30 ပတ် - ဘာသာပြန်ပါ။

ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခံရပြီး ရက်အနည်းငယ်အကြာတွင် ကလပ်သစ်နှင့် ဘောလုံးလောကသို့ ချက်ချင်းပြန်ဝင်လာဖို့ ရှိနေတဲ့ အမိုရမ်
==================

ရူဘင်အမိုရမ်ဟာ ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံရပြီး ရက်အနည်းငယ်အကြာတွင်ပင် ကလပ်သစ်ဖြင့် ဘောလုံးလောကသို့ ပြန်လည်ဝင်ရောက်လာဖို့ ရှိနေပြီ ဖြစ်ပါတယ်။
ရူဘင်အမိုရမ်ဟာ ပေါ်တူဂီထိပ်သီးကလပ် ဘင်ဖီကာနည်းပြရာထူးအတွက် ရေပန်းစားနေတာလည်း ဖြစ်ပါတယ်။ ဘင်ဖီကာနည်းပြဟိုဆေးမော်ရင်ဟိုဟာ ထိပ်ဆုံးမှ ပေါ်တိုနှင့် ရမှတ် ၁၀ မှတ်အထိ ကွာဟနေမှုနှင့်အတူ ဖိအားများနှင့် ကြုံနေရပါတယ်။
ဒါ့အပြင် ဘင်ဖီကာဟာ ချန်ပီယံလိဂ်တွင်လည်း အဆင့် ၂၅ နေရာတွင် ရပ်တည်နေပါတယ်။
Daily Mail သတင်းစာရဲ့ဖော်ပြလာမှုအရ မော်ရင်ဟိုရဲ့ ဘင်ဖီကာအနာဂတ်မှာ တဖြည်းဖြည်း ပိုမို မရေမရာ ဖြစ်လာနေပြီး အမိုရမ်နှင့် အစားထိုးခြင်းခံရဖို့ ရှိနေကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ဘင်ဖီကာဥက္ကဌရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဂျိုအာနိုရွန်ဟာလိုပက်စ်က အမိုရမ်အား ဘင်ဖီကာသို့ ခေါ်ဆောင်လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။
ဒါ့အပြင် လိုပက်စ်ဟာ အိုးထရက်ဖို့ဒ်သို့ လာရောက်ကာ ယူနိုက်တက်ရဲ့ ပွဲကိုပါ ကြည့်ခဲ့ပါသေးတယ်။
ဒါပေမယ့် သူဟာ ဥက္ကဌရွေးကောက်ပွဲတွင် ရူအီကော်စတာအား အရေးနိမ့်ခဲ့ပါတယ်။
အမိုရမ်ဟာ လိဒ်နှင့် တစ်ဂိုးစီသရေကျတဲ့ပွဲအပြီးတွင် ၎င်းမှာ နည်းပြမဟုတ်ဘဲ မန်နေဂျာဖြစ်ကြောင်း ပြောဆိုကာ လုပ်ပိုင်ခွင့်ပိုမိုတောင်းဆိုလာမှုနှင့်အတူ ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ယူနိုက်တက်ဟာ ယူ-၁၈ နည်းပြဒါရင်းဖလက်ချာကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားပါတယ်။ ဖလက်ချာဟာ ဘန်လေနှင့် ၂ ဂိုးစီသရေကျတဲ့ပွဲကို စတင်ကိုင်တွယ်ခဲ့ပြီး တနင်္ဂနွေနေ့ ဘရိုက်တန်နှင့် အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်ကိုလည်း ကြီးကြပ်လာပါဦးမယ်။
ယူနိုက်တက်ဟာ ရာသီအကုန်အထိ ယာယီနည်းပြခန့်အပ်ရန် လုပ်ဆောင်နေပြီး ဆိုးလ်ရှားနှင့် မိုက်ကယ်ကာရစ်တို့က ထိပ်ဆုံးမှ ရေပန်းစားနေပါတယ်။

image
30 ပတ် - ဘာသာပြန်ပါ။

လိဒ်နှင့်ပွဲတွင် ဆိုးရွားတဲ့ ဒဏ်ရာရရှိပြီးနောက် ချက်ချင်းဆေးရုံပို့ခဲ့ရတဲ့ ဖေဘီယန်ရှား
===================

