26 w - Translate

R›eady, Jet, Go! S›pace C›amp: The Movie [2023]

ဂျက်ပရိုပေါ့ရှင်းဆိုတာကတော့ ကမ္ဘာပေါ်ကမဟုတ်ပါဘူး။သူက ဘော်ထရွန်(၇) ဆိုတဲ့ ဂြိုလ်မှာနေတဲ့လူသားတစ်ယောက်ဖြစ်ပါတယ်။

သူဟာ မြင့်မြတ်သော ဂလတ်တိုရဲ့ စွန့်စားခန်းများကို အရမ်းသဘောကျတဲ့လူဖြစ်ပြီး ဗီဒီယိုလေးတွေရိုက်ပြီး ပိုလေ့ရှိပါတယ်။ဒီလိုနဲ့ သူဟာ ဂလတ်တိုရဲ့ နံပတ် ၁ ပရိတ်သတ်ဖြစ်လာခဲ့ပြီး သူ့ရဲ့ ဗီဒီယိုဟာလလည်းလူကြိုက်များခဲ့ပါတယ်။စတယ်လ်လာရဲ့နံပတ် ၁ နေရာကို လုယူလိုက်တာပဲဖြစ်ပါတယ်။

ဒါကိုစတယ်လ်လာက မကျေနပ်လို ဂျက်တ်ကိုလိုက်ရှာပါတော့တယ်။တဖက်မှာလည်း ဂျက်တ်ရဲ့အိမ်မွေးတိလေးဖြစ်တဲ့ နေပြောက်ဟာ ကြယ်တံခွန်ဗီဒီယိုကိုရိုက်ရင်း ဓာတ်မတည့်မှုဖြစ်ကာ တဖြည်းဖြည်းကျုံဝင်လာခဲ့ပါတယ်။ဂျက်တ်ဟာ ကမ္ဘာပေါ်မှာ အာကာသစခန်းချဖိုရှိနေပြီး ကမ္ဘာဂြိုလ်ကိုပြန်ရောက်နေပါတယ်။

ဒီလိုနဲ့ ဂျက်တ်ဟာ နေပြောက်လေးကိုကယ်ဖို အရမ်းကိုရှားပါးတဲ့ ဒြပ်စင်တစ်မျိုးကိုလိုက်ရှာပါတော့တယ်။တဖက်မှာလည်းစတယလ်လာက ဂျက်တ်ကိုလိုက်ရှာရင်း ကမ္ဘာပေါ်ကိုရောက်လာခဲ့ပါတယ်။ဆက်လက်ခံစားကြည့်လိုက်ကြပါ။

😍ကြည့်ရန်နှိပ်ပါ👇

t.me/animemovie1005/393

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image

အမေရိကန်ဒေါ်လာ ၁.၃၂၅ သန်း ဗဟိုဘဏ် ရောင်းပေး

CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိကန်ဒေါ်လာ ၁.၃၂၅ သန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အောက်တိုဘာလ ၂၈ ရက်နေ့မှာ စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေထံ ထုတ်ရောင်းပေးခဲ့ပါတယ်။

FX Trading မှာ ဆောက်လုပ်ရေးပစ္စည်း၊ တိရစ္ဆာန်အစာ၊ ပေါင်းသတ်ဆေး၊ ဓာတ်မြေသြဇာ၊ ကတ္တရာ၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်း၊ စက်မှုကုန်ကြမ်း၊ တိရစ္ဆာန်အစာ၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ ထုတ်ပိုးမှုပစ္စည်း၊ ဆက်သွယ်ရေးပစ္စည်း၊ သံမဏိ၊ စားသုံးကုန်စည် တင်သွင်းတဲ့ Importer များမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ပါတယ်။

ဗဟိုဘဏ်အနေနဲ့ အောက်တိုဘာလ ၂၈ ရက်နေ့၊ FX Trading Platform မှာတော့ အမေရိကန်ဒေါ်လာငွေလဲနှုန်းကို ၃၆၄၀ ကျပ် သတ်မှတ်ရောင်းဝယ်ခဲ့ပါတယ်။

