တောင်တရုတ်ပင်လယ်အတွင်း အမေရိကန်မှ တိုက်လေယာဉ်တစ်စင်းနှင့်ရဟတ်ယာဉ်တစ်စင်းတို မိနစ် ၃၀ ခြားပြီး ပျက်ကျ
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အာရှဒေသသို့ရောက်ရှိနေစဉ် အမေရိကန်တပ်မတော်မှတိုက်လေယာဉ် တစ်စင်းနှင့်ရဟတ်ယာဉ်တစ်စင်းသည် တောင်တရုတ်ပင်လယ်အတွင်း မိနစ် ၃၀ ခြားပြီး ပျက်ကျမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

တောင်တရုတ်ပင်လယ်အတွင်းရှိ USS Nimitz လေယာဉ်တင်သင်္ဘောပေါ်၌ တာဝန် ထမ်းဆောင်နေသော Sea Hawk ရဟတ်ယာဉ်တစ်စင်းသည် ပုံမှန်လုပ်ငန်းများဆောင်ရွက်နေစဉ် အောက်တိုဘာ လ ၂၆ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင်ပျက်ကျကြောင်း အမေရိကန်ရေတပ်က လူမှုကွန်ရက်၌ တင်ထားသည်။

အလားတူ ထိုလေယာဉ်တင်သင်္ဘောမှ F/A-18F Super Hornet တိုက်လေယာဉ်သည် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် ပျက်ကျမှုဖြစ်ပွားကြောင်း၊ ယင်းမတော်တဆမှုများအတွင်း ပါဝင်သူ ငါးဦးစလုံးမှာ အသက်ဘေး စိုးရိမ်ရခြင်းမရှိကြောင်းနှင့်စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်နေကြောင်း အမေရိကန်ရေတပ်က အောက်တိုဘာလ ၂၇ ရက်တွင် လူမှုကွန်ရက် ၌ တင်ထားသည်။

ယင်းလေယာဉ်တင်သင်္ဘောဦးဆောင်သော တိုက်ခိုက်ရေးအုပ်သည် အမေရိကန်အနောက်ဘက်ကမ်းရိုးတန်းဒေသသို့မပြန်မီ တောင်တရုတ်ပင်လယ်အတွင်း နောက်ဆုံးအကျော့ လှည့်ပတ်သွားလာမှုလုပ်စဉ် ယခုကဲ့သို့မတော်တဆမှုများနှင့်ရင်ဆိုင်ရခြင်းဖြစ်ကြောင်း Bangkok Post သတင်းဌာနဖော်ပြချက်အရ သိရသည်။

