မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားတဲ့ ရတနာသိင်္ခတံတား မိုင်းခွဲဖျက်ဆီးခံရလို့ ပျက်စီးသွား

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ၊ ကျောက်မြောင်းမြို့နယ် တို့ကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူးတံတားတစင်းဖြစ်တဲ့ " ရတနာသိင်္ခတံတား " အောက်တိုဘာ ၂၈ ရက်နေ့ ညပိုင်းက မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

တံတားဖောက်ခွဲခံရမှုကြောင့် ရတနာသိင်္ခတံတားကြီး ကျိုးကျပျက်စီးသွားကြောင်း ၊မိုင်းဖောက်ခွဲခံရမှုကြောင့် ပျက်စီးမှုအပိုင်းမှာ စဥ့်ကူးမြို့နယ်ဘက်အခြမ်းဖြစ်တယ်လို့ သိရပါတယ်။

" တံတားက ည ၁၂ ကျော်လောက်တုန်းက ဖောက်ခွဲခံရတယ် သိရတယ်။ဘယ်သူက လုပ်တယ်ဆိုတာတော့ မသိပါဘူး။ တံတားတိုင်အမှတ် ၄ /၅ နဲ့ ၆/၇ ကျိုးကျပျက်စီးသွားတယ်သိရတယ် " လို့ ရွှေဘိုဒေသခံကပြောပါတယ်။

ရတနာသိင်္ခတံတားရဲ့ တဖက်ခြမ်း ကျောက်မြောင်းမြို့နယ်မှာ အစိုးရတပ်တွေက အုပ်ချုပ်ထားပြီး စဥ့်ကူးမြို့နယ်မှာတော့ ဒေသတွင်းလက်နက်ကိုင် တပ်တွေက ထိန်းချုပ်ထားတာဖြစ်ကြောင်း ၊ တံတားကြီးကို ဖြတ်သန်းသွားလာခွင့်ပိတ်ထားတာ တနှစ်ကျော်ကြာပြီဖြစ်တယ် လို့သိရှိရပါတယ်။

ရတနာသိင်္ခတံတားဟာ ၂၄၈၀ ပေ အရှည်ရှိပြီး သံကူကွန်ကရစ်တံအမျိုးအစား တံတားတစင်းဖြစ်တယ်လို့သိရပါတယ်။
တံတားကြီးကို သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၀ ခုနှစ်မှာ စတင် ဆောက်လုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇူလိုင် ၂၄ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ယခုလို ရတနာသိင်္ခတံတား မိုင်းခွဲဖျက်ဆီးခံရတဲ့အပေါ် ပြည်သူတွေကတော့ " တံတားတွေ မိုင်းခွဲတာတော့ ဘယ်အဖွဲ့ကလုပ်လုပ် လက်မခံပါဘူး။ဒါမျိုးကန့်ကွက်ပါတယ်။တံတားတစင်း ဆောက်ဖို့ဆိုတာ မလွယ်ပါဘူး။ " လို့ မှတ်ချက်ပြုပြောပါတယ်။
ရတနာသိင်္ခတံတား မိုင်းခွဲဖျက်ဆီးမှုနဲ့ပတ်သက်ပြီး အစိုးရဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို ဒေသတွင်းလက်နက်ကိုင်တပ်တွေဘက်ကလည်း သတင်းထုတ်ပြန်တာမျိုး မတွေ့ရှိရသေးပါဘူး။

ဩဂုတ်လတုန်းကလည်း နောင်ချိုမြို့နယ်နဲ့ ကျောက်မဲမြို့နယ်အစပ် ၊ မန္တလေး-လားရှိုးကို ဆက်သွယ်ထားတဲ့ နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဂုတ်ထိပ်တံတား TNLA အဖွဲ့က မိုင်းခွဲဖျက်ဆီးတာခံခဲ့ရတယ်လို့ အစိုးရသတင်းစာက တရားဝင်​ပြောထားပါတယ်။

image

မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားတဲ့ ရတနာသိင်္ခတံတား မိုင်းခွဲဖျက်ဆီးခံရလို့ ပျက်စီးသွား