image

မြေကမ္ဘာ ချစ်သူများ
မြေကမ္ဘာချစ်သူ (Cosmopolitan)တွေဆိုတာ လူသားအားလုံးဟာ မိမိတို့ရဲ့ နိုင်ငံသားဖြစ်မှု၊ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု စတဲ့ ကွဲပြားမှုတွေမရှိဘဲ တစ်ခုတည်းသော ကမ္ဘာ့အသိုင်းအဝိုင်း ရဲ့ အဖွဲ့ဝင်တွေ ဖြစ်ကြတယ်လို့ ယုံကြည်တဲ့ အတွေးအခေါ် ရှိတဲ့သူတွေ ဖြစ်ပါတယ်။
ဒီအယူအဆဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ လောက်က ရှေးခေတ် ဂရိ ဒဿနပညာရှင် Diogenes of Sinope (ဒိုင်အိုဂျင်းနီးစ်) က စစ်ပွဲကာလ ရဲ့ စစ်ဆေးမှု တစ်ခုမှာ သူကိုယ်သူ "ကမ္ဘာ့ကြီးရဲ့နိုင်ငံသား" (kosmopolitēs/ I am citizens of the world ) လို့ ကြွေးကြော်ခဲ့ရာကနေ စတင်ခဲ့ပါတယ်။
ဒီအယူအဆကိုတော့ နောက်ပိုင်းမှာသမိုင်းတစ်လျောက် ပညာရှင်တွေ လက်ခံယုံကြည်လာကြပြီးတော့ များပြားလှတဲ့လက်ရှိ ကမ္ဘာကြီးရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အတူတကွပူးပေါင်းဖြေရှင်းကြရာကနေ အကျိူးရလဒ်တွေရလာခဲ့တာကနေ စတင်ပြီးထောက်ခံကြတဲ့သူတွေများပြားလာကြပါတယ်။UNESCO အဖွဲ့နဲ့ နိုင်ငံတကာ အာကာသစခန်းလိုမျိုး ပူးပေါင်းဆောင်ရွက်မှုတွေကိုလုပ်ကိုင်နိုင်ခဲ့တာ ဟာ ဒီအယူအဆရဲ့ဥပမာတွေဖြစ်ကြပါတယ်။
ဒီအယူအဆထောက်ခံသူတွေထဲမှာ နိုင်ငံတကာက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ၊ ယဉ်ကျေးမှုပေါင်းများစွာကို ကူးလူးဆက်ဆံဖူးတဲ့ ခရီးသွားတွေ၊ နိုင်ငံရွေ့ပြောင်း နိုဘယ်ဆုရပညာရှင် လုပ်သားကျွမ်းကျင်သူတွေ၊ နာမည်ကြီးတေးရေးတေးဆိုပညာရှင်တွေနဲ့ ကမ္ဘာ တစ်ဝှမ်းနိုင်ငံအသီးသီး က ကမ္ဘာမြေကိုချစ်ကြတဲ့ပြည်သူတွေ အများကြီးပါဝင်နေပါတယ်။
နိုင်ငံတကာက ဒီအယူအဆကိုထောက်ခံသူတွေထဲမှာ Carl sagen / Neil degrasse Tyson Stephen hawking၊ Immanuel Kant ,eminem နဲ့ မြန်မာပြည်ကထူးအိမ်သင်၊စိုင်းထီးဆိုင်၊ဦးသန့် စတဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေပါဝင်ပါတယ်။လူသားအားလုံးဟာ အသွေးအရောင်ဘာသာအယူအဆတွေထက် တစ်ခုတည်းသောကမ္ဘာရဲ့ ရင်သွေးငယ်တွေသာ ဆိုတဲ့ အယူအဆဖြစ်ပါတယ်။
လက်ရှိကျွန်တော်တို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေ ၊ AI အလျင်အမြန်တိုးတက်လာမှု နဲ့ နယ်မြေလုစစ်ပွဲဲတွေရဲ့ နောက်ကွယ်က အဓိက လက်သည်တရားခံက နိုင်ငံတွေလူမျိုးတွေ အချင်းချင်းအသာရဖို့ ယှဉ်ပြိုင်ကြတာ လူမျိုးစွဲဘာသာစွဲ နိုင်ငံစွဲပြဿနာတွေကြောင့်သာဖြစ်ပါတယ်။
ဒီလိုပြဿနာတွေကြောင့် နှစ်စဉ် ကမ္ဘာပေါ်က လူသန်းပေါင်းများစွာဟာ အသက်ဆုံးရူံးရတာ၊ နေရပ်ဒေသတွေကို အကြောင်းအမျိုးမျိုးကြောင့်စွန့်ခွာရတာ၊ကျန်းမာရေးလူမူစီးပွားရေး အကြပ်အတည်းတွေကိုရင်ဆိုင်ကြရတာတွေဟာ ပိုမိုများပြားလာရပါတယ်။
အခုလက်ရှိ Nationalism လို့ခေါ်တဲ့ အမျိူးသားရေးဝါဒတွေ ကမ္ဘာအနှံ ခေတ်ပြန်ကောင်းစပြုလာတဲ့အချိန်မှာ ဒီတစ်ကမ္ဘာလုံးရင်ဆိုင်နေရတဲ့ပြဿနာတွေကိုရင်ဆိုင်ဖြေရှင်းကြဖို့အဖြေဟာ အားလုံးစုစည်းပြီးအတူတကွဖြေရှင်းဖို့ကြိုးစားကြမယ့်နည်းလမ်းပဲရှိပါတယ်။အသားအရောင်/လူမျိုး/ဘာသာ/နိုင်ငံ တွေ မခွဲခြားပဲ ငြိမ်းငြိမ်းချမ်းချမ်း အတူတူယှဉ်တွဲနေထိုင်ကြဖို့နဲ့ အတူတကွ တစ်ခြားသောယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို လက်ခံကြဖို့ဟာ ဒီအယူဝါဒရဲ့အခြေခံဖြစ်ကြပါတယ်။
အများအကျိူးကို အတူတူသယ်ပိုးကြပြီး၊ အားလုံးရဲ့ ပြဿနာတွေကို အတူတကွ ​ဖြေရှင်းကြဖို့ ကြိုးစားနိုင်မယ့်အချိန်ကတော့ သိပ်မရှိတော့ပါဘူး။မြေကမ္ဘာချစ်သူတစ်ယောက်အနေနဲ့ လူသားမျိုးဆက်တွေရဲ့ ကောင်းကျိူးနဲ့ ကမ္ဘာကြီးရဲ့အနာဂတ်လှပဖို့အတွက် အားလုံး အတူတူကြိုးစားကြမယ့်နေ့တစ်နေ့ကို စောင့်မျှော်နေဆဲပါ။
~MASES / Soe pyae htat

