9 w - Translate

🔋Panasonic CR1620 Lithium 3V Battery - အာမခံအရည်သွေးဓါက်ခဲ 🔋
စျေးနုန်း ၇၀၀၀ကျပ်။
Panasonic CR1620 Lithium Manganese Dioxide Battery သည် အားခံအားကြီးပြီး ယုံကြည်စိတ်ချရသော ပါဝါကို ပေးစွမ်းနိုင်သော ဘက်ထရီဖြစ်ပါသည်။
🔋 3V Nominal Voltage
🔋 30mAh Capacity
🔋 Stable Discharge Voltage
🔋 Good Pulse Capability
🔋 -30°C မှ +60°C အထိ အသုံးပြုနိုင်သော Temperature Range
📍 အသုံးပြုနိုင်သောပစ္စည်းများ - Memory Backup, Laser Pen, Calculator, Car Key, Fitness Devices, Medical Devices စသည်တို့တွင် အသုံးပြုနိုင်ပါသည်။
💡 ဘာကြောင့် CR1620 ကို ရွေးချယ်သင့်သလဲ?
✔️ Panasonic ၏ အရည်အသွေးမြင့်ထုတ်ကုန်
✔️ အချိန်ကြာရှည်အသုံးပြုနိုင်မှု
✔️ အပူချိန်အမျိုးမျိုးတွင် တည်ငြိမ်သောလုပ်ဆောင်မှု
✔️ အမျိုးမျိုးသော Devices များတွင် အသုံးပြုနိုင်ခြင်း
📦 Panasonic Battery အမျိုးအစားများ

Metal Hydride Batteries
Coin Cell Batteries (CR, BR, ML, VL Series)
Consumer & Photo Batteries
Electronic Batteries
Sealed Lead Acid Batteries
Amorphous Silicon Solar Cells

📌 CR Series Coin Cell Batteries
CR Series သည် High Energy Density ရှိပြီး Current များလိုအပ်သော Devices များအတွက် အထူးသင့်လျော်ပါသည်။
📲 စိတ်ဝင်စားသူများအတွက် Order တင်ရန် inbox မှာ ဆက်သွယ်နိုင်ပါတယ်နော်။
📞 #shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။ ဖုန်း ၀၉၈၉၄၂၇၃၉၁၁ (ရုံးချိန်အတွင်းဆက်သွယ်နိုင်ပါသည်) . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. www.shop.com.mm/shop/zaycho

🔖 #panasonicbattery #cr1620 #lithiumbattery #batterysale #electronicaccessories #batterymyanmar #powerup #techaccessories #panasoniccr1025 #coincellbattery #batteryfordevices #medicaldevicebattery #fitnessbattery #carkeybattery #laserpenbattery

image
image
image
image
9 w - Translate

CR1620
🔋Panasonic CR1620 Lithium 3V Battery - အာမခံအရည်သွေးဓါက်ခဲ 🔋
စျေးနုန်း ၇၀၀၀ကျပ်။
Panasonic CR1620 Lithium Manganese Dioxide Battery သည် အားခံအားကြီးပြီး ယုံကြည်စိတ်ချရသော ပါဝါကို ပေးစွမ်းနိုင်သော ဘက်ထရီဖြစ်ပါသည်။
🔋 3V Nominal Voltage
🔋 30mAh Capacity
🔋 Stable Discharge Voltage
🔋 Good Pulse Capability
🔋 -30°C မှ +60°C အထိ အသုံးပြုနိုင်သော Temperature Range
📍 အသုံးပြုနိုင်သောပစ္စည်းများ - Memory Backup, Laser Pen, Calculator, Car Key, Fitness Devices, Medical Devices စသည်တို့တွင် အသုံးပြုနိုင်ပါသည်။
💡 ဘာကြောင့် CR1620 ကို ရွေးချယ်သင့်သလဲ?
✔️ Panasonic ၏ အရည်အသွေးမြင့်ထုတ်ကုန်
✔️ အချိန်ကြာရှည်အသုံးပြုနိုင်မှု
✔️ အပူချိန်အမျိုးမျိုးတွင် တည်ငြိမ်သောလုပ်ဆောင်မှု
✔️ အမျိုးမျိုးသော Devices များတွင် အသုံးပြုနိုင်ခြင်း
📦 Panasonic Battery အမျိုးအစားများ