နယူးကာဆယ်နောက်ခံလူဖေဘီယန်ရှားဟာ မနေ့ညတုန်းက လိဒ်အား ၄-၃ ဂိုးဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် ဆိုးရွားတဲ့ ဒဏ်ရာရရှိကာ လူနာတင်ထမ်းစင်ဖြင့် ကွင်းအပြင်သို့ ထွက်ခွာခဲ့ရပြီးနောက် ဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့ရပါတယ်။
အသက် ၃၄ နှစ်ရှိ ဝါရင့်နောက်ခံလူဟာ ပွဲချိန် ၇၀ မိနစ်တွင် ဒီမီနစ်ကယ်ဗတ်လီဝင်းနှင့် မတော်တဆချိတ်မိပြီး ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။
နယူးကာဆယ်ဆေးအဖွဲ့ဟာ ကွင်းအတွင်းသို့ ချက်ချင်းဝင်ရောက်လာပြီး ဖေဘီယန်ရှားကို ၅ မိနစ်ခန့် ကုသပြီးနောက် လူနာတင်ထမ်းစင်ဖြင့် ကွင်းပြင်သို့ ထုတ်ခဲ့ပါတယ်။
အက်ဒီဟောင်းဟာ ရှားကို ဂျာကော့ရမ်ဆေးနှင့် လူစားလဲလှယ်ခဲ့သလို နစ်ဝယ်တီမိတ်နေရာတွင်လည်း ယိုအာနီဝစ်ဆာနှင့် လူစားလဲခဲ့ပါတယ်။
ပွဲအပြီးတွင် အက်ဒီဟောင်းက "ဖာရဲ့ အခြေအနေမကောင်းဘူး။ သူ ဆေးရုံမှာပါ။ ခြေကျင်းဝတ်ပြဿနာရှိနေတာ။ အခြေအနေမကောင်းပါဘူး။ မပြင်းထန်ဖို့ မျှော်လင့်တယ်။ ကျွန်တော်တို့ရဲ့ ချစ်ခြင်းတွေ သူ့ဆီ ပို့ထားပါတယ်။ သူက အရေးပါတဲ့ ကစားသမားပါ"လို့ ပြောကြားသွားပါတယ်။
နယူးကာဆယ်ဟာ အီမေးလ်ခရက်ဖ်၊ ဒန်ဘန်းနှင့် ဂျာမယ်လက်စ်ဆယ်လက်စ်တို့အား ဆုံးရှုံးထားရချိန်တွင် ဖေဘီယန်ရှားကိုလည်း ထပ်မံ ဆုံးရှုံးလာတာပါ။
နယူးကာဆယ်ဟာ ဖေဘီယန်ရှား ဒဏ်ရာရရှိလာမှုနှင့်အတူ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် နောက်ခံလူရှာဖွေလာရဖို့ ရှိနေပါတယ်။

image
30 ပတ် - ဘာသာပြန်ပါ။

မတော်ရာကို ကန်ချက် ထိမှန်ပြီးနောက် ချက်ချင်းလူစားလဲခဲ့ရတဲ့ ချဲလ်ဆီးစတားအင်ဒရေဆန်းတို့စ်
=====================