image
26 w - Translate

တောထဲမှာ ဉာဏ်ရည်မြင့် လူသတ်အကောင်ကြီးရှိနေတယ်

➪➪➪➪➪➪➪➪➪➪➪➪➪➪

စိတ်ဖိစီးမှုတွေများနေတဲ‌ အီရန်ဟာ လူတွေကြားကနေပျောက်ကွယ်သွားပြီး နယူးဇီလန်တောထဲမှာ ၄ရက်ကြာ ခြေလျင်ခရီးထွက်ခဲ့ပါတယ်။ အခြားတောင်တက်သမားများကို ရှောင်ရှားပြီးသွားပေမယ့်လည်း လမ်းမှာတွေ့တဲ့ တခြားတောင်တက်သမား ၃ ယောက်နဲ့ အတူရှေ့ဆက်ဖိုဖြစ်လာခဲ့ပါတော့မယ်။ တောက်လျှောက်မှာ အီရန်က သူ့အနောက်မှာ အမည်းရိပ်ကြီးလိုက်လာတယ်လိုပြောရင်း အကြောက်လွန်လာတာကို အခြားတောင်တက်သမားတွေ သူ့ကို သတိထားလာကြပါတော့တယ်။ ဒါပေမယ့် ခရီးဆုံးကို နီးလာလေလေ အီရန်လဲ အကြောက်လွန် စိုးရိမ်လွန်လာတာတွေဖြစ်လာတဲ့အခါ ခရီးဆုံးကိုရောက်ခါနီးအချိန်မှာတော့ သူတိုရဲ့ ပျော်ပွဲစားခြေလျင်ခရီးကနေ ဖြစ်ရပ်ဆိုးကြီးနဲ့ကြုံတွေ့လာတဲ့အခါမှာတော့ ဘယ်လိုဖြေရှင်းရှေ့ဆက်နိုင်မလားဆိုတာကို ရင်တမမနဲ့ကြည့်ရမယ့် creature horror ကားကောင်းလေးပဲဖြစ်ပါတယ်။

😍ကြည့်ရန်နှိပ်ပါ👇

t.me/dramaburma/1109

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image

ပရီးမီးယားလိဂ်ဖလား ရရှိနိုင်တယ်လို့ ယုံကြည်နေကြရန် အာဆင်နယ်ပရိသတ်များအား အာတီတာ ပြောကြားလာ