Metal Hydride Batteries
Coin Cell Batteries (CR, BR, ML, VL Series)
Consumer & Photo Batteries
Electronic Batteries
Sealed Lead Acid Batteries
Amorphous Silicon Solar Cells

📌 CR Series Coin Cell Batteries
CR Series သည် High Energy Density ရှိပြီး Current များလိုအပ်သော Devices များအတွက် အထူးသင့်လျော်ပါသည်။
📲 စိတ်ဝင်စားသူများအတွက် Order တင်ရန် inbox မှာ ဆက်သွယ်နိုင်ပါတယ်နော်။
📞 #shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။ ဖုန်း ၀၉၈၉၄၂၇၃၉၁၁ (ရုံးချိန်အတွင်းဆက်သွယ်နိုင်ပါသည်) . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. www.shop.com.mm/shop/zaycho

🔖 #panasonicbattery #cr1620 #lithiumbattery #batterysale #electronicaccessories #batterymyanmar #powerup #techaccessories #panasoniccr1025 #coincellbattery #batteryfordevices #medicaldevicebattery #fitnessbattery #carkeybattery #laserpenbattery

ကမ်းလွန်သဘာဝဓါတ်ငွေ့စီမံကိန်းသစ်များနှင့်
LNGတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများလာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်

အောက်တိုဘာ ၁၁

အာမခံချက်ကောင်းမွန်သည့် ကမ်းလွန်စီမံကိန်းအသစ်များတွင်လည်း ရင်းနှီးမြှုပ်နှံနိုင်ရန် အခွင့်အလမ်းများရှိပြီး တနင်္သာရီတိုင်းဒေသကြီး ကံပေါက်ဒေသမှတစ်ဆင့် ပြည်တွင်းနှင့် ထိုင်းနိုင်ငံသို့ LNG တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောကြားသည်။

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် စွမ်းအင်ဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ထိုင်းနိုင်ငံ PTTEP Inter-national Limited ၏ အမှုဆောင်အရာရှိချုပ်နှင့် မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကမ်းလွန်စီမံကိန်းများနှင့်ပတ်သတ်၍တွေ့ဆုံဆွေးနွေးရာတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဉ် PTTEP International Limited ၏ အမှုဆောင်အရာရှိချုပ် Mr. Montri Rawanchaikul က စွမ်းအင်ဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အထွက်နှုန်းကျဆင်းနေသော ကမ်းလွန်စီမံကိန်းများဖြစ်သည့် ရတနာနှင့်ဇောတိကစီမံကိန်းများမှ သဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်နိုင်ရေး တွင်းအသစ်များ တူးဖော်ဆောင်ရွက်သွားမည့်အခြေအနေနှင့် ကမ်းလွန်စီမံကိန်းအသစ်များ ဖော်ဆောင်နိုင်ရေးအတွက် လိုအပ်သည့်စာချုပ်များ အမြန်ဆုံးချုပ်ဆိုသွားနိုင်ရေးပြောကြားခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုဝန်ကြီးက ဇောတိကစီမံကိန်းတွင် တူးဖော်နေသည့် တွင်းအသစ်များမှ သဘာဝဓာတ်ငွေ့များ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း၊ မိမိတို့ ပြည်တွင်းလျှပ်စစ်ထုတ်လုပ်မှုတွင် အသုံးပြုရန် ရည်ရွယ်ဆောင်ရွက်နေသည့် စီမံကိန်းအသစ်ဖြစ်သည့် ကမ်းလွန်လုပ်ကွက်အောင်သိင်္ခစီမံကိန်းမှ ၂၀၂၈ ခုနှစ်တွင် ပထဆုံးသဘာဝဓာတ်ငွေ့ စတင်ထုတ်ယူနိုင်ရေး ကြိုးစားဆောင်ရွက်ရန်နှင့် စာချုပ်များ အမြန်ဆုံးချုပ်ဆိုနိုင်ရေးအတွက်လည်း ဝန်ကြီးဌာနမှ လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်းပြောကြားခဲ​့သည်။

