ဆယ်ကျော်သက်တုန်းက ပြန်ပေးဆွဲခံခဲ့ရဖူးကြောင်း ယူနိုက်တက်ဂန္ထဝင်ဘာဘာတော့ဗ်ဖွင့်ဟလာ
===================

ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးဒီမီထရီဘာဘာတော့ဗ်က ဆယ်ကျော်သက်တုန်းက ဘူလ်ဂေးရီးယားတွင် အခြားကလပ်တစ်ခုရဲ့ ခေါ်ယူရန် ကြိုးပမ်းခြင်းခံရပြီးနောက် ပြန်ပေးဆွဲခြင်းခံခဲ့ရကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။

ဘာဘာတော့ဗ်ဟာ အိုးထရက်ဖို့ဒ်တွင် ကစားစဉ်တုန်းက ညက်ညောတဲ့ ဘောလုံးထိတွေ့မှု၊ ငြိမ့်ညောင်းတဲ့ ဘောလုံးကျွမ်းကျင်မှု၊ တိကျတဲ့ အဆုံးသတ်တို့ဖြင့် ပရိသတ်အသည်းနှလုံးကို လှုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

ဘာဘာတော့ဗ်ဟာ အိုးထရက်ဖို့ဒ်တွင် ၄ နှစ်တာ ကစားစဉ်အတွင်း ၁၄၉ ပွဲကစားခဲ့ရာမှာ ၅၆ ဂိုးသွင်းခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၂ ကြိမ် ရရှိခဲ့ပါတယ်။

သူဟာ ပရီးမီးယားလိဂ်သို့ မရောက်မီ မွေးရပ်မြေဘူလ်ဂေးရီးယားတွင် ခက်ခဲတဲ့ ကာလများစွာနှင့် ကြုံခဲ့ရသူလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ကစားဖော်ဟောင်းရီယိုဖာဒီနန်နှင့် စကားစမြည်ပြောဆိုတဲ့ အစီအစဉ်တွင် ဘာဘာတော့ဗ်က အသက် ၁၈ နှစ်အရွယ်တွင် စီအက်စ်ကေအေဆိုဖီယာမှာ ကစားနေစဉ် ပြန်ပေးဆွဲခြင်းခံခဲ့ရကြောင်း ဖွင့်ဟလာပါတယ်။

၎င်းက "အိမ်မှာတုန်းက အရမ်းအရမ်းကို ခက်ခဲတဲ့ ကာလတွေ ရှိခဲ့တယ်။ ကွဲပြားတဲ့ဂိုဏ်းတွေ ရှိတယ်။ ခင်ဗျားတို့ ကြားရတာ တချို့ဆိုရင် မယုံနိုင်အောင် ဖြစ်ရလိမ့်မယ်။ ကျွန်တော့်အတွက်တော့ မဖြစ်ချင်ဆုံးအရာပေါ့။ မနေ့တစ်နေ့ကလိုပဲ။ ကွင်းထဲမှာ ကျွန်တော်က လုပ်ပြသနိုင်သမျှ လုပ်ပြတယ်။ အဲဒီတုန်းက စီအက်စ်ကေအေဆိုဖီယာမှာ ကစားနေတာ။ ပြီးတော့ ကျန်တော့်အရည်အချင်းကို တဖြည်းဖြည်း ပိုပြလာနိုင်တယ်။ လေ့ကျင့်ရေးပြီးရင် ကျုပ်မှာ ကားမရှိဘူး။ ဒီတော့ ကစားဖော်တစ်ယောက်က သူနဲ့ လိုက်ခဲ့လို့ ဆိုပြီး ခေါ်တယ်။ ကိုယ့်ကို လိုက်ပို့ဖို့ သူငယ်ချင်းလိုအပ်ခဲ့တယ်။ အနည်းငယ် စိတ်လှုပ်ရှားနေခဲ့တယ်။ တစ်သင်းတည်းမှာ ကစားတော့ သူ့ကို ယုံကြည်နေခဲ့တာလည်း ပါတယ်။ အဲဒီမှာ သူ့ကားထဲ ဝင်လိုက်တယ်။ ကျွန်တော့်ကို နေရာတစ်ခုသို့‌ ခေါ်သွားတယ်။ စားသောက်ဆိုင်တစ်ဆိုင်ပါ။ စားသောက်ဆိုင်ထဲ ဝင်လိုက်ကြတယ်။ အစားအသောက်တွေက မှာထားပြီးသား။ စားပွဲတစ်ခုမှာ လူတစ်ယောက် ထိုင်နေတယ်။ အခြားစားပွဲဝိုင်း သုံးဝိုင်းလည်း ရှိတယ်။ အဲဒီမှာ တကယ့်လူကောင်းကြီးထွားတွေ ရှိနေတယ်။ တကယ့် ဗလအကြီးကြီး၊ ရေခဲသေတ္တာလို လူကြီးတွေ။ ဘယ်ကန်က ကောင်လို လူတွေလည်း သူ့နောက်မှာ ထိုင်နေတယ်။ ကြည့်လိုက်တဲ့ ကျောစိမ့်သွားတယ်။ သူတို့က ကိုယ့်ကို ဒီအတိုင်းပဲ ကြည့်နေတယ်။ အဲဒီလူက လာ ထိုင်လေ ဆိုတော့ ကျုပ်လည်း ထိုင်ချလိုက်တယ်။ ဘာဖြစ်နေလဲ ဘာတွေ ဖြစ်နေတာလဲဆိုပြီး တွေးနေမိတယ်။ အဖေ့ဖုန်း‌ခေါ်ရမယ်ဆိုပြီး တွေးမိသွားတယ်။ အဖေ့ကို ဖုန်းခေါ်ရမယ်။ အဲဒီမှာ သူက မင်းအကြောင်း ငါတို့ သိတယ်လို့ ပြောလာတယ်။ ကျုပ်တို့ အသင်းပြောင်းရမယ်။ မင်းကို ငါတို့အသင်းမှာ လိုတယ်လို့ ပြောလာတယ်။ မင်းကို ရဖို့ လိုတယ်။ အဲဒီမှာ ကျုပ်ကလည်း ကျုပ်အခု စီအက်စ်ကေအေမှာ ကစားနေတယ်လို့။ သူက အဲဒါကို ငါရှင်းလင်းလိုက်မယ်၊ မပူနဲ့ လို့ ပြောလာပါတယ်"လို့ ပြောကြားသွားပါတယ်။