image

ကမ္ဘာအသက်အကြီးဆုံး သမ္မတဖြစ်သူ ရွေးကောက်ပွဲမှာ ရှစ်ကြိမ်မြောက် အနိုင်ရပြန်
ယောင်အွန်‌ဒေး၊ အောက်တိုဘာ-၂၈-၂၀၂၅
မျိုးဆက်(VOM)
ကင်မရွန်းနိုင်ငံမှာ အသက် ၉၂ နှစ်အရွယ် သမ္မတ ပေါလ်ဘိုင်ယာဟာ အငြင်းပွားဖွယ်ရာ သမ္မတရွေးကောက်ပွဲမှာ ရှစ်ကြိမ်မြောက်သက်တမ်းအတွက် အနိုင်ရရှိခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပါတယ်။
ကမ္ဘာ့အသက်အကြီးဆုံး နိုင်ငံ့ခေါင်းဆောင်ဖြစ်သူ ပေါလ်ဘိုင်ယာဟာ ထောက်ခံမဲ အရေအတွက် ၅၃ ဒဿမ ၇ ရာခိုင်နှုန်းရရှိခဲ့ပြီး အတိုက်အခံခေါင်းဆောင် အစ်ဆာတီချီရိုမာဘာကာရီက ၃၅ ဒဿမ ၂ ရာခိုင်နှုန်းနဲ့ အနိုင်ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ကြေငြာချက်မထုတ်ပြန်မီမှာ သမ္မတဘိုင်ယာရဲ့ မဟာမိတ်ဟောင်းဖြစ်တဲ့ ဘာကာရီက ရွေးကောက်ပွဲမှာ သူအနိုင်ရကြောင်း အခိုင်အမာပြောကြားခဲ့ပေမယ့် လက်ရှိအာဏာရ ကင်မရွန်းပြည်သူ့ဒီမိုကရက်တစ် လှုပ်ရှားမှုပါတီက ပယ်ချခဲ့ပါတယ်။
အောက်တိုဘာ ၁၂ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ လူအသေအပျောက်ရှိတဲ့ အကြမ်းဖက်မှုတွေပါ ဖြစ်ပွားခဲ့ပြီး မကြာသေးမီရက်တွေအတွင်း ဘာကာရီကို ထောက်ခံသူ ရာပေါင်းများစွာသည် မြို့အတော်များများမှာ ဆန္ဒပြပွဲတွေပြုလုပ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။
သမ္မတ ပေါလ်ဘိုင်ယာကတော့ သူ့ကို နောက်တကြိမ်ထပ်မံယုံကြည့်ပေးလို့ မဲဆန္ဒရှင်တွေကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ မိမိတို့ အတူတကွ ငြိမ်းချမ်း၊ စည်းလုံးညီညွတ်ပြီး ကြွယ်ဝချမ်းသာတဲ့ ကင်မရွန်းနိုင်ငံကို တည်ဆောက်ဖို့ အသေအချာ လုပ်ဆောင်ကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း သမ္မတက ကြေညာချက်မှာပြောပါတယ်။
တနင်္ဂနွေနေ့မှာတော့ ကင်မရွန်းနိုင်ငံရဲ့ စီးပွားရေးမြို့တော် ဒူအာလာမှာ ဆန္ဒပြပွဲတွေအတွင်း အနည်းဆုံး လူလေးယောက် သေဆုံးခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ ရဲစခန်းတွေကို တိုက်ခိုက်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခဲ့ကြောင်း ပြောဆိုထားပါတယ်။