#centralnewsnaypyitaw

imageimage

အမေရိကန်မှာ ဖောက်ခွဲရေးပစ္စည်းစက်ရုံ ပေါက်ကွဲလို့ ၁၉ ယောက်ပျောက်ဆုံး

ဝါရှင်တန်၊ အောက်တိုဘာ ၁၁

အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ်မှာ စစ်ဘက်ဆိုင်ရာ ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်ရေးစက်ရုံမှာ သောကြာနေ့က ပေါက်ကွဲမှုတခု ဖြစ်ပွားပြီးနောက် လူ ၁၉ ယောက် ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

စက်ရုံပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လူငါးဦးကို အနီးအနားရှိ ဆေးရုံကို ပို့ပေးထားတယ်လို့ ဟာမ်ဖရေးစ်ခရိုင် ရဲတပ်ဖွဲ့တာဝန်ရှိသူ ခရစ်‌ဒေးဗစ်က ပြောပါတယ်။ စက်ရုံကတော့ အလုံးစုံပျက်စီးသွားတယ်လို့ ဆိုပါတယ်။ ဘက်ခ်စနော့ ရှိစက်ရုံသည် ဖောက်ခွဲရေးပစ္စည်းတွေထုတ်လုပ် ကိုင်တွယ် သိုလှောင်တဲ့ နေရာတခုဖြစ်ပြီး ပေါက်ကွဲရတဲ့အကြောင်းရင်းကို မသိရသေးပါဘူး။

ဖြစ်စဉ်ကြောင့် လူဘယ်လောက်သေဆုံးလဲဆိုတာ မပြောနိုင်သေးဘူးလို့ သတင်းစာရှင်လင်းပွဲမှာ ခရစ်‌ဒေးဗစ်က ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားချိန်ဟာ လည်ပတ်နေပြီး ဒုတိယအကြိမ်ပေါက်ကွဲမှုက ပိုပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

လူ ၁၉ ယောက် ပျောက်ဆုံးစာရင်းဝင်နေပြီး ပေါက်ကွဲမှုကြောင့် စတုရန်းမိုင်ဝက်အတွင်း အပျက်အစီးတွေ လွင့်စင်သွားခဲ့တယ်လို့ ပြောပါတယ်။ ပေါက်ကွဲမှုဟာ မတော်တဆဖြစ်ခြင်း သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာ ဟုတ်မဟုတ် သတင်းစာရှင်းလင်းပွဲမှာ ဒေးဗစ်က မပြောပါဘူး။

ဒါပေမယ့် ဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ပေါက်ပွဲမှုကို တုံ့ပြန်ရာမှာ ပြည်နယ်နဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေဟာ အစိုးရအေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဘီလီက ပြောပါတယ်။
မြေဧက ၁၃၀၀ ပေါ်မှာတည်ဆောက်ထားတဲ့ အဲဒီစက်ရုံဟာ စီဖိုး၊ တီအင်န်တီနဲ့ အခြားအဆင့်မြင့် စစ်ဘက်ဆိုင်ရာ ဖောက်ခွဲရေးပစ္စည်းတွေကို ထုတ်လုပ်နေတာဖြစ်ပြီး ကုမ္ပဏီမှာ လူ ၇၅ ယောက်ကို အလုပ်ခန့်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Ref:BBC
Photo:AP

