန်တော်တို့က အိမ်နီးချင်းနိုင်ငံတွေကို တိုက်ခိုက်မှာ မဟုတ်ပါဘူး အဲဒါ ထက် သူတို့ လက်ခံထားတဲ့ အမေရိကန်စစ်စခန်းတွေကို ကျွန်တော်တို့ ပစ်မှတ်ထားသွားပါမယ်။ ဒီနှစ်ခုကြားမှာ ကြီးမားတဲ့ ခြားနားချက်ရှိပါတယ်" ဟု အာရက်ချီက ပြောသည်။
ထို့ပြင် ၎င်းတို့၏ ယူရေနီယံ သန့်စင်ပိုင်ခွင့်အား အသိအ မှတ်ပြုမှု အလိုရှိကြောင်းနှင့် ၎င်းတို့၏ ဒုံးကျည်အစီအစဥ် အား ဆွေးနွေးပွဲသို့ ထည့်သွင်းလိုက်ခြင်းမှာ အီရန်အတွက် အစ္စရေးတိုက်ခိုက်မှု အန္တရာယ် ရှိသွားနိုင်သည်ဟုလည်း အီရန်က ပြောသည်။
"ဘယ်ဆွေးနွေးပွဲပဲ ဖြစ်ဖြစ် ခြိမ်းခြောက်မှုတွေ ဖိအားတွေ ရှောင်ရှားဖို့ လိုအပ်ပါတယ်။ တီဟီရန်က နျူကလီးယား ကိစ္စကိုပဲ ဆွေးနွေးတာပါ။ ကျွန်တော်တို့က အမေရိကန်နဲ့ တခြားကိစ္စတွေကို မဆွေးနွေးပါဘူး" ဟု အီရန်က ဆို သည်။

image

မက်တယ်လ်သီချင်းကြိုက်သူ ဂျပန် သံမဏိလေဒီ တာကာအိချိ ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရ

ဂျပန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဆာနာအဲတာကာအိချိ၏ မဟာမိတ်အဖွဲ့သည် ယနေ့ ကျင်းပသော အောက်လွှတ်တော် ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြီး အခွန်လျော့ချရေး နှင့် စစ်ရေးအသုံးစရိတ် မြှင့်တင်ရေးစသော ၎င်း၏ မူဝါဒများ အကောင်အထည်ဖော်ရန်လည်း လမ်းပွင့်သွားခဲ့သည်။
ဗြိတိန်မှ သံမဏိအမျိုးသမီးကြီး မာဂရက်သက်ချာကို လေးစားအားကျခဲ့သည်ဆိုသော တာကာအိချိသည် ၎င်း၏ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ(LDP) အတွက်အမတ်နေရာ ၄၆၅ နေရာရှိသော အောက်လွှတ်တော်မှ အမတ်နေရာ ၃၂၈ နေရာ အနိုင်ရအောင် လုပ်နိုင်မည်ဟု ခန့်မှန်းထားသည်။
LDP ပါတီတစ်ခုတည်းကပင် လူများစုဖြစ်သည့် ၂၃၃ နေ ရာထက် သာလွန် အနိုင်ရထားပီဖြစ်ရာ Ishin ဟု လူသိမားသော မဟာမိတ် ဂျပန်တီထွင်ဆန်းသစ်မှုပါတီ၏ အနိုင်အမတ်များနှင့် ပေါင်းလိုက်ပါက အင်အားကြီးသည့် လူများစုနေရာ ရယူရန် သေချာသလောက်ရှိသည်ဟု ဂျပန် NHK သတင်းက ခန့်မှန်းထားသည်။
“ဒီရွေးကောက်ပွဲက ကြီးမားတဲ့ မူဝါဒ အပြောင်းအလဲတွေ ပါဝင်ပတ်သက်ပါတယ်။ အထူးသဖြင့် ကြီးမားတဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးမူဝါဒပိုင်း အပြောင်းအလဲနဲ့ လုံခြုံရေးပိုင်း တောင့်တင်းရေး မူဝါဒတွေ ပါဝင်ပါတယ်"ဟု ရလဒ်များ တဖြည်းဖြည်း ရရှိလာချိန်၌ ရုပ်သံအင်တာဗျူးတွင် တာကာအိချိက ပြော သည်။
ဒီမူဝါဒတွေအပေါ် ဆန့်ကျင်တာတွေလည်း အများအပြားရှိခဲ့ပါတယ်။ ပြည်သူ လူထုရဲ့ ထောက်ခံမှုကို ကျွန်မတို့ရပြီဆိုရင် ဒီကိစ္စတွေကို ကျွန်မတို့က အစွမ်းကုန် ကိုင်တွယ်သွားရမှာ ဖြစ်ပါတယ်။" ဟု မက်တယ်လ်သီချင်းများကို ကြိုက်နှစ်သက်ပြီး ဒရမ်တီးခတ်ခြင်း ဝါသနာထုံသူ အသက် ၆၄ နှစ်အရွယ်ဂျပန်သံ မဏိလေဒီက ဆိုသည်။