ချဲလ်ဆီးစတားအင်ဒရေဆန်းတို့စ်ဟာ ဖူလ်ဟမ်နှင့် ဒါဘီပွဲစဉ်တွင် မတော်ရာကို ကန်ချက် ထိမှန်ပြီးနောက် ချက်ချင်း လူစားလဲလှယ်မှု ပြုလုပ်ခဲ့ရပါတယ်။
သူဟာ မတော်ရာကို ဘောလုံးထိမှန်ပြီးနောက် မိနစ်အနည်းငယ်အကြာတွင်ပင် လူစားလဲလှယ်ခဲ့ရတာလည်း ဖြစ်ပါတယ်။
ဟယ်ရီဝီလ်ဆင်ရဲ့ ဖရီးကစ်က ရာအူးလ်ဂျေမီနက်ဇ်ထံသို့ ရောက်သွားပြီး ကန်လာချိန်တွင် ဆန်းတို့စ်ရဲ့ မတော်ရာကို ထိမှန်သွားခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ ရတနာရွှေဥကို ဖမ်းအုပ်ကို ကွင်းမြက်ခင်းတွင် လဲကျသွားခဲ့ပါတယ်။
ယင်းနောက် ချက်ချင်းဆိုသလိုပဲ ချဲလ်ဆီးယာယီနည်းပြကာလမ်မက်ဖာလိန်းက ဆန်းတို့စ်အား လူစားလဲလှယ်လာပါတယ်။
မနေ့ညကပွဲတွင် ချဲလ်ဆီးဟာ ပွဲချိန် ၂၂ မိနစ်တွင် ကူကူရယ်လာ အနီကတ်ပြထုတ်ပယ်ခြင်းခံရလို့ တစ်ယောက်အလျှော့ဖြင့် ကစားသွားခဲ့ရပြီး ဖူလ်ဟမ်ကို ၂-၁ ဖြင့် အရေးနိမ့်သွားခဲ့ပါတယ်။
ကူကူရယ်လာရဲ့ အနီကတ်က ယခုရာသီ ချဲလ်ဆီးရဲ့ ပရီးမီးယားလိဂ်တွင် ၅ ကြိမ်မြောက် အနီကတ်လည်း ဖြစ်ပါတယ်။
အင်ဒရေဆန်းတို့စ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက စထရာဘော့သို့ အငှားဖြင့် သွားရောက်ကစားစဉ် ချဲလ်ဆီးနည်းပြသစ်လီယမ်ရိုစီနီယာရဲ့လက်အောက်တွင် ကစားခဲ့သူ ဖြစ်ပြီး ၄၃ ပွဲကစားခဲ့ရာမှာ ၁၁ ဂိုးသွင်းယူခဲ့သူ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ဆန်းတို့စ်ဟာ နည်းပြလီယမ်ရိုစီနီယာလက်အောက်တွင် ချဲလ်ဆီးရဲ့အရေးပါတဲ့ ကစားသမားဖြစ်လာမယ်သူအဖြစ် သတ်မှတ်ခံထားရပါတယ်။

image
30 ပတ် - ဘာသာပြန်ပါ။

ကင်ဆာရောဂါဝေဒနာခံစားနေရတဲ့ အင်္ဂလန်နှင့် နယူးကာဆယ်နည်းပြဟောင်းကီဗင်ကီးဂန်း
=====================