Credit - Voice of Myanmar

#သတင်းဟင်းလေးအိုးကြီး

image
image
image

ယခုနှစ်အစောပိုင်းတုန်းက ယူနိုက်တက်နှင့်ပွဲစဉ်မှ ဖြစ်ရပ်အတွက် အာဆင်နယ် ဒဏ်ရိုက်ခံရ

အောက်တိုဘာ ၁၁

အာဆင်နယ်ဟာ ယခုနှစ် အစောပိုင်းတုန်းက ယူနိုက်တက်နှင့် အက်ဖ်အေဖလားပွဲစဉ်တွင် လက်မှတ်စည်းမျဉ်းအား လိုက်နာရန် ပျက်ကွက်မှုကြောင့် ပေါင် ၅၀၀၀၀၀ ဆိုင်းငံ့ ဒဏ်ရိုက်ခြင်းခံလာရပါတယ်။

အာဆင်နယ်ဟာ ယူနိုက်တက်နှင့် အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်တွင် တစ်ဂိုးစီသရေကျပြီးနောက် ပင်နယ်တီအဆုံးအဖြတ်တွင် အရေးနိမ့်ခဲ့ပါတယ်။

အာဆင်နယ်ဟာ ပေါင် ၅၀၀၀၀ ကို ဆိုင်းငံ့ဒဏ်ရိုက်ခြင်းခံရခြင်း ဖြစ်ပြီး ယခုနှစ် (သို့မဟုတ်) မကြာမီ ပြန်လည်စတင်မယ့် အက်ဖ်အေပြိုင်ပွဲတွင် စည်းမျဉ်းချိုးဖောက်ပါက ယင်းဒဏ်ငွေကို ကျခံလာရမှာလည်း ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပွဲလက်မှတ်အားလုံးရဲ့ ၁၅ ရာခိုင်နှုန်းအား ယူနိုက်တက်ကို ခွဲဝေပေးရမှာ ဖြစ်ပေမယ့်လည်း အပြည့်အဝ ပေးခဲ့ခြင်း မရှိမှုနှင့်အတူ ယခုကဲ့သို့ ဒဏ်ရိုက်ခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့နှစ် အက်ဖ်အေဖလားပြိုင်ပွဲတုန်းက လန်ဒန်တွင် ဓားဖြင့် တိုက်ခိုက်မှုများအား ဆန့်ကျင်တဲ့အနေဖြင့် အဖြူရောင်ဝတ်စုံဝတ်ဆင်ပြီး ယှဉ်ပြိုင်ကစားခဲ့တာလည်း ဖြစ်ပါတယ်။

အာဆင်နယ်ဟာ 'No More Red' အစီအစဉ်ဖြင့် ဓားဖြင့် ရာဇဝတ်မှု ကျူးလွန်ခြင်းကြောင့် လူငယ်များ နစ်နာမှုကို ဆန့်ကျင့်တဲ့အနေဖြင့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ကစားခဲ့တာပါ။

အာဆင်နယ်ဟာ ယခုနှစ် အက်ဖ်အေဖလားပြိုင်ပွဲ တတိယအဆင့် အဖြစ် လာမယ့်နှစ် ဇန်နဝါရီလတွင် စတင်ကစားရပါမယ်။

#ဘောလုံးသတင်းစုံ

image

ကလေး ၂ ကို ကြိမ်းမောင်းခဲ့တဲ့အမျိုးသားကို သွားရောက်ထိုးကြိတ်ခဲ့တဲ့ ဖခင် ထောင်ဒဏ်ချမှတ်ခံရ

အောက်တိုဘာ ၁၁

ကစားကွင်းတစ်ခုမှာ ကလေးကို ကြိမ်းမောင်းခဲ့ခြင်းကြောင့် သွားရောက်ထိုးကြိတ်ခဲ့တဲ့ အမျိုးသားတစ်ဦးကို ထိုးကြိတ်ခဲ့တဲ့ ဖခင် ထောင်ဒဏ်ချမှတ်ခံရပါတယ်။

