မြန်မာနှင့် လာအိုပူးပေါင်းဆောင်ရွက်ရာတွင် ချစ်ကြည်ရေးအသင်းကလည်း အားဖြည့်ပါဝင်မည်

မြန်မာ-လာအို ချစ်ကြည်ရေးအသင်းအနေဖြင့် မကြာမီ လာအိုသို့ သွားရောက်မည်ဖြစ်ရာ နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် တွေ့ဆုံလျှက်ရှိနေသည်။

မြန်မာ-လာအိုချစ်ကြည်ရေးအသင်းမှ ဥက္ကဌ ဦးဝင်းမောင်၊ ဒုဥက္ကဌ ဦးမျိုးအောင်၊ အထွေထွေအတွင်းရေးမှူး ဦးကောင်းဇံ၊ ဘဏ္ဍာရေးမှူး ဦးသာကောင်း၊ အဖွဲ့ဝင် ဦးကျော်လှဝင်းနှင့် ရုံးအဖွဲမှူး ဦးကျော်စံမိုးတို့သည် ယနေ့ ၂၉ရက် နံနက် ၁၀ နာရီတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးနှင့် တွေ့ဆုံဆွေးနွေးကာ ရွေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးအတွက် လုပ်ဆောင်ပေးနိုင်မှုများ ဆွေးနွေးခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းထံသို့ အောက်တိုဘာ ၂၈ ရက်ညနေကသွားရောက်၍ အသင်း၏ ဆောင်ရွက်နေမှုများတင်ပြကာ လာမည့် နိုဝင်ဘာလတွင်း လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ရာတွင် မီဒီယာကဏ္ဍ အပြန်အလှန်ဆောင်ရွက်နိုင်မည်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထိုနေ့နံနက်က ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ထံသို့ လည်းကောင်း၊ အောက်တိုဘာ ၂၄ နံနက်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်ထံသို့လည်းကောင်း အောက်တိုဘာ ၂၃ရက်နေ့ မွန်းလွဲက နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံသို့ လည်းကောင်း သွားရောက်ခဲ့ကြပြီး လာအိုနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရနိုင်မည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။

image

မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်မှ ပဏာမရွေးချယ်ခံရသူများ စာရင်းထုတ်ပြန်

မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် (MMMC) တွင် ပဏာမနှင့် အရံရွေးချယ်ခံရသူများစာရင်းကို အောက်တိုဘာလ (၂၇) ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ စာရင်းတွင် ပါဝင်သော ကျောင်းသားများသည် အောက်တိုဘာ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားသူကိုယ်တိုင် ကျောင်းသားရေးရာတွင် သွားရောက်သတင်းပို့ရမည်ဖြစ်သည်။

ပဏာမအဆင့် ရွေးချယ်ခံရသူများအား နားစစ်ဆေးခြင်း အထွေထွေကျန်းမာရေးစစ်ဆေးခြင်း၊ မျက်စိစစ်ဆေးခြင်း (အရောင်ခွဲခြားနိုင်မှု ရှိ/မရှိ စစ်ဆေးခြင်း)၊ စိတ်ရောဂါနှင့် မူးယစ်ဆေးသုံးစွဲမှု ရှိ/မရှိ စစ်ဆေးခြင်း၊ လူတွေ့စစ်ဆေးခြင်း၊ လူတွေ့စစ်ဆေးပြီး လက်ခံမည့်သင်တန်းသားဦးရေမှာ ကုန်သွယ်ရေကြောင်းအရာရှိလောင်းသင်တန်းအတွက် (၁၄၀) ဦး၊ ကုန်သွယ်ရေကြောင်းအင်ဂျင်နီယာအရာရှိလောင်းသင်တန်း (၁၄၀) ဦးနှင့် ကုန်သွယ်ရေကြောင်းလျှပ်စစ်နည်းပညာအရာရှိလောင်းသင်တန်းအတွက် (၄၀) ဦးတို့ ဖြစ်ကြောင်း သိရသည်။

သင်တန်းတက်ရောက်ခွင့် ရရှိသူများသည် သင်တန်းတက်နေစဉ်အတွင်း နှစ်စဉ် သင်တန်းကြေး (၄၂,၀၀၀) ကျပ်၊ အဆောင်ကြေး၊ ဝတ်စုံစရိတ်နှင့် လစဉ်စားစရိတ် အစရှိသည်တို့ကို ကိုယ်တိုင်ကျခံရမည်ဖြစ်သည်။