ထိုစဉ်တုန်းက အလွန်ကြောက်လန့်နေတဲ့ ဘာဘာတောဗ့်ဟာ သုံးနာရီကြာပြီးချိန်တွင်မှ ဖခင်ဖြစ်သူနဲ့ ဖုန်းပြောခွင့်ရခဲ့ပါတယ်။
ဆက်လက်ပြီး ၎င်းက "အဖေ့ကို ဖုန်းထဲကနေ သားဘယ်ရောက်နေလဲ မသိဘူးအဖေ၊ ဘေးနားမှာ လူတွေ ဝိုင်းနေတယ်။ တကယ့် လူကောင်ကြီးမားတွေ လို့ ပြောလိုက်တယ်။ ကျုပ်စကားပြောတာ အရမ်းမြန်နေတယ်။ ဒီတော့ ကျုပ်လည်း စိတ်လျှော့ စိတ်လျော့ အသက်မှန်မှန်လေးရှူ လို့ စိတ်ထဲ ပြောနေမိတယ်။ သူတို့ ငါ့ကို ပြန်ပေးဆွဲထားတာလားလို့ တွေးနေမိတယ်။ အိမ်ပြန်ချင်တာပဲ သိနေခဲ့တယ်။ သူက ကောင်းပြီလေ ကောင်းပြီ ငါဘာလုပ်နိုင်မလဲ ကြည့်မယ်။ ဒီကောင့်ကို ငါခေါ်လိုက်မယ်လို့ ပြောလာတယ်"လို့ ပြောကြားသွားပါတယ်။

ဘာဘာတော့ဗ်ဟာ ဆိုးရွားတဲ အခြေအနေနှင့် ရင်ဆိုင်ခဲ့ရပေမယ့်လည်း စီအက်စ်ကေအေဆိုဖီယာမှာဘဲ ဆက်လက်ကစားခွင့်ရခဲ့ပါတယ်။

ဘာဘာတော့ဗ်ဟာ လေဗာကူဆင်သို့ ပြောင်းခဲ့ပြီး ယင်းတွင် ၅ နှစ်ကြာ ကစားပြီးနောက် ၂၀၀၆ ခုနှစ်တွင် စပါးစ်သို့ ပြောင်းခဲ့ပါတယ်။ သူဟာ စပါးစ်အတွက် ၁၀၂ ပွဲကစားခဲ့ရာမှာ ၄၆ ဂိုးသွင်းယူခဲ့ပြီးနောက် ၂၀၀၈ ခုနှစ်တင် ယူနိုက်တက်သို့ ပေါင် ၃၀.၇၅ သန်းဖြင့် ပြောင်းခဲ့ပါတယ်။

