ဘင်္ဂလား‌ဒေ့ရှ်မှာ ငလျင်လှုပ်လို့ လူသုံးယောက်သေ

ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံ မြို့တော်ဒါကအပြင်မှာ အင်အားပြင်းငလျင်တခု ဒီကနေ့မှာ လှုပ်ခတ်ခဲ့ပြီး အနည်းဆုံး လူသုံးဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန် ဘူမိဌာနရဲ့ အဆိုအရ ဒါကာမှ ၃၃ ကီလိုမီတာခန့်အကွာရှိ နာဆင်းဒီမြို့အနီးမှာ နံနက် ၁၀ နာရီ ၃၈ မိနစ်မှာ ရစ်ချ်တာစကေး ၅ ဒဿမ ၅ အဆင့်နဲ့ လှုပ်ခတ်သွားတာလို့ ပြောပါတယ်။
အဆောက်အအုံတွေ တုန်ခါပြီး ယာယီအဆောက်အအုံအချို့ ပြိုကျသွားတာကို မြို့ခံတွေ မြင်တွေ့ခဲ့ရပြီး နေအိမ်တွေကနေ လူတွေထွက်ပြေးခဲ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ တချို့ကတော့ လမ်းပေါ်မှာ ငိုကြွေးနေပြီး တချို့ကတော့ အံ့အားသင့်နေကြတယ်လို့ ပြောပါတယ်။
ငလျင်လှုပ်ခတ်နေစဉ် ခြောက်ထပ်အဆောက်အအုံ ၀ရန်တာတွေ ပြိုကျသွားသောကြောင့် လူသုံးယောက် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုပြောပါတယ်။ ဒါကာခရိုင်တခုရှိ ရှစ်ထပ်အဆောက်အအုံမှ အုတ်နံရံတွေလည်း အောက်ဘက်ရှိ လူစည်ကားသောလမ်းပေါ်ကို ပြုတ်ကျခဲ့ကြောင်း မျက်မြင်သက်သေတယောက်က ပြောပါတယ်။
"အပျက်အစီးတွေ ပြိုကျသွားတဲ့အချိန်မှာ လူအများအပြားက အသားဆိုင်မှာ စုဝေးနေကြတယ်" လို့ အသက် ၅၀ အရွယ် ဆာကစ်ဟူစိန်က ပြောပါတယ်။ "ဒဏ်ရာရသူတွေကို သယ်ဆောင်လာတဲ့ ဗင်ကားတွေကို ကျွန်တော်မြင်ခဲ့တယ်" လို့ သူကဆိုပါတယ်။
အဆောက်အအုံတွေပေါ်ကနေ လူတွေဆင်းပြေးချိန်မှာ လှေကားတွေမှာ စုပြုံပိတ်မိနေခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဆောက်လုပ်ဆဲ အဆောက်အအုံတွေကနေ အုတ်တွေနဲ့ ကွန်ကရိတွေ ပြုတ်ကျမှုကြောင့် ဒဏ်ရာရရှိမှုတွေ ရှိတယ်လို့ မီးသတ်ဌာနက ပြောပါတယ်။
ဘင်္ဂလား‌ဒေ့ရှ် ယာယီအစိုးရအကြီးအကဲ မိုဟာမက်ယူနွတ်စ်ကတော့ ပျက်စီးဆုံးရှုံးမှုတွေကို အကဲဖြတ်ဖို့ တာဝန်ရှိသူတွေကို ညွှန်ကြားထားပါတယ်။ လူတိုင်းသတိရှိရှိနေထိုင်ကြဖို့နဲ့ သတင်းမှားတွေကို မယုံကြည်ကြဖို့ ပြည်သူတွေကို တိုက်တွန်းထားပါတယ်။

image

ဂျပန်ကိုသွားမယ့် လေယာဉ်ခရီးစဉ်တွေ လျှော့ချမယ်လို့ တရုတ်နိုင်ငံပိုင် Air China ကြေညာ

ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ်ရဲ့ မှတ်ချက်စကားကြောင့် တရုတ်နဲ့ ဂျပန်တို့အကြား တင်းမာမှုတွေ မြင့်တက်နေချိန် တရုတ်နိုင်ငံပိုင် အဓိကလေကြောင်းလိုင်းဟာ ဂျပန်ကို ပြေးဆွဲပျံသန်းမယ့် ခရီးစဉ်တွေကို ယခုလကုန်မှစပြီး လျှော့ချသွားမယ်လို့ ပြောပါတယ်။
နိုဝင်ဘာလ ၃၀ ရက်မှ လာမယ့်နှစ် မတ်လကုန်အထိ အိုဆာကာနဲ့ ရှန်ဟိုင်းအကြား ပျံသန်းမှုတွေကို လက်ရှိ ၂၁ ကြိမ်မှ ၁၆ ကြိမ်အထိ ခရီးစဉ်လျှော့ချမယ်လို့ အစိုးရပိုင် တရုတ်လေကြောင်းလိုင်း (Air China )က ကြေညာပါတယ်။
တိုကျိုနဲ့ ချုံချင်းအကြား ပျံသန်းမှုတွေကိုလည်း ဒီဇင်ဘာ ၁ ရက်မှ လာမယ့်နှစ် မတ်လကုန်အထိ လက်ရှိ ခုနစ်ကြိမ်ရှိနေရာမှ လေးကြိမ်အထိ လျှော့ချမယ်လို့ တရုတ်လေကြောင်းလိုင်းက ဆိုပါတယ်။
Air China က ခရီးစဉ်တွေ လျှော့ချမှုဟာ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အကြောင်းပြချက်တွေကြောင့် ဖြစ်ပေမယ့် တရုတ်အစိုးရက နိုင်ငံသားတွေ ဂျပန်ကို ခရီးသွားခြင်းမှ ရှောင်ကြဉ်ဖို့ အကြံပြုချက်ကြောင့် အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ဖွယ်ရှိနေပါတယ်။
တရုတ်လေကြောင်းလိုင်းတွေဟာ ဂျပန်ကို သွားရောက်ဖို့ ကြိုတင်မှာယူမှုနဲ့ ဖျက်သိမ်းမှုတွေကို အခမဲ့ ပြောင်းလဲပေးနေပါတယ်။ နိုဝင်ဘာ ၁၅ ရက်မှစပြီး ဖျက်သိမ်းမှု ငါးသိန်းလေးသောင်း ကျော် ရှိခဲ့တယ်လို့ အစိုးရပိုင် စီစီတီဗီသတင်းဌာနက ဆိုပါတယ်။
ထိုင်ဝမ်ကို တရုတ်နိုင်ငံက တိုက်ခိုက်မယ်ဆိုရင် ဒါဟာ ဂျပန်နိုင်ငံရဲ့ ရပ်တည်ရေးကို ခြိမ်းခြောက်မှုဖြစ်တာကြောင့် စစ်ရေးအရ ဝင်ပါနိုင်တယ်လို့ ဂျပန်ဝန်ကြီးချုပ် တာကာအိချိရဲ့ မှတ်ချက်ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး တင်းမာလာခဲ့ပါတယ်။
တရုတ်အာဏာပိုင်တွေဟာ ဂျပန်ကို ခရီးမသွားကြဖို့ နိုင်ငံသားတွေကို တိုက်တွန်းခဲ့ကြသလို ဂျပန် ပင်လယ်စာ တင်သွင်းမှုကိုလည်း ရပ်ဆိုင်းထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဂျပန်သံတမန်တယောက် ပေကျင်းသို့သွားရောက်ပြီး သံတမန်ရေးပြေလည်ဖို့ ဆွေးနွေးခဲ့ကြပေမယ့် မပြေလည်ခဲ့ပါဘူး။

image

ဒူဘိုင်းလေကြောင်းပြပွဲမှာ အိန္ဒိယတိုက်လေယာဉ်ပျက်ကျပြီး လေယာဉ်မှူးသေဆုံး

ဒူဘိုင်းမှာ ပြုလုပ်တဲ့ လေကြောင်းပြပွဲမှာ အိန္ဒိယတိုက်လေယာဉ်တစင်း သရုပ်ပြပျံသန်းစဉ် ပျက်ကျပြီးနောက် လေယာဉ်မှူး သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
လေယာဉ်ပျက်ကျမှုမှာ လေယာဉ်မှူးသေဆုံးခဲ့တာနဲ့ပတ်သက်ပြီး မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြောင်း အိန္ဒိယလေတပ်က ထုတ်ပြန်ချက်မှာဆိုပါတယ်။ မတော်တဆမှု အကြောင်းရင်းကို သိရှိနိုင်ဖို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းထားတယ်လို့ ပြောပါတယ်။
AP သတင်းဌာနရဲ့ အဆိုအရ Hindustan Aeronautics Ltds ရဲ့ Tejas ဂျက်လေယာဉ်ဟာ ဒေသစံတော်ချိန် နေ့လယ် ၂ နာရီမှာ ပျက်ကျခဲ့တာလို့ ဆိုပါတယ်။ Dubai Airshow 2025 မှာ ကုမ္ပဏီ ၁၅၀၀ ပါဝင်ခဲ့ပြီး တက်ရောက်သူနဲ့ ပြသသူ တသိန်းလေးသောင်းကျော် ပါဝင်ခဲ့တယ်လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ လေယာဉ်မှူးဟာ အသက် ၃၇ နှစ်အရွယ် Namansh Syal ဆိုသူ ဖြစ်တယ်လို့ အိန္ဒိယလေတပ်က ထုတ်ပြန်ပါတယ်။ လေယာဉ်ဟာ ပရိတ်သတ်အရှေ့မှာ ပျံသန်းနေစဉ် ဦးဆိုက်ကျသွားပြီးနောက် ပြေးလမ်းအနီးမှာ ပျက်ကျမီးလောင်ခဲ့တာဖြစ်ပါတယ်။
မီးသတ်နဲ့ အရေးပေါ်ဌာနက ဖြစ်စဉ်ကို အလျင်အမြန်တုံ့ပြန်ခဲ့ပေမယ့် ကံမကောင်းစွာပင် လေယာဉ်မှူးသေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အပျက်အစီးနဲ့ အခင်းဖြစ်ရာနေရာကို ရှင်းလင်းပြီးနောက် နှစ်နာရီမပြည့်ခင်မှာ လေကြောင်း ပြပွဲကို ပြန်လည်ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံပိုင် Hindustan Aeronautics Limited မှ တည်ဆောက်ခဲ့တဲ့ Tejas ဂျက်လေယာဉ်အမျိုးအစားဟာ အထူးသဖြင့် တရုတ်နဲ့ အိမ်နီးချင်းပါကစ္စတန်တို့က လေကြောင်းစွမ်းရည်တိုးမြှင့်နေချိန်မှာ အိန္ဒိယလေတပ်ကို ခေတ်မီအောင်ပြုလုပ်ဖို့ ကြိုးပမ်းမှုမှာ အဓိကလေယာဉ်အမျိုးအစားတခုလည်း ဖြစ်ပါတယ်။