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ၊ ကျောက်မြောင်းမြို့နယ် တို့ကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူးတံတားတစင်းဖြစ်တဲ့ " ရတနာသိင်္ခတံတား " အောက်တိုဘာ ၂၈ ရက်နေ့ ညပိုင်းက မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

တံတားဖောက်ခွဲခံရမှုကြောင့် ရတနာသိင်္ခတံတားကြီး ကျိုးကျပျက်စီးသွားကြောင်း ၊မိုင်းဖောက်ခွဲခံရမှုကြောင့် ပျက်စီးမှုအပိုင်းမှာ စဥ့်ကူးမြို့နယ်ဘက်အခြမ်းဖြစ်တယ်လို့ သိရပါတယ်။

" တံတားက ည ၁၂ ကျော်လောက်တုန်းက ဖောက်ခွဲခံရတယ် သိရတယ်။ဘယ်သူက လုပ်တယ်ဆိုတာတော့ မသိပါဘူး။ တံတားတိုင်အမှတ် ၄ /၅ နဲ့ ၆/၇ ကျိုးကျပျက်စီးသွားတယ်သိရတယ် " လို့ ရွှေဘိုဒေသခံကပြောပါတယ်။

ရတနာသိင်္ခတံတားရဲ့ တဖက်ခြမ်း ကျောက်မြောင်းမြို့နယ်မှာ အစိုးရတပ်တွေက အုပ်ချုပ်ထားပြီး စဥ့်ကူးမြို့နယ်မှာတော့ ဒေသတွင်းလက်နက်ကိုင် တပ်တွေက ထိန်းချုပ်ထားတာဖြစ်ကြောင်း ၊ တံတားကြီးကို ဖြတ်သန်းသွားလာခွင့်ပိတ်ထားတာ တနှစ်ကျော်ကြာပြီဖြစ်တယ် လို့သိရှိရပါတယ်။

ရတနာသိင်္ခတံတားဟာ ၂၄၈၀ ပေ အရှည်ရှိပြီး သံကူကွန်ကရစ်တံအမျိုးအစား တံတားတစင်းဖြစ်တယ်လို့သိရပါတယ်။
တံတားကြီးကို သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၀ ခုနှစ်မှာ စတင် ဆောက်လုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇူလိုင် ၂၄ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ယခုလို ရတနာသိင်္ခတံတား မိုင်းခွဲဖျက်ဆီးခံရတဲ့အပေါ် ပြည်သူတွေကတော့ " တံတားတွေ မိုင်းခွဲတာတော့ ဘယ်အဖွဲ့ကလုပ်လုပ် လက်မခံပါဘူး။ဒါမျိုးကန့်ကွက်ပါတယ်။တံတားတစင်း ဆောက်ဖို့ဆိုတာ မလွယ်ပါဘူး။ " လို့ မှတ်ချက်ပြုပြောပါတယ်။
ရတနာသိင်္ခတံတား မိုင်းခွဲဖျက်ဆီးမှုနဲ့ပတ်သက်ပြီး အစိုးရဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို ဒေသတွင်းလက်နက်ကိုင်တပ်တွေဘက်ကလည်း သတင်းထုတ်ပြန်တာမျိုး မတွေ့ရှိရသေးပါဘူး။

ဩဂုတ်လတုန်းကလည်း နောင်ချိုမြို့နယ်နဲ့ ကျောက်မဲမြို့နယ်အစပ် ၊ မန္တလေး-လားရှိုးကို ဆက်သွယ်ထားတဲ့ နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဂုတ်ထိပ်တံတား TNLA အဖွဲ့က မိုင်းခွဲဖျက်ဆီးတာခံခဲ့ရတယ်လို့ အစိုးရသတင်းစာက တရားဝင်​ပြောထားပါတယ်။

imageimage

ကားအမြန်မောင်းမှုကြောင့် အမှု ရင်ဆိုင်ရမယ့် ဝေါလ်ကားရဲ့ ဇနီးသည်အန်နီကယ်နာ
=================