ဘာဘာတော့ဗ်ဟာ ဖူလ်ဟမ်၊ မိုနာကို၊ ပီအေအိုကေ၊ ကီရာလာဘလစ်စတာတို့မှာလည်း ကစားခဲ့ပါတယ်။

image

ရွေးကောက်ပွဲရက်များတွင် ပြည်တွင်း/ပြည်ပ မီဒီယာများကို သတင်းရယူခွင့်ပြုမည်
-----------------------------------------------------------

၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်းလိုက် နေ့ရက်တွေမှာ ပြည်တွင်း နဲ့ နိုင်ငံတကာ သတင်းမီဒီယာတွေကို သတင်းရယူခွင့်ပြုမယ်လို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က အောက်တိုဘာ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြည်တွင်းနဲ့ နိုင်ငံတကာသတင်းမီဒီယာသမားတွေအနေနဲ့ အပိုင်းလိုက်ကျင်းပမယ့် ရွေးကောက်ပွဲနေ့ရက်တွေ အတွက် သတင်းရယူခွင့် သက်သေခံကတ်ပြား လျှောက်ထားတာကို ဒီဇင်ဘာလ ၁၂ ရက် နောက်ဆုံးထား ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်က စတင်ကာ အပိုင်းလိုက်ကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကို သတင်းရယူလိုတဲ့ သတင်းမီဒီယာတွေအနေနဲ့ တည်ဆဲဥပဒေ၊ နည်းဥပဒေ ၊ စည်းမျဉ်းစည်း ကမ်းတွေ၊ သတင်းမီဒီယာကျင့်ဝတ် နဲ့ သတင်းမီဒီယာသမားတွေ အတွက် ရွေးကောက်ပွဲဆိုင်ရာလမ်းညွှန်တွေနဲ့ အညီ လွတ်လပ်စွာ သတင်းရယူခွင့် ရှိတယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။သတင်းရယူမယ့် ပြည်တွင်းမီဒီယာတွေကို အထွေထွေရွေးကောက်ပွဲကျင်းပမယ့် ခရိုင်တစ်ခုချင်းစီအတွင်းရှိ သက်ဆိုင်ရာမြိုနယ်တွေမှာ မီဒီယာတစ်ခုကို ၄ ယောက်နှုန်းနဲ့ သတင်းရယူခွင့် ပြုသွားမယ်လို ဆိုပါတယ်။

ပြည်တွင်းသတင်းမီဒီယာသမားတွေ အနေနဲ့ မိမိကိုယ်စားပြုတဲ့ ပြည်တွင်းသတင်း မီဒီယာအဖွဲအစည်းက ရွေးကောက်ပွဲသတင်းရယူဖို တာဝန်ပေးစေလွှတ်ထားသူဖြစ်ကြောင်း အထောက်အထားစာကိုတင်ပြပြီး သက်ဆိုင်ရာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲမှာ ရွေးကောက်ပွဲနေ့သတင်းရယူခွင့် သက်သေခံကတ်ပြား လျှောက်ထားရမှာပါ။

အဲဒီအပြင် ပြည်တွင်းပုဂ္ဂလိက သတင်းမီဒီယာသမားတွေဟာ ကိုယ်တိုင်ရေးလျှောက်လွှာမှာ မိမိနဲ့ ဆက်သွယ်ဆောင်ရွက်နေတဲ့ ပြည်တွင်းသတင်းမီဒီယာအဖွဲအစည်းရဲ့ ထောက်ခံချက်စာကို တင်ပြကာ သက်ဆိုင်ရာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲမှာ လျှောက်ထားရမှာဖြစ်ပြီး ခရိုင်တစ်ခုထက်ပို သတင်းရယူချင်ရင် သတင်းရယူလိုတဲ့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲတွေမှာ ထပ်မံလျှောက် ထားရမယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာသတင်းမီဒီယာတွေကတော့ ပြန်ကြားရေးဝန်ကြီးဌာနကို ရွေးကောက်ပွဲနေ့သတင်းရယူခွင့် သက်သေခံကတ်ပြား လျှောက်ထားရမှာ ဖြစ်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက စိစစ်ထောက်ခံပေးတဲ့ နိုင်ငံတကာသတင်း မီဒီယာအဖွဲအစည်း၊ ပုဂ္ဂိုလ်တွေကိုသာ ခွင့်ပြုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိအမှတ်ပြုကတ်ပြားတွေ ထုတ်ပေးသွားမယ်လို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

image

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျုဒိုအားကစားသမားများ နောက်ဆုံးဆန်ခါတင်လက်ရည်ဆန်းစစ်