မီခေးလ်အာတီတာက အာဆင်နယ်ပရိသတ်များအနေဖြင့် ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်တယ်လို့ စတင်ယုံကြည်နေကြရန် ပြောကြားလာပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလားအား ၄ မှတ်ဖြတ်ကာ ဦးဆောင်ထားနိုင်ပါတယ်။ ဒါပေမယ့် အာဆင်နယ်အတွက် နှာတစ်ဖျားသာနေစေတာက မန်စီးတီးကို ၆ မှတ်ဖြတ်၊ လက်ရှိ ချန်ပီယံ လီဗာပူးကို ၇ မှတ်ဖြတ်ထားနိုင်တာပါ။

စကိုင်းစပေါ့ဝေဖန်သူ ဂယ်ရီနဗီးလ်က ပရီးမီးယားလိဂ်ဖလားမှာ အာဆင်နယ်အတွက်သာ ဖြစ်ကြောင်း ပြောကြားထားပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလားအား နောက်ဆုံးအကြိမ် ဆွတ်ခူးခဲ့တာ ၂၀၀၃-၀၄ ရာသီတုန်းက ဖြစ်ပါတယ်။

ယခုရာသီတွင် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၉ အထိ ၃ ဂိုးတည်းသာပေးထားရကာ အကောင်းဆုံးခံစစ်အား ပိုင်ဆိုင်ထားသလို အလွတ်တည်ကန်ဘောမှ ဂိုးရယူနိုင်မှုများအတွက်လည်း ချီးကျူးခြင်းခံနေရပါတယ်။

ယခုအခါ အာတီတာက "ကျွန်တော့်လူတွေ စိတ်လှုပ်ရှားနေချိန်မှာ ထိပ်တန်းအဆင့်မှာ ဆက်တိုက်လုပ်ပြနိုင်တဲ့အသင်း ရှိတာ မြင်နိုင်ပါတယ်။ သူတို့အနေနဲ့ ယုံကြည်မှု ရှိဖို့ မှန်ကန်တဲ့အကြောင်းပြချက်တွေ ရှိပါတယ်။ ဆုဖလားကြီးတွေ ရချင်တယ်။ ရချင်ရင် အသင်း၊ ကလပ်နဲ့ ပတ်ဝန်းကျင်မှာ ဒီခံစားချက် ထည့်သွင်းပေးရပါမယ်။ အခု ကျွန်တော်တို့ အချိန်ကောင်း အခါကောင်း ကြုံနေရတယ်။ ဒါပေမယ့် စောနေသေးတာရော ပွဲတွေ ခက်ခဲတာရော သိပါတယ်"လို့ ပြောကြားသွားပါတယ်။

စနေနေ့တုန်းက ပဲလေ့စ်နိုင်ပွဲတွင် ဒီကလန်ရိုက်က ဖရီးကစ်မှ တဆင့် ဂိုးသွင်းယူပြီးနောက် ယခုရာသီတွင် အာဆင်နယ်ဟာ အလွတ်တည်ကန်ဘောမှ ၁၁ ဂိုးအထိ ရယူထားနိုင်ပြီ ဖြစ်ပါတယ်။

image

ကန်သည် အင်အားအကြီးဆုံး မဟာမိတ်ဟု ထရမ့်က ဂျပန်ကို ပြော

အမေရိကန်သည် အင်အားအကြီးဆုံး မဟာမိတ်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) ကို ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ထရမ့်သည် ၎င်း၏ အာရှခရီးစဉ်အတွင်း အောက်တိုဘာ ၂၇ ရက်တွင် ဂျပန်နိုင်ငံသို့ ရောက်ရှိလာချိန်၌ ဂျပန် ဝန်ကြီးချုပ် တာကာအီချီက နွေးထွေးစွာ ကြိုဆိုခဲ့သည်။

၎င်းတို့နှစ်ဦး တွေ့ဆုံချိန်တွင် လက်ဆွဲနှုတ်ဆက်ခဲ့ပြီး တာကာအီချီက “ဒါက အရမ်းကို သန်မာတဲ့ လက်ဆွဲ နှုတ်ဆက်မှု ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