image
26 w - Translate

◾️ သက်ကြီးအမျိုးသမီးနှစ်ဦးအား တူဖြင့် ရိုက်နှက်ခဲ့သူကို ဖမ်းမိ
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၌ သက်ကြီးအမျိုးသမီးနှစ်ဦးအား သံရိုက်တူဖြင့် ရိုက်နှက်ခဲ့သည်ဟုဆိုသူ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိကြောင်း ယ‌နေ့ (အောက်တိုဘာ ၂၈ ရက်)ထုတ်နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြသည်။
ယင်းဖြစ်စဉ်မှာ ယခုလအောက်တိုဘာ ၂၅ ရက်က ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၂)ရပ်ကွက်၊ လမ်း ၇၀ (အေ)၊ ၁၀၇ လမ်းနှင့် ၁၀၈ လမ်းကြားရှိ အိမ်အမှတ် (၁၇၂)နေအိမ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးမြေညီ ထပ်ဧည့်ခန်းအတွင်းရှိ ခုတင်ပေါ်တွင်အိပ်ပျော်နေသည့် အသက်(၃၈) နှစ်အရွယ်ရှိမအေးအေးခိုင်အား သံရိုက်တူဖြင့်သုံးချက်ခန့်ထုရိုက်ပြီး ထိုင်ခုံပေါ်ထိုင်နေသည့်အသက်(၈၄) နှစ်အရွယ်ရှိအဒေါ်ဖြစ်သူ ဒေါ်ခင်စိုးမြင့်၏ဦးခေါင်းငယ်ထိပ်အား တစ်ချက်ထုရိုက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါသတင်းထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။
ထို့နောက် အိပ်ခန်းအတွင်းရှိသံသေတ္တာအားတူဖြင့်ရိုက်ဖျက်ကာ သေတ္တာအတွင်းရှိ ရွှေ ၁၀ ကျပ်သား တုံးတစ်တုံး၊ အိပ်ယာပေါ်ရှိငွေကျပ်သိန်း ၁၀၀ တို့ကိုယူဆောင်ကာ ပြင်ဦးလွင်မြို့သို့ပြန်လာ၍ ရွှေတုံး အားရောင်းချကာ ၎င်းချေးငှားထားသည့်ငွေကြေးများပြန်လည်ပေးဆပ်ရန်သုံးစွဲခဲ့ကြောင်း ထွက်ဆို ထားသည်။
သေဆုံးသူမှာ အိမ်ပိုင်ရှင်အငြိမ်းစားစာကြည့်တိုက်မှူးဒေါ်ခင်စိုးမြင့်ဖြစ်ပြီး နေအိမ်မြေညီထပ်ဧည့်ခန်း အတွင်းရှိထိုင်ခုံပေါ်တွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာဖြင့်သေဆုံးနေပြီး ၎င်းနှင့်အတူနေထိုင်သည့်မြေးဖြစ် သူ အသက် (၃၆)နှစ်အရွယ်ရှိ ဒေါ်အေးအေးခိုင်သည်လည်း မြေညီထပ်ဧည့်ခန်းခုတင်ပေါ်တွင် ဦးခေါင်း၊ ဝဲနားထင်တို့၌ ပေါက်ပြဲဒဏ်ရာနှစ်ချက်ရရှိထားသည်ကို စစ်ဆေးတွေ့ ရှိရသဖြင့် ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၁)နယ်မြေရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါပြစ်မှုကျူးလွန်သူဟုယူဆရသူမှာ သေဆုံးသူ‌ဒေါ်ခင်စိုးမြင့်၏ တူမတော်စပ်သူဖြစ်ပြီး ပြင်ဦးလွင် မြို့၊ ရပ်ကွက်ကြီး(၃)၊ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း၌ တွဲဘက်တာဝန်ထမ်းဆောင် နေသည့် အလယ်တန်းပြဆရာမ မစိုးစိုးထွန်းဖြစ်ကြောင်း၊ ၎င်းသည်အောက်တိုဘာ ၂၆ ရက်၊ ညနေ ၅ နာရီကျော်တွင် အခင်းဖြစ်ရာနေအိမ်သို့ ပြန်လည်ရောက်ရှိလာစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြစ်မှုကျူးလွန်သူ၏ထွက်ဆိုချက်အရ ၎င်းသည် ပြင်ဦးလွင်မြို့၌အိမ်ငှားရမ်းနေထိုင်ရသူဖြစ်ပြီး ငွေကြေး အခက်အခဲရှိခဲ့ကြောင်း၊ ယခုနှစ်ဇူလိုင်လတွင် ၎င်း၏အဒေါ်တော်စပ်သူ ဒေါ်ခင်စိုးမြင့်(သေဆုံး)ထံမှ ငွေချေးယူခဲ့ရာ ဒေါ်ခင်စိုးမြင့်မှအိမ်ရောင်းရငွေရရှိပါက စီစဉ်ပေးမည်ဟုပြောကြားခဲ့သော်လည်း နေအိမ် အားပြန်လည်ဝယ်ယူပြောင်းရွှေ့နေထိုင်ခဲ့ပြီး ၎င်း၏အခက်အခဲအားဆောင်ရွက်ပေးခြင်းမရှိကြောင်း ထွက်ဆိုထားသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူအား ထိရောက်စွာအရေးယူနိုင်ရန်နှင့် သိမ်းဆည်းရန်ကျန် သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက်အရသိရသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - MOI
#ပြည်တွင်းသတင်း