မန်စီးတီးနောက်ခံလူဟောင်းကိုင်လီဝေါလ်ကားရဲ့ ဇနီးသည်အန်နီကယ်နာဟာ ယာဉ်မောင်းနေစဉ် ဖုန်းအသုံးပြုမှုကြောင့် အရေးယူခံရပြီး တစ်လအကြာမှာပင် ပေါင် ၁၀၀၀၀၀ တန်ဇိမ်ခံကားဖြင့် ကားအမြန်မောင်းနှင်မှုကြောင့် ထပ်မံ အမှုရင်ဆိုင်လာရတော့မှာ ဖြစ်ပါတယ်။

ကယ်နာဟာ ကားအမြန်မောင်းမှုအတွက် ၂၀၂၆ ခုနှစ် မတ်လတွင် အမှုရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ သူမဟာ အပြစ်ထင်ရှားကြောင်း တွေ့ရှိပါက ယာဉ်မောင်းခွင့်ပိတ်ပင်ခြင်းခံလာရနိုင်ပါတယ်။

ကယ်နာဟာ ၂၀၂၄ ခုနှစ် ဇွန်လတုန်းက ချီရှိုင်းယား၊ အယ်ဒါလေအိတ်တွင် ကားအမြန်မောင်းမှုကြောင့် ယာဉ်ထိန်းရဲရဲ့ တားဆီးခြင်းခံခဲ့ရပါတယ်။

အစောပိုင်းတုန်းက ကယ်နာက အပြစ်မရှိကြောင်း အသနားခံခဲ့ပေမယ့်လည်း နောက်ပိုင်းတွင် စွဲချက်အား လက်ခံခဲ့ပါတယ်။
သူမဟာ ယာဉ်မောင်းနှင်နေစဉ် မိုဘိုင်းဖုန်း အသုံးပြုမှုအတွက် ပွိုင့် ၃ ပွိုင့်အလျှော့ခံခဲ့ရသလို ဒဏ်ငွေနှင့် တရားစရိတ် ပေါင် ၆၇၇ ပေးခဲ့ရပြီးလည်း ဖြစ်ပါတယ်။

သူမဟာ ယခင်တုန်းက ယာဉ်စည်းကမ်းချိုးဖောက်မှုကြောင့် ၆ ပွိုင့်လျော့ချခြင်းခံထားရရာ ယခုအခါ စုစုပေါင်း ၉ ပွိုင့်လျှော့ချခံရပြီး ဖြစ်ပါတယ်။

ယခု သူမဟာ တစ်နာရီလျှင် မိုင် ၅၀ ထက် ပိုမောင်းနှင်ခွင့် မရှိတဲ့ ဧရိယာတွင် ပေါင် ၁၀၀၀၀၀ တန် Land Rover ကားဖြင့် တစ်နာရီလျှင် ၆၄ မိုင်နှုန်း မောင်းနှင်ခဲ့တာပါ။

ကယ်နာရဲ့ ခင်ပွန်းသည် ကိုင်လီဝေါလ်ကားဟာ အေစီမီလန်တွင် ခြောက်လအငှားဖြင့် သွားကစားပြီးနောက် နွေရာသီတွင် တန်းတက်ဘန်လေသို့ ပေါင် ၅ သန်းဖြင့် အပြီးသတ်ပြောင်းခဲ့သူလည်း ဖြစ်ပါတယ်။

ဘန်လေဟာ ပရီးမီးယားလိဂ်တွင် ၃ ပွဲအနိုင်ရပြီး ၁၀ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် ၁၆ နေရာမှာ ရပ်တည်နေပါတယ်။