“တကယ်တမ်း ပြောရမယ်ဆိုရင် ဝန်ကြီးချုပ် အာဘေး (ယခင် ဂျပန်ဝန်ကြီးချုပ်) က ရှင့်ရဲ့ အင်တိုက်အားတိုက် ရှိတဲ့ သံတမန်ရေးရာ အားထုတ်ကြိုးပမ်းမှုတွေ အကြောင်းကို ကျမကို မကြာခဏ ပြောခဲ့ဖူးပါတယ်”ဟု တာကာအီချီက ပြောကြားခဲ့သည်။

ထရမ့်ကလည်း တာကာအီချီကို ဂျပန်၏ ပထမဆုံး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ရသည်မှာ အလွန် ကြီးမားသည့် တာဝန်ဖြစ်ကြောင်းနှင့် ဂျပန်နိုင်ငံအပေါ် ထားရှိသည့် အမေရိကန်၏ ကတိကဝတ်များကို အလေးထား ပြောခဲ့သည်။

“ဂျပန်နိုင်ငံအတွက် ကျနော် လုပ်ပေးနိုင်တာရှိရင် ကျနော်တို့ အမြဲတမ်း ကူညီပေးသွားမှာပါ။ ကျနော်တို့က အင်အားအကြီးဆုံး မဟာမိတ်ဖြစ်ပါတယ်”ဟု ထရမ့်က ပြောကြားခဲ့သည်။

ထရမ့်နှင့် တာကာအီချီတို့သည် ကုန်သွယ်ရေး၊ မြေရှားသတ္တုများ ထောက်ပံ့ရေးတို့နှင့်ပတ်သက်ပြီး သဘောတူညီ ချက်များကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။

ထို့နောက် ထရမ့်သည် ဂျပန်နိုင်ငံတွင် ဆိုက်ကပ်ထားသည့် အမေရိကန်လေယာဉ်တင် သင်္ဘောဖြစ်သည့် USS George Washigton သင်္ဘောပေါ်သို့ တာကာအီချီနှင့်အတူ သွားရောက်ခဲ့ပြီး အမေရိကန် စစ်သားများကို တွေ့ဆုံ နှုတ်ဆက်ကာ မိန့်ခွန်းပြောခဲ့သည်။

ထရမ့်သည် ဂျပန်ခရီးစဉ်အပြီး အောက်တိုဘာ ၂၉ ရက်တွင် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်မည်ဖြစ်သလို အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC) အစည်းအဝေးကို တက်ရောက်ရန် စီစဉ်ထားသည်။

image

ငါးပိရည်နှင့်တို့စရာရောင်းချစားသုံးမှုပိုများလာသဖြင့် ဆိုင်များယခင်ထက်များလာ

မန္တလေးဒေသခံများအနေဖြင့် ဝင်ငွေနည်းပါးလာမှုကြောင့် ဈေးများတွင်ရောင်းချသည့်အသင့်စားငါးပိရည်နှင့် တို့စရာများဝယ်ယူစားသုံးမှုပိုမိုများပြားလာရာ စျေးများနှင့်ရပ်ကွက်များတွင် ငါးပိရည် နှင့်တို့စရာသီးသန့်ရောင်းချသူများလာကြောင်း ဒေသခံများကပြောသည်။

မန္တလေးတွင်ယခင်ကငါးပိရည်စားသုံးမှုနည်းပါးခဲ့သော်လည်း နောက်ပိုင်းတွင် ဝင်ငွေနည်းပါးမှုနှင့် ကုန်ဈေးနှုန်းကြီမြင့်မှုများကြောင့် ငွေကြေးကုန်ကျမှုနည်းပါးသောငါးပိရည်ကိုရွေးချယ်စားသုံးလာခြင်းဖြစ်သည်။

"ငါးပိရည်သည်ဆိုတာအရင်ကဈေးတွေထဲမှာမရှိသလောက်ရှားတယ်။ မချက်ရသေးတဲ့ ရေချိုငါးပိတွေလောက်ပဲရှိတာ။ အခုနောက်ပိုင်းကျ အဆင်သင့်စားလို့ရတဲ့ငါးပိရည်နဲ့တို့စရာတွေရောင်းလာတော့ ဝယ်စားတဲ့သူများလာတယ်။ ဝင်ငွေနည်းတော့ ဒါလည်းဟင်းတစ်ခွက်ဖြစ်တာပဲလေ"ဟု အောင်မြေသာစံမြို့နယ်မှ ဝင်ငွေနည်းကုမ္ပဏီဝန်ထမ်းတစ်ဥိးကပြောသည်။