အင်္ဂလန်နှင့် နယူးကာဆယ်နည်းပြဟောင်းကီဗင်ကီးဂန်းဟာ ကင်ဆာရောဂါဝေဒနာခံစားနေရပါတယ်။
အသက် ၇၄ နှစ်ရှိ ကီးဂန်းဟာ ကစားသမားဘဝတုန်းက လီဗာပူး၊ ဟမ်းဘတ်၊ ဆောက်သမ်တန်၊ နယူးကာဆယ်တို့တွင် ကစားခဲ့ကာ ဥရောပတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအား ၂ ကြိမ်တိုင်တိုင် ဆွတ်ခူးခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ နည်းပြဘဝတွင်လည်း နယူးကာဆယ်၊ ဖူလ်ဟမ်၊ မန်စီးတီးတို့အပြင် အင်္ဂလန်အသင်းကိုလည်း ကိုင်တွယ်ခဲ့သူ ဖြစ်ပါတယ်။
ကီဗင်ကီးဂန်းဟာ ကင်ဆာရောဂါဝေဒနာခံစားရပြီးနောက် ဆေးရုံတက်ရောက် ကုသမှုခံယူနေပြီး နောက်ထပ် ဆေးကုသမှုများ ဆက်လက်ခံယူရဦးမှာလည်း ဖြစ်ပါတယ်။
မနေ့ညတုန်းက လိဒ်ကို အချိန်ပို ၁၀၂ မိနစ် အနိုင်ဂိုးဖြင့် အနိုင်ရတဲ့ပွဲအပြီးတွင် နယူးကာဆယ်နည်းပြအက်ဒီဟောင်းက "အဲဒီလိုအသင်းမျိုး(ကီးဂန်းရဲ့အသင်းမျိုး) တည်ဆောက်ချင်တယ်။ လူတိုင်းကို ဒီကို လာချင်စိတ်ပြင်းပြပြီး အသင်းကို ကြည့်ချင်စိတ်ဖြစ်စေတယ်။ နောက်ဆုံးအချိန်အထိ ဘာဖြစ်လာမယ်ဆိုတာအသိတဲ့ အသင်းမျိုးတည်ဆောက်ချင်တယ်။ ကျွန်တော်တို့လည်း ဒီအတိုင်းပဲ ဖြစ်စေချင်တယ်။ ကီဗင်ကီးဂန်းအသင်းကလည်း အဲဒီလို အသင်းမျိုးပါ"လို့ ပြောကြားသွားပါတယ်။
လက်ရှိအချိန်တွင် အက်ဖ်အေ၊ ပရီးမီးယားလိဂ်အပါအဝင် ကလပ်အမြောက်အမြားတို့က ကီဗင်ကီးဂန်းအား အားပေးတဲ့ စာများ ထုတ်ပြန်ကြေညာထားကြပါတယ်။
ကီးဂန်းဟာ ၁၉၆၈ ခုနှစ် အသက် ၁၇ နှစ်အရွယ်တွင် စကန်သိုပီတွင် ကစားသမားဘဝ စတင်ပြီးနောက် သုံးနှစ်အကြာတွင် လီဗာပူးဂန္ထဝင်နည်းပြဘေးလ်ရှန်ကလေရဲ့ ခေါ်ယူခြင်းခံခဲ့ရပါတယ်။
သူဟာ လီဗာပူးအား ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်အပြင် ၁၉၇၇ ခုနှစ် ကလပ်သမိုင်းတွင် ပထမဆုံးဥရောပဖလား ဆွတ်ခူးနိုင်အောင် ကူညီခဲ့သလို အက်ဖ်အေဖလား ၁ ကြိမ်နှင့် ယူအီးအက်ဖ်အေဖလား ၂ ကြိမ်လည်း ရရှိခဲ့ပါတယ်။
သူဟာ လီဗာပူးအတွက် ၃၂၃ ပွဲကစားခဲ့ရာမှာ ဂိုး ၁၀၀ သွင်းခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် ဟမ်းဘတ်သို့ ပြောင်းခဲ့ပါတယ်။
သူဟာ ၁၉၇၇-၇၈ ရာသီတွင် ဟမ်းဘတ်အား ဘွန်ဒက်စ်လီဂါဖလား ရရှိအောင် ၁၇ ဂိုးသွင်းကာ ကူညီခဲ့ပြီးနောက် ၁၉၇၇-၇၈ ရာသီနှင့် ၁၉၇၈-၇၉ ရာသီတို့တွင် ဥရောပတစ်နှစ်တာအကောင်းဆုံးကစားသမားဆုများကို ဆွတ်ခူးခဲ့ပါတယ်။
သူဟာ ၁၉၈၀ ခုနှစ်တွင် ဆောက်သမ်တန်သို့ ပြန်ပြောင်းလာပြီးနောက် ၁၉၈၁-၈၂ ရာသီတွင် PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအား ဆွတ်ခူးခဲ့ပါတယ်။
သူဟာ ၁၉၈၂ ခုနှစ်တွင် နယူးကာဆယ်သို့ ပြောင်းပြီးနောက် ၂ ရာသီကစားပြီးချိန်တွင် ကစားသမားဘဝမှ အနားယူခဲ့ပါတယ်။
သူဟာ အင်္ဂလန်အသင်းအတွက် ၆၃ ပွဲကစားခဲ့ရာတွင် ၂၁ ဂိုးသွင်းခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ် ၃၁ ပွဲ ကစားခဲ့ပါတယ်။
သူဟာ ၁၉၉၂ ခုနှစ်တွင် နယူးကာဆယ်ဖြစ်လာပြီးနောက် ဒုတိယချန်ပီယံအဖြစ် ပရီးမီးယားလိဂ်သို့ တန်းတက်နိုင်အောင် ဦးဆောင်ခဲ့ပါတယ်။
တိုက်စစ်အသားပေးကစားဟန်ဖြင့် နာမည်ကြီးတဲ့ ကီဗင်ကီးဂန်းဟာ ၁၉၉၇ ခုနှစ်တွင် နယူးကာဆယ်နည်းပြရာထူးမှ ထွက်ခွာပြီး ဖူလ်ဟမ်ကို တစ်နှစ်ကြာ ကိုင်တွယ်ခဲ့ပါတယ်။
သူဟာ ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလတွင် အင်္ဂလန်နည်းပြဖြစ်လာကာ ၂၀၀၀ ခုနစ် အောက်တိုဘာလတွင် ဂျာမနီအား ၁-၀ ဂိုးဖြင့် ၂၀၀၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ရှုံးနိမ့်ပြီးနောက် ထွက်ခွာခဲ့ပါတယ်။
သူဟာ ကလပ်နည်းပြလောကသို့ ပြန်လာပြီး မန်စီးတီးအား ၄ ရာသီကိုင်တွယ်ခဲ့သလို ၂၀၀၈ ခုနှစ်တွင် နယူးကာဆယ်အား ၈ လကိုင်တွယ်ခဲ့ပါတယ်။