image

#လူငယ်တွေအတွက်ဘဲပုံပြင်သင်ခန်းစာ
#ဘဲပုံပြင်

တစ်ခါတုန်းက တောအုပ်ကြီးတစ်ခုမှာ မြင်းတစ်ကောင်ရယ် … ငှက်တစ်ကောင်ရယ်… ငါးတစ်ကောင်ရယ် … ဘဲတစ်ကောင်ရယ် ရှိကြတယ် … ။ မြင်းဆိုတဲ့ သတ္တဝါက အပြေးသန်တယ် … ငှက်က အမြင့်ပျံနိုင်တယ် … ငါးက ရေကူးမြန်တယ် … ဘဲကတော့ ပြေးလို့လည်း ရတယ် … ပျံလို့လည်း ရတယ် … ရေလည်း ကူးတတ်တယ် …။ အမှတ်တမဲ့ ကြည့်လိုက်ရင် ဘက်စုံတတ်တဲ့သူ ဆိုပြီး အထင်ကြီးနိုင်ပါတယ်။
ဒါပေမယ့် တကယ်သေသေချာချာ စဉ်းစားကြည့်လိုက်ရင် ဘဲဟာ ပြေးတော့လည်း မြင်းလောက် မပြေးနိုင် ပါဘူး …. ပျံတော့လည်း ငှက်လောက် မပျံနိုင်ပါဘူး … ရေကူးတော့လည်း ငါးလောက် မကူးတတ်ဘူး … ဟိုစပ်စပ် ဒီစပ်စပ် နဲ့ ဒီနေ့ခေတ်စကားနဲ့ ပြောရရင် ဘဲဟာ ဘယ်ဘက်မှာမှ professional မဖြစ်ပါဘူး … ။ ဒါကြောင့် ဘက်စုံဆိုတဲ့စကားဟာ အမှတ်တမဲ့ကြည့်လိုက်ရင်တော့အထင်ကြီး
စရာလို့ထင်ရပေမယ့် ဘက်စုံတတ်တာတော့ ဟုတ်ပါတယ် … တကယ် ကျွမ်းကျင်ရဲ့လားဆိုတာက ဆန်းစစ်ကြည့်ဖို့ လိုပါလိမ့်မယ်။
စာရေးသူတို့ မြန်မာလူငယ် အချို့ဟာလည်း ပုံပြင်ထဲက ဘဲလိုပဲ ဟိုစပ်စပ် ဒီစပ်စပ်တွေ လိုက်လုပ်ပြီး professional မဖြစ်တာတွေ တွေ့နေရပါတယ် … ။ ခေတ်ရဲ့ လိုအပ်ချက် ဒါမှမဟုတ် လွှမ်းမိုးမှု တွေ အပေါ်မူတည်ပြီး သင်တန်းပေါင်းစုံကို လိုက်တက်ကြပါတယ် … LCCI ဆိုရင် လိုက်ပြီးတော့ LCCI တက်ကြတယ် … Management ဆိုရင် Management … သင်္ဘောသား ဆိုတော့လည်း သင်္ဘောသား … LCCI လောက်နဲ့ မရတော့ဘူး ACCA ဆိုတော့ ACCA ကိုရီးယားသွားတာတွေ ခေတ်စား လာတော့ ကိုရီးယား … ဒီကြားထဲ ဆေးဝါးကျွမ်းကျင်တွေ ဘာတွေတောင် အဆစ်ပါလိုက်သေးတယ် … ။ အခုလည်း MBA ဆို အားလုံးက MBA နေကြပြန်ပြီ …. အဲဒီလို သင်တန်းပေါင်း များစွာကို တက်ပြီးတော့ Certificate တွေ စုထားလိုက်ကြတာ … တစ်ချို့တစ်ချို့တွေမှာ အိမ်ဆောက်ရင် အမိုးအကာတောင် မလိုတော့ဘဲ ရထားတဲ့ လက်မှတ်တွေနဲ့ မိုးလို့ ကာလို့ ရလောက်အောင် များကြပါတယ် … ။
ပြီးတော့ ဘာကို သေသေချာချာ ကျွမ်းကျင်လဲလို့ မေးလိုက်ရင် ဟိုဟာလည်း သိသလိုလို … ဒီဟာလည်း တတ်သလိုလို နဲ့ ဘာမှကို ရေရေရာရာ မတတ်ဘူး ဖြစ်နေတတ်ကြပါတယ် တကယ်စိတ်ဝင်စားလို့ တကယ်လိုအပ်လို့ တက်ရင် ဘယ်သင်တန်းမဆို တက်ပါ … တက်ပြီးရင်လည်း တတ်အောင် လုပ်ပါ … တကယ်တတ်ကျွမ်းကျင်ရင် တကယ် နေရာရှိပါတယ် … ။ ဘာမှ မတတ်ရင်တော့ ဘယ်လောက်ပဲ လက်မှတ်တွေကိုင်ထားပါစေ … နေရာရဖို့ မလွယ်ပါဘူး … ။ ဟိုတစ်လော က “ဆယ်တန်းမှာ ဝိဇ္ဇာ ဘာသာတွဲ ယူတဲ့သူတွေ နည်းလာတယ် လို့” ဂျာနယ်ထဲမှာ ဖတ်လိုက်ရတယ် … ။ ပထဝီ၊ သမိုင်း စတဲ့ ဝိဇ္ဇာ ဘာသာရပ်တွေနဲ့ ကျောင်းပြီးရင် ဘာမှ လုပ်လို့မရဘူးလို့ ယူဆကြတဲ့အတွက် ယူတဲ့ သူတွေ နည်းလာတာပါလို့ ဖတ်ရပါတယ် … ။ ဒါဆိုရင် သမိုင်းပညာရှင်ကြီး ဒေါက်တာ သန်းထွန်း၊ မြန်မာစာပါမောက္ခ ဆရာကြီး ဦးဖေမောင်တင်တို့ လို လူမျိုးတွေ ဘယ်လို ပေါ်ထွက်ခဲ့ပါသလဲ … ။
နိုင်ငံတစ်နိုင်ငံဆိုတာ ကဏ္ဍတစ်ခုတည်းနဲ့ တည်ဆောက်ထားတာ မဟုတ်ပါဘူး … သက်ဆိုင်ရာရာ ကဏ္ဍအလိုက် တတ်ကျွမ်းကျင်တဲ့သူတွေ လိုပါတယ် … ။ ကဏ္ဍတစ်ခုတည်းမှာ စုပြုံနေလို့ အဆင်မပြေ ပါဘူး … ။
ဒါကြောင့် ဝင်ငွေကောင်းတာ … လူပြောများတာတွေထက် ကိုယ်တကယ် လုပ်ချင်တဲ့ နယ်ပယ်ကို ရွေးပြီး တတ်ကျွမ်းကျင်အောင် လေ့လာသင်ယူကြစေချင်ပါတယ် … ။
မြန်မာလူငယ်တွေ ပုံပြင်ထဲက ဘဲလို မဖြစ်စေဖို့ ဘယ်နေရာမှာ ဘယ်နယ်ပယ်မှာ ဖြစ်ပါစေ … တကယ်ကျွမ်းကျင်တတ်မြောက်အောင် လုပ်ကြဖို့ တိုက်တွန်းလိုက်ပါရစေ ….
“လူငယ်တိုင်း သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ ကျွမ်းကျင်တတ်မြောက် ပြီး အောင်မြင်နိုင်ကြပါစေ … ”
ဒါကြောင့်မိမိကျွမ်းကျင်မူအကောင်းဆုံးတည်ဆောက်ပါ.......