အသင့်စားငါးပိရည်ကို တစ်ထုပ်လျှင်ငွေကျပ် ၅၀၀၊ တို့စရာအဖြစ်အသီးအရွက်များကို အစည်းငယ်များစည်းနှောင်၍ ၁၀၀ ကျပ်မှစတင်ကာရောင်းချလျက်ရှိကြောင်းသိရသည်။

ငါးပိရည်အပြင်ငံပြာရည်ချက်၊ ငါးပိထောင်းနှင့် ငြုပ်သီးထောင်းများကိုလည်း ငွေကျပ် ၁၀၀၀ ဝန်းကျင် ဈေးနှုန်းများဖြင့်ရောင်းချမှများရှိနေပြီး နေ့စဥ်ဝယ်ယူစားသုံးသူရာနှင့်ချီရှိကြောင်း ငါးပိရည်ရောင်းချသူတစ်ဦးက ဆိုသည်။

image

ရွေးကောက်ပွဲနေ့ရက်များအတွက် သတင်းမီဒီယာသမားများ ၏ သတင်းရယူခွင့် သက်သေခံကတ်ပြားများကို ဒီဇင်ဘာ ၁၂ ရက် နောက်ဆုံးထား လျှောက်ထားရမည်

ရွေးကောက်ပွဲနေ့ရက်များအတွက် ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာသမားများ၏ သတင်းရယူခွင့် သက်သေခံကတ်ပြားများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက် နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က အသိပေးကြေညာထားသည်။

သတင်းရယူလိုသည့် ပြည်တွင်းမီဒီယာများကို အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် ခရိုင်တစ်ခုချင်းစီအတွင်းရှိ သက်ဆိုင်ရာမြို့နယ်များတွင် မီဒီယာတစ်ခုလျှင် (၄) ဦးနှုန်းဖြင့် သတင်းရယူခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရ သည်။

သတင်းရယူခွင့် သက်သေခံကတ်ပြားများ လျှောက်ထားရာတွင် မိမိကိုယ်စားပြုသည့် ပြည်တွင်းသတင်းမီဒီယာအဖွဲ့အစည်းမှ ရွေးကောက်ပွဲ သတင်းရယူရန် တာဝန်ပေးစေလွှတ်ထားသူဖြစ်ကြောင်း အထောက်အထားစာကို တင်ပြ၍ သက်ဆိုင်ရာခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံတွင် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

image

အင်တာမီလန်ဂိုးသမားဂျိုးဆက်ဖ်မာတီနက်ဇ်ရဲ့ ကားနှင့် တိုက်မိကာ ဝှီးရှဲသုံး လူတစ်ဦး သေဆုံး
=================

လူတစ်ဦးဟာ အင်တာမီလန်ဂိုးသမားဂျိုးဆက်ဖ်မာတီနက်ဇ် မောင်းနှင်လာတဲ့ ကားနှင့် သူ့ရဲ့ လျှပ်စစ်ဝှီးရှဲတို့ တိုက်မိပြီးနောက် သေဆုံးသွားခဲ့ပါတယ်။

ယင်းမတော်တဆမှုမှာ ကိုမိုပြည်နယ်တွင် ဖြစ်ပျက်ခဲ့တာ ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များက ယင်းဝှီးရှဲမှာ စက်ဘီးလမ်းကြောင်းပေါ်မှ မောင်းနှင်နေရာမှ ကားလမ်းကြောင်းပေါ်တွင် တက်သွားရမှာ ယာဉ်တိုက်မှု ဖြစ်သွားခြင်းဖြစ်ကြောင်း ပြောကြားထားပါတယ်။

လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့ဝင်များဟာ အမှုကို အပြည့်အစုံ သိရှိရရေး ဆက်လက် စုံစမ်းမှုများ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

အင်တာမီလန်ဟာ မာတီနက်ဇ်ရဲ့ ယာဉ်တိုက်မှုဖြစ်ပျက်မှုနှင့်အတူ ယနေ့ည ဖီအိုရင်တီးနားနှင့် စီးရီးအေပွဲမတိုင်မီ ပြုလုပ်ရန် စီစဉ်ထားတဲ့ သတင်းစာရှင်းလင်းပွဲအား ဖျက်သိမ်းခဲ့ပါတယ်။