ဘွဲ့ကြိုဒီပလိုမာ (၂) နှစ်သင်တန်းကာလအတွင်း ပထမနှစ်သင်တန်းကို မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်တွင် ကျောင်းအိပ်ကျောင်းစား အဆောင်နေကျောင်းသားအဖြစ် (၁) နှစ် တက်ရောက်ရမည်ဖြစ်ကြောင်း၊ ဘွဲ့ကြိုဒီပလိုမာ (၂) နှစ် သင်တန်းပြီးဆုံးတက်ရောက်အောင်မြင်ပြီးသူများကို ဘွဲ့ကြိုဒီပလိုမာလက်မှတ် (Diploma in Nautical Studies/ Diploma in Maritime Technology/ Diploma in Marine Electro Technology) နှင့် ကုန်သွယ်ရေကြောင်းအရာရှိလောင်းသင်တန်းပြီးဆုံးခြင်းလက်မှတ် (Mercantile Marine Nautical/ Engineering Cadet/ Marine Electrical Cadet Training Course Completion Certificate) များ အပ်နှင်းမည်ဖြစ်ကြောင်း သိရသည်။

image

အပစ်ရပ်သဘောတူညီချက် ချိုးဖောက်တယ်ဆိုကာ ဂါဇာကို အစ္စရေးက အပြင်းအထန်တိုက်ခိုက်လို့ လူ ၃၃ ယောက်သေဆုံး

ဂါဇာမှာ အစ္စရေးရဲ့ လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း ၃၃ ယောက်သေဆုံးခဲ့တယ်လို့ ဂါဇာ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန်ကြားဝင်စေ့စပ်ပေးတဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ဟားမတ်စ်တို့က ချိုးဖောက်တယ်ဆိုကာ အစ္စရေးက လက်တုံ့ပြန်တိုက်ခိုက်ခဲ့တာပါ။ ဟားမတ်စ်တို့ဟာ အစ္စရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ပြီး ဓါးစာခံရုပ်အလောင်းတွေ ပြန်လည်ပေးအပ်ရာမှာလည်း စည်းကမ်းချက်တွေကို ချိုးဖောက်ခဲ့တယ်လို့ အစ္စရေးက စွပ်စွဲထားပါတယ်။

ဟားမတ်စ်ကတော့ အစ္စရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှုနဲ့ မပတ်သက်ဘူးလို့ ဆိုထားပြီး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ကတိကဝတ်ပြုထားဆဲဖြစ်ကြောင်း အခိုင်အမာဆိုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ အပစ်အခတ်ရပ်စဲရေးကို မထိခိုက်သေးဘူးလို့ အခိုင်အမာပြောဆိုခဲ့ပေမယ့် အစ္စရေးစစ်တပ်ဖွဲ့ဝင်တွေ ပစ်မှတ်ထားခံရပါက ပြန်လည်တိုက်ခိုက်သင့်တယ်လို့ ပြောပါတယ်။

အစ္စရေး၏ တိုက်ခိုက်မှုတွေဟာ ဂါဇာစီးတီး ၊ဘိတ်လာဟီယာ၊ အယ်လ်ဘူရီ၊ နူဆီရတ်နဲ့ ခန်းယွန်နစ်ရှိ အိမ်တွေ၊ ကျောင်းတွေနဲ့ လူနေရပ်ကွက်တွေကို ထိမှန်ခဲ့ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ ပစ္စည်းကိရိယာတွေ ချို့တဲ့မှုကြောင့် အလွန်ခက်ခဲတဲ့ အခြေအနေတွေကြားမှာ ကယ်ဆယ်ရေးလုပ်နေရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပျောက်ဆုံးနေသူအချို့ အပျက်အစီးတွေအောက်မှာ ရှိနေဆဲဖြစ်ပြီး သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဂါဇာကို ချက်ချင်းတိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်ဖို့ အင်္ဂါနေ့ညနေပိုင်းမှာ အမိန့်ပေးခဲ့ပြီး အကြောင်းရင် အသေးစိတ်ကို ထုတ်ပြန်တာမရှိသေးပါဘူး။
ဒါပေမယ့် ဟားမတ်စ်ဟာ ဂါဇာရှိ အစ္စရေးစစ်သားတွေကို အင်္ဂါနေ့က တိုက်ခိုက်မှုဟာ အနီရောင်မျဉ်းကို ဖြတ်ခဲ့တာလို့ အစ္စရေးကာကွယ်ရေးဝန်ကြီး ကက်ဇ်က ပြောပါတယ်။ ဟားမတ်စ်ဟာ အစ္စရေးစစ်သားတွေကို တိုက်ခိုက်ခြင်းနဲ့ သေဆုံးသွားတဲ့ ဓားစာခံတွေကို ပြန်လည်ပေးအပ်ဖို့ သဘောတူညီချက်ကို ချိုးဖောက်ခြင်းအတွက် အဆပေါင်းများစွာ ပေးဆပ်ရလိမ့်မယ်လို့ သူက သတိပေးထားပါတယ်။