image
26 w - Translate

👉 Movie more: https://movies.gymroomathome.com/915/
🌊 LUCA 2 (2025) – OFFICIAL TRAILER
✨ Featuring the voices of Jacob Tremblay, Jack Dylan Grazer, and Emma Berman ✨
Friendship grows — but the sea still calls. “Luca 2” (2025) dives back into the shimmering world of the Italian Riviera, where sun, salt, and secrets shape a story of courage, change, and growing up.
Set a few years after the first film, Luca and Alberto reunite for one last summer before adulthood pulls them in different directions. When an ancient legend beneath the Mediterranean stirs — a sleeping sea guardian said to protect their kind — the boys embark on a breathtaking underwater adventure that tests their bravery and their bond. 🐚
The trailer overflows with color and warmth: coral gardens glowing beneath moonlight, playful races through ocean currents, and quiet moments under sun-kissed skies. The laughter feels familiar, but a wistful tone lingers as Luca’s voice narrates, “Sometimes, the hardest journey isn’t where we swim — it’s what we leave behind.”
🎬 Verdict: Heartfelt, nostalgic, and visually spellbinding — “Luca 2” captures the soul of childhood friendship while expanding its world with myth, magic, and emotion. 🌞💙

image
Hexa Nami was live.
26 w - Translate

asfdsaf
sfasdf

Not Found

The requested URL was not found on this server.