image

ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်) ကွယ်လွန်

အမျိုးသားစာပေဆု၊ တစ်သက်တာစာပေဆု၊ တော်ဘုရားလေးစာပေဆု၊ အလင်္ကာကျော်စွာဆု ရ ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) အသက် (၉၁)နှစ် ဟာ ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ မနက်က Grand Mandalay ဆေးရုံမှာ ဆေးကုသမှုခံယူရင်း ၉၆ ပါးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
တံတားဦးမြို့ နီးပါးတန်းရပ်နေ (ဦးချွန်)(ဒေါ်မမကြီး)တို့သားကြီး၊ဆရာမဒေါ်ညွန့်ညွန့်၏ခင်ပွန်း၊ ကိုဝင်းခိုင်+မနွယ်နွယ်ဦး(မနီတာ)၊ကိုဌေးဇော်+မမေခိုင်ဦး၊ကိုကျော်ကျော်၊ကိုဗဟိန်းတင်+မဆွေဆွေထွေး၊မမိုးမိုးကြည်၊မလွင်လွင်တိုး၊ကိုသက်ဝင်း+မပိုးပိုးသဲထွေးတို့၏ဖခင်ကြီးမြေး(၆)ယောက်၊မြစ်(၃)ယောက်တို့၏ဖေဖေဘ ဦးကိုလေး(ကိုလေး အင်းဝဂုဏ်ရည်)သည် ၂၂.၁၁.၂၀၂၅ စနေနေ့မနက်တွင်(၉၆)ပါးသောရောဂါဖြင့်ဘဝတစ်ပါးသို့ပြောင်းရွေ့ကွယ်လွန်ခဲ့တဲ့အကြောင်း ဦးကိုလေး(အင်းဝဂုဏ်ရည်) သမီးဖြစ်သူ မနီတာက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ​ရေးသားထားပါတယ်။
မန္တ​လေး စာ​ပေအသိုင်းအဝိုင်းကလည်း တန်ဖိုးမဖြတ်နိုင်တဲ့ရတနာတပါးဆုံးရှူံးရတာဖြစ်​ကြောင်း ဆရာကြီး​ကောင်းရာဘုံ​ရောက်ရှိမယ် ယုံကြည်​ကြောင်း ​ရေးသားထားကြပါတယ်။
"ဆရာကြီး ကွယ်လွန်တာ မြန်မာစာလောကအတွက် ဆုံရှုံးမှုတစ်ခုပါ။မန္တလေးစာပေလောကအတွက် ဆုံးရှုံးမှုပါ။ဆရာ့ရဲ့ စာ၊ကဗျာနဲ့ပတ်သက်တဲ့ အသိအမြင်အတွေးအခေါ်တွေ မကြားရ၊မဖတ်ရတော့။ဝမ်းနည်းစိတ်မကောင်း ဖြစ်ရပါတယ်" လို့ ကဗျာဆရာ ​မောင်ရဲ​နွေ(ပလိပ်) က ​ပြောပါတယ်။
ဆရာ ဦးကို​လေးရဲ့ ကြွင်းကျန်တဲ့ရုပ်ကလာပ်ကို၂၃.၁၁.၂၀၂၅(တင်္နလာ)နေ့လည်(၁)နာရီ တံတားဦးသုဿန်မှာ မီးသင်္ဂြိုလ်သွားမှာဖြစ်ပါတယ်။
ကွယ်လွန်သူကိုရည်စူးပြီး၂၇.၁၁.၂၀၂၅ နေ့တံတားဦးနေအိမ်မှာ ရက်လည်ဆွမ်းကျွေးတရားတော်နာကြွရောက်ပါရန်လေးစားစွာဖိတ်ကြားအပ်ပါတယ်လို့ ကျန်ရစ်သူမိသားစုက ဖိတ်ကြားထားပါတယ်။
ဆရာဦးကို​လေးဟာ လမ်းသစ်ကဗျာများ စာအုပ်နဲ့ အမျိုးသားစာပေဆု(၁၉၆၅)၊ မွန်းတည့်အမီ ကဗျာစာအုပ်ဖြင့် တော်ဘုရားလေးကဗျာဆု(၂၀၁၂)အမျိုးသားစာပေ တစ်သက်တာဆု(၂၀၁၄) ရရှိခဲ့ပါတယ်။
ဆရာဦးကို​လေးရဲ့ အတ္ထုပ္ပတ္တိကို ဝိကီပီးဒီးယားမှာ ​အောက်ပါအတိုင်း ​ဖော်ပြထားပါတယ်။