image
26 w - Translate

◾️ တောင်ကြီး၌ မီးပုံးပျံယမ်းပေါက်ကွဲ၊ အမျိုးသမီးတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ဖာမွန်းကျေးရွာ၌ ယနေ့ (အောက်တိုဘာ ၂၈ ရက်) နံနက် ၉ နာရီခန့်က ယမ်းပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ဖာမွန်းကျေးရွာအုပ်စု၊ ကောင်ရွေးရွာ၌ တန်ဆောင်တိုင်မီးပုံးပျံပွဲအတွက် ပြင်ဆင်နေသည့်မီးပုံးပျံမှ ယမ်းပေါက်ကွဲခဲ့ရာ အသက်(၄၀) ကျော် ကွမ်းယာရောင်းနေသူ အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အခင်းဖြစ်နေရာသို့ကြက်ခြေနီတပ်ဖွဲ့မှရောက်ရှိလာပြီး သေဆုံးသူနှင့်ဒဏ်ရာရသူများကို တောင်ကြီးစဝ်စံထွန်းဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်းသိရသည်။
ယမန်နှစ်ကလည်း မီးပုံးပျံအတွက်ယမ်းထောင်းနေစဉ် ပေါက်ကွဲမှုကြောင့် အောင်ပန်းမြို့မှသုံးဦးသေဆုံးကာ နေအိမ်မီးလောင်ခဲ့ကြောင်း သတင်းမှတ်တမ်းများအရသိရသည်။
ယခုနှစ်တောင်ကြီးတန်ဆောင်တိုင်မီးပုံပျံပွဲတော်ကို တောင်ကြီးမြို့အဝေရာမီးပုံးပျံကွင်း၌ ယမန်နေ့ (အောက်တိုဘာ ၂၇ ရက်) မှ စတင်ကျင်းပနေပြီး နိုဝင်ဘာ ၄ ရက်အထိပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မီးပုံးပျံပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မီးပုံးပျံအလုံး ၄၀၀ ကျော်စာရင်းပေးထားကြောင်း သိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - Pa-O's Supporter Group
#ပြည်တွင်းသတင်း