၂၀၂၃ ခုနှစ် စက်တင်ဘာ ၃ ရက်က ဝမ်ချွန်ရှောင်း အမည်ရှိ ဖခင်တစ်ဦးဟာ Pandan Gardens ရဲ့ အချက် အချာနေရာ Bouncy Paradise ကစားကွင်းမှာ သူ့ရဲ့ကလေးငယ်နှစ်ဦး၊ အခြားမိသားစုဝင်တွေနဲ့အတူ ရှိနေခဲ့ပါတယ်။

ဝမ်ရဲ့သားတစ်ယောက်က သူ့ကို ကစားကွင်းမှာ လူကြီးတစ်ယောက်က ကြိမ်းမောင်းလိုက်တယ်လို့ ဆိုတာကြောင့် ကစားကွင်းထဲ ထိုင်နေတဲ့ အသက် ၅၆ နှစ်အရွယ် အမျိုးသားတစ်ဦးဆီ သွားရောက်ကာ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်လို့ တရားရုံးက ဆိုပါတယ်။ ထိုးကျိတ်ခံရတဲ့အမျိုးသားဟာ ဆေးခွင့် ၁၄ ရက် ယူထားရပြီး အမြဲတမ်း အာရုံကြောထုံကျင်ခြင်းနဲ့ အမာရွတ် စတဲ့ နောက်ဆက်တွဲပြဿနာတွေဖြစ်နိုင်ချေရှိတယ်လို့ သိရပါ တယ်။ ဝမ်ရဲ့အပြုအမူကို ရက်စက်ကြမ်းကြုတ်ပြီး တစ်ဖက်သတ်ဆန်တဲ့အခြေအနေအဖြစ် သတ်မှတ်ထားပြီး လိုအပ်တာထက် သားကောင်ကို ပိုမိုကျူးလွန်ခဲ့တယ်လို့ အစိုးရရှေ့နေက ပြောကြားပါတယ်။

ယခု အောက်တိုဘာ ၉ ရက်မှာတော့ ဝမ်ကို ထောင်ဒဏ် ၉ လ ချမှတ်ခံခဲ့ရပြီး လျော်ကြေးငွေ ဒေါ်လာ ၄၀၈ ခန့် ပေးဆောင်ဖို့ အမိန့်ချခဲ့တယ်လို့ သိရပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image

❝ပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှုနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက ထိထိရောက်ရောက် နှိုးဆော်အသိပေးကြရန် လိုအပ်ကြောင်း လဝကဝန်ကြီးပြောကြား❞

အောက်တိုဘာ ၁၁

ပြည်သူများအနေဖြင့် မိမိအမည် မဲစာရင်းတွင် ပါ/မပါ၊ အချက်အလက်ပြည့်စုံမှန်ကန်မှု ရှိ/မရှိ မဲစာရင်းထုတ်ပြန်ကြေညာထားသည့်နေရာများသို့ လာရောက်ကြည့်ရှုနိုင်ရေးနှင့် ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်ချက်များရှိပါက ကာယကံရှင်အနေဖြင့် ရွေးကောက်ပွဲနည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သတ်မှတ်ပုံစံများဖြင့် ဖြည့်စွက်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက ထိထိရောက်ရောက် နှိုးဆော်အသိပေးကြရန် လိုအပ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။

အောက်တိုဘာ ၁၀ ရက်၊ နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေး (၄/၂၀၂၅) တွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၃၀ ရက်မှစ၍ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကို သက်ဆိုင်ရာမြို့နယ်များအလိုက် ထုတ်ပြန်ကြေညာခဲ့ရာ အချို့ဒေသများ၌ မဲစာရင်းမပြည့်စုံမှု၊ အချက်အလက်ကွဲလွဲမှုနှင့် လိုအပ်ချက်များ အနည်းငယ်ရှိနေသည်ကို တွေ့ရှိရသည်ဟုဆိုသည်။