ဆရာ ဦးကို​လေးကို အင်းဝမြို့ ဈေးချို ပန်းပဲတန်းရပ်တွင် အဖ ဦးချွန် နှင့် အမိ ဒေါ်မမကြီးတို့က ၁၉၃၆ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် မွေးဖွားခဲ့ကာ အမည်ရင်းမှာ ကိုလေး ဖြစ်သည်။မွေးချင်းသုံးယောက် အနက်မှ အကြီးဆုံးဖြစ်သည်။၁၉၄၂ - ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ် အတွင်း မန္တလေးမှ အင်းဝသို့ စစ်ရှောင်ပြေးလာ သော အမ်အေဒေါ်အုန်း၊ မန္တလေး အမျိုးသားကျောင်းဆရာများနှင့် ဖခင် ဦးချွန်တို့ တည်ထောင်သော အင်းဝ ဂုဏ်ရည်ကျောင်းတွင် ပညာသင်ယူခဲ့သည်။ ဆဋ္ဌမတန်းကစတင်ပြီး ကဗျာများရေးသားခဲ့သည်။၁၉၅၂ ခုနှစ်တွင် စစ်ကိုင်းမြို့ အထက် တန်းကျောင်း၌ ပညာဆက်လက်သင်ယူခဲ့ သည်။ ၁၉၅၃-၁၉၅၄ ပညာသင်နှစ်တွင် တံတားဦးမြို့၌ အထက်တန်းကျောင်း ဖွင့်သောအခါ ပြောင်းရွှေ့သင်ယူခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီး ၁၉၅၄ ခုနှစ်မှ ၁၉၅၉ ခုနှစ် အထိ မန္တလေးတက္ကသိုလ်တွင် Pure Science ဘာသာတွဲကို Inter Part B အထိ သင်ယူခဲ့သည်။
မန္တလေးတက္ကသိုလ်တွင် စစ်ကိုင်းတိုင်းအသင်း ဉာဏဗလမှူး၊ အဆောင်များ စာကြည့်တိုက်မှူး၊ မန်းတက္ကသိုလ် ကလောင်ရှင်အသင်းတို့၌ ပါဝင်လှုပ်ရှားခဲ့သည်။၁၉၆၀ ပြည့်နှစ်တွင် တံတားဦး မြို့ တောင်ဘီလူးကျောင်း၌ ဆရာအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၆၃-၁၉၆၅ ခုနှစ်တွင် ကံဘဲ့ဆရာအတတ်သင် သိပ္ပံ၌ အလယ် တန်းပြဆရာဖြစ်သင်တန်းသို့ တက်ရောက်ခဲ့သည်။
၁၉၆၅-၁၉၆၇ ခုနှစ်တွင် တံတားဦးမြို့ မြေငူရွာ အလယ်တန်း ကျောင်း၌ အမှုထမ်းခဲ့သည်။[၂] ၁၉၅၂ ခုနှစ်၊ ဩဂုတ်လထုတ် မန္တလေး မြန်မာ့လမ်းစဉ်သတင်းစာ၌ “ကျွန်ပ်တို့ ဌာန ရွှေအင်းဝ” ကဗျာ စတင်ပုံနှိပ်ဖော်ပြခြင်းခံရသည်။မန္တလေးတက္ကသိုလ် ကျောင်းသား ကဗျာဆရာများထဲ ထင်ရှားသည်။တင်မိုး၊ မောင်စွမ်းရည်၊ ကြည်အောင် တို့နှင့်အတူ ကဗျာ့တပ်မှူးကြီးလေးဦးအဖြစ် တင်စားခံရသည်။လမ်းသစ်ကဗျာများ စာအုပ်ဖြင့် ၁၉၆၅ ခုနှစ် အတွက် အမျိုးသားစာပေ (ကဗျာ) ပထမဆု ရခဲ့သည်။
သူသည် ၁၉၉ဝ ခုနှစ်တွင် ကဗျာရှင် ၅ ဦး စုစည်းမှုဖြင့် နဒီငါးသွယ် ကဗျာရှည်စာအုပ် အားလည်းကောင်း၊ မွန်းတည့်အမီ ကဗျာစာအုပ် အား ၂၀၁၂ ခုနှစ် ဧပြီလ တွင် လူထုကြီးပွားရေးစာအုပ်တိုက်မှ တဆင့်လည်းကောင်း အသီးသီး ထုတ်ဝေခဲ့သည်။

image

အမေရိကန်ရဲ့ ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ် ရွေးချယ်ရခက်ခဲနေတယ်လို့ ဇီလန်စကီးပြော