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျူဒို အားကစားသမားများအား နောက်ဆုံးဆန်ခါတင် လက်ရည်ဆန်းစစ်ခြင်းနှင့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ဂျူဒိုနေ့ အထိမ်းအမှတ် ဂျူဒိုပြိုင်ပွဲကို ယမန်နေ့က နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

လက်ရည်ဆန်းစစ် ဂျူဒိုပြိုင်ပွဲပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး တစ်ဦးချင်းဝိတ်တန်းအလိုက် အတိုက်ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ၊ ဗိုလ်လုပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အမျိုးသမီး (-၅၂)ကီလိုတန်းပြိုင်ပွဲ ၊ အမျိုးသမီး (-၅၇)ကီလိုတန်းပြိုင်ပွဲ ၊ အမျိုးသမီး(-၇၀)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား (-၇၃)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား(-၈၁)ကီလိုတန်းပြိုင်ပွဲစသည့် ပြိုင်ပွဲများကျင်းပခဲ့ပြီး ဆုချီးမြှင့်မှုများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အမျိုးသမီး (+၇၀) ကီလိုတန်း ပြိုင်ပွဲတွင် ပထမအေးအေးအောင် (GC) ၊ ဒုတိယ ဖြိုးရွှေစင်ကျော်(GC) ၊ တတိယ နန်းသဲနုနုစံ(YC)နှင့် အမျိုးသား(-၉၀)ကီလိုတန်းပြိုင်ပွဲတွင် ပထမ ကျော်ခန့်စိုး(GC) ၊ ဒုတိယ ဇော်လင်းဖြိုး၊ ပူးတွဲတတိယ စထက်ဝေဖြိုး (YC) နှင့် အောင်ပိုင်ခန့်(YC) တို့ကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုများရရှိစေရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားလေ့ကျင့်သွားကြရန်လိုကြောင်း၊ ပြိုင်ပွဲ နီးကပ်လာပြီဖြစ်၍ ကျန်းမာရေးအထူးဂရုစိုက်ကြရန်နှင့်‌ လေ့ကျင့်မှုပြုလုပ်ရာတွင် ထိခိုက်ဒ-ဏ်ရာ မရရှိအောင် ဂရုစိုက်လေ့ကျင့်သွားရန်လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။

image

ကင်ညာကမ်းရိုးတန်းမှာ လေယာဉ်ပျက်ကျမှု လိုက်ပါသူအားလုံး သေဆုံး

ကင်ညာကမ်းရိုးတန်းအနီးမှာ လေယာဉ်ပျက်ကျမှုကြောင့် ဥရောပခရီးသွား ၁၀ ယောက်နဲ့ ဒေသခံလေယာဉ်မှူးတယောက် သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက အတည်ပြုပြေကြားပါတယ်။

လေယာဉ်ဟာ လူကြိုက်များတဲ့ ဒိုင်ယာနီကမ်းခြေအပန်းဖြေစခန်းမှ ကမ္ဘာကျော် မာဆိုင်းမာရာဂိမ်းဥယျာဉ်ရှိ လေယာဉ်ကွင်းကို ပျံသန်းနေချိန်မှည ပျက်ကျခဲ့ကြောင်း ကင်ညာအရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့ ကဆိုပါတယ်။

လေယာဉ်ပေါ်မှာ ဟန်ဂေရီနိုင်ငံသား ရှစ်ယောက် ၊ ဂျာမနီနိုင်ငံသားနှစ်ယောက်နဲ့ ကင်ညာလေယာဉ်မှူးတယောက်တို့ လိုက်ပါလာပြီး လေယာဉ်ပျက်ကျမှုမှာ အားလုံးသေဆုံးခဲ့ကြောင်း Mombasa Air Safari က ပြောပါတယ်။

လက်ရှိမှာတော့ ထိခိုက်နစ်နာခဲ့ရတဲ့ မိသားစုတွေကို တတ်နိုင်သမျှ ပံ့ပိုးကူညီမှုအားလုံး ပေးအပ်ဖို့ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒေသခံမီဒီယာတွေကတော့ လေယာဉ်ပျက်ကျရာနေရာမှာ အပျက်အစီးတွေ ပြန့်ကျဲ မီးလောင်နေတဲ့ပုံတွေကို ဖော်ပြထားပါတယ်။