အလားတူ လက်ရှိအတည်ပြုလူဦးရေစာရင်းတွင် ဌာနဆိုင်ရာဝန်ထမ်းအချို့နှင့် အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းနေထိုင်သူများသည် ပြောင်းရွှေ့နေထိုင်ရာဒေသသို့ အိမ်ထောင်စုလူဦးရေစာရင်း ပြောင်းရွှေ့ဝင်ရောက်မှု မရှိသေးသည့်အတွက် မဲစာရင်းပြုစုရာတွင် ကျန်ရှိနေခြင်း၊ ကွဲလွဲနေခြင်းဖြစ်သည်ဟုလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သလို ယင်းတို့ကို ရွေးကောက်ပွဲနည်းဥပဒေပါ သတ်မှတ်ပုံစံများဖြည့်စွက်၍ မဲစာရင်းတွင် ပါရှိစေရေး၊ အချက်အလက်ကွဲလွဲမှု မရှိစေရေး ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာ ကော်မတီအဆင့်ဆင့်က ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးနိုင်ရေး အလေးထား ကြပ်မတ်ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ မဲစာရင်းတွင် မဲပေးပိုင်ခွင့်ရှိသူတိုင်း ပါဝင်မှုရှိစေရေးနှင့် မဲပေးပိုင်ခွင့်မရှိသူများ မပါဝင်စေရေးအတွက် မိမိတို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဆင့်ဆင့်က အလေးထားကြပ်မတ် စိစစ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း မထုတ်ပြန်မီ ပထမအကြိမ် မဲစာရင်းထုတ်ပြန်မှု၏ လိုအပ်ချက်များ၊ မပြည့်စုံမှုများအပေါ် အောက်ခြေမြို့နယ်အဆင့်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှစ၍ အချိန်နှင့်တစ်ပြေးညီ စနစ်တကျ စိစစ်ပြင်ဆင် ဖြည့်စွက်အတည်ပြုပြီး အဆင့်ဆင့် ကြပ်မတ်ကြီးကြပ် စိစစ်အတည်ပြုကာ လက်ရှိ အသက် ၁၈ နှစ်နှင့်အထက် အတည်ပြုလူဦးရေစာရင်းကို ဗဟိုကော်မတီသို့ သတ်မှတ်ရက်အရောက် ပြုစုပေးပို့ကြရန်နှင့် ဗဟိုကော်မတီမှ အထက်အဆင့်ဆင့်သို့ တင်ပြခွင့်ပြုချက်ရယူ၍ ဒုတိယအကြိမ် မဲစာရင်း ပြုစုထုတ်ပြန်နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ဆက်လက်ပေးပို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်ဟု သိရသည်။

#centralnewsnaypyitaw

image

အေစီမီလန်သို့ မပြောင်းလိုခဲ့ကြောင်း ဂန္ထဝင်နောက်ခံလူနက်စတာဖွင့်ဟလာ

အောက်တိုဘာ ၁၁

လာဇီယိုနှင့် အေစီမီလန်ဂန္ထဝင်နောက်ခံလူအလက်ဇန္ဒရိုနက်စတာက အေစီမီလန်သို့‌ ပြောင်းရွှေ့ကစားမယ့် အစီအစဉ် မရှိခဲ့ကြောင်း ဖွင့်ချလာပါတယ်။

အီတလီလက်ရွေးစင်နောက်ခံလူဟောင်းဟာ ၂၀၀၂ ခုနှစ်တုန်းက အင်တာမီလန်သို့ ပြောင်းရေး ဆွေးနွေးမှုနောက်ဆုံးအချိန်ရောက်မှ ကလပ်ဘက်က နောက်ဆုတ်သွားမှုနှင့်အတူ ရွေးချယ်စရာမရှိဘဲ အေစီမီလန်သို့ ပြောင်းခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် နက်စတာဟာ အေစီမီလန်တွင် ကစားတဲ့ ပထမဆုံးရာသီမှာပင် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးနောက်ခံလူများထဲမှ တစ်ဦးဖြစ်လာခဲ့ပါတယ်။