ရုရှားနဲ့ စစ်ပွဲကို ဘယ်လိုအဆုံးသတ်ရမယ်ဆိုတဲ့ အမေရိကန်ရဲ့ အစီအစဉ်ကြောင့် ရွေးချယ်ရခက်ခဲနေပြီး ယူကရိန်းအနေနဲ့ အမေရိကန်ရဲ့ ထောက်ခံမှု ဆုံးရှုံးနိုင်ခြေရှိတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။
အလွန်ခက်ခဲသော ရွေးချယ်မှုတခုနဲ့ ရင်ဆိုင်ရနိုင်ပြီး- ဂုဏ်သိက္ခာ ဆုံးရှုံးခြင်း သို့မဟုတ် အဓိက မိတ်ဖက်တဦးကို ဆုံးရှုံးနိုင်ခြေ ရှိကြောင်း ဇီလန်စကီးက ပြောပါတယ်။ "ယနေ့ဟာ ကျွန်ုပ်တို့ရဲ့ သမိုင်းမှာ အခက်ခဲဆုံး အချိန်တွေထဲမှ တခုဖြစ်တယ်" လို့ သူက ဆိုပါတယ်။
ကျယ်ကျယ်ပြန့်ပြန့် ပေါက်ကြားလာခဲ့တဲ့ အမေရိကန် ငြိမ်းချမ်းရေး အစီအစဉ်မှာတော့ ယူကရိန်း ယခင်က ပယ်ချခဲ့တဲ့ အဆိုပြုချက်တွေပါဝင်နေပြီး - နိုင်ငံ အရှေ့ပိုင်းဒေသတွေကို ရုရှားထံ ပေးအပ်ခြင်း၊ ယူကရိန်းစစ်တပ်အရွယ်အစားကို သိသိသာသာ လျှော့ချခြင်းနဲ့ နေတိုးအဖွဲ့မှာ မပါဝင်ဖို့ ကတိပြုခြင်းတို့ ပါဝင်နေပါတယ်။
ဒီအဆိုပြုချက်တွေဟာ ရုရှားဘက်ကို အလေးသာစေတယ်လို့ ရှုမြင်ရပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကတော့ အစီအစဉ်ဟာ ငြိမ်းချမ်းရေး အဖြေရှာဖို့အတွက် အခြေခံ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
အမေရိကန်ရဲ့ ငြိမ်းချမ်ရေးအစီအစဉ်ကို လက်ခံရရှိထားကြောင်းနဲ့ ဒါကို အသေးစိတ်မဆွေးနွေးရသေးဘူးလို့ ပူတင်က ပြောပါတယ်။ ရုရှားအနေနဲ့ အခြေအနေကို ပြောင်းလွယ်ပြင်လွယ် ဆန္ဒရှိပေမယ့် ဆက်လက်တိုက်ခိုက်ဖို့ကိုလည်း အသင့်ရှိတယ်လို့ ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလေ‌ည်း ဇီလန်စကီးအနေနဲ့ အစီအစဉ်ကို လက်ခံရမယ်လို့ ပြောကြားခဲ့ပြီး မဟုတ်ပါက ယူကရိန်းနဲ့ ရုရှားတို့ ဆက်လက်တိုက်ခိုက်နေကြလိမ့်မယ်လို့ ပြောပါတယ်။
ယူကရိန်းဟာ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တွန်းလှန်ဖို့ လေကြောင်းကာကွယ်ရေးစနစ်တွေ အပါအဝင် အမေရိကန်လုပ် အဆင့်မြင့်လက်နက်တွေ အလွန်မှီခိုနေတဲ့အပြင် အမေရိကန်ရဲ့ ထောက်လှမ်းရေး အချက်အလက်တွေကိုလည်း ရယူနေရပါတယ်။
အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်အတွက် အမေရိကန်အပြင် မိတ်ဖက်အားလုံးနဲ့ တည်ငြိမ်စွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ဆိုပါတယ်။ ယူကရိန်းရဲ့ မဟာမိတ်တွေအနေနဲ့ တရားမျှတပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ရရှိဖို့ ကတိကဝတ်ပြုထားဆဲဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ထုတ်ဖော်ပြောဆိုထားပါတယ်။