Additionally, a 404 Not Found error was encountered while trying to use an ErrorDocument to handle the request.

26 w - Translate

According to a new analysis by Climate Central, climate change is threatening the optimal conditions that help elite runners break world records and amateurs achieve their personal bests.
Researchers believe the ideal marathon running conditions are somewhere between 39 degrees and 50 degrees Fahrenheit. But as our planet continues to warm, those conditions will become harder to achieve.
Read more: https://abcnews.visitlink.me/sWcKlX

image
26 w - Translate

HURRICANE LATEST: Hurricane Melissa has restrengthened into a Category 4 storm as it approaches eastern Cuba — with maximum winds of 130 mph.
Live updates: https://abcnews.link/Cz9PBIQ?u....tm_source=facebook..

image

◾️ထိုင်ဝမ်အရေးပြန်လည်ပေါင်းစည်းနိုင်ရန် အင်အားအသုံးပြုမည့်မူ ဆက်လက်ကိုင်စွဲထားမည်ဟုတရုတ်ပြော
ထိုင်ဝမ်ကို တရုတ်က ၎င်းတို့၏ကိုယ်ပိုင်နယ်မြေအဖြစ်သဘောထားသကဲ့သို့ ပြန်လည်ပေါင်းစည်းနိုင်ရန် အင်အားသုံးမည့်အရေးကို မည်သည့်အချိန်ကမှ စွန့်လွှတ်ခဲ့ခြင်းမရှိ‌ကြောင်း တရုတ်အစိုးရအစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယနေ့ပြောကြားလိုက်သည်။
သို့သော်ယင်းမူဝါဒကို လူသိရှင်ကြားတိုက်ရိုက်မကြာခဏပြောကြားလေ့မရှိသကဲ့သို့ ထိုင်ဝမ်နှင့် ပတ်သက်၍ အစိုးရဆင်ဟွာသတင်းဌာနက ယခုသီတင်းပတ်အတွင်းတင်ပြခဲ့သည့် ဝေဖန်သုံးသပ်မှုသုံးခုတွင်လည်း မဖော်ပြထားပေ။
သုံးသပ်ချက်တစ်ခုတွင် ပြန်လည်ပေါင်းစည်းပြီးနောက် မျိုးချစ်များက ထိုင်ဝမ်ကိုအုပ်ချုပ်နိုင်မည့်အကြောင်းနှင့် ထိုင်ဝမ်၏လက်ရှိလူမှုရေးစနစ်နှင့် နေထိုင်မှုပုံစံတို့ကို လေးစားသွားမည်ဖြစ်ကြောင်းပင်ဖော်ပြခဲ့သည်။
တစ်နိုင်ငံ၊ စနစ်နှစ်မျိုးပုံစံအရ ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးသည် ထိုင်ဝမ်အရေးဖြေရှင်းရာတွင် အခြေခံကျသောချဉ်းကပ်မှုဖြစ်သည်ဟု တရုတ်နိုင်ငံ၏ထိုင်ဝမ်ရေးရာဌာနပြောရေးဆိုခွင့်ရှိသူ ပန်ကင်ဂျန်က ပေကျင်းမြို့တွင်ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးအတွက် လုံလောက်သောနေရာလွတ်များဖန်တီးသွားရန် မိမိတို့က စိတ်အားထန်သန်ပါကြောင်း၊ ထိုကဲ့သို့ဖြစ်နိုင်ခြေအတွက်လည်း စိတ်ရင်းစေတနာဖြင့် မချွင်းမချန် အားထုတ်သွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း အင်အားအသုံးပြုနိုင်ခြေကိုလည်း မိမိတို့က လုံးဝ စွန့်လွှတ်သွားမည်မဟုတ်သကဲ့သို့ လိုအပ်‌သောအတိုင်းအတာအားလုံးလုပ်ဆောင်ပိုင်ခွင့်ကိုလည်း ရယူထားပါကြောင်း၎င်းကဆက်ပြောသည်။
ထိုင်ဝမ်မူဝါဒနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ထိပ်တန်းအရာရှိကