Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
👑 "ကောင်းကင်ဘုံက ကျလာတဲ့ အပြာရောင် ရတနာ" - ဟိုင်ယားစင်း မကာအို (Hyacinth Macaw) ဘာလို့ ရှားပါးသွားတာလဲ? 🦜
သူငယ်ချင်းတို့ရေ၊ အမေဇုန်တောထဲက အကြီးဆုံးနဲ့ အတောက်ပြောင်ဆုံး ကြက်တူရွေးဖြစ်တဲ့ ဟိုင်ယားစင်း မကာအို (Hyacinth Macaw) အကြောင်း ပြောပြမယ်။ ဒီကောင်တွေရဲ့ အမွေးအတောင်တွေက အပြာရောင်စိုစိုနဲ့ တကယ်ကို မြင်သူငေးရလောက်အောင် လှပလွန်းလို့ "ကောင်းကင်ဘုံက ကျလာတဲ့ ရတနာ" လို့တောင် တင်စားကြရတယ်။
ဒါပေမဲ့ ဒီလို ထူးခြားလှပတဲ့ ငှက်မျိုးစိတ်ဟာ အခုဆိုရင် မျိုးသုဉ်းလုနီးပါး အန္တရာယ် နဲ့ ရင်ဆိုင်နေရပြီဗျ။ ဘာကြောင့်လဲ?
၁။ အဓိကပြဿနာ - လူတွေကြောင့် နေအိမ်ပျက်စီးခြင်း (Habitat Loss)
ဒီမကာအိုတွေဟာ အသက်ရှင်ဖို့အတွက် သစ်ပင်ကြီးတွေ ရဲ့ အခေါင်းပေါက်တွေကို အသိုက်အဖြစ် အားထားရတယ်။ သူတို့ အဓိကအားထားရတဲ့ အုန်းပင်လိုမျိုး အသီးသီးတဲ့ သစ်ပင်တွေရှိမှလည်း အစာစားလို့ရမှာ။
သစ်တောပြုန်းတီးမှု: လယ်ယာစိုက်ပျိုးဖို့၊ မွေးမြူရေးခြံလုပ်ဖို့နဲ့ သစ်ထုတ်လုပ်ဖို့အတွက် သစ်တောတွေကို ခုတ်ထွင်ရှင်းလင်းပစ်တော့ သူတို့ရဲ့ အသိုက်လုပ်စရာ သစ်ပင်ကြီးတွေရော၊ အစာစားစရာ အပင်တွေပါ တဖြည်းဖြည်း ပျောက်ကွယ်သွားတယ်။ သူတို့ရဲ့ နေထိုင်ကျက်စားရာ မြေကွက်တွေ ကျဉ်းမြောင်းလာတာဟာ မျိုးသုဉ်းရတဲ့ အဓိက အကြောင်းရင်းပဲ။
အစာရင်းမြစ်ဆုံးရှုံးမှု: သူတို့ရဲ့ သန်မာတဲ့ နှုတ်သီးက သစ်မာစေ့တွေနဲ့ အုန်းသီးအခွံမာတွေကို ခွဲစားတယ်။ ဒီအပင်တွေ ပျောက်သွားတော့ အစာရေစာရှားပါးမှုဒဏ်ကို ခံရတယ်။
၂။ ဒုတိယပြဿနာ - အိမ်မွေးငှက်ဈေးကွက် (Pet Trade)
ဒီလို လှပတဲ့ အပြာရောင်ငှက်တွေကို ကမ္ဘာတစ်ဝန်းက ငှက်ချစ်သူတွေက အိမ်မွေးဖို့ စိတ်ဝင်စားကြတယ်။
တရားမဝင် ဖမ်းဆီးရောင်းဝယ်ခြင်း: ၁၉၇၀ ပြည့်လွန်နှစ်တွေနဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက ဟိုင်ယားစင်း မကာအို အရေအတွက်ကို သိသိသာသာ လျော့ကျသွားစေခဲ့တဲ့ အဓိကတရားခံက တရားမဝင် ဖမ်းဆီးရောင်းဝယ်မှု ပဲ။ သူတို့ရဲ့ အဖိုးတန်တဲ့ အလှကြောင့် မှောင်ခိုဈေးကွက်မှာ ဈေးအကြီးကြီးနဲ့ ရောင်းချကြတယ်။ ငှက်ဖမ်းသမားတွေက အသိုက်ထဲက ဥတွေကိုရော၊ သားပေါက်တွေကိုပါ ခိုးယူဖမ်းဆီးခဲ့ကြတာပါ။
၃။ သဘာဝ အနှောင့်အယှက်များ
ဥတွေရဲ့ ဘေးကင်းရေး: တူကန်ငှက် (Toco Toucan) လို တခြားငှက်တွေက မကာအိုတွေရဲ့ ဥတွေကို စားသောက်တာ၊ သစ်ခွံမာခွာစားတဲ့ တိရစ္ဆာန်တွေက ဥတွေကို ဖျက်ဆီးတာမျိုးတွေကြောင့်လည်း ရှင်သန်နိုင်မှုနှုန်း နည်းပါးခဲ့တယ်။
ကံကောင်းထောက်မစွာပဲ၊ နိုင်ငံတကာနဲ့ ဒေသခံ ထိန်းသိမ်းရေးအဖွဲ့အစည်းတွေရဲ့ ကြိုးပမ်းမှုတွေကြောင့် ဟိုင်ယားစင်း မကာအိုရဲ့ အရေအတွက်ဟာ အခုနောက်ပိုင်းမှာ အနည်းငယ် ပြန်လည် တည်ငြိမ်လာပြီ။ ဒါပေမဲ့ သစ်တောတွေ ဆက်လက်ပြုန်းတီးနေသရွေ့ သူတို့ရဲ့ အနာဂတ်ဟာ စိုးရိမ်ရဆဲပဲ ဖြစ်ပါတယ်။
အားလုံးပဲ ဒီလိုလှပတဲ့ သဘာဝအမွေအနှစ်တွေကို အတူတကွ ကာကွယ်စောင့်ရှောက်နိုင်ပါစေလို့ မျှော်လင့်ပါတယ်ဗျာ။
ထိုင်း နာမည်ကြီးရှူဆေးဘူးတွင် ဘက်တီးရီးယားနှင့် မှိုများ သတ်မှတ်ပမာဏထက် ပိုမိုပါဝင်နေ
အောက်တိုဘာ ၂၈
ထိုင်းနိုင်ငံအတွင်း လူသုံးများသော နာမည်ကြီး အစိမ်းရောင်ရှူဆေးဘူးတစ်မျိုး(ဟွန်ထိုင်း)သည် ဘက်တီးရီးယားနှင့် မှိုများ သတ်မှတ်ပမာဏထက် ပိုမိုပါဝင်နေပြီး သတ်မှတ်စံချိန်မပြည့်မီသဖြင့် သုံးစွဲမှု ရပ်တန့်ကြရန် ထိုင်း FDA က သတိပေးချက် ထုတ်ပြန်လိုက်သည်။
ယခုစံချိန်စံညွှန်းနှင့် မညီသော ရှူဆေးဘူးမှာ ဖော်မြူလာ ၂ အမျိုးအစား Herbal Mixed Balm Thai Eagle Brand ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဘန်ကောက်မြို့ ချာတူးချက်ဈေးက ဝယ်ယူထားသော ဟွန်ထိုင်းရှူဆေးဘူးကို အကြိမ်ကြိမ်စစ်ဆေးပြီးနောက် သတ်မှတ်စံချိန်စံညွှန်းများနှင့် မညီကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ပြည်သူများ သတိပြုကြရန် FDA သတိပေးချက် ထုတ်ပြန်လိုက်သည်။
ဓါတ်ခွဲခန်းထဲ စစ်ဆေးမှုများအရ ရှူဆေးဘူးတွင် သတ်မှတ်ပမာဏထက် ပိုလွန်နေသော ဘက်တီးရီးယားအရေအတွက်၊ တဆေးနှင့် မှိုများအရေအတွက်နှင့် Clostridium အမျိုးအစား ဘက်တီးရီးယားကိုလည်း တွေ့ရှိရကြောင်း ဖော်ပြသည်။
Clostridium အမျိုးအစား ဘက်တီးရီးယားသည် လူကို ဝမ်းလျှောခြင်းနှင့် အခြားဆိုးကျိုးများကဲ့သို့ အခြေအနေများကို ဖြစ်စေနိုင်ကြောင်း ဆေးဝါးကျွမ်းကျင်အချက်အလက်များအရ သိရသည်။
ထို့ကြောင့် ဆေးဝါးပစ္စည်းထုတ်လုပ်မှုဥပဒေအရ ယခုရှူဆေးဘူးကို သတ်မှတ်စံချိန်စံညွှန်းနှင့် မညီဟု တရားဝင် ယူဆကြောင်း ဖော်ပြထားသည်။
သတ်မှတ်စံချိန်မမီသော ရှူဆေးဘူးကို ဆက်တိုက်သုံးစွဲနေသော ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးအရ ဆိုးကျိုးများ ရှိလာနိုင်သဖြင့် သုံးစွဲရန် မသင့်တော်ကြောင်း FDA က သတိပေးထားသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် သုံးစွဲမှု ချက်ချင်းရပ်တန့်ရန် FDA က သတိပေးသည်။
ယခုရှူဆေးဘူးကို ထုတ်လုပ်သော သက်ဆိုင်သူများကိုလည်း ဆေးဝါးဥပဒေများအရ တရားစွဲသွားမည်ဖြစ်ပြီး ထောင်ဒဏ် ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ဒဏ်ငွေ ဘတ် ၃ သိန်းအထိ ပေးဆောင်ရနိုင်ကြောင်း ဖော်ပြသည်။
နောက်ထပ် ဆေးဘူးများကို ရောင်းချထားသဖြင့် ထပ်တိုးပြစ်ဒဏ်များကိုလည်း ချမှတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
🔥အရမ်းကြည့်ကောင်းတဲ့ အူတက်အောင်ရီရတဲ့ ထိုင်းဟာသဇာတ်ကားကောင်း
Fast & Feel Love
2022 ‧ Comedy/Action ‧ 2h 12m
ဒီနေ့မင်မင်တင်ပေးမယ့်ဇာတ်ကားလေးကတော့ ထိုင်းအချစ်ဟာသဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းက ပုံမှန်တင်ဆက်နေကြအတိုင်း သ*ရဲဟာသဇာတ်ကားမဟုတ်ပဲ အချစ်ဟာသ ဇာတ်ကား အမျိုးအစားလေးဖြစ်လို အားလုံးလဲ အကြိုက်တွေ့ကြလိမ့်မယ်လိုမျှော်လင့်ပါတယ်။
ဇာတ်လမ်းအကျဉ်းကိုပြောပြပေးရမယ်ဆိုရင်တော့
ပညာရေးစနစ်အရ အထက်တန်းပြီးတာနဲ့တက္ကသိုလ် မေဂျာရွေးနိုင်ဖို ဝင်ခွင့်စာမေးပွဲတွေ ဖြေရလေ့ရှိတယ်။အားလုံးနဲ့မတူဘဲ Sport stacking ကိုမှ စိတ်ဝင်စားတဲ့ ကျောင်းသား ဂေါင်ဝ် နဲ့ အိပ်မက်ရယ်လို မရှိတဲ့ သာမန်ဘဝနဲ့ပဲ နေထိုင်ချင်တဲ့ ကျောင်းသူလေး ဂျေတို ခင်မင်ခဲ့ကြတယ်ဂျေအနေနဲ့ သူမရဲ့ ထူးခြားစွမ်းအင်က စိတ်ထားကောင်းမှုလို ပြောခဲ့တဲ့ ဂေါင်ဝ်အပေါ် ငြိတွယ်ခဲ့ပြီး သူဝါသနာပါတဲ့ sport stacking ကို ကစားနိုင်ဖို ပါရမီ ဖြည့်ခဲ့ပါတော့တယ်။
အချိန်တွေကြာလာတာနဲ့ အမျှ ဂျေ့ဘက်ကို မကြည့်ဘဲ ဝါသနာကိုပဲ ရှေးရှုလုပ်နေခဲ့တဲ့ ဂေါင်ဝ်ကို ဂျေတစ်ယောက် လက်လွှတ်ဖို ဆုံးဖြ*တ်ခဲ့ပါတော့တယ်ဂျေမပါဝင်တော့တဲ့ ဘဝကြီးမှာ ပတ်ဝန်းကျင်နဲ့နေသားကျအောင် ကြိုးစားနေရတဲ့ ဂေါင်ဝ် တစ်ယောက် sport stacking ချန်ပီယံနေရာကို ချိိ*န်းခြော*က်နိုင်တဲ့ သူတစ်ယောက် ပေါ်လာချိန်မှာတော့ အပြောင်းအလဲတွေဖြစ်လာတဲ့ နှလုံးသားရေးရာ ၊ တွယ်တာနေရတဲ့ အားကစား ၊ မက်မောခဲ့ရတဲ့ ချန်ပီယံနေရာကြား ဂေါင်ဝ် တစ်ယောက် ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ရှုကြရအောင်ပါ.....
🚨📺Channel Link အရင် Join ပြီးမှ ဇာတ်ကား Link ကိုနိပ်ပါ💯
☄️✏️Channel Link ကိုအရင် Join ပါဗျ👇👇
https://t.me/addlist/wZvYAaIr8Mk3MmU1
📺🔥အပေါ်က Link ကို Join ပြီးမှနိပ်ပါ 👇👇
https://t.me/marvellouscomedy7/47