လေယာဉ်သည် ဒိုင်ယာနီမှ ပျံတက်ပြီးနောက် ကွာလီ မြို့မှ ၁၀ ကီလိုမီတာ ခန့်အကွာမှာ ပျက်ကျခဲ့တာပါ။ ပျက်ကျမှု အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပေမယ့် ရာသီဥတုဆိုးရွားမှုကြောင့် ဖြစ်နိုင်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

သြဂုတ်လအတွင်းကလည်း Amref ဆေးဘက်ဆိုင်ရာပရဟိတအဖွဲ့ပိုင် အပေါ့စားလေယာဉ်တစင်း မြို့တော် နိုင်ရိုဘီ ဆင်ခြေဖုံးမှာ ပျက်ကျခဲ့ပြီး လူခြောက်ယောက် သေဆုံးကာ နှစ်ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

image

ဒေါ်နယ်ထရန့် တောင်ကိုရီးယားမရောက်ခင် မြောက်ကိုရီးယားက ဒုံးကျည်တွေပစ်ခတ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် တောင်ကိုရီးယားကို မရောက်ခင် နာရီပိုင်းအလိုမှာ မြောက်ကိုရီးယားဟာ နိုင်ငံအနောက်ဘက်ကမ်းရိုးတန်းမှာ ခရုဇ်ဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဒီကနေ့မှ ထုတ်ပြန်ပါတယ်။

ပင်လယ်မှ မြေပြင်ကို ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်တွေကို အင်္ဂါနေ့မှာ ပင်လယ်ဝါကနေ ပစ်လွှတ်ခဲ့ပြီး နှစ်နာရီကျော် ပျံသန်းခဲ့တယ်လို့ နိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ဆိုပါတယ်။ ထိပ်တန်းစစ်ဘက်အရာရှိ ပါ့ခ်ဂျုံချွန်က စမ်းသပ်မှုကို ကြီးကြပ်ခဲ့ပြီး စစ်ပွဲအတားအဆီးအတွက် မြောက်ကိုရီးယားနျူကလီးယားတပ်ဖွဲ့တွေ တိုးတက်ရေးမှာ အရေးကြီးတဲ့ အောင်မြင်မှုတွေရရှိခဲ့တယ်လို့ ပြောပါတယ်။

ဒီစမ်းသပ်မှုဒာ မတူညီတဲ့ မဟာဗျူဟာမြောက် ထိုးစစ်ဆင်နည်းလမ်းတွေရဲ့ ယုံကြည်စိတ်ချရမှုကို အကဲဖြတ်ဖို့နဲ့ ရန်သူတွေအပေါ် အသာစီးရယူဖို့ ရည်ရွယ်ကြောင်း ပါ့ခ်ဂျုံချွန်က ပြောပါတယ်။ အရေးကြီးတဲ့ ဒုံးကျည်ပစ်လွှတ်မှုတွေကို ပုံမှန်ကြီးကြပ်လေ့ရှိတဲ့ ကင်ဂျုံအန်တော့ ဒီစမ်းသပ်မှုမှာ ပါဝင်ခြင်းမရှိပါဘူး။

ဒေါ်နယ်ထရန့်ရဲ့ လက်ရှိတောင်ကိုရီးယား ခရီးစဉ်ဟာ သူ့ရဲ့ ဒုတိယမြောက် သမ္မတသက်တမ်းအတွင်း ကိုရီးယားကျွန်းဆွယ်ကို ပထမဆုံးအကြိမ် လာရောက်တာဖြစ်ပြီး ကင်ဂျုံအန်နဲ့တွေဆုံလိုတယ်လို့ ယခုသီတင်းပတ်မှာ ပြောကြားထားပါတယ်။

ကင်ဂျုံအန်ကတော့ အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယား နျူကလီးယားစွန့်လွှတ်ရေး မှားယွင်းတဲ့ တောင်းဆိုမှုတွေကို မလုပ်တော့ရင် ဆွေးနွေးပွဲတွေအတွက် လမ်းဖွင့်ထားတယ်လို့ ပြောဆိုထားဖူးပါတယ်။

ဒေါ်နယ်ထရန့်ဟာ တောင်ကိုရီးယားမှာ ကျင်းပမယ့် အာရှ-ပစိဖိတ် ထိပ်သီးဆေးနွေးပွဲ တက်ရောက်မှာဖြစ်ပြီး တရုတ်သမ္မတရှီကျင်းပင်နဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

image

Grand , the One Only ☝? လို့မပြောရဘူး <br>တကယ် တစ်နှစ်တစ်မျိုးမရိုးရသောနော်? <br>Iconic ဖြစ်စေတာကွယ် <br>#MissGrandInternational