ကလပ်ဘက်က မာတီနက်ဇ်အမှုနှင့်ပတ်သက်ပြီး တစုံတရာ ပြောကြားရန် ငြင်းဆိုထားပါတယ်။

မာတီနက်ဇ်ဟာ ၂၀၂၄ ခုနှစ် နွေရာသီတွင် စီးရီးအေကလပ် ဂျီနိုအာမှ ပြောင်းလာပြီးနောက် အင်တာမီလန်တွင် ဒုတိယဦးစားပေးဂိုးသမားအဖြစ် ကစားလာခဲ့သူ ဖြစ်ပါတယ်။

အသက် ၂၇ နှစ်ရှိ စပိန်လက်ရွေးစင်ဂိုးသမားဟာ လက်စ်ပါးမက်စ်၊ ရက်ဘူးလ်လိုက်ဇစ်တို့တွင် ကစားလာခဲ့သူ ဖြစ်ပြီး အင်တာမီလန်အတွက် ၁၂ ပွဲကစားထားပါတယ်။

image

လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့တွင် ဝက်စ်ဟမ်းမှ ပါကွီတာ ထွက်ခွာလိုနေ
=================

လူးကပ်စ်ပါကွီတာဟာ ဆိုးရွားတဲ့ ရာသီတစ်ခုနှင့် ကြုံရပြီးနောက် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင် ဝက်စ်ဟမ်းမှ ထွက်ခွာလိုနေပါတယ်။

ဘရာဇီးလက်ရွေးစင်ကွင်းလယ်ကစားသမားဟာ အားကစားလုပ်ပွဲမှုဖြင့် စွဲချက်တင်ခြင်းခံခဲ့ရသူ ဖြစ်ပြီး ၂ နှစ်ကြာ အက်ဖ်အေရဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီးနောက် အမှုမှ လွတ်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။

ဗီလာဟာ နွေရာသီတုန်းက ပါကွီတာအား ခေါ်ယူရေး ကမ်းလှမ်းခဲ့ပေမယ့် ဝက်စ်ဟမ်းက ပယ်ချခဲ့ပါတယ်။

ယခုအခါမှာတော့ ဝက်စ်ဟမ်းဘက်ကလည်း လာမယ့် ဇန်နဝါရီတွင် ပါကွီတာကို ပေါင်သန်း ၆၀ ဝန်းကျင်ရရိပါက ရောင်းချရန် တံခါးဖွင့်ပေးလာပါတယ်။

ယင်းသိ့ ပေါင်သန်း ၆၀ အထိ တောင်းဆိုလာမှုနှင့်အတူ ပါကွီတာအား ခေါ်ယူရန် ပရီးမီးယားလိဂ်ကလပ်များရဲ့ စိတ်ဝင်စားမှု လျှော့ကျနေပါတယ်။

အသက် ၂၈ နှစ်ရှိ ပါကွီတာဟာ ယခုရာသီတွင် ရလဒ်ဆိုးရွားနေတဲ့ ဝက်စ်ဟမ်းအတွက် ၂ ဂိုးတည်းသာ သွင်းထားနိုင်ပါတယ်။
ဝက်စ်ဟမ်းဟာ ရလဒ်ဆိုးရွားနေမှုနှင့်အတူ လာမယ့် ဇန်နဝါရီတွင် နည်းပြနူနိုအား ကစားသမားဝယ်ယူအားဖြည့်ကာ တန်းမဆင်းရရေး တိုက်ပွဲဝင်လာပါမယ်။

ဝက်စ်ဟမ်းအနေဖြင့် ကစားသမားဝယ်ယူအားဖြည့်ရန်အတွက် ငွေကြေးလိုအပ်ချက် ရှိနေပြီး ပါကွီတာကို ရောင်းချဖို့ အသင့်ရှိနေပါတယ်။

ဒါပေမယ့် ဝက်စ်ဟမ်းရဲ့ ဖလာမင်ဂိုကွင်းလယ်ကစားသမားဟောင်းအပေါ် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးက မြင့်မားနေမှုနှင့်အတူ စိတ်ဝင်စားမှုလျှော့ကျနေပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့နှစ်နှစ်တုန်းက ဆောက်သမ်တန်မှ ပေါင်သန်း ၃၀ ဖြင့် ပြောင်းလာတဲ့ ဂျိမ်းစ်ဝတ်ပရောက်စ်မှာလည်း လာမယ့် ဇန်နဝါရီတွင် ဝက်စ်ဟမ်းမှ ထွက်ခွာနိုင်ပါတယ်။

image