10 w - Translate

မြေအောက်ရေ အများအပြားသုံးစွဲမှုကြောင့် ပင်လယ်ရေအောက်ဆီ နိမ့်ဆင်းလာနေတဲ့ ရန်ကုန်မြို့။
လွန်ခဲ့တဲ့ ၁၀နှစ်အတွင်း ရန်ကုန်မြို့တွင် အထပ်မြင့် အဆောက်အဦးတွေနဲ့ လူနေထူထပ်လာမှုတွေကြောင့် မြေအောက်ရေကို အဆမတန် ထုတ်ယူသုံးစွဲခဲ့ရပါတယ်။
ဒီလို ပင်လယ်ရေအောက်ဆီ နိမ့်ဆင်းလာခြင်းကို Land Subsidence ဖြစ်တယ်လို့ ခေါ်ကြပြီး ရန်ကုန်မြို့လိုမျိုး မြစ်ဝကျွန်းပေါ်မြေသား ဒေသတွေမှာ ပိုမိုပြီး နစ်မြုပ်လွယ်ပါတယ်။
ဒါဟာ မြေအောက်ရေကို အလွယ်တကူ ကုန်ခမ်းစေတဲ့ အကြောင်းအရင်းတွေကြားက တစ်ချက်ဖြစ်ပြီးတော့ သောက်သုံးရန်၊ စက်ရုံများနှင့် လယ်ယာလုပ်ငန်းများအတွက် နေ့စဉ် မြေအောက်ရေကို စက်ရေတွင်းပေါင်း တစ်သိန်းကျော် မှစုပ်ထုတ်လျက်ရှိပါတယ်။
မြန်မာနိုင်ငံက တစ်နှစ်လျှင် ၉ စင်တီမီတာအထိ Land Subsidence ဖြစ်နေကြောင်းကို ဂြိုလ်တုဒေတာအချက်အလက်တွေအရ တွေ့ရပါတယ်။
အခုလိုရေမြုပ်ရခြင်းနဲ့ ရေကြီးရေလျှံခြင်းတွေ ဖြစ်ရခြင်းရဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်ကတော့ ချောင်း၊ မြောင်းတွေထဲမှာ အမှိုက်နဲ့စွန့်ပစ်ပစ္စည်းတွေကို အလွန်အကျွံ စွန့်ပစ်မှုတွေကြောင့်လည်း ဖြစ်တယ်လို့လည်း ယူဆရပါတယ်။

image
10 w - Translate

မြေအောက်ရေ အများအပြားသုံးစွဲမှုကြောင့် ပင်လယ်ရေအောက်ဆီ နိမ့်ဆင်းလာနေတဲ့ ရန်ကုန်မြို့။
လွန်ခဲ့တဲ့ ၁၀နှစ်အတွင်း ရန်ကုန်မြို့တွင် အထပ်မြင့် အဆောက်အဦးတွေနဲ့ လူနေထူထပ်လာမှုတွေကြောင့် မြေအောက်ရေကို အဆမတန် ထုတ်ယူသုံးစွဲခဲ့ရပါတယ်။
ဒီလို ပင်လယ်ရေအောက်ဆီ နိမ့်ဆင်းလာခြင်းကို Land Subsidence ဖြစ်တယ်လို့ ခေါ်ကြပြီး ရန်ကုန်မြို့လိုမျိုး မြစ်ဝကျွန်းပေါ်မြေသား ဒေသတွေမှာ ပိုမိုပြီး နစ်မြုပ်လွယ်ပါတယ်။
ဒါဟာ မြေအောက်ရေကို အလွယ်တကူ ကုန်ခမ်းစေတဲ့ အကြောင်းအရင်းတွေကြားက တစ်ချက်ဖြစ်ပြီးတော့ သောက်သုံးရန်၊ စက်ရုံများနှင့် လယ်ယာလုပ်ငန်းများအတွက် နေ့စဉ် မြေအောက်ရေကို စက်ရေတွင်းပေါင်း တစ်သိန်းကျော် မှစုပ်ထုတ်လျက်ရှိပါတယ်။
မြန်မာနိုင်ငံက တစ်နှစ်လျှင် ၉ စင်တီမီတာအထိ Land Subsidence ဖြစ်နေကြောင်းကို ဂြိုလ်တုဒေတာအချက်အလက်တွေအရ တွေ့ရပါတယ်။
အခုလိုရေမြုပ်ရခြင်းနဲ့ ရေကြီးရေလျှံခြင်းတွေ ဖြစ်ရခြင်းရဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်ကတော့ ချောင်း၊ မြောင်းတွေထဲမှာ အမှိုက်နဲ့စွန့်ပစ်ပစ္စည်းတွေကို အလွန်အကျွံ စွန့်ပစ်မှုတွေကြောင့်လည်း ဖြစ်တယ်လို့လည်း ယူဆရပါတယ်။