image

နင်လည်းကော'က် ငါလည်းကော'က်ပဲ
လာတော့ မစမ်းနဲ့😒

image

***မန်ကျည်းသီး ရဲ့ဆေးဖက်ဝင်ပုံ နှင့် သိထားသင့်တဲ့ ဘေးထွက်ဆိုးကျိုးများ***
မန်ကျည်းသီးက အမျှင်ဓါတ်ကြွယ်ဝတာကြောင့် ဝမ်းမှန်စေပြီး အစာအိမ်နဲ့အူလမ်းကြောင်းကို သန့်စင်စေပါတယ်။ မန်ကျည်းသီးက အသည်း၊အူမကြီးနဲ့အခြားအစာခြေအင်္ဂါအစိတ်အပိုင်းတွေကို ကျန်းမာစေပါတယ်။
မန်ကျည်းသီးကိုနေ့စဉ်စားသုံးပေးမယ်ဆိုရင် အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေမှာဖြစ်ပါတယ်။
မန်ကျည်းသီးမှာ သံဓါတ်ကြွယ်ဝစွာပါဝင်ပြီးသွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။
မန်ကျည်းသီးဟာ
အာရုံကြော လုပ်ငန်းစဉ်တွေကို တိုးတက်ကောင်းမွန်စေတဲ့ သဘာဝအစားအစာတွေထဲမှာလည်းပါဝင်ပါတယ်။
မန်ကျည်းသီးမှာ အာရုံကြောရဲ့လုပ်ငန်းစဉ်တွေနဲ့ မှတ်ဉာဏ်ကိုတိုးတက်စေတဲ့ သီရာမင် (ဗီတာမင် B6) ကြွယ်ဝစွာပါဝင်ပါတယ်။
***ဆီးချိုထိန်းညှိရာမှာ အထောက်အကူပြုနိုင်ခြင်း**
အရသာရှိလှတဲ့ မန်ကျည်းသီးကသွေးတွင်း အချိုဓါတ်ကိုထိန်းညှိတာနဲ့စောင့်ကြည့်တာတွေကို အထောက်အကူပြုပါတယ်။ မန်ကျည်းသီးက သကြားဓါတ်နဲ့အဆီဓါတ်တွေ ဖွဲ့စည်းမှုကိုဖြစ်ပေါ်စေနိုင်တဲ့ ကာဗိုဟိုက်ဒရိတ်စုပ်ယူမှုကိုနှေးကွေးစေနိုင်သလို အင်ဆူလင်ပမာဏကိုလည်းတိုးစေနိုင်ပါတယ်။ ဆီးချိုဝေဒနာရှင်တွေအနေနဲ့ မန်ကျည်းသီးစားသုံးပေးနိုင်ပါတယ်။
***ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးခြင်း***
မန်ကျည်းသီးမှာ ဆဲလ်တွေနဲ့ကိုယ်တွင်းအင်္ဂါတွေကိုပြင်ပကဓါတုပစ္စည်းတွေကြောင့်ထိခိုက်မှုမရှိအောင်ကာကွယ်ပေးပြီးရောဂါတွေအန္တရာယ်ကနေကာကွယ်ပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဗီတာမင် စီတို့ကြွယ်ဝစွာပါဝင်ပါတယ်။ မန်ကျည်းသီးမှာရောင်ရမ်းမှုကို တိုက်ဖျက်နိုင်တဲ့အစွမ်းရှိသလို၊ ဘက်တီးရီးယားတွေကိုတိုက်ဖျက်နိုင်တဲ့အစွမ်း၊ရောဂါကာကွယ်နိုင်တဲ့ အစွမ်းတွေလည်းရှိပါတယ်။ ကိုယ်ခံအားစနစ်တိုးတက်အောင်လည်းအထောက်အကူပြုပါတယ်။
***သွေးသန့်စေခြင်း***
မန်ကျည်းသီးမှာ ခန်ဓါကိုယျအတှကျမရှိမဖွဈလိုအပျတဲ့ သတ္တုဓါတ်တွေ၊နေ့စဉ်လိုအပ်တဲ့အမျှင်ဓါတ်နဲ့ဗီတာမင် စီတို့ကြွယ်ဝစွာပါဝင်တာကြောင့်သွေးသန့်အောင်လုပ်ဆောင်ပေးပါတယ်။ မန်ကျည်းသီးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာပါဝင်နေတာကြောင့်free radicalsတွေကိုတိုက်ဖျက်ပေးပြီးသွေးသန့်စေပါတယ်။
***နှလုံးကျန်းမာစေခြင်း***
မန်ကျည်းသီး ကနှလုံးကိုလည်းကောင်းမွန်စေပါတယ်။
မန်ကျည်းသီးက ကိုလက်စထရောကို ထိထိရောက်ရောက်ထိန်းညှိပေးနိုင်ပါတယ်။ ခန်ဓါကိုယျအတှကျ အကျိုးမပြုတဲ့ ကိုလက်စရော (LDL) ကိုကျဆင်းစေပြီး အကျိုးပြုကိုလက်စထရော (HDL) ကိုတိုးတက်အောင်လုပ်ဆောင်ပေးပါတယ်။ ပိုတက်ဆီယမ်ကြွယ်ဝစွာ ပါဝင်တာကြောင့်သွေးပေါင်ချိန်ကိုထိန်းညှိပေးပါတယ်။ ဗီတာမင် စီကြွယ်ဝမှုကလည်းနှလုံးသွေးကြောစနစ်အပေါ်မှာ ဖိအားသက်ရောက်မှုတွေကိုလျော့ကျစေပါတယ်။