image

သံရည်ကျိုအပ်နှံမည့် မော်တော်ယာဉ်အပါအဝင် ယာဉ် ၁၃၈၈ စီးအားဖြတ်တောက် သယ်ယူပို့ဆောင်ပေးနိုင်မည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများကို တင်ဒါခေါ်ယူ

စက်မှုဝန်ကြီးဌာန အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်းအနေဖြင့်တိုင်းဒေသကြီးနှင့် ပြည်နယ် လေးခုတို့မှ သံရည်ကျိုအပ်နှံမည့် မော်တော်ယာဉ်အပါအဝင် ယာဉ်ယန္တရား ၁၃၈၈စီးအား ဖြတ်တောက်သယ်ယူပို့ဆောင်ပေးနိုင်မည့် ကုမ္ပဏီ၊အဖွဲ့အစည်းများကို အိတ်ဖွင့်တင်ဒါ ခေါ်ယူထားကြောင်း သိရသည်။
အဆိုပါ ဖိတ်ခေါ်ချက်အရပြည်ထောင်စုအဆင့် အဖွဲ့အစည်း၊ဝန်ကြီးဌာနများနှင့် အမျိုးသား စီမံကိန်းဝန်ကြီးဌာန၊ ဘဏ္ဍာသိမ်းယာဉ်များမှ သံရည်ကျိုအပ်နှံမည့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်။ရှေ့)ပိုင်းအတွင်းရှိ မြို့နယ်များမှ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ ယန္တရား စုစုပေါင်း၁၃၈၈ စီးကို အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)သို့ ဖြတ်တောက်၊သယ်ယူ၊ ပို့ဆောင် အပ်နှံပေးနိုင်မည့်ကုမ္ပဏီ၊ အဖွဲ့များအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူ ဆောင်ရွက်လို ကြောင်းဖော်ပြပါရှိသည်။
အဆိုပါ ဖြတ်တောက်၊ သယ်ယူ၊ ပို့ဆောင် အပ်နှံပေးရမည့်ယန္တရားများတွင် Lot 1 အဖြစ် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် ၆၉၅စီးနှင့် Lot 2 အဖြစ် မကွေးတိုင်းနှင့်ရှမ်းပြည်နယ် (တောင်/ရှေ့)ပိုင်းတွင်၆၉၃စီးဖြစ်ကာ ၎င်းတို့အတွက်ဖေဖော်ဝါရီ ၆ ရက်တွင် တင်ဒါပုံစံစတင် ထုတ်ယူနိုင်ပြီး ဖေဖော်ဝါရီ ၁၉ရက်တွင် တင်ဒါပိတ်မည်ဖြစ်ကြောင်းသိရသည်။
အိတ်ဖွင့်တင်ဒါပုံစံနှင့်အသေးစိတ် အချက်အလက်များကိုအုပ်ချုပ်ရေးဌာန၊ အမှတ်(၁)အ ကြီးစားစက်မှု လုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်၃၀၊ နေပြည်တော်တွင် ရုံးချိန်အတွင်း လာရောက် ထုတ်ယူနိုင်ကြောင်း သိရသည်။

image