image
image
image

အိန္ဒိယတွင် ချောင်းဆိုးပျောက်ဆေးရည်ကြောင့် ကလေးများသေဆုံး

နယူးဒေလီ၊ အောက်တိုဘာ ၁၀

အိန္ဒိယရဲတပ်ဖွဲ့က နိုင်ငံတစ်ဝန်း ကလေး ၁၇ ဦးထက်မနည်း သေဆုံးမှုနှင့်ဆက်နွှယ်နေသည့် ချောင်းဆိုးပျောက် ဆေးရည်ကို ထုတ်လုပ်သော ဆေးကုမ္ပဏီတစ်ခု၏ ပိုင်ရှင်အား ဖမ်းဆီးခဲ့ကြောင်း DW သတင်းမှ ဖော်ပြခဲ့သည်။

တမီးလ်နာဒူးလ်အခြေစိုက် Sresan Pharmaceuticals ကုမ္ပဏီပိုင်ရှင် ရန်ဂါနာသန် ဂိုဗင်ဒန်(Ranganathan Govindan)ကို အောက်တိုဘာ ၈ ရက် ညအချိန်က ချန်နိုင်းမြို့၌ မက်ဟိုင်ရာ ပရာဒက်ရှ်ပြည်နယ် ရဲတပ်ဖွဲ့က လာရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့်လက ၎င်း၏ကုမ္ပဏီမှ ထုတ်လုပ်သော Coldrif အမည်ရှိ ချောင်းဆိုးပျောက်ဆေးရည်ကို သောက်ပြီး နောက် အသက် ၅ နှစ်အောက်ကလေး ၁၇ ဦးထက်မနည်း သေဆုံးခဲ့ပြီးနောက်ပိုင်း မက်ဟိုင်ရာပရာဒက်ရှ် ပြည်နယ် ရဲတပ်ဖွဲ့က ရန်ဂါနာသန်ကို လိုက်လံရှာဖွေနေခဲ့ခြင်းဖြစ်သည်။

အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ Coldrif ချောင်းဆိုးပျောက်ဆေးရည် စမ်းသပ် နမူနာများ တွင် diethylene glycol (DEG)သည် ခွင့်ပြုထားသည့် ပမာဏထက် ပိုမိုများပြားစွာ ပါဝင်နေကြောင်း တွေ့ရှိခဲ့ သည်ဟု ဆိုသည်။

အောက်တိုဘာ ၂ ရက်က ထိုဓာတုပစ္စည်း ပါဝင်နေကြောင်း အတည်ပြုခဲ့ပြီးနောက် အဆိုပါ ချောင်းဆိုးပျောက် ဆေးရည်ကို အသုံးပြုခွင့် တားမြစ်ပိတ်ပင်ခဲ့သည်။

တမီးလ်နာဒူး ဆေးဝါးထိန်းချုပ်ရေးဌာန၏ အစီအရင်ခံစာ တစ်ခုတွင် ထိုချောင်းဆိုးပျောက်ဆေးရည်ကို သန့်ရှင်းမှု မရှိသော စက်ရုံ အခြေအနေ၌ ထုတ်လုပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

အစောပိုင်း စုံစမ်းစစ်ဆေးမှုအရ ထိုချောင်းဆိုးပျောက်ဆေးရည်ကို မက်ဟိုင်ရာ ပရာဒက်ရှ်ပြည်နယ်အပြင် အိုဒီရှာ နှင့် ပူဒူချယ်ရီ ပြည်နယ်များသို့ ဖြန့်ချိထားကြောင်း အိန္ဒိယမီဒီယာတွင် ဖော်ပြထားသည်။

တမီးလ်နာဒူး ကျန်းမာရေးဝန်ကြီး မာဆူဘရာမာနီယန်(Ma Subramanian)က ၎င်း၏ ပြည်နယ်အစိုးရသည် Sresan Pharmaceuticals ဆေးကုမ္ပဏီကို ရာဇဝတ်မှုစွဲချက်ဖြင့် တရားစွဲဆိုသွားမည်ဟု အောက်တိုဘာ ၈ ရက်က ပြောကြားခဲ့သည်။

