ဗီယက်နမ်အလယ်ပိုင်းရေကြီးမှုကြောင့် ေ-သဆုံးသူ ၁၆ ဦးအထိများလာ
ဗီယက်နမ်နိုင်ငံအလယ်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံ၍ ေ-သဆုံးသူ ၁၆ ဦးအထိ ရှိလာပြီး လူ ၅ ဦး လည်း ပျေ-ာက်ဆုံးနေကြောင်း ဗီယက်နမ် သဘာဝဘေးအန္တရာယ်နှင့် ရေကြီးရေလျှံမှု စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
အိမ်ခြေ ၄၃,၂၀၀ ကျော် သည် ရေနစ်မြုပ်ခဲ့ပြီး ၉၁ လုံးမှာမူ ပျ-က်စီးခဲ့ကြောင်းသိရသည်။
ရေကြီးမှုကြောင့် စပါးနှင့် အခြားသီးနှံစိုက်ခင်း ဟက်တာ ၁၀,၀၀၀ ကျော်သည် ရေနစ်မြုပ်ခဲ့ပြီး တိရစ္ဆာန်အကောင်ရေ ၆,၅၀၀ ကျော် ေ-သဆုံးခဲ့ကြောင်းသိရသည်။
လက်ရှိအချိန်တွင် အိမ်ထောင်စု ၅၅၃,၂၀၀ ကျော်သည် ဓာတ်အားပြ-တ်တောက်မှုနှင့်ကြုံတွေ့ နေရကြောင်း သိရသည်။