အမျိုးသားအဆင့် ပလတ်စတစ် စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ် (၂၀၂၆-၂၀၃၅)ကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံတွင် သဘာဝအရင်းအမြစ်များအား အကျိုးရှိစွာအသုံးပြုမှုကို ဦးစားပေးသည့် ကာဗွန်ထုတ်လွှတ်မှုနည်းသော၊ တာဝန်ရှိသော ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန်အတွက် အစိမ်းရောင်စီးပွားရေး မူဝါဒမူဘောင်ကိုလည်း ရေးဆွဲလျက်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ကပြောသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရအဖွဲ့ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ဆိုင်ရာဝန် ကြီးဌာန ဝန်ကြီး H.E. Mr. TSE Chinwan ၏ ဖိတ်ကြားချက်အရ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ Hong Ko ng Asia World-expo ၌ အောက်တိုဘာ (၂၈) ရက်မှ (၃၀) ရက်အထိ ကျင်းပသည့် အကြိမ် (၂၀) မြောက် Eco Expo Asia 2025 ဖွင့်ပွဲ မိန့်ခွန်းတွင် ပြည်ထောင်စုဝန်ကြီး က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စွန့်ပစ်ပစ္စည်းထွက်ရှိမှု တိုးလာခြင်းကို တုံ့ပြန်သည့်အနေဖြင့် မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံအမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစ ဉ် (၂၀၁၈-၂၀၃၀) နှင့် ပလတ်စတစ်ညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံတွင် အမျိုးသားအဆင့် ပလတ်စတစ်စီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ် (၂၀၂၆-၂၀၃၅) ကို ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီး က ပြောသည်။

မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆက်လက်အရှိန်မြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် ဒေသတွင်း ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးအတွက် ဒေသတွင်းနှင့် နိုင်ငံတကာ မိတ်ဖက်များဖြင့် အမြဲပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်းလည်း ပြည်ထောင်စုဝန် ကြီး ကပြောကြားခဲ့သည်။

ထို့နောက် ဟောင်ကောင်၏ မဟာဗျူဟာနှင့် ရာသီဥတုဒ-ဏ်ခံနိုင်ရည်ရရှိရေးအတွက် ဆောင်ရွက်နေသော အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများ၊ ကာဗွန်မျှခြေရရှိရေးနှင့် ပတ်လည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အစိမ်းရောင်အဆောက်အအုံများ ဖွံ့ဖြိုးရေးနှင့် စွမ်းအင်ချွေတာရေး၊ ကာဗွန်ဈေးကွက် ဖွံ့ဖြိုးရေးနှင့် ဟိုက်ဒရိုဂျင်စွမ်းအင်အခြေပြု ပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုးရေး၊ စွန့်ပစ်ပစ္စည်းများမှ စွမ်းအင်ထုတ်လုပ်သုံးစွဲရေးစသည့် အကြောင်းအရာများပါဝင်သော နည်းပညာ နှီးနှောဖလှယ်ပွဲကိုလည်း ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့က တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ၂၀၃၀ ပြည့်နှစ် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးရည်မှန်းချက်များ ရရှိရေးအတွက် သဘာဝအခြေပြု ဖြေရှင်းနည်းလမ်းများ (Nature-based Solutions) ဖြစ်သ ည့် အမြဲတမ်းသစ်တောနယ်မြေများ၊ သဘာဝထိန်းသိမ်းရေး နယ်မြေများ၊ သစ်တောစိုက်ခင်းများ တိုးမြှင့်တည်ထောင်လျက်ရှိပြီး နိုင်ငံတော်၏ စွမ်းဆောင်ရည်နှင့်အညီ “NDC 3.0” ကို ဖော်ဆောင်လျက်ရှိကာ ပြည်သူလူထုပူးပေါင်းပါဝင်သည့် အစိမ်းရောင်ဖွံ့ဖြိုးရေးကမ်ပိန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image

ပါလ်မီးရပ်စ်ထံ ပြန်သွားဖို့ စိတ်ဝင်စားတယ်လို့ ဂျီးဆပ်စ် ဝန်ခံ

ဘရာဇီးလ်တိုက်စစ်မှူး ဂျီးဆပ်စ်က သူ့ရဲ့ဦးစားပေးဟာ အာဆင်နယ်အသင်းမှာ စာချုပ်သက်တမ်း ကုန်ဆုံးတဲ့ အထိ ဆက်နေဖို့ဖြစ်ပေမယ့် အသင်းဟောင်း ပါလ်မီးရပ်စ်ထံ ပြန်သွားဖို့ စိတ်ဝင်စားတယ်လို့ ဝန်ခံခဲ့ပါတယ်။