အိန္ဒိယကျန်းမာရေးအာဏာပိုင်များက ဂူဂျာရတ်ပြည်နယ် အခြေစိုက် ကုမ္ပဏီများက ထုတ်လုပ်သော Respifresh နှင့် RELIFE ချောင်းဆိုးပျောက်ဆေးရည်တို့တွင်လည်း အလားတူ အဆိပ်ရှိ ဓာတုပစ္စည်းများ ပါဝင်နေသောကြောင့် အသုံးမပြုကြရန် တိုက်တွန်းထားသည်။

Source: DW

ပုံ - အိန္ဒိယအာဏာပိုင်တွေက စစ်ဆေးနေစဉ်

#သတင်းဟင်းလေးအိုးကြီး

image

မဲစာရင်းများ ကပ်ထားမည့်ရက် ထပ်တိုးသတ်မှတ်

အောက်တိုဘာ ၁၀

ယခုနှစ် ဒီဇင်ဘာ၂၈ ရက်မှာ စတင်ကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ်မဲစာရင်း ကပ်ထားကြေညာခြင်းကို နောက်ထပ် (၇) ရက်အထိ တိုးမြှင့်သတ်မှတ်ပေးလိုက်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က အောက်တိုဘာ ၉ ရက်၊ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။

အဆိုပါ ပထမအကြိမ်မဲစာရင်း ကပ်ထားကြေညာခြင်းကို ယခင်က စက်တင်ဘာ ၃၀ ရက်ကနေ အောက်တိုဘာ ၁၃ ရက်အထိ ကပ်ထားကြေညာမှာဖြစ်ကြောင်း သတ်မှတ်ခဲ့ရာကနေ ယခုအခါမှာ အောက်တိုဘာ ၁၄ ရက်ကနေ အောက်တိုဘာ၂၀ ရက်အထိ ထပ်တိုးသတ်မှတ်လိုက်တာပါ။

မဲစာရင်းတွေ ပြည့်စုံမှန်ကန်စေဖို့နဲ့ မဲဆန္ဒရှင်တွေက လိုအပ်တဲ့ တောင်းဆိုလွှာ၊ ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာတွေ တင်ပြရာမှာ အချိန်ပိုမိုရရှိစေဖို့အတွက် ယခုလို နောက်ထပ် ၇ ရက် ထပ်တိုးကြေညာတာဖြစ်လို့ မဲဆန္ဒရှင်တွေအနေနဲ့ မဲစာရင်းနဲ့ပတ်သက်ပြီး တောင်းဆိုလွှာ၊ ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာတွေကို အောက်တိုဘာ၂၀ ရက်အထိ တင်ပြဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒုတိယအကြိမ်မဲစာရင်းကိုတော့ လာမယ့် နိုဝင်ဘာဒုတိယပတ်မှာ ကပ်ထားကြေညာသွားမှာ ဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရပါတယ်။

#centralnewsnaypyitaw

image

နင်ဘယ်သူတွေနဲ့ပေါင်းလဲ
Me :

