ဗင်နီဇွဲလားနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်းအမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ပြောကြား

ဗင်နီဇွဲလားနိုင်ငံသို့ သွားရောက်ရန် မိမိစီစဉ်ထားကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ဖေဖော်ဝါရီ ၁၃ ရက်တွင် သတင်းထောက်များနှင့်တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားလိုက်သည်။
အမေရိကန်ပြည်ထောင်စုနှင့် ဗင်နီဇွဲလားနိုင်ငံတို့ကြား လက်ရှိဆက်ဆံရေးမှာ အလွန်ကောင်းမွန် နေကြောင်း၊ သို့ဖြစ်ရာ မိမိအနေဖြင့် ဗင်နီဇွဲလားနိုင်ငံသို့သွားရောက်ရန် စီစဉ်ထားကြောင်း သမ္မတဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။
ယခုနှစ် ဇန်နဝါရီ ၃ ရက်တွင် အမေရိကန်စစ်ဘက်က ဗင်နီဇွဲလားကိုစစ်ရေးအရတိုက်ခိုက်၍ သမ္မတမာဒူရိုကို ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း ဗင်နီဇွဲလားယာယီသမ္မတ ဒယ်လ်စီရိုဒရီဂတ်ဇ်သည် အမေရိကန်နှင့် ဗင်နီဇွဲလား နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်ပုံစံချရန် ကြိုးပမ်းခဲ့ရသည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် ဗင်နီဇွဲလားရေနံလုပ်ငန်းကို ပြုပြင်ပြောင်းလဲပေးနိုင်ရေး အတွက် ဗင်နီဇွဲလားယာယီသမ္မတ ဒယ်လ်စီရိုဒရီဂတ်ဇ်နှင့်အနီးကပ် ပူးပေါင်းဆောင်ရွက် နေကြောင်း သမ္မတဒေါ်နယ်ထရန့်က ပြောကြားထားသည်။
လက်ရှိအချိန်တွင် ဗင်နီဇွဲလားခရီးစဉ်နှင့်ပတ်သက်၍ သွားရောက်မည့်အချိန်ကာလအပါအဝင် အသေးစိတ်အချက်အလက်များကို သမ္မတဒေါ်နယ်ထရန့်က ထုတ်ပြောခြင်းမရှိသေးပေ။

image