ကြီးကျယ်ခမ်းနားတဲ့ ဘွန်ဒက်စ်လီဂါစံချိန်တစ်ခုကို လိုက်မီလာတဲ့ စပါးစ်အတွက် တစ်ပွဲမျှ မကစားရသေးတဲ့ စပါးစ်စတား
====================
စပါးစ်စတားလူကာဗူစကိုဗစ်ဟာ ဟမ်းဘတ်အတွက် အငှားဖြင့် သွားကစားနေစဉ်အတွင်း Rookie of the Month ဆုအများဆုံး ဆွတ်ခူးနိုင်တဲ့ ဘွန်ဒက်စ်လီဂါစံချိန်တစ်ခုကို လိုက်မီလာပါတယ်။

အသက် ၁၉ နှစ်ရှိ ဗဟိုနောက်ခံလူဟာ နွေရာသီတုန်းက စပါးစ်မှ ဟမ်းဘတ်သို့ အငှားဖြင့် ပြောင်းကစားခဲ့တာ ဖြစ်ပြီး ယခုရာသီတွင် ဥရောပရဲ့အကောင်းဆုံးလူငယ်ကစားသမားများထဲမှ တစ်ဦးအဖြစ် ခြေစွမ်းပြနေကစားနေသူ ဖြစ်ပါတယ်။

ဗူစကိုဗစ်ဟာ စပါးစ်အတွက် တစ်ပွဲမျှ မကစားရသေးပေမယ့်လည်း ဂျာမန်အဆင့်မြင့်တန်းလိဂ်မှာ ခြေစွမ်းပြနေပါတယ်။

သူဟာ ဟမ်းဘတ်နှင့်အတူ ခြေစွမ်းပြကစားနိုင်မှုနှင့်အတူ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်အပါအဝင် ထိပ်တန်းကလပ်များရဲစိတ်ဝင်စားခြင်းခံနေရပါတဘ်။

သူဟာ ဟမ်းဘတ်တွင် ခံစစ်ကစားပုံကောင်းလွန်းနေမှုနှင့်အတူ ယခုရာသီတွင် Rookie of the Month ဆုအား ၄ ကြိမ်အထိ ရရှိလာပါတယ်။

သူဟာ မတ်လအတွက် တစ်လတာအကောင်းဆုံးကစားသမားဆုဖြစ်တဲ့ Rookie of the Month ကို ဆွတ်ခူးပြီးနောက် ၂၀၂၃-၂၄ ရာသီတုန်းက ဗစ်တာဘိုနီဖစ်ရဲ့ တစ်ရာသီအတွင်း Rookie of the Month ဆုကို အများဆုံးဆွတ်ခူးနိုင်တဲ့စံချိန်အား လိုက်မီလာပါတယ်။

လေဗာကူဆင်စတားဟာ ယင်းရာသီတုန်းက ၂၁ ဂိုးသွင်းကာ ပထမဆုံးဘွန်ဒက်စ်လီဂါဖလား ဆွတ်ခူးစဉ်တုန်းက ခြေစွမ်းပြကစားပြီးနောက် Rookie of the Month ဆုကို ၄ ကြိမ်ဆွတ်ခူးနိုင်ခဲ့တာပါ။

ဗူစကိုဗစ်ဟာ ဧပြီလနှင့် မေလတို့တွင် ပွဲများ ကစားရန် ကျန်နေသေးမှုနှင့်အတူ Rookie of the Month ဆုကို စံချိန်တင် ဆွတ်ခူးလာနိုင်မယ့် အခွင့်အရေး ပိုင်ဆိုင်နေပါသေးတယ်။

သူဟာ စက်တင်ဘာလ၊ အောက်တိုဘာလနှင့် ဇန်နဝါရီလတုန်းကလည်း ဆွတ်ခူးထားခဲ့တာပါ။

Rookie of the Month ဆုမှာ ယခင်တုန်းက ဘွန်ဒက်စ်လီဂါမှာ ကစားဖူးခြင်း မရှိတဲ့ အသက် ၂၃ နှစ်အောက် ကစားသမားကို ချီးမြှင့်တဲ့ဆုဖြစ်ပါတယ်။

ဗူစကိုဗစ်ဟာ ယခုရာသီတွင် ဟမ်းဘတ်အတွက် ၂၇ ပွဲကစားထားရာမှာ ၅ ဂိုးအထိ သွင်းထားနိုင်ပါတယ်။

အရပ် ၆ ‌ပေ၊ ၄ လက်မရှိ ဗဟိုနောက်ခံလူဟာ ဖေဖော်ဝါရီလကမှ အသက် ၁၉ နှစ်ပြည့်ခဲ့သူ ဖြစ်ပေမယ့် အလားအလာကောင်းတဲ့ ဗဟိုခံစစ်မှူးတစ်ဦးအဖြစ် ပြသထားပြီးလည်း ဖြစ်ပါတယ်။

စပါးစ်ဟာ လာမယ့် နွေရာသီမှာ ဗူစကိုဗစ်ကို အသင်းသို့ ပြန်လည်ခေါ်ယူရန် စီစဉ်ထားပါတယ်။

image