image
30 ပတ် - ဘာသာပြန်ပါ။

ဘရိုက်တန်အသင်းနဲ့ အက်ဖ်အေဖလားပွဲကို ဖလက်ချာ ဆက်လက်တာဝန်ယူမယ်

လာမယ့်တနင်္ဂနွေနေ့မှာကစားမယ့် ဘရိုက်တန်အသင်းနဲ့ အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်ကို မန်ယူအသင်းနည်းပြအဖြစ် ဒါရင်းဖလက်ချာ ဆက်လက်တာဝန်ယူမယ်လို့ သိရပါတယ်။
အာမိုရင်မ်ကို ရာထူးက ထုတ်ပယ်ပြီးနောက် မန်ယူအသင်းက လက်ရှိရာသီကုန်ဆုံးချိန်အထိ ယာယီနည်းပြနဲ့ စခန်းသွားဖို့ စီစဉ်ထားပါတယ်။
ပြီးခဲ့တဲ့ဘန်လေအသင်းနဲ့ပရီးမီးယားလိဂ်ပွဲမှာ ဒါရင်းဖလက်ချာက မန်ယူအသင်းနည်းပြအဖြစ် ပထမဆုံးတာဝန်ယူခဲ့ပြီး အဲဒီပွဲက နှစ်ဂိုးစီသရေကျခဲ့ပါတယ်။
ဒါရင်းဖလက်ချာက သူ့ကို မန်ယူအသင်းအမှုဆောင်ချုပ် အိုမာဘာရာဒါနဲ့ ဘောလုံးဒါရိုက်တာ ဂျေဆင်ဝီလ်ကော့ဇ်တို့က ဘရိုက်တန်အသင်းနဲ့ပွဲမှာနည်းပြအဖြစ် ဆက်လက်ဆောင်ရွက်ဖို့ တာဝန်ပေးခဲ့တာလို့ ပြောခဲ့ပါတယ်။

image
30 ပတ် - ဘာသာပြန်ပါ။

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် တစ်ရာသီအတွင်းသွင်းဂိုးအများဆုံး ဘရာဇီးလ်ကစားသမားအဖြစ် အစ်ဂေါသီယာဂို စံချိန်တင်

ဘရန့်ဖို့အသင်းတိုက်စစ်မှူး အစ်ဂေါသီယာဂိုက လက်ရှိရာသီပရီးမီးယားလိဂ်မှာ သွင်းဂိုး (၁၆)ဂိုးအထိ ပိုင်ဆိုင်ထားပြီး သမိုင်းတစ်လျှောက် တစ်ရာသီအတွင်းသွင်းဂိုးအများဆုံး ဘရာဇီးလ်ကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။
အစ်ဂေါသီယာဂိုဟာ ၂၀၁၇-၁၈ ရာသီက ဖေမီနို၊ ၂၀၂၂-၂၃ ရာသီက မာတင်နယ်လီ၊
၂၀၂၄-၂၅ ရာသီက ကန်ညာတို့ရဲ့ တစ်ရာသီအတွင်းပရီးမီးယားလိဂ်သွင်းဂိုးအရေအတွက်ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်မှာ တစ်ရာသီအတွင်းဂိုးအများဆုံးသွင်းယူနိုင်တဲ့
ဘရာဇီးလ်ကစားသမားအဖြစ် စံချိန်တင်ခဲ့တာပါ။
လက်ရှိရာသီပရီးမီးယားလိဂ်ပွဲစဉ် (၂၁)ပြီးဆုံးချိန်မှာ ဘရန့်ဖို့ဒ်အသင်းက
ရမှတ် (၃၃)မှတ်အထိရရှိထားပြီး ၂၀၂၂-၂၃ ရာသီက ပရီးမီးယားလိဂ်ရလဒ်အကောင်းဆုံးမှတ်တမ်းနဲ့ တူညီခဲ့ပါတယ်။
ဘရန့်ဖို့ဒ်အသင်းက လက်ရှိရာသီပရီးမီးယားလိဂ်မှာ အဆင့် (၅)နေရာအထိ
ရောက်လာပြီး ဥရောပပြိုင်ပွဲဝင်ခွင့်မျှော်လင့်ချက် ရှိလာပါတယ်။