၂၀၀၂ ခုနှစ်တုန်းက နက်စတာဟာ အင်တာမီလန်သို့သာ ပြောင်းကစားလိုခဲ့တာ ဖြစ်ပြီး ဂျူဗင်တပ်ရဲ့ ကမ်းလှမ်းမှုကိုလည်း ငြင်းဆိုထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အင်တာမီလန်က အပြောင်းအရွှေ့နောက်ဆုံးအချိန်ကျမှ နောက်ဆုတ်သွားမှုနှင့်အတူ နက်စတာဟာ အေစီမီလန်ကို ရွေးချယ်ခဲ့ရတာပါ။

ထိုစဉ်တုန်းက လာဇီယိုဟာ ဘဏ္ဍာရေးပြဿနာများ တက်နေခဲ့တာ ဖြစ်ပြီး ကစားသမားတွေကို လုပ်ခမပေးနိုင်တာ ၈ လတိုင်တိုင် ရှိပြီလည်း ဖြစ်ပါတယ်။ နက်စတာအနေဖြင့် မဖြစ်မနေ အသင်းပြောင်းရမယ့် အခြေအနေ ဆိုက်နေခဲ့တာပါ။

နက်စတာက "ယင်းမတိုင်မီ လအနည်းငယ်တုန်းက ဂျူဗင်တပ်သို့ ပြောင်းဖို့ ဖြစ်နိုင်ခဲ့သေးတယ်။ ဒါပေမယ့် ကျွန်တော်က မပြောင်းချင်ဘူး။ ဂျူဗင်တပ်က အကျဘက်ရောက်နေတယ်။ အင်တာသို့ပဲ သွားဖို့ လုပ်ထားတာ။ ဒါပေမယ့် မေလ ၅ ရက်နောက်ပိုင်းမှာတော့ အင်တာ ပျောက်သွားတယ်။ သူတို့ အခြားရွေးချယ်စရာ ရှိလာတာဖြစ်ပါလိမ့်မယ်။ နောက်တော့ အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့မှာ မီလန် ရောက်လာတယ်"လို့ ပြောကြားသွားပါတယ်။

မီလန်သို့ မပြောင်းလိုဘဲ အင်တာသို့သာ ပြောင်းလိုကြောင်းကို နက်စတာက "အင်တာက နောက်နှစ်မှာ ချန်ပီယံဖြစ်နိုင်တာကြောင့် မီလန်သို့ မပြောင်းလိုဘူး။ ဒါပေမယ့် မီလန်သို့ ပြောင်းခဲ့ရတယ်။ ပထမဆုံးနှစ်မှာ ချန်ပီယံလိဂ်ဖလားရတယ်။ ကျွန်တော်တို့ အားလုံးကောင်းခဲ့တယ်"လို့ ပြောကြားသွားပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ ဆက်သွယ်ခြင်းခံရမှုနှင့်ပတ်သက်ပြီး နက်စတာက "မီလန်သို့ မပြောင်းခင် တစ်နှစ်မှာပါ။ သူတို့(ရီးရဲလ်)နဲ့ ခြေစမ်းပွဲကစားချိန်မှာ ကျွန်တော့်ကို ရီးရဲလ်မက်ဒရစ်က ဖုန်းခေါ်လာတယ်။ ကစားသမားတစ်ဦးက သူတို့အတွက် ကစားသင့်ကြောင်း ပြောလာတယ်။ ကျုပ်ကလည်း လာဇီယိုအတွက် ကစားနေကြောင်း ပြန်ပြောခဲ့တယ်။ သူကတော့ ကျွန်တော့်ကို အရူးလို့ ထင်မှာဘဲ။ နောက်တစ်နှစ်ကျတော့ လစာမရတာ ၈ လတောင် ရှိလာပြီ ဆိုတော့ ထွက်ခွာဖို့ ဖြစ်လာရော"လို့ ပြောကြားသွားပါတယ်။

