နောက်ကွယ်တွင် သူငယ်ချင်းဖြစ်သူနှင့် ဖောက်ပြန်မှုကြောင့် အသက် ၃၅ နှစ် ပိုငယ်တဲ့ တက္ကသိုလ်ကျောင်းသူရဲ့ လမ်းခွဲခြင်းခံလာရတဲ့ ဘရာဇီးဂန္ထဝင်ရိုမာရီယို
=====================
ဘရာဇီးဂန္ထဝင်တိုက်စစ်မှူးရိုမာရီယိုဟာ နောက်ကွယ်တွင် သူငယ်ချင်းနှင့် ဖောက်ပြန်နေမှုကြောင့် သူ့ထက် အသက်များစွာ ငယ်တဲ့ တက္ကသိုလ်ကျောင်းသူ ချစ်သူတစ်ဖနီဘာစီလို့စ်ရဲ့ လမ်းခွဲခြင်းခံလိုက်ရပြီ ဖြစ်ပါတယ်။

အသက် ၆၀ နှစ်ရှိ ဘာစီလိုနာတိုက်စစ်မှူးဟောင်းဟာ သူ့ထက် အသက် ၃၅ နှစ်ငယ်တဲ့ သွားဆေးတက္ကသိုလ်ကျောင်းသူဘာစီလို့စ်နှင့် ချစ်ကြိုက်နေခဲ့တာပါ။

ဒါပေမယ့် ရိုမာရီယိုဟာ ချစ်သူဘာစီလို့စ်ရဲ့ သူငယ်ချင်းတစ်ဦးနှင့် နောက်ကွယ်တွင် ဖောက်ပြန်နေမှုနှင့်အတူ လမ်းခွဲခြင်းခံလိုက်ရပြီ ဖြစ်ပါတယ်။

ရိုမာရီယိုဟာ ဘရာဇီးရဲ့ နာမည်ကျော်ကျွန်းတစ်ကျွန်းဖြစ်တဲ့ ဖာနန်ဒိုဒီနိုရွန်ဟာတွင် ဘာဘာရာကာဗယ်ကန်တီနှင့်အတူ သွားရောက်ခဲ့တာပါ။

အချို့က ၎င်းတို့အတွဲကို သူငယ်ချင်းများလို့သာ ဆိုကြပေမယ့်လည်း အချို့က လက်ချင်းအတူတွဲထားတာ တွေရတယ်လို့ ဆိုရှယ်မီဒီယာတွင် ပြောဆိုလာကြမှုနှင့်အတူ ၎င်းတို့ရဲ့ ဖောက်ပြန်တဲ့သတင်းက ထွက်ပေါ်လာခဲ့တာပါ။

ဘာစီလို့စ်ဟာ ယင်းမတိုင်မီ ရက်အနည်းငယ်ခန့်ကမှ ရိုမာရီယိုနှင့်အတူ ရှိနေခဲ့တာ ဖြစ်ပြီး အထက်ပါသတင်းကြောင့် အကြီးအကျယ်တုန်လှုပ်သွားခဲ့တာပါ။

ဘာစီလို့စ်ဟာ သူမရဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်သူနှင့် ဖောက်ပြန်လာမှအပေါ် အကြီးအကျယ် ဒေါသထွက်ကာ ရိုမာရီယိုနှင့် လမ်းခွဲလိုက်တာလည်း ဖြစ်ပါတယ်။

ယခုအခါ ဆိုရှယ်မီဒီယာတွင် ရိုမာရီယိုနှင့် ဘာစီလို့စ်အကြား အပြန်အလှန် Unfollow လုပ်လာကြသလို မှတ်ချက်စကားများကိုလည်း ဖျက်လာကြလို့ သူတို့နှစ်ဦးအကြား ဇာတ်လမ်းအဆုံးသတ်သွားပြီလို့ ယုံကြည်ရပါတယ်။

image