image
30 ပတ် - ဘာသာပြန်ပါ။

အာဆင်နယ်အသင်းအမှတ်တံဆိပ်ပါ ခွက်ကိုင်ခဲ့လို့ စပါးနည်းပြ ပြစ်တင်ခံရ

စပါးအသင်းနည်းပြ သောမတ်စ်ဖရန့်ခ်က ဘုန်းမောက်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ မဟာပြိုင်ဘက် အာဆင်နယ်အသင်းအမှတ်တံဆိပ်ပါ ခွက်ကိုအသုံးပြုပြီး
ကော်ဖီသောက်ခဲ့လို့ ပြစ်တင်ခံနေရပါတယ်။
ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့စပါးအသင်းဟာ လက်ရှိရာသီမှာ
အခြေအနေဆိုးနေပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် (၁၄)နေရာရောက်ရှိနေပါတယ်။
စပါးအသင်းက ပရီးမီးယားလိဂ်နောက်ဆုံး (၅)ပွဲမှာ (၁)ပွဲသာအနိုင်ရပြီး ဖိအားတွေရှိနေချိန်မှာ သောမတ်စ်ဖရန့်ခ်က စပါးအသင်းပရိသတ်တွေ အမုန်းကြီးမုန်းတဲ့ အာဆင်နယ်အသင်းအမှတ်တံဆိပ်ပါ ခွက်ကို အသုံးပြုခဲ့လို့ ပိုပြီးဒေါသထွက်စရာဖြစ်ခဲ့ရပါတယ်။
သောမတ်စ်ဖရန့်ခ်ကတော့ ကော်ဖီခွက်မှာ အာဆင်နယ်အသင်းအမှတ်တံဆိပ်ပါတာ လုံးဝမသိခဲ့ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
စပါးအသင်းပရိသတ်တွေကတော့ သောမတ်စ်ဖရန့်ခ်ကို ရာထူးကနေ ထုတ်ပယ်ဖို့တောင်းဆိုနေကြပါတယ်။

image
30 ပတ် - ဘာသာပြန်ပါ။

ဒဏ်ရာရနေတဲ့ ဘရက်ဒလေကို ကွင်းပြင်တွန်းပို့ခဲ့တဲ့အတွက် မာတင်နယ်လီ ဝေဖန်ပြစ်တင်ခံခဲ့ရ