image

အင်းစိန်မှာ အမျိုးသမီးတယောက်ကို ကားနဲ့ဝင်တိုက်ပြီး ရွှေပြည်သာစက်မှုဇုန်မှာ စွန့်ပစ်မှုဖြစ်ပွား

ရန်ကုန်တိုင်း ၊ အင်းစိန်မြို့နယ် ၊ က/ခရပ်ကွက် ၊ ဘုရင့်နောင်လမ်းပေါ် ၊ ရွှေဝါ ၂ လမ်းထိပ်မှာ ဒီကနေ့ အောက်တိုဘာ ၂၉ ရက်နေ့ မနက်အစောပိုင်းက ယာဥ်တိုက်မှုဖြစ်ပွားပြီး ကားသမားက လူနာကို ရွှေပြည်သာစက်မှုဇုန်ဘက်မှာ သွားရောက် စွန့်ပစ်ခဲ့မှု ဖြစ်ပွားခဲ့တယ်လို့ အင်းစိန်အရံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။

မနက် ၄ နာရီဝန်းကျင်လောက်မှာ ကားနံပါတ် (8B -1709) Light truck ကားက အသက် ၄၀ အရွယ်ဝန်းကျင်အမျိုးသမီးကို ကားနဲ့တိုက်မိခဲ့တာဖြစ်ကြောင်း ၊ ယာဥ်တိုက်မှုဖြစ်ပွားပြီးနောက်မှာ ကားသမားက လူနာအမျိုးသမီးကို ဆေးရုံကို ပို့ဆောင်ပေးမယ်ဆိုပြီး ကားပေါ်တင်ခေါ်ကာ ရွှေပြည်သာစက်မှုဇုန်ထဲက လမ်းဘေးတနေရာမှာ သွားရောက်စွန့်ပစ်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ် ။

" ရောက်တော့လူနာမရှိတော့ဘူး။ဘေးနားမေးကြည့်တော့ တိုက်တဲ့ကားကပဲ ဆေးရုံပို့ပေးမယ်ဆိုပြီး ခေါ်သွားတယ်ဆိုလို့ ဆေးရုံလိုက်တော့ ရောက်မလာဘူးသိရတယ်။ အဲဒါနဲ့ကျွန်တော်တို့ အဲဒီနား ပတ်ရှာတော့ မတွေ့တာနဲ့ပြန်လာခဲ့တယ်။ မနက်ရောက်မှ စွန့်ပစ်ထားတယ် ဆိုတာကိုသိရပြီး ကနောင်အသင်းနဲ့ချိတ်ပြီး ဆေးရုံပို့လိုက်တာ။လမ်းဖြတ်ကူးတာမှာ ဝင်တိုက်ခံရတာလို့ သိရတယ်။လူနာက သတိတော့ရပေမယ့် ဘာမှတော့မပြောနိုင်သေးဘူး။" လို့ အင်းစိန်အရံ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ် ။

ကားတိုက်ခံရတဲ့ အမျိုးသမီးမှာ ဒဏ်ရာအများအပြားရရှိခဲ့ပြီး ဦးခေါင်းပေါက်ပြဲဒဏ်ရာ ၊ ​ခြေသလုံးအရိုးကျိုးပြီး ငေါထွက်ဒဏ်ရာရရှိထားကြောင်း အင်းစိန်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။

လက်ရှိမှာ ကားတိုက်ခံခဲ့ရတဲ့ အမျိုးသမီးရဲ့ မိသားစုဝင်တွေနဲ့ ချိတ်ဆက်ရရှိနိုင်ဖို့ စုံစမ်းမှုပြုလုပ်နေပေမယ့် လူနာမှ စကားမပြောနိုင်သေးတဲ့ အတွက် မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးကြောင်း ၊ ကားနဲ့တိုက်ပြီး ထွက်ပြေးသွားတဲ့ ကားသမားကိုလည်း ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။

အောက်တိုဘာ ၂၅ ရက်နေ့ကလည်း မီးနီဖြတ်မောင်းတဲ့ ခရီးသည်တင် အောက်ဆိုက်ကားတစီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်လို့ တယောက်သေဆုံးကာ လူခြောက်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့သိရပါတယ်။

အောက်တိုဘာ ၂၁ ရက်နေ့ကလည်း ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်နဲ့ တောင်ဥက္ကလာမြို့နယ်၊ အင်းစိန်မြို့နယ် တို့မှာ ယာဥ်တိုက်မှုဖြစ်ပွားပြီး တယောက်သေဆုံးက ၁၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့သိရပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့မနက်ပိုင်းကလည်း
ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်းမမှာ ယာဥ်သုံးစီးဆင့်တိုက် မှုဖြစ်ပွားခဲ့သလို အဲဒီနေ့မှာပဲ ရန်ကုန်၊ ပြည်လမ်းမပေါ်မှာ ယာဉ် ၅ စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

imageimage

ပစိဖိတ်‌သမုဒ္ဒရာမှာ မူးယစ်မှောင်ခို ရေယာဉ်လေးစင်းကို အမေရိကန်တိုက်ခိုက်လို့ ၁၄ ယောက် သေဆုံးပြန်

ပစိဖိတ်သမုဒ္ဒရာမှာ မူးယစ်မှောင်ခိုရေယာဉ်လေးစင်းကို အမေရိကန်တပ်ဖွဲ့တွေက ဗုံးကြဲ တိုက်ခိုက်မှုအတွင်း လူ ၁၄ ယောက် သေဆုံးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး ပီဟက်ဆက်က ပြောပါတယ်။

အသက်ရှင်ကျန်တဲ့ တယောက်ကိုတော့ ပစိဖိတ်ကမ်းရိုးတန်းမြို့ အကာပူလ်မှ မိုင်း ၄၀၀ အကွာမှာ မက္ကဆီကို ရေတပ်က ရှာဖွေနေဆဲဖြစ်တယ်လို ထုတ်ပြန်ပါတယ်။ မက္ကဆီကိုသမ္မတကတော့ ဒီတိုက်ခိုက်မှုကို လက်မခံဘူးလို့ ဆိုပါတယ်။

အမေရိကန်အနေနဲ့ နိုင်ငံတကာ စည်းမျဉ်းတွေကို လေးစားသင့်တယ်လို့ တိုက်တွန်းထားပြီး မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး၊ ရေတပ်ကိုယ်စားလှယ်တွေအနေနဲ့ အမေရိကန်သံအမတ်ကြီးနဲ့ တွေ့ဖို့ ညွှန်ကြားထားပါတယ်။

ဒါဟာ ပစိဖိတ်နဲ့ ကာရစ်ဘီယံ‌ဒေသတွေမှာ မူးယစ်ဆေးဝါး သယ်ဆောင်နေတယ်လို့ သံသယရှိတဲ့ ရေယာဉ်တွေကို အမေရိကန်ရဲ့ နောက်ဆုံး တိုက်ခိုက်မှုတခုလည်း ဖြစ်ပါတယ်။

တိုက်ခိုက်ခဲ့တဲ့ ရေယာဉ်လေးစင်းဟာ မူးယစ်ဆေးဝါး မှောင်ခိုလမ်းကြောင်းတွေတလျှောက် ရွေ့လျားသွားလာပြီး မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတာကို ထောက်လှမ်းရေးအဖွဲံ သိရှိထားတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။

မကြာသေးမီ ကာလတွေအတွင်း မူးယစ်မှောင်ခိုရေယာဉ်တွေကို အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေအတွင်း အနည်းဆုံး လူ ၅၇ ယောက်သေဆုံးခဲ့ပြီး အမေရိကန်နဲ့ ကိုလံဘီယာ၊ ဗင်နီဇွဲလားအစိုးရတွေအကြား တင်းမာမှုများ မြင့်တက်လာစေခဲ့ပါတယ်။
အများစုက တောင်အမေရိကကမ်းရိုးတန်း၊ ကာရစ်ဘီယံမှာ ဖြစ်ပွားခဲ့ပေမယ့် မကြာသေးမီက ပစိဖိတ်သမုဒ္ဒရာမှာလည်း အမေရိကန်က တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေဟာ ဒေသတွင်း ရှုတ်ချမှုတွေ ဖြစ်ပေါ်စေခဲ့ပြီး ကျွမ်းကျင်သူတွေကတော့ ဒီလုပ်ရပ်ရဲ့ တရားဝင်မှုကို မေးခွန်းထုတ်နေကြပါတယ်။ ဒီမိုကရက်နဲ့ ရီပတ်ဘလီကန်တွေ ပါဝင်တဲ့ အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ်တွေကလည်း စိုးရိမ်ပူပန်မှုများ ထုတ်ဖော်ခဲ့ပြီး ဒီကိစ္စကို အမိန့်ပေးဖို့ သမ္မတထရန့်ရဲ့ အခွင့်အာဏာကို မေးခွန်းထုတ်နေကြပါတယ်။