***ဝက်ခြံကုသနိုင်ခြင်း***
မန်ကျည်းသီးမှာ ဗီတာမင် စီ၊ဗီတာမင်အေနဲ့အခြား ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် အရေပြားရောင်ရမ်းတာနဲ့ ဝက်ခြံတွေကို သက်သာစေပါတယ်။
***ကိုယ်ဝန်ဆောင်တွေအတွက်မန်ကျည်းသီးက သင့်တော်သလား***
မန်ကျည်းသီးက ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်လေ့ဖြစ်ထရှိတဲ့ မအီမသာဖြစ်တာ၊ဝမ်းချုပ်တာနဲ့ (morning sickness) ကိုယ်ဝန်ဆောင်ချိန်မနက်ခင်းပျို့အန်ခြင်းလိုမျိုးဝေဒနာတွေကိုသက်သာစေပါတယ်။ မန်ကျည်းသီးက အမျှင်ဓါတ်ကြွယ်ဝပြီး အစားစားချင်စိတ်ကိုဖြစ်ပေါ်စေတဲ့အပြင် သန္ဓေသားကြီးထွားဖွံ့ဖြိုးမှုကိုလည်းလှုံ့ဆော်ပေးပါတယ်။ မန်ကျည်းသီးက ဝမ်းတွင်းအေးစေတဲ့အာနိသင်ရှိပါတယ်။ မန်ကျည်းသီးကို ဆား၊ငရုတ်ကောင်းတို့နဲ့ရောစပ်စားသုံးပေးမယ်ဆိုရင် မအီမသာဖြစ်တာကိုသက်သာစေပါတယ်။
***မန်ကျည်းသီးရဲ့ဘေးထွက်ဆိုးကျိုးများ***
အကိုက်အခဲပျောက်ဆေး၊ibuprofen နဲ့သွေးကျဲဆေးမှီဝဲနေရသူတွေအနေနဲ့ မန်ကျည်းသီးကိုလုံးဝမစားသင့်ပါဘူး။သွေးယိုစီးမှုဖြစ်နိုင်ခြေကိုတိုးစေနိုင်တာကြောင့် အဆိုပါဆေးဝါးတွေကိုမှီဝဲနေသူတွေအနေနဲ့ မန်ကျည်းသီးလုံးဝမစားသင့်ပါဘူး။
မန်ကျည်းသီးကို အလွန်အကျွံစားသုံးပါကသွေးတွင်းသကြားဓါတ်ကိုကျဆင်းစေပြီး (hypoglycemia )သွေးတွင်းသကြားဓါတ်လျော့နည်းခြင်းကိုဖြစ်ပေါ်စေနိုင်တာကြောင့် တစ်နေ့ကို မန်ကျည်းသီး ၁၀ ဂရမ်ထက်ပိုမစားသင့်ပါဘူး။
မန်ကျည်းသီးနဲ့ဓါတ်မတည့်တဲ့သူတွေမှာ အရေပြားမှာအနီအပိန့်တွေထွက်တာ၊အော့အန်တာမျိုးတွေဖြစ်ပေါ်စေနိုင်တာကြောင့် မန်ကျည်းသီးဓါတ်မတည့်မှုရှိရင် မန်ကျည်းသီးမစားသင့်ပါဘူး။
မန်ကျည်းသီးမှာ အက်ဆစ်ဓါတ်ပါတာကြောင့် အလွန်အကျွံစားသုံးမယ်ဆိုရင် သွားကြွေလွှာကိုပျက်စီးစေနိုင်ပါတယ်။
မန်ကျည်းသီးကို အလွန်အကျွံစားသုံးမယ်ဆိုရင် သည်းခြေကျောက်တည်တာကိုလည်းဖြစ်ပေါ်စေနိုင်ပါတယ်။
မန်ကျည်းသီးကို မကြာခဏတသွတ်သွတ်စားသုံးတာက အစာချေစနစ်အတွင်းမှာ အက်ဆစ်ပမာဏတွေကိုတိုးစေပြီး အစာအိမ်အချဉ်ပေါက်တာကိုဖြစ်ပေါ်စေပါတယ်။
မန်ကျည်းသီးအလွန်အကျွံစားသုံးမှုကသွေးအားနည်းစေနိုင်သလို သံဓါတ်အားနည်းစေပြီးခေါင်းကိုက်တာ၊ ညီးစီစီဖြစ်တာမျိုးတွေကို ခံစားရစေပါတယ်။
မန်ကျည်းသီးက သွေးတွင်းသကြားဓါတ်ကိုကျဆင်းစေပြီးသွေးချိုထိန်းညှိမှုကို အနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့် ဆီးချိုရောဂါရှိသူတွေအနေနဲ့သွေးတွင်းသကြားဓါတ်ကိုသေချာစောင့်ကြည့်ပြီးမှသာ စားသုံးပေးသင့်ပါတယ်။
မန်ကျည်းသီးကသွေးတွင်းသကြားဓါတ်ကိုကျဆင်းစေနိုင်ပါတယ်။ ခွဲစိတ်ကုသမှုခံယူနေစဉ်အတွင်းနဲ့ခွဲစိတ်ကုသမှုခံယူပြီးချိန်မှာသွေးတွင်းသကြားဓါတ်ကိုကျဆင်းစေနိုင်တာကြောင့် ခွဲစိတ်ကုသမှုခံယူမယ့်သူတွေအနေနဲ့ ခွဲစိတ်ကုသမှုမခံယူခင် နှစ်ပတ်အလိုကတည်းက မန်ကျည်းသီးမစားဘဲနေရမှာဖြစ်ပါတယ်။
ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်
ကျန်းမာပျော်ရွှင်ကြပါစေ🙏🙏🙏
အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