image

(နံနံပင်မျိုးစေ့၊ ရှမ်းနံနံမျိုးစေ့၊တရုတ်နံနံမျိုးစေ့နှင့်ပင်စိမ်းမျိုးစေ့
မျိုးစေ့ပျိုးနည်း
step 1 -compost 1: စပ်မြေ 2 ရောသမ မွှေပေးပါ
2- ကိုယ်စိုက်မယ့် ပန်းအိုး သို့မဟုတ် container တစ်ခုခု ထဲ ထည့်ပါ
3- ရေဆင်းပေါက်ရှိသော အိုး သို့မဟုတ် container ဖြစ်ဖို့ လိုပါတယ်
4- မြေဖြည့်ပြီးပါက ရေဝအောင် ရွှဲအောင် လောင်းပေးပါ
5- ရေစစ်သွားပြီဆို ရင် မျိုးစေ့လေးတွေ ခပ်ကျဲကျဲ ဖြူးလိုက်ပါ
6- ကျဲထားသော မျိုးစေ့ပေါ်သို့ ပထမပိုင်းက ရောထားတဲ့မြေခပ်ပါးပါးလေး ထပ်ဖြူးပေးပါ
7-(1-2) ရက်နေလို့ မြေသားမှာ ရေအစိုဓါတ် လိုနေရင် ရေဖွဖွ လေးလောင်းပေးပါရှင်
7ရက် မှ 10 ရက် အတွင်း
အပင်ပေါက်လာပါလိမ့်မယ်နော်
သတိပြုရန်မှာ
၁- မိုးရေ တိုက်ရိုက်ကျသောနေရာမှာ
မျိုးစေ့ ပျိုးပင် ပျိုးအိုးများထားခြင်းကို
ရှောင်ပေးပါ
၂- နေ ရိပ်လွန်းသော နေရာ/နေပူလွန်းသော နေရာ
များကို ရှောင်ပေးပါ
၃- ရေ လောင်းလွန်ခြင်း/ ရေလောင်းဖို့ လိုခြင်းကို
သတိပြုပေးပါ
(Spray ဖျန်းရုံ ရေ အစိုဓါတ် ရှိရုံဆို ရပါပြီ)
၄- မျိုးစေ့လေးများ မပေါက်မှီ အချိန်တွင်
နွားချေး ကြက်ချေး အခြား မည်သည့်
မြေဩဇာ ဓါတ်မြေဩဇာများမ ထည့်ပါဘူးရှင့်

image

ကိုရီးယားရုပ်ရှင်ကားတွေထဲက နှမ်းရွက်သုပ်
ရန်ကုန်မှာတုန်းက ဝိတ်ကျချင်တာနဲ့ အစားလျှော့စားလက်စနဲ့ ဘန်ကောက်ရောက်တော့စိတ်တွေထိမ်းပြီး အသုပ်တွေသုပ်စား ဟင်းချိုတွေ ချက်သောက်နေပေမယ့် ခရီးသွားပြီဆို သိတဲ့အတိုင်းပဲ အစားအသောက်လျှော့ဖို့ရာ ခက်ခဲတာပါပဲ။
ရသလောက်တော့ ကြိုးစားကြည့်တဲ့သဘောပေါ့
အစားလျှော့တာ ဘန်ကောက်မှာ ဘယ်နှရက်ခံမယ်မသိ။
မက်ခရိုကနေ နှမ်းရွက်ဝယ်ပြီး
ကိုရီးယား ကားတွေထဲမှာ ကိုရီးယား ဘာဘီကျူး၊ဝပ်ဆလပ်တွေမှာ အသားကင်တွေကိုထုပ်စားတဲ့နှမ်းရွက်ကို သုပ်စားဖြစ်ပါတယ်။
ကြက်သွန်နီ ဆီချက်ချက်ထား။
နှမ်းရွက်ကို ရေခဏစိမ်ပြီး ရေသေချာဆေး ရေစစ်ပြီး ပါးပါးလှီးထား။
ကြက်သွန်နီ ပါးပါးလှီး။ပုစွန်ခြောက်ရေဆေးပြီးထောင်းထား။သံပုရာသီး တလုံးလှီးထား။
မြေပဲ လေးစိတ်ကွဲထောင်းထည့်။ပဲကျက်မှုန့်အနည်းငယ် နှမ်းလုံးမွှေးမွှေးလေးထည့်။ဆားလက်တဆိတ်။fish sauce (1)tbsထည့်။ဟင်းခတ်မှုန် အနည်းငယ် ငရုတ်သီးစိမ်းလေးလှီးထည့်။သံပုရာသီးညှစ်ပြီးရောနယ်။မြည်းကြည့်။ချဉ်ငံစပ်လေး ကောင်းမှကောင်းပဲ။
ကဲ!!..ဘယ်လိုဝိတ်လျှော့မလဲ။အသုပ်နဲ့တောင် စားကောင်းနေတာ။အပြင်သွားစားရင်ပိုဆိုး။
အသုပ်ကြိုက် နှမ်းရွက်ကြိုက်တဲ့သူတွေ သုပ်စားကြည့်နော်။