image

မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားတဲ့ ရတနာသိင်္ခတံတား မိုင်းခွဲဖျက်ဆီးခံရလို့ ပျက်စီးသွား

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ၊ ကျောက်မြောင်းမြို့နယ် တို့ကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူးတံတားတစင်းဖြစ်တဲ့ " ရတနာသိင်္ခတံတား " အောက်တိုဘာ ၂၈ ရက်နေ့ ညပိုင်းက မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

တံတားဖောက်ခွဲခံရမှုကြောင့် ရတနာသိင်္ခတံတားကြီး ကျိုးကျပျက်စီးသွားကြောင်း ၊မိုင်းဖောက်ခွဲခံရမှုကြောင့် ပျက်စီးမှုအပိုင်းမှာ စဥ့်ကူးမြို့နယ်ဘက်အခြမ်းဖြစ်တယ်လို့ သိရပါတယ်။

" တံတားက ည ၁၂ ကျော်လောက်တုန်းက ဖောက်ခွဲခံရတယ် သိရတယ်။ဘယ်သူက လုပ်တယ်ဆိုတာတော့ မသိပါဘူး။ တံတားတိုင်အမှတ် ၄ /၅ နဲ့ ၆/၇ ကျိုးကျပျက်စီးသွားတယ်သိရတယ် " လို့ ရွှေဘိုဒေသခံကပြောပါတယ်။

ရတနာသိင်္ခတံတားရဲ့ တဖက်ခြမ်း ကျောက်မြောင်းမြို့နယ်မှာ အစိုးရတပ်တွေက အုပ်ချုပ်ထားပြီး စဥ့်ကူးမြို့နယ်မှာတော့ ဒေသတွင်းလက်နက်ကိုင် တပ်တွေက ထိန်းချုပ်ထားတာဖြစ်ကြောင်း ၊ တံတားကြီးကို ဖြတ်သန်းသွားလာခွင့်ပိတ်ထားတာ တနှစ်ကျော်ကြာပြီဖြစ်တယ် လို့သိရှိရပါတယ်။

ရတနာသိင်္ခတံတားဟာ ၂၄၈၀ ပေ အရှည်ရှိပြီး သံကူကွန်ကရစ်တံအမျိုးအစား တံတားတစင်းဖြစ်တယ်လို့သိရပါတယ်။
တံတားကြီးကို သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၀ ခုနှစ်မှာ စတင် ဆောက်လုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇူလိုင် ၂၄ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ယခုလို ရတနာသိင်္ခတံတား မိုင်းခွဲဖျက်ဆီးခံရတဲ့အပေါ် ပြည်သူတွေကတော့ " တံတားတွေ မိုင်းခွဲတာတော့ ဘယ်အဖွဲ့ကလုပ်လုပ် လက်မခံပါဘူး။ဒါမျိုးကန့်ကွက်ပါတယ်။တံတားတစင်း ဆောက်ဖို့ဆိုတာ မလွယ်ပါဘူး။ " လို့ မှတ်ချက်ပြုပြောပါတယ်။
ရတနာသိင်္ခတံတား မိုင်းခွဲဖျက်ဆီးမှုနဲ့ပတ်သက်ပြီး အစိုးရဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို ဒေသတွင်းလက်နက်ကိုင်တပ်တွေဘက်ကလည်း သတင်းထုတ်ပြန်တာမျိုး မတွေ့ရှိရသေးပါဘူး။

ဩဂုတ်လတုန်းကလည်း နောင်ချိုမြို့နယ်နဲ့ ကျောက်မဲမြို့နယ်အစပ် ၊ မန္တလေး-လားရှိုးကို ဆက်သွယ်ထားတဲ့ နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဂုတ်ထိပ်တံတား TNLA အဖွဲ့က မိုင်းခွဲဖျက်ဆီးတာခံခဲ့ရတယ်လို့ အစိုးရသတင်းစာက တရားဝင်​ပြောထားပါတယ်။

image