ဂျီးဆပ်စ်က “ကျနော်ဟာ အာဆင်နယ်အသင်းနဲ့ ၂၀၂၇ အထိ စာချုပ်ရှိနေပြီး စာချုပ်သက်တမ်း မတိုးခဲ့ရင် အနည်းဆုံး ၂၀၂၇ အထိ ဆက်ရှိနေမှာပါ။ ကျနော်ဟာ ကစားသမားတစ်ဦး ဖြစ်တဲ့အတွက် အခုအချိန်မှာ ပြောဖို့ အနည်းငယ် ခက်ပေမယ့် ဘရာဇီးလ်ကို ပြန်ချင်တယ်လို့ ခံစားရတဲ့အချိန်မှာ ကျနော့်ရဲ့ဆန္ဒက အမြဲတမ်း ပါလ်မီးရပ်စ်ပါပဲ”လို့ ESPN Brazil ကို ပြောခဲ့တာပါ။

အာဆင်နယ် ကစားသမားဘဝကို ဒဏ်ရာ အများအပြားနဲ့ ဖြတ်သန်းနေရတဲ့ ဂျီးဆပ်စ်က သူ့ရဲ့ ပြန်လည် ထူထောင်ရေး
လုပ်ငန်းစဉ်ဟာ ကြီးမားတဲ့ တိုးတက်မှုတွေ ရှိနေတယ်လို့ မကြာသေးမီက ပြောခဲ့ပါတယ်။

ဂျီးဆပ်စ်ဟာ ဘယ်အချိန် ပြန်ကစားနိုင်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် အာဆင်နယ်အသင်း ဟာ ဇန်နဝါရီမှာ သူ့အတွက် ကမ်းလှမ်းမှုတွေကို နားထောင်သွားဖို့ အသင့်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ်။

ပါလ်မီးရပ်စ်ကတော့ ဂျီးဆပ်စ်ကို အသင်းထံ ပြန်ခေါ်ယူဖို့ စိတ်ဝင်စားတယ်လို့ လူသိရှင်ကြား ပြောထားတာပါ။

ပါလ်မီးရပ်စ် လူငယ်စီမံကိန်းကနေ ထွက်ပေါ်လာခဲ့တဲ့ ဂျီးဆပ်စ်ဟာ ဘရာဇီးလ်ကလပ်မှာ ၂၀၁၇ အထိ ကစားခဲ့ပြီးနောက် မန်စီးတီးအသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

ပါလ်မီးရပ်စ်အသင်း အကြီးအကဲ လိုင်လာပါရဲရားက ဂျီးဆပ်စ်ဟာ မကြာမီအိမ်ကို ပြန်လာတော့မှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဂျီးဆပ်စ်က လက်ရှိဒဏ်ရာဟာ သူ့ဘဝမှာ အကြီးမားဆုံးတွေထဲက တစ်ခုဖြစ်ပေမယ့် ကာလရှည်ကြာစွာ စောင့်ဆိုင်းနေရတဲ့ ကွင်းထဲ ပြန်လာနိုင်ဖို့ နီးစပ်နေပြီယုံကြည်ကြောင်း ESPN နဲ့ အင်တာဗျူးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

image

ဒိုင်လူကြီး ၁၅၂ ဦး လောင်းကစား လုပ်နေဆဲ

တူရကီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဟာစီယို့စ်မာနိုဂလူက တူရကီပရော်ဖက်ရှင်နယ်လိဂ်မှာ တာဝန်ထမ်းဆောင်နေ တဲ့ ဒိုင်လူကြီး ၅၇၁ ဦးထဲမှာ ၃၇၁ ဦးဟာ လောင်းကစား အကောင့်တွေ ဖွင့်ထားပြီး ၁၅၂ ဦးကတော့ လောင်း ကစား ပြုလုပ်နေဆဲ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဟာစီယို့စ်မာနိုဂလူက “သူတို့ကို မကြာမီ စည်းကမ်းထိန်းသိမ်းရေးကော်မတီထံ လွှဲပြောင်းပေးမှာဖြစ်ပြီး ကျနော် တို့ ချမှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့အညီ သက်ဆိုင်တဲ့ ပြစ်ဒဏ်တွေကို ခံယူရမယ်”လို့ အစ္စတန်ဘူလ်မှာ ပြုလုပ် တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

တူရကီဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး စည်းမျဉ်းအရ ဘောလုံးပွဲတွေမှာ လောင်းကစား ပြုလုပ် ကြောင်း တွေ့ရှိရမယ်ဆိုရင် ၃ လကနေ ၁ နှစ်ကြာအထိ ပွဲတာဝန်ယူခွင့် ဒါမှမဟုတ် ဘောလုံးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေကနေ ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။

တူရကီမှာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မကြာခဏဆိုသလို အငြင်းပွားမှုတွေရှိခဲ့ကာ ပြည်တွင်း ထိပ်တန်း ပွဲစဉ်အချို့ကို နိုင်ငံခြားဒိုင်လူကြီးတွေကို ခန့်အပ်ပြီး တာဝန်ပေးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီက ဂါလာတာစာရေးနဲ့ ဖီနာဘာချီအသင်းတို့ရဲ့ အစ္စတန်ဘူလ်ဒါဘီပွဲစဉ်ကို ဆလိုဗေးနီးယား ဒိုင်လူကြီး ဗင်ဆစ်က တာဝန်ယူကိုင်တွယ်ခဲ့ပါတယ်။

သူဟာ တူရကီမှာ နှစ်ပေါင်း ၅၅ နှစ်အတွင်း ပွဲကြီးပွဲကောင်း တစ်ပွဲကို ကိုင်တွယ်တဲ့ ပထမဆုံးနိုင်ငံခြား ဒိုင်လူကြီး အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဖီနာဘာချီအသင်းကို ကိုင်တွယ်ခဲ့တဲ့ ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုဟာ တူရကီရှိ ဒိုင်လူကြီးတွေရဲ့ အရည်အသွေးတွေကို မကြာခဏ ဆိုသလို မေးခွန်းထုတ် ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

image

အန္တရာယ်ရှိလုပ်ငန်းခွင်များတွင် လုပ်ကိုင်နေသည့် ကလေးလုပ်သား ၈၀ ကျော်ရှိ
---------------------------------------------------

ကလေးအလုပ်သမားစစ်တမ်း ၂၀၂၄- ၂၀၂၅ အစီရင်ခံစာအရ တိုင်းဒေသကြီးနဲ့ပြည်နယ် ၁၀ခုရှိ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်နေတဲ့ ကလေးသူငယ် ၈၂ယောက် ရှိတယ်လို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက ပြောပါတယ်။

အောက်တိုဘာလ ၂၈ ရက်က လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီရဲ့ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိင်းအစည်းအဝေးမှာ ဒုတိယဝန်ကြီးက အခုလိုထည့်သွင်းပြောကြားခဲ့တာပါ။

အဲဒီကလေးသူငယ်တွေကို လူမှုဖြစ်ရပ် စီမံခန့်ခွဲမှုနည်းလမ်းတွေနဲ့အညီ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး လိုအပ်တာတွေ ဆောင်ရွက်ပေးခဲ့သလို အရည်အသွေး ပြည့်ဝတဲ့ လုပ်သားကောင်းတွေ ရရှိစေဖိုအတွက် လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ လူငယ်သင်တန်းကျောင်းတွေက ကျောင်းသား၊ကျောင်းသူတွေကိုလည်း အသက်မွေးပညာသင်တန်းတွေ ဖွင့်လှစ် သင်ကြားလေ့ကျင့်ပေးနေတယ်လို ဆိုပါတယ်။

အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းစီမံချက် ၂၀၂၄ - ၂၀၂၈ အရ ကျူးလွန်သူကို တရားစွဲဆိုတာ၊ကလေးသူငယ်ကို အကာအကွယ်ပေးတာနဲ့ လိုအပ်တဲ့ ထောက်ပံ့တာတွေကို ဆောင်ရွက်နေပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ၅ နှစ်စီမံချက် ၂၀၂၄-၂၀၂၈ ခုနှစ်မှာပါရှိတဲ့ လုပ်ငန်းစဉ်တွေကိုလည်း သက်ဆိုင်ရာဌာနအဖွဲအစည်းတွေနဲ့ ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို ဒုတိယဝန်ကြီးက ပြောပါတယ်။

အဆိုးရွားဆုံးပုံစံနဲ့ ခိုင်းစေတဲ့ အလုပ်ရှင်တွေက်ိ ဥပဒေပိုင်းဆိုင်ရာ အသိပညာတွေပေးဖိုအတွက် ခိုင်းစေခံရတဲ့ ကလေးအလုပ်သမားတွေ တွေ့ရှိရင် လူမှုဝန်ထမ်းဦးစီးဌာနရဲ့ Hot Line နံပါတ် ၁၅၆၆ ကို သတင်းပေးပိုနိုင်တယ်လို သိရပါတယ်။

image