image
10 w - Translate

Good morning 🌄 နေရောင်ခြည်နဲ့အတူ လင်းလက်လှပနေတဲ့ နှင်းဆီဖြူလေးများအလှ 🌹🌿

image

အော်ကွေ့ကြည် လုပ်နည်း
************************
ပိတ်ရက်မှာ မုန်လာဥအော်ကွေ့ကြည်လေး လုပ်စားကြရအောင်😋❤️
ပုစွန်ခြောက်နံ့ မွှေးမွှေးလေးနဲ့ မုန့်သားစေးစေးလေးမို့ April အရမ်းကြိုက်တဲ့ မုန့်လေးပါနော်
ပေါင်းပြီးသားလေးလည်း စားကြသလို ကြော်ပြီးလည်း စားကြပါတယ်
မုန်လာဥနီ ၊ဖရုံသီး ၊ကန်စွန်းဥ ၊ပိန်းဥနဲ့အားလူလည်း လုပ်စားလို့ရပါတယ်နော်
ပါဝင်ပစ္စည်းများ
***************
၁။မုန်လာဥဖြူ- အကြီး ၁ လုံး/အသေး ၂ လုံး
၂။ကြက်သွန်ဖြူ- ၃ မွှာ
၃။ ပုစွန်ခြောက်မှုန့်- ထမင်းစားဇွန်း ၁ ဇွန်း
၄။ ဆန်မှုန့်-၄ ဇွန်း
၅။ကော်မှုန့်-၂ ဇွန်း
၆။ဆား- လက်ဖက်စားဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
***********
-ပထမဆုံး မုန်လာဥကို အတုံးတုံးပြီး ၁၀ မိနစ် ပြုတ်ပါ
-ကြက်သွန်ဖြူကို နုတ်နုတ်စင်းပြီး ပုစွန်ခြောက်မှုန်နဲ့ မွှေးနေအောင် ဆီသတ်ပါ
- ပြုတ်ထားတဲ့ မုန်လာဥ /ဆီသတ်ထားတဲ့ကြက်သွန်လေး/ဆန်မှုန့်/ကော်မှုန့်နဲ့ ဆားတို့ကို ရောကြိတ်ပါ
-ခွက်တစ်ခွက် သို့ ဗန်းထဲ ဆီသုတ်ပြီး ရောကြိတ်ထားတာ လောင်းထည့်ပြီး ၁၅ မိနစ်ခန့်ပေါင်းပါ
-မုန့်သားကျက်ရင် အအေးခံပြီး ကြိုက်သလိုလှီးစားနိုင်ပါတယ်နော် ဒါမှမဟုတ် ဆီလေးနဲ့ အပြင်သား ကြွပ်နေအောင်ကြော်ပြီးလည်း စားနိုင်ပါတယ်
*အချဉ်ရည်လေးနဲ့ တွဲပြီးတော့ အပြင်သားကြွပ်ကြွပ် မုန့်သားစေးစေးမွှေးမွှေး အော်ကွေ့ကြည်လေးကို သုံးဆောင်နိုင်ပါပြီရှင်*
🍎🍎🍎🍎🍎🍎🍎🍎
#အော်ကွေ့ကြည်♦မုန်လာဥမုန့်(သို့)အော်ကွေ့ကြည် လုပ်နည်း ♦
************************************************
ပိန်းဥ၊ရွှေဖရုံ၊မုန်လာဥ ကြိုက်နှစ်သက်သလို လုပ်စားနိုင်ပါတယ်။
မော်လမြိုင်ဘက်ကတော့ မုန်လာဥမုန့်ပဲ ခေါ်ကြပါတယ်။
မူရင်းကတော့ပိန်းဥပါ။
ပါဝင်ပစ္စည်းများ
မုန်လာဥ(ဆယ့်ငါးကြပ်သားလောက်/အလုံးကြီးနှစ်လုံးလောက်)ကိုအခွံတွေဖယ်။အတုံးသေးတုံးပြီး ရေနွေးပွက်ပွက်ဆူထဲမှာ ခဏထားပြီး ပြန်ဆယ်ပါ။
အနံ့နဲ့ရှတတအရသာပျောက်သွားရအောင်ပါ။
ပြီး blanderနဲ့ပြန်ကြိတ်။ကြိတ်တဲ့အခါရေနဲနဲထည့်ကြိတ်ပေးပါ။