image

အမြန်လမ်းမှာ ရပ်ထားတဲ့ကုန်ကားကို အိမ်စီကား ဝင်တိုက်မိလို့ သုံးယောက်သေဆုံး

ရန်ကုန် - နေပြည်တော် အမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၈၀/၂ နဲ့ ၁၈၀/၃ ကြားမှာ ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ ၊ မနက်အစော ၅ နာရီကျော်လောက်က ယာဥ်တိုက်မှု ဖြစ်ပြီး လူသုံးယောက် သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ ရန်ကုန် - နေပြည်တော်ကားလမ်းဘက်မှာ ရပ်ထားတဲ့ ကုန်တင်ကား ခြောက်ဘီးကားကို လားရာတူဘက်မှ မောင်လာတဲ့ အိမ်စီးကား ( Surf) က နောက်ကနေ ဝင်တိုက်မိပြီး ကားပေါ်ပါသူ အမျိုးသား သုံး​ယောက်လုံး သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
" ကုန်ကားက ရပ်ထားပြီး တံခါးဖွင့်ပြီး အခြေအနေကြည့် စစ်ဆေးနေပုံလို့သိရတယ် ။အဲဒါကို Surf ကားက နောက်ကနေ ဝင်တိုက်တာပါ။ အရှိန်ကလည်း များလောက်မယ့် သဘောရှိတယ် ။ ကားက ရန်ကုန်ကနေ နေပြည်တော်ကို လာတဲ့ကားပါ ။ထိခိုက်ဒဏ်ရာရသူတော့ မရှိပါဘူး ။ " လို့ သာဂရအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူက ပြောပါတယ် ။
ယာဥ်တိုက်မှုအတွင်း သေဆုံးခဲ့တဲ့ အိမ်စီးကားပေါ်မှာ အမျိုးသား သုံး​ယောက်ရဲ့ ရုပ်အလောင်းတွေကိုတော့ ဆွာမြို့တိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးထားကြောင်း ၊ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့ ချိတ်ဆက်နိုင်ဖို့ သက်ဆိုင်ရာ ရဲတပ်ဖွဲက ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၀၁/၇)နဲ့ (၁၀၂/၀)ကြားမှာ ယာဥ်တိုက်မှုဖြစ်ပြီး
ကလေးတယောက်သေဆုံးကာ ငါးယောက်ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့သိရပါတယ်။
နိုဝင်ဘာ ၉ ရက်ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၆၅/၁) နဲ့ (၆၅/၂) ကြားမှာ ကုန်ကားတစီး တိမ်းမှောက်ပြီး အမျိုးသမီး တယောက်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးမှာ ယခုနှစ် ၂၀၂၅ ခုနှစ် ဇန်နဝါရီ မှ အောက်တိုဘာ ၃၁ ရက်အတွင်း ယာဉ်မတော်တဆမှု ၁၅၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ယာဉ်မတော်တဆ မှုတွေကြောင့် အမျိုးသားအယောက် ၃၀ နဲ့ အမျိုးသမီး ၁၇ ယောက် သေဆုံးခဲ့ရတယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးရဲ့ စာရင်းအရ သိရပါတယ်။
ထိခိုက်ဒဏ်ရာ ရရှိမှုအနေနဲ့ ၂၉၁ ယောက် ရှိခဲ့ပြီးယာဉ်တိုက်မှုတွေက မတ်လနဲ့ ဇွန် ၊ အောက်တိုဘာလတွေမှာ ဖြစ်ပွားမှု အများဆုံး ဖြစ်ခဲ့တယ်လို့သိရပါတယ်။