နက်စတာဟာ အေစီမီလန်သို့ ပြောင်းရွှေ့ကစားတဲ့ ပထမဆုံးရာသီမှာ ချန်ပီယံလိဂ်ဖလားနှင့် ကိုပါအီတာလီယာဖလားတို့ကို ရရှိနိုင်ခဲ့ပြီး ပွဲပေါင်းသုံးရာကျော်ကစားခဲ့ကာ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူများထဲမှ တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

သူဟာ ကစားသမားဘဝတွင် အောင်မြင်မှု ရခဲ့ပေမယ့်လည်း နည်းပြဘဝမှတော့ ရုန်းကန်နေရပါတယ်။

သူဟာ ၂၀၂၄ ခုနှစ်တုန်းက မွန်ဇာကို ကိုင်တွယ်ခဲ့ပေမယ့် စီးရီးအေ ၁၇ ပွဲတွင် ၁ ပွဲတည်းသာ အနိုင်ရရှိပြီးနောက် ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

သူဟာ ထုတ်ပယ်ခံရပြီး ၇ ပတ်အကြာမှာ မွန်ဇာနည်းပြအဖြစ် ပြန်လည်ခန့်အပ်ခံခဲ့ရပေမယ့်လည်း နောက်ထပ် ၁၄ ပွဲကိုင်တွယ်ရာမှာ ၁ ပွဲတည်းသာ အနိုင်ရခဲ့ပါတယ်။

#ဘောလုံးသတင်းစုံ

image

ကျောက်မဲမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်နှံမှု ဆက်လက်လက်ခံ

အောက်တိုဘာ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ရှိ အ မှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအား အောက်တိုဘာ ၈ ရက်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းအပ်လက်ခံခြင်းများ ဆက်လက်ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၁၀ ရက် တွင် ကျောင်းလာရောက်အပ်နှံမှုအနေဖြင့် ကျောင်းသား/ကျောင်းသူ ၇၅၆ ဦး ထပ်မံကျောင်းအပ်နှံခဲ့သဖြင့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၉၇၇ ဦး ကျောင်းတက်ရောက်လျက်ရှိပြီး တည် ငြိမ်အေးချမ်းလျက်ရှိသည့် ဒေသမှ ကျောင်းသား/ကျောင်းသူများနည်းတူ စာပေပညာများကို စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ထပ်မံကျောင်းအပ်နှံသည့် ကျောင်း သား/ ကျောင်းသူများအား ပညာရေးဝန်ကြီး ဌာနမှ အခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ထောက်ပံ့ပစ္စည်းများကို တစ်ပါ တည်းပေးအပ်ကြပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ကျောက်မဲမြို့သို့ ပြန်လည်ဝင်ရောက်လာသည့် ဒေသခံပြည်သူများအား အိမ်ထောင်စုစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းတို့ကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

၎င်းအပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျောက်မဲမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် အများပြည်သူသွားလာနေထိုင်လျက်ရှိသည့် နေရာများတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီးဒေသခံ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မ တော်မှ ဆရာဝန်များ၊ သူနာပြုများ ပူးပေါင်း၍ ကျောက်မဲမြို့ လာဘမုနိတရုတ်ဘုံကျောင်း၌ ယာယီဆေးရုံဖွင့်လှစ်ကာ ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ အောင်တိုဘာ ၁၀ ရက်တွင် ပြင်ပလူနာ ၁၀၅ ဦးနှင့် ဆေးရုံတက်ရောက်ကုသရန်လိုအပ်သော လူနာ ၆ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

#centralnewsnaypyitaw

image

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်အထိ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုမှာ
ကျပ် ဘီလီယံ ၁၁၆၃ ဒသမ ၀၁၅ ရှိ

#သတင်းဟင်းလေးအိုးကြီး

imageimage