ပုဇွန်ခြောက်ဟင်းခတ်ဇွန်းတစ်ဇွန်းစာလောက်ကိုလည်း ကြိတ်ထားပေးပါ။
ပြီးရင် ဆန်အစိမ်းမှုန့်(မွှေးတံဆိပ်)တစ်ထုပ်၊
ကော်မှုန့်ကိုဟင်းခတ်ဇွန်းသုံးဇွန်း၊
ဆား၊အသားမှုန့်သင့်တင်ရုံထည့်ပြီး အားလုံးကို သမအောင် ရောမွှေပါ။
စတီးချိုင့်(ပေါင်းမယ့်ခွက်)ထဲမှာ ဆီနဲနဲသုတ်ပါ။
ပြီးရင် လုပ်ထားပြီးသား မှုန့်နှစ်ကို စတီးချိုင့်ရဲ့သုံးပုံပုံတစ်ပုံထည့်ပြီး ရေနွေးငွေ့နဲ့မိနစ်လေးဆယ်ခန့်ပေါင်းပါ။
ပေါင်းပြီးရလာတာကို အအေးခံပြီးကြော်လို့ရပါပြီနော်။
အချဉ်ရည် အတွက်.....
ထန်းလျှက်ကို ရေနွေးနဲ့ကြိုပါ။
ထန်းလျှက်အညို သုံးခဲလောက်ဆို ရေမြုပ်ရုံထည့်ပြီး အပူပေးပါ။
မန်ကျည်းသီး ရေဖျော်ထားပါ။ကြက်သွန်ဖြူသုံးတတ်လောက်နဲ့
ငရုတ်သီးစိမ်းလေးတောင့်လောက် ကိုထောင်းပေးပါ။
ငရုတ်ဆော့စ်ထဲ ဆားအနည်းငယ်ထည့်ပါ။
ပြီးရင် အားလုံးကို သမအောင်မွှေပါ။ ကြိုက်တတ်ရင် နံနံပင်ညှပ်ထည့်လို့ရပါတယ်။
#မုန်လာဥမုန့်
#အော်ကွေ့ကြည်
🍎🍎🍎🍎🍎🍎🍎
ရွှေဖရုံသီးနဲ့လုပ်တဲ့ အော်‌ကွေ့ကြည်လုပ်နည်း
ပါဝင်ပစ္စည်း
-ရွှေဖရုံသီး
-ဆန်စိမ်းမှုန့် 150g
-ကော်မှုန့် 3ဇွန်း
ပုစွန်ခြောက်မှုန့် 2ဇွန်း
ဆား
သကြား
အရသာမှုန့်
-ပထမဆုံး ရွှေဖရုံသီးကိုနူးအိနေအောင်ပြုတ်ပြီး အနှစ်ရအောင် ကြိတ်စက်နဲ့ကြိတ်ပါကြိတ်စက်မရှိပါကလက်နဲ့ချေထားလည်းရပါတယ်
- ရွှေဖရုံသီးအနှစ်ရလာရင် ပါဝင်ပစ္စည်းအားလုံးကိုရောထည့်ပြီး နှံ့စပ်အောင်ရောမွှေပါ
-ရလာတဲ့မုန့်နှစ်တွေကိုဆီသုတ်ထားတဲ့ပေါင်းခံခွက်ထဲ ဇကာနဲ့စစ်ပြီးထည့်ပါ
-မိနစ်40လောက် ပေါင်းပေးပါ
-ရလာတဲ့ရွှေဖရုံသီးမုန့်ကိုအအေးခံပြီးမှမိမိနှစ်သက်တဲ့ပုံစံအတိုင်းဆီပူပူမှာထည့်ကြော်ပေးပါ
-ဒါဆိုရင်တော့အရမ်းစားကောင်းတဲ့ရွှေဖရုံသီးမုန့်ကြော်လေးရပါပြီ မိမိနှစ်သက်တဲ့အချဉ်ရည်လေးနဲ့တွဲစားလို့ရပါပြီ
#crd_to_owner_with_respect

image
10 w - Translate

ကြားဖူးတာတစ်ခုရှိတယ်
အမြဲတမ်း ကြောက်နေတဲ့အရာတစ်ခုကို
မကြောက်တတ်တော့ဘူးဆိုရင်
ကိုယ်တိုင်က ကြောက်စရာဖြစ်သွားတာပဲတဲ့။
တစ်ယောက်တည်း ဖြစ်နေမှာ ကြောက်တဲ့လူက
ဘယ်သူမှ မရှိလည်းဖြစ်တယ်ဆိုတဲ့
စိတ်မွေးသွားနိုင်တာလည်း ကြောက်စရာပဲ။
သူ့ဆီက စိတ်ရင်းကို ဘယ်သူမှ မရနိုင်တော့တာမျိုး။

image