image

နိုင်ဂျီးရီးယားမှာ ကျောင်းသား ၂၀၀ ကျော်ကို လက်နက်ကိုင်အဖွဲ့ ပြန်ပေးဆွဲ

နိုင်ဂျီးရီးယားအလယ်ပိုင်းရှိ ကက်သလစ်ကျောင်းတကျောင်းမှ ကျောင်းသား ၂၀၀ ကျော်ကို သေနတ်သမားများက ပြန်ပေးဆွဲခဲ့ပြီး ယခုအပတ်အတွင်း ဒုတိယအကြိမ်မြောက် အစုလိုက်အပြုံလိုက် ကျောင်းပြန်ပေးဆွဲမှုဖြစ်ပါတယ်။
နောက်ဆုံးပြန်ပေးဆွဲမှုဟာ နိုင်ဂျာပြည်နယ်၊ ပါပီရီရှိ စိန့်မေရီကျောင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လုံခြုံရေးခြိမ်းခြောက်မှုတွေ မြင့်တက်လာတာကြောင့် ဘော်ဒါကျောင်းအားလုံးကို ယာယီပိတ်ဖို့ အာဏာပိုင်တွေက အမိန့်ပေးထားပြီးဖြစ်ပါတယ်။
မနက်အစောပိုင်းစီးနင်းမှုအတွင်း ကျောင်းသား ၂၁၅ ယောက်နဲ့ ဝန်ထမ်း ၁၂ ယောက်ကို လက်နက်ကိုင်တွေက ဖမ်းဆီးသွားခဲ့တယ်လို့ နိုင်ဂျီးရီးယားခရစ်ယာန်အသင်းက ပြောပါတယ်။
နိုင်ဂျာပြည်နယ်ရှိ အာဏာပိုင်တွေကတော့ လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုအန္တရာယ် မြင့်မားလာကြောင်း ထောက်လှမ်းရေး သတိပေးချက်တွေ ထွက်ပေါ်လာပြီးနောက် ဘော်ဒါဆောင်အားလုံးကို ပိတ်ဖို့ အမိန့်ကို ကျောင်းအာဏာပိုင်တွေက လျစ်လျူရှုခဲ့တယ်လို့ ပြောပါတယ်။
"ဝမ်းနည်းစရာကောင်းတာက စိန့်မေရီကျောင်းဟာ ပြည်နယ်အစိုးရဆီကနေ အကြောင်းကြားခြင်း ဒါမှမဟုတ် ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ ပြန်လည်ဖွင့်လှစ်ပြီး ပညာရေးဆိုင်ရာလှုပ်ရှားမှုတွေကို ပြန်လည်စတင်ခဲ့တာကြောင့် ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေဟာ အန္တရာယ်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်" လို့ ကြေညာချက်တစောင်မှာ ပြောကြားခဲ့ပါတယ်။
စိန့်မေရီကျောင်းကတော့ အဲဒီပြောဆိုချက်အပေါ် မှတ်ချက်မပေးခဲ့ပါဘူး။ နိုင်ဂျီးရီးယားမှာ မကြာသေးမီက ရက်များအတွင်း လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေ မကြာခဏဖြစ်ပွားနေပါတယ်။
တနင်္လာနေ့ကလည်း အိမ်နီးချင်း ကက်ဘီပြည်နယ်ရှိ ဘော်ဒါကျောင်းမှ ကျောင်းသူ ၂၀ ကျော်ကို ပြန်ပေးဆွဲခံခဲ့ရပါတယ်။ တောင်ပိုင်း ကွာရာပြည်နယ်ရှိ ဘုရားကျောင်းတကျောင်းကိုလည်း တိုက်ခိုက်ခဲ့ပြီး လူနှစ်ယောက် သေဆုံးကာ ၃၈ ယောက်ကို ပြန်ပေးဆွဲခဲ့ပါတယ်။
သမ္မတ ဘိုလာတီနူဘူဟာ အခုလို လုံခြုံရေးပြဿနာတွေကို ဖြေရှင်းဖို့ အတွက် ယခုသီတင်းပတ်ကုန်မှ တောင်အာဖရိကမှာ ကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးအပါအဝင် သူ့ရဲ့ နိုင်ငံရပ်ခြားခရီးစဉ်တွေကို ရွှေ့ဆိုင်းခဲ့ပါတယ်။

image
29 ပတ် - ဘာသာပြန်ပါ။

နောက်ခံလူ မခေါ်ယူပါက လီဗာပူးလ် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်နိုင်တယ်လို့ ကာရေဂါနဲ့ ရွိုင်ကင်း သုံးသပ်

လီဗာပူးလ်ကစားသမားဟောင်း ကာရေဂါနဲ့ မန်ယူကစားသမားဟောင်း ရွိုင်ကင်းတို့က လီဗာပူးလ်အသင်းအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ နောက်ခံလူတစ်ဦး မခေါ်ယူပါက ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ရနိုင်ကြောင်း သုံးသပ်ခဲ့ကြပါတယ်။
လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံအသင်းဖြစ်ပေမဲ့ ဒီရာသီ ပွဲစဉ် ၁၁ အပြီးမှာ အဆင့် ၈ နေရာ ရောက်ရှိနေပါတယ်။
ပြီးခဲ့တဲ့ရာသီက တစ်ရာသီလုံး ပရီးမီးယားလိဂ်ရှုံးပွဲ လေးပွဲသာ ရှိခဲ့ပေမဲ့ ဒီရာသီမှာတော့ ရှုံးပွဲငါးပွဲ ရှိသွားခဲ့ပြီဖြစ်သလို၊ ပေးဂိုးကလည်း ၁၇ ဂိုးရှိခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးမပေးရတဲ့ပွဲ သုံးပွဲသာရှိခဲ့ပြီး ခံစစ်ပိုင်းမှာ အားနည်းချက်များရှိနေခဲ့ပါတယ်။
ကာရေဂါနဲ့ ရွိုင်ကင်းတို့က လီဗာပူးလ်အသင်း အခုလို ခံစစ်ပိုင်းမှာ ပြ ဿနာပေါ်နေတာဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ခရစ္စတယ်ပဲလေ့စ်နောက်ခံလူ ဂူဟီကို မခေါ်ယူနိုင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်းလည်း သုံးသပ်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ အင်္ဂလန်နောက်ခံလူ ဂူဟီကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းက အစားထိုးဖို့ ကစားသမား မရရှိခဲ့တာကြောင့် ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
Stick to Football အစီအစဉ်မှာ ကာရေဂါက ''ဒါဟာ ဆိုးရွားတဲ့ အမှားပါပဲ။ လီဗာပူးလ်က စျေးကွက်မှာ စမတ်ကျကျ လှုပ်ရှားနိုင်ခဲ့ပေမဲ့ ဒီအတွက် သူတို့ ပေးဆပ်ရနိုင်ပါတယ်။ ဇန်နဝါရီမှာ နောက်ခံလူတစ်ယောက် မခေါ်ယူနိုင်ဘူးဆိုရင် ....''လို့ ပြောကြားခဲ့ပါတယ်။
ရွိုင်ကင်းကလည်း ''ဂူဟီကို နွေရာသီမှာ မခေါ်ယူနိုင်ခဲ့ခြင်းအတွက် သူတို့ နောင်တရပါလိမ့်မယ်။ သူတို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲသွားနိုင်ပါတယ်''လို့ ပြောကြားခဲ့ပါတယ်။

image
29 ပတ် - ဘာသာပြန်ပါ။

နေအိမ်မှာ မတော်တဆဖြစ်ပြီး ခြေချောင်းကျိုးခဲ့တဲ့ ပါလ်မာ ချယ်လ်ဆီးအသင်းရဲ့ ပွဲစဉ်(၃)ပွဲကို လွဲချော်မယ်

ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမား ပါလ်မာဟာ နေအိမ်မှာ မတော်တဆဖြစ်ပြီး ခြေချောင်းကျိုးခဲ့တာကြောင့် ချယ်လ်ဆီးအသင်းရဲ့ ပွဲစဉ်(၃)ပွဲကို လွဲချော်ရမယ်လို့ သိရပါတယ်။
ပါလ်မာဟာ တံခါးနဲ့ တိုက်မိတာကြောင့် ဘယ်ဘက်ခြေချောင်းလေးတစ်ချောင်း ကျိုးသွားခဲ့တာဖြစ်ပြီး ဒဏ်ရာက စိုးရိမ်စရာမရှိပေမဲ့ သုံးပတ်ကြာ အနားယူရမှာဖြစ်ကြောင်း သိရပါတယ်။
ကံမကောင်းစွာနဲ့ပဲ ပါလ်မာဟာ နေအိမ်မှာ မတော်တဆဖြစ်ပြီး ခြေချောင်းမှာ ဒဏ်ရာရခဲ့ပါတယ်။ အရေးမကြီးပေမဲ့ လာမယ့်သုံးပတ်မှာတော့ သူ ကစားနိုင်မှာမဟုတ်ပါဘူး လို့ နည်းပြ မာရက်စကာက ပြောကြားခဲ့ပါတယ်။
ပါလ်မာဟာ ဘန်လေ၊ ဘာစီလိုနာ၊ အာဆင်နယ်တို့နဲ့ ရင်ဆိုင်ရမယ့်ပွဲတွေကို လွဲချော်ရမှာဖြစ်တာကြောင့် ချယ်လ်ဆီးအသင်းအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့ပါတယ်။
ပါလ်မာဟာ ဒီရာသီမှာ ပေါင်ခြံဒဏ်ရာနဲ့လည်း ရင်ဆိုင်ခဲ့ရတာကြောင့် ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ (၄)ပွဲသာ ကစားထားနိုင်ကြောင်း သိရပါတယ်။

image
29 ပတ် - ဘာသာပြန်ပါ။

အက်စတွန်ဗီလာဂိုးသမား မာတီနက်ဇ်ကို ဇန်နဝါရီမှာ ခေါ်ယူဖို့ အင်တာမီလန် စိတ်ဝင်စားနေ

အင်တာမီလန်အသင်းဟာ အက်စတွန်ဗီလာအသင်းက အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်ကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။
အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီက မာတီနက်ဇ်ကို ရောင်းထုတ်ပြီး ရရှိတဲ့ငွေကြေးနဲ့ လူငယ်ကစားသမားတွေ အားဖြည့်ဖို့ စီစဉ်နေတာကြောင့် အင်တာမီလန်အသင်းက စောင့်ကြည့်နေကြောင်း သိရပါတယ်။
မာတီနက်ဇ်(၃၃ နှစ်)ဟာ ၂၀၂၀ မှာ အာဆင်နယ်ကနေ အက်စတွန်ဗီလာအသင်းကို ပြောင်းရွှေ့ခဲ့ပြီး အဲဒီအချိန်ကတည်းက လက်ရှိအချိန်အထိ အသင်းရဲ့ အမာခံကစားသမားအဖြစ် ရပ်တည်နေပေမဲ့ ပြီးခဲ့တဲ့နွေရာသီမှာ မန်ယူအသင်းဆီ ပြောင်းရွှေ့ဖို့ ကြိုးပမ်းခဲ့တာကြောင့် အူနိုင်းအမ်မရီက ရောင်းထုတ်ဖို့ လိုလားနေခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
ဒါ့အပြင် အူနိုင်းအမ်မရီက နိုဝင်ဘာလဆန်းမှာ သူ့ကို ဒုတိယအသင်းခေါင်းဆောင်အဖြစ်ကနေ ဖယ်ရှားခဲ့တာကြောင့် ဇန်နဝါရီမှာ ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားတော့မယ်လို့ သတင်းထွက်လာတာပါ။
အက်စတွန်ဗီလာအသင်းဟာ မန်စီးတီးကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတဲ့ အင်္ဂလန်ဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ်ကို မာတီနက်ဇ်နေရာ အစားထိုးဖို့ ပစ်မှတ်ထားနေကြောင်းလည်း သိရပါတယ်။

image