image

ဝက်သားချဉ်စပ် Soup

ဝက်သားများကို သကြား ဆား အရသာမှုန့် ဂျင်း ရေ ထည့်ပြီး နူးသည်အထိပြုတ်။ နူးပြီဆိုမှ စားနိုင်သလောက် ရေအနည်းငယ်ထက်ထည့်။ အပေါ်ကဝေ့တက်လာတဲ့အမဲဖတ်တွေဖယ်ထုပ်ပစ်ပါ။ ရှောက်ရွက် ကြက်သွန်မြိတ် ငရုတ်သီးစ်ိမ်း ခရမ်းချဉ်သီးစိတ် နံနံပင် ညှပ်ထည့်။ ငရုတ်ကောင်းမှုန့်လေးဖြူးပြီး ရှုးရှဲစားလို့ရပါပြီနော်။ ရှယ်ဘဲ။

image

ထိုင်း စတိုင်စ် ပဲကြာဇံသုပ် ‼️
****************************❤️
ပဲကြာဇံ 150 g
အသား ကြက်/ ဝက် 60 g
ပုဇွန် / ပင်လယ်စာ မိမိ အကြိုက်
ကြက်သွန်နီ ပါးပါးလှီး ၂ လုံး
ကြက်သွန်ဖြူ နုတ်နုတ်စင်း ၃ မွှာ
ဥနီ အလှဆင်ရန် ခြစ်ထားပါ အနည်းငယ်
ကြက်သွန်မိတ် ပါးပါးလှီး အနည်းငယ်
တရုတ်နံနံ ။ ။ ။
ငရုတ်သီး စိမ်း /အနီ ။ ။ ။
ခရမ်းချဉ်သီး အစေ့ထုတ် ပါးပါးလှီး ၁ လုံး
ကြက်/ ဝက်သား က နုတ်နုတ်စင်း ထား တာ နော်
ပဲကြာဇံ ၊ အသား ၊ပင်လယ်စာ ကို ရေဆူဆူ မာ ပြုတ် ပြီး ရေအေး နဲ့ ပြန်ဆေး ၊ ဇကာ နဲ့ စစ် ထားပါ
ငံပြာရည် ၂ ထမင်းစားဇွန်း
သံပုရာရည် ၃ ။ ။
သကြား ၁ ။ ။
ငရုတ်သီးဆော့ ၂ ။ ။
အချိုမှုန့် ကြိုက်ရင် ထည့်ပါ အနည်းငယ်
ဇလုံ တလုံး မာ ရော မွှေ ပြီး ပါဝင်ပစ္စည်း တွေ ထည့် တဲ့အခါ အသား ပင်လယ်စာ ကို အရင်ထည့်ပါ
အရသာ ဝင်အောင်လို့ နော်
မြေပဲ လှော် ကို အပါ် ကနေ ထည့် ကြပါသေးတယ်
တချို့ က တော့ မထည့်ကြဘူး

image

ကိုယ့်ရည်းစာ:နဲ့ပုံကိုတင်ချင်သော်လည်းaccထဲမှာအမျိုးတွေရှိနေသောအခါ..
Me: :

image
26 w - Translate

အခုတလော ကိုယ့်ကို Healingဖြစ်စေတဲ့ စကားလေးရှိတယ်
“အတူရှိဖိုကံပါလာရင် အတူရှိသွားပါလိမ့်မယ်”တဲ့

image