အာဆင်နယ်အသင်းရဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား မာတင်နယ်လီဟာ လီဗာပူးလ်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ ဒဏ်ရာရနေတဲ့ ပြိုင်ဘက်ကစားသမား ဘရက်ဒလေကို ကွင်းပြင်တွန်းပို့ခဲ့တဲ့အတွက် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ဘရက်ဒလေက ဒူးဒဏ်ရာရရှိခဲ့တာကြောင့် ကွင်းဘေးစည်းနား လှဲချခဲ့ချိန်မှာ မာတင်နယ်လီက ပွဲအမြန်ပြန်စနိုင်ဖို့အတွက် ကွင်းဘေးကို တွန်းထုတ်ခဲ့ခြင်းဖြစ်ပါတယ်။
ဒါကြောင့် လီဗာပူးလ်ကစားသမားတွေရဲ့ တွန်းထိုးကန့်ကွက်မှုနဲ့ ရင်ဆိုင်ခဲ့ရသလို၊ ဘောလုံးသုံးသပ်သူအများစုကလည်း ပွဲအပြီးမှာ မာတင်နယ်လီရဲ့ အပြုအမူကို ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
အာဆင်နယ်နည်းပြ အာတေတာနဲ့ လီဗာပူးလ်နည်းပြ အာနယ်ဆလော့တို့ကတော့ မာတင်နယ်လီဟာ ဘရက်ဒလေ တကယ်ဒဏ်ရာမရဘဲ အချိန်ဆွဲတယ်လို့ ယူဆတာကြောင့်သာ အခုလို ပြုမူခဲ့ခြင်းဖြစ်နိုင်တယ်လို့ သုံးသပ်ပြောကြားခဲ့ကြပါတယ်။
လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဆိုဘိုဆလိုင်းကတော့ ''ခင်ဗျားတို့ အနိုင်ရချင်တယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်တို့လည်း အနိုင်ရချင်တာပါပဲ။ ဒါပေမဲ့ ကစားသမားတစ်ယောက်ရဲ့ ကျန်းမာရေးက ကျန်တာတွေထက် ပိုအရေးကြီးတယ်လို့ ထင်ပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။
မာတင်နယ်လီက သူ့ရဲ့အပြုအမူအတွက် ဘရက်ဒလေဆီကို မက်ဆေ့ချ်ပေးပို့ပြီး တောင်းပန်ခဲ့တယ်လို့ Instagram ကတစ်ဆင့် ပရိသတ်တွေကို အသိပေးခဲ့ကြောင်း သိရပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဇန်နဝါရီ ၉ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၄၆၄ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆၀၀၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉၄၂၀၀၀၀ ကျပ်
ဝယ်ဈေး ၉၃၈၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉၀၂၀၀၀၀ ကျပ်
ဝယ်ဈေး ၈၉၈၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉၃၀၀၀၀၀ ကျပ်
ဝယ်ဈေး ၉၂၆၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၉၀၀၀၀၀ ကျပ်
ဝယ်ဈေး ၈၈၆၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၄ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၀၀၅ ကျပ်
ဝယ်ဈေး - ၃၉၀၅ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၁၅ ကျပ်
ဝယ်ဈေး - ၃၀၃၅ ကျပ်
-ယူရို
ရောင်းဈေး - ၄၆၆၅ ကျပ်
ဝယ်ဈေး - ၄၅၅၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၇.၃၉ ကျပ်
ဝယ်ဈေး - ၁၂၄.၂၂ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၈၅ ကျပ်
ဝယ်ဈေး - ၉၆၁ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၇၄ ကျပ်
ဝယ်ဈေး - ၅၆၀ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၄၈ ကျပ်
ဝယ်ဈေး - ၂၄.၈၄ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၄.၅၇ ကျပ်
ဝယ်ဈေး - ၄၃.၄၆ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၅ ကျပ်
ဝယ်ဈေး - ၂.၆၉ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၃၈၀ ကျပ်
ဝယ်ဈေး - ၅၂၄၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၈၃ ကျပ်
ဝယ်ဈေး - ၂၆၁၆ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၈၈၉ ကျပ်
ဝယ်ဈေး - ၂၈၁၇ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၁၄ ကျပ်
ဝယ်ဈေး - ၅၀၁ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၀၉၁ ကျပ်
ဝယ်ဈေး - ၁၀၆၄ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image
30 ပတ် - ဘာသာပြန်ပါ။

စပိန်စူပါဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်တို့ (၄)နှစ်ဆက်တိုက် ဆုံတွေ့

၂၀၂၆ စပိန်စူပါဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ဒုတိယပွဲစဉ်ကို မနေ့က ယှဉ်ပြိုင်ကစားခဲ့ရာမှာ ရီးယဲလ်မက်ဒရစ်အသင်းက အက်သလက်တီကိုအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် စပိန်စူပါဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်တို့ (၄)နှစ်ဆက်တိုက် ဆုံတွေ့ရတော့မှာဖြစ်ကြောင်း သိရပါတယ်။
ဆီမီးဖိုင်နယ်ပထမပွဲမှာ ဘာစီလိုနာက ဘီလ်ဘာအိုကို (၅-၀)ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲကို (၄)နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တာပါ။
ရီးယဲလ်မက်ဒရစ်ကတော့ ၂၀၂၂ ကနေ ၂၀၂၆ အထိ (၅)နှစ်ဆက်တိုက် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာ ဘာစီလိုနာအသင်းက ဆုဖလား(၁၅)ကြိမ်ရရှိထားတဲ့ အအောင်မြင်ဆုံးအသင်းဖြစ်သလို၊ ရီးယဲလ်မက်ဒရစ်နဲ့ ဆုံတွေ့ခဲ့တဲ့ နောက်ဆုံးဗိုလ်လုပွဲ(၃)ကြိမ်မှာလည်း (၂)ကြိမ်အနိုင်ရခဲ့ပါတယ်။
၂၀၂၆ စပိန်စူပါဖလားဗိုလ်လုပွဲကို ဇန်နဝါရီ(၁၁)မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဆုကြေးနဲ့ ယှဉ်ပြိုင်မှုအပေါ် ငွေကြေးခွဲဝေမှုအရ ဗိုလ်စွဲတဲ့အသင်းက ယူရို(၈)သန်းအထိ ရရှိမှာဖြစ်ပြီး ရှုံးနိမ့်တဲ့အသင်းကတော့ ယူရို(၇.၄)သန်း ရရှိမယ်လို့ သိရပါတယ်။

image