ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် ညအပူချိန်များ လျော့နည်းနိုင်ဟု မိုး/ဇလ အသိပေး

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် ညအ ပူချိန်များ အနည်းငယ်လျော့နည်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အသိပေးထားသည်။
မိုး/ဇလ၏ အသိပေးချက်တွင် (၂) ရက်အတွင်း ညအပူချိန်လျော့နည်းနိုင်သည့် တိုင်းဒေသနှင့် ပြည်နယ်အချို့မှာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည် နယ်နှင့် ရှမ်းပြည်နယ်တို့ပါဝင်သ ည်။
ထို့ပြင် တနင်္သာရီတိုင်းတွင် နေရာကွက်ကျား မိုးအနည်းငယ်ထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရွာနှုန်း (၆၀)ဖြစ်သည်ဟု ဆိုသ ည်။
ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်ဖြစ်ကြောင်း သိရသည်။

image