အကယ်၍များ ရုတ်တရက်
တစ်ယောက်ယောက် ပြောင်းလဲသွားခဲ့ရင်၊
ဒါမှမဟုတ်လည်း
ဖြည်းဖြည်းချင်းပြောင်းလဲလာခဲ့ရင်
ကျနော့်အနေနဲ့ ထူးထွေပြီး
အံံသြမိမှာ မဟုတ်ပါဘူး။
မပြောင်းလဲပဲရှိနေခဲ့ရင်သာ ကျနော့်အနေနဲ့
အမှောင်ထဲက တစ်စုံတစ်ခုကို
ကြောက်နေတဲ့စိတ်မျိုးနဲ့
နေထိုင်နေမိတော့မှာ။
မြတ်နိုးမိသမျှ အရာအားလုံးကို
အချိန်မရွေးဆုံးရှုံးရနိုင်တယ်ဆိုတဲ့ စိတ်နဲ့
ဂရုတစိုက်ရှိနေမိတာ ဘယ်လိုစိတ္တဇမျိုးတဲ့လဲ။
မနက်ဖန်မနက် နိုးလာတဲ့အခါ
တစ်ယောက်ယောက်ထပ်ရှိလာဖို့အစား
ရှိပြီးသားတစ်ယောက်ယောက်ရဲ့
လက်ကလေးကို စမ်းမိလိုက်တာဟာ
အိပ်မက်ဆိုးမမက်တဲ့နေ့တွေပေါ့။
ကျနော်က အမြဲတမ်း
နောက်က ပြေးလိုက်ခဲ့ရသူလေ။
ဘယ်သူမှ ကျနော့်ကိုနားမလည်တာကိုလည်း ကျနော်နားလည်ပေးနိုင်တယ်။
အားလုံးအပေါ်လက်နက်ချပြီးတိုင်း
ကျနော်တစ်ယောက်တည်းသက်ပြင်းချခဲ့ရပါတယ်။
-ဆပ်ရိပ်