26 w - Translate

🎬 Moana 3 (2026)
👉 Auli‘i Cravalho, Dwayne Johnson, Rachel House
🎬 Directed by Ron Clements, Don Hall & John Musker | Written by Jared Bush, Ron Clements, John Musker
Set sail on a breathtaking adventure across the Pacific! Moana tells the inspiring story of a fearless young girl chosen by the Ocean itself to restore balance to her world. When a dark curse brought by the demigod Maui threatens her island, Moana defies her tribe’s traditions and sets out on a daring voyage to save her people.
Voiced by Auli‘i Cravalho, Moana is bold, compassionate, and determined — a true heroine who listens to her heart and the waves. Along the way, she teams up with the larger-than-life Maui (Dwayne Johnson), whose charm and ego are as big as his magical fish hook. Together, they face towering monsters, wild seas, and self-discovery in a visually stunning journey filled with humor, courage, and unforgettable songs.
With its dazzling animation, powerful message of identity and destiny, and music that stirs the soul, Moana is not just a story about finding one’s way — it’s a celebration of the spirit that guides us home.

image

အသည်းနှင့်ကျောက်ကပ်အတွက် ဆေးဖက်ဝင်အပင်၊ အဆစ်အမြစ်ကိုက်ခဲခြင်း၊ ခါးနာ၊ ခါးကိုက်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ ဆီးချိုရောဂါအတွက် သွေးတွင်းသကြားဓာတ်လျှော့ချခြင်း၊ အသည်းကိုကာကွယ်ခြင်း၊ အသည်းနှင့်ကျောက်ကပ်ကို အားဖြည့်ပေးခြင်း တို့အတွက်ဖြစ်သည်။ တောဆီးဖြူပင်သည် ဆီးလမ်းကြောင်းစနစ်အတွက်ပါ အကျိုးကျေးဇူးများစွာရှိပြီး ဆီးကျောက်တည်ခြင်း၊ ဆီးသွားခြင်း၊ ရောင်ရမ်းမှုနှင့် ကူးစက်ပိုးဝင်ခြင်းတို့ကို လျှော့ချပေးနိုင်သောကြောင့် တောဆီးဖြူပင်သည် အသည်းနှင့်ကျောက်ကပ်အတွက် အမှန်တကယ်ဆေးဖက်ဝင်အပင်ဖြစ်သည်ဟု ဆိုနိုင်သည်။ 💕✌
အသုံးပြုနည်း ❤💕
တောဆီးဖြူပင် ပင်စည်ကို ရေစင်အောင်ဆေးပြီး ပြုတ်၍သော်လည်းကောင်း၊ ရေနွေးကြမ်းကဲ့သို့ ဖျော်၍သောက်သုံးနိုင်ပါသည်။ ဆေးကျမ်းများအတိုင်း ချက်ပြုတ်မည်ဆိုပါက တောဆီးဖြူပင်၏ အစိတ်အပိုင်း (၅) မျိုးလုံး (အရွက်၊ အပွင့်၊ အသီး၊ ပင်စည်၊ အမြစ်) ကို လက်တစ်ဆုပ်စာ (အပင်ခြောက်ဆိုလျှင် တစ်ဝက်ခန့်) ရေ (၃) ဖန်ခွက်ဖြင့် ကျိုပြီး (၁) ဖန်ခွက်စာ ကျန်သည်အထိ ကြိုပါ။ တစ်ခါသောက်လျှင် ၁/၂ ဖန်ခွက်မှ ၁ ဖန်ခွက်အထိ သောက်ပါ။
တစ်နေ့လျှင် အကြိမ် (၃) ကြိမ်မှ (၄) ကြိမ်အထိ အစာမစားမီ အချိန်၌ သောက်သုံးနိုင်သည်။ ထို့အပြင် တောဆီးဖြူပင်၏ အာနိသင်ကို သိသူများက ခန္ဓာကိုယ်ကို အားဖြည့်ရန်၊ ကိုယ်လက်ကိုက်ခဲမှု၊ ခါးနာ၊ ခါးကိုက်ခြင်းတို့ကို သက်သာစေရန် ရေနွေးကြမ်းကဲ့သို့ ဖျော်၍ သောက်သုံးကြသည်။ #တောဆီးဖြူပင် #နူးညံ့မှု

image

သဲနဲ့ first date ကျရင်ကိုယ်ကသဲကို မလွှ၊တ်တမ်းဖက်ထားမှာ*
Reality :

image
26 w - Translate

ဆောင်းဝင်တော့မယ်
အချစ်ထက်ပိုပြီး
ဘယ်မီးဖိုက နွေးပါ့မလဲ
နာကျင်မှုကိုသာ လှုကြ။

#မုန့်ကျွဲသဲ
လုပ်ရတာ အလွန်လွယ်တယ်..
ထုံးရည်ကြည် မသုံးထားဘူး..
မွှေးပြောင်းကော်မှုန့်ကိုသုံးပြီး ပြုလုပ်ထားတာပါ ။
နိုင်ငံခြားနေသူများ.. corn starch ကိုသုံးနိုင်ပါတယ်။
ပါဝင်ပစ္စည်းများ
၁. မွှေးပြောင်းဖူးမူန့် ၂၅ ဂရမ် ( ထမင်းစားဇွန်း ၂ ဇွန်းခန့်)
၂. နွားနို့ ၂၅၀ မီလီလီတာ ( ၁ လီတာ ရေသန့်ဗူးရဲ့ ၄ ပုံ ၁ပုံ)
၃. ထန်းလျှက်ရည် ပျစ်ပျစ် ၅၀ မီလီလီတာ
၄. ဆားအနည်းငယ်
ပြုလုပ်နည်း
မုန့်ကျိုမည့် အိုးထဲမှာ ပါဝင်ပစ္စည်းတွေ အကုန်ရောထည့်မွှေပီး မီးအပူ အလယ်လတ် နဲ့ ကျိုပါ၊ အိုးကို မီးဘိုပေါင်္ တင်ကတည်း တောက်လျှောက်မွှေပေးနေပါ။ မီးမပျင်းရ။
၃ မိနစ် လောက်ဆို ပျစ်လာဘီ။ နောက်ထပ် ၃-၄ မိနစ်လောက် ထပ်မွှေပေးလိုက်ရင် ရဘီ။
အခဲခံမည့်ခွက်ကို ဆီသုတ်ထားပေးရတယ်။ အခဲခံမည့်ခွက်ထဲ လောင်းထည့်။ အအေးခံ ပါ၊ ခဲသွားရင် ကြိုက်တဲ့အရွယ် လှီးလို့ရဘီ၊ အုန်းသီးမနုမရင့်လေးဖြူးပီး စားပါ၊ ရေခဲသေတ္တာ မခဲတဲ့ အထပ် ထဲမှာ အအေးခံရင် မုန့်သား ပိုကောင်းပါတယ်။
မုန့်ကျွဲသဲ
You tube ကနေ ကြည့်ပြီးလုပ်ထားတာပါ
အတော်လေးအဆင်ပြေပါတယ်
လုပ်ရလွယ်ပြီး စားလို့လဲကောင်းပါတယ်
(ပြောင်းကော်မှုန့် 25g
နွားနို့ 250ml
ခပ်ပျစ်ပျစ်ကျိုထားတဲ့ထန်းလျှက်ရည် 50g
ဆားအနည်းငယ်တို့ကို အရင်ဖျော်ထားပြီးမှ
မီးအေးအေးနဲ့ အဆက်မပြတ်မွှေပြီး
ကျိုပေးရပါတယ် မုန့်သားညက်ပြီးပျစ်လာတဲ့ခါ
ဆီသုတ်ထားတဲ့ခွက်ထဲထည့်ပြီး အအေးခံပါ
လုံးဝအေးသွားမှ နှစ်သက်သလိုလှီးပါ)
Credit to owner See less

image

အပ်မှိုအစပ်ချက်နည်း
============

ခရမ်းချဉ်းသီး ၂လုံး ကြက်သွန်ဖြူတလုံးနဲ့ ငရုပ်သီးစိမ်းထောင်းထည့် ဆီသပ်ပီး မှိုထည့် ဆား ကြက်သားမှုန့် ငံပြာရည်အနည်းငယ်ထည့်ပီး ချက်တာပါ
မှိုက ကျက်လွယ်တော့ ခဏပဲချက်ရပါတယ်။

image
26 w - Translate

စီးပွားဖြစ်စိုက်ပျိုးတဲ့ သီးနှံတွေကို ဖျက်ပိုးရောဂါဒဏ်မှ ကာကွယ်ဖို့အတွက် ပိုးသတ်ဆေး၊ မှိုသတ်ဆေးတွေကို အသုံးမပြုချင်ဘဲ အသုံးပြုရပါတယ်။ မိုးခေါင်ခြင်း၊ ရေကြီးခြင်းစသော ရာသီဥတုပြောင်းလဲမှုများကြောင့် ဖျက်ပိုးပေါက်ဖွားမှုနှုန်း မြင့်မာလာတဲ့အတွက် ပိုးသတ်ဆေးတွေကို ပမာဏမြင့်ပြီး သုံးစွဲလာရပါတယ်။ ထိုအခါ နည်းစနစ်မမှန်ကန်ခြင်း၊ ပိုးနှင့် ရောဂါမှား၍ ဆေးဖြန်းခြင်း၊ ပိုမိုထိရောက်စေရန် ဆေးပမာဏကို တိုးမြှင့်သုံးခြင်း၊ ပိုးသတ်ဆေးတစ်မျိုးတည်းကို ထပ်ခါထပ်ခါအသုံးပြုသဖြင့် ဆေးယဉ်ပါးမှုကြောင့် ပိုးသတ်ဆေးများ ပိုမိုသုံးစွဲရခြင်း၊ ပိုးသတ်ဆေးဖျန်းပြီးနောက် သီးနှံမရိတ်သိမ်းခင် စောင့်ဆိုင်းရမည့်အချိန်ကာလကို မစောင့်ဆိုင်းဘဲ ခူးဆွတ်ပြီး ဈေးကွက်အလျင်မှီရန် တင်ပို့ရသဖြင့် နေ့စဉ်စားသုံးသော အသီးအနှံများတွင် ပိုးသတ်ဆေး၊ မှိုသတ်ဆေး စသည့် ဓာတုဓာတ်ကြွင်းများ ပါဝင်မှုများလာပြီ စားသုံးသူတို့၏ ကျန်းမာရေးအန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိပါတယ်။
ကျန်းမာအသက်ရှည်လိုလျှင် ဟင်းသီးဟင်းရွက်များ ပိုမိုစားသုံးပေးသင့်သည်ဆိုသော်လည်း ၎င်းဟင်းသီးဟင်းရွက်များတွင် ပါဝင်နေသော ဓာတ်ကြွင်းအန္တရာယ်ကို သတိပြုသင့်ပါတယ်။ Environmental Working Group(EWG)၏ လေ့လားစမ်းသပ်မှုများအရ အမေရိကန်နိုင်ငံမှာရောင်းချတဲ့ အော်ဂဲနစ်မဟုတ်တဲ့ ဟင်းသီးဟင်းရွက် ၇၀% မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဓာတုပိုးသတ်ဆေးတွေ ပါဝင်နေတာကို တွေ့ရပါတယ်။ ကျွန်မတို့မြန်မာနိုင်ငံတွင် တရားမဝင် စိုက်ပျိုးရေးသုံးဆေးပစ္စည်းများကို အလွယ်တကူ ဝယ်ယူအသုံးပြုနိုင်သောကြောင့် ပိုးသတ်ဆေးဓာတ်ကြွင်းအန္တရာယ်မှာများလှပါတယ်။
ကိုက်လန်၊ မုန်ညှင်း စသောဟင်းသီးဟင်းရွက်များသည် ကင်ဆာရောဂါဖြစ်ပွားစေနိုင်သော ပိုးသတ်ဆေးဓာတ်ကြွင်းများ ပါဝင်နေတာကို တွေ့ရှိရပါတယ်။ အခြားသောဟင်းသီးဟင်းရွက်များတွင် တွေ့ရသော neonicotinoid နှင့် pyrethroid ပိုးသတ်ဆေးများသည် အာရုံကြောစနစ်ကို အဆိပ်သင့်စေနိုင်ပါတယ်။ ငရုတ်ပွမှာတွေ့ရတဲ့ acephate၊ chlorpyrifos ပိုးသတ်ဆေးတွေက ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးရေးကို အန္တရာယ်ဖြစ်စေတဲ့အတွက် 2017 မှာ US,EU မှာ တားမြစ်ထားပါတယ်။ ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှုက သီးနှံအမျိုးအစားကိုလိုက်ပြီး ပြောင်းလဲနိုင်ပါတယ်။ ဒါကြောင့် စားသုံးသူများအနေဖြင့် ဘယ်သီးနှံတွေက ဓာတုဓာတ်ကြွင်း ပါဝင်မှုအများဆုံးလဲဆိုတာ နားလည်သိရှိရန် အရေးကြီးပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှု အများဆုံး အသီးအနှံ (၁၁) မျိုးကို ရေးသားဖော်ပြလိုက်ပါတယ်။
EWG ရဲ့ ၂၀၂၁ ခုနှစ် စစ်တမ်းအရ ဓာတုဓာတ်ကြွင်းအများဆုံး သီးနှံ (၁၁) မျိုးကတော့ ......
၁။ စတော်ဘယ်ရီ
၂။ ဟင်းနုနွယ်
၃။ ကိုက်လန်၊ မုန်ညင်း
၄။ ပန်းသီး
၅။ စပျစ်
၆၊၊ ချယ်ရီသီး (မြန်မာနိုင်ငံမှာ စားသုံးမှုနည်းပါးပါသည်။)
၇။ မက်မွန်သီး
၈။ သစ်တော်သီး
၉။ ငရုတ်ပွ
၁၀။ တရုတ်နံနံ
၁၁။ ခရမ်းချဉ်
ဒါကြောင့် သက်ရှည်ကျန်းမာဖို့ ဩဂဲနစ်သီးနှံတွေကို ရွေးချယ်စားသုံးဖို့လိုအပ်သော်လည်း ဩဂဲနစ်သီးနှံများမှာ ဈေးများခြင်း၊ ဩဂဲနစ်သီးနှံဈေးကွက် ကောင်းစွာမထွန်းကားခြင်းကြောင့် ဓာတုဆေးများကို အသုံးပြု၍ စိုက်ပျိုးထားသော အသီးအနှံများကို စားသုံးကြရာတွင် စနစ်တကျဆေးကြောခြင်း၊ အခွံခွာခြင်းပြုလုပ်ပြီးမှ စားသုံးသင့်ပါကြောင်း ရေးသားဖော်ပြလိုက်ပါတယ်ရှင့်။
Posted by အေးမြတ်သူ

image

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
---------------------------------------------
(၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်)
===========================================
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း“မွန်ထာ”(MONTHA)သည် အနောက်-အနောက် မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ကမ်းခြေကို ကာကီနာဒါမြို့တောင်ဘက်မှ ဖြတ်ကျော်လျက်ရှိပါသည်။ အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း“မွန်ထာ” သည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၆ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” အဖြစ်သို့လည်းကောင်း၊ နောက် ၁၂ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ ထူထပ်နေပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
========================================
မိုးလေ၀သအ‌ခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။
အမြင်တာ။ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်။
ရေပြင်လေ။ မြောက်(သို့) အနောက်မြောက်၊ တစ်နာရီပင်လယ်မိုင် ၅-၁၀ မိုင်၊ တစ်ခါတစ်ရံ မိုင် ၂၀ မှ ၂၅ မိုင်။
လှိုင်းအ‌ခြေအနေ။ လှိုင်းအသင့်အတင့်ရှိမည်။
လှိုင်းအမြင့်။ ၆ ပေမှ ၈ ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
==========================================
မိုးလေ၀သအ‌ခြေအနေ။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။
အမြင်တာ။ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်။
ရေပြင်လေ။ အရှေ့ (သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ ၂၅ မိုင်မှ မိုင် ၃၀။
လှိုင်းအ‌ခြေအနေ။ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။
လှိုင်းအမြင့်။ ၇ ပေမှ ၉ ပေခန့်။

26 w - Translate

Fic ထဲက Type မဟုတ်လို့ ပြန်မကြိုက်တာ သူတို့ပဲ

image

ကူညီတာများရင် ဝတ္တရားဖြစ်တတ်တယ်တဲ့။
ဒီစကားက အလကားမဟုတ်ဘူး။

တန်ဖိုးမထားတတ်တဲ့ လူတစ်ယောက်ကို
တစ်ခါ နှစ်ခါကူညီကြည့်၊ ကျေးဇူးတင်လိမ့်မယ်။

သုံးလေးခါထက်ပိုသွားရင်
ဝတ္တရားတစ်ခုလို ဖြစ်လာလိမ့်မယ်။

မကူညီနိုင်တဲ့အခါ
ရှေ့က ကူညီခဲ့တာတွေပါ လုံးဝ မေ့သွားလိမ့်မယ်။

လောကမှာ
ဘယ်သူကမှ ဘယ်သူ့ကိုလုပ်ပေးရမယ်လို
တာဝန်မရှိဘူးနော်။
ကူညီတယ်ဆိုတာ ဝတ္တရားမဟုတ်ဘူး။

ငွေကြေးကူညီခဲ့ဖူးတာ၊ လုပ်အားကူညီခဲ့ဖူးတာ
အချိန်အားဖြင့်၊ လူအားဖြင့်၊ စိတ်ခွန်အားစသဖြင့်
ကူညီခံခဲ့ရဖူးရင်
မမေ့တတ်ခြင်းက လူပီသခြင်းတစ်မျိုးပါပဲ။