ပထမဆုံးကစားတဲ့ပွဲတွင် ကွင်းအတွင်း မေ့လဲကျကာ ဘောလုံးသမား တစ်ဦး ကွယ်လွန်
===================
ဘောလုံးကစားသမားတစ်ဦးဟာ ပထမဆုံးကစားတဲ့ပွဲတွင် ကွင်းအတွင်း မေ့လဲကျပြီးနောက် သေဆုံးသွားခဲ့ပါတယ်။

အေအက်စ်ဆိုလွမ်တိုက်စစ်သမားယူဆူးဒီယော့ဖ်ဟာ ဆီနီဂေါတွင် ကစားတဲ့ ဒုတိယတန်းပွဲစဉ်တွင် မေ့လဲကျပြီးနောက် တနင်္ဂနွေနေ့တုန်းက ကွယ်လွန်သွားခဲ့တာပါ။

သူဟာ ဆိုလွမ်နှင့် အေမီတီးအက်ဖ်စီနှင့် ပွဲစဉ်တွင် ဆိုးရွားတဲ့အဖြစ်အပျက် ဖြစ်ခဲ့လည်း ဖြစ်ပါတယ်။

အသက် ၂၅ နှစ်ရှိ ဒီယော့ဖ်ဟာ ဂိုးမရှိသရေကျတဲ့ပွဲစဉ်တွင် လူစားဝင်ရောက်ကာ ၁၀ မိနစ်ခန့် ကစားပြီးနောက် ပွဲပြီးခရာမှုတ်ပြီး မိနစ်အနည်းငယ်အကြာမှာ အထက်ပါ အဖြစ်အပျက် ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

သူဟာ ဆိုလွမ်အတွက် ပထမဆုံးကစားတဲ့ပွဲမှာ အထက်ပါဖြစ်ရပ်ဆိုး ကြုံခဲ့တာလည်း ဖြစ်ပါတယ်။

ပွဲပြီးခရာမှုတ်ပြီးနောက် သူ မေ့လဲကျသွားချိန်တွင် ဆေးဖက်ဆိုင်ရာအဖွဲ့များ ချက်ချင်းဆိုသလို ဆေးကုသမှု ပြုလုပ်ခဲ့ပေမယ့် နေရာမှာပင် သေဆုံးသွားခဲ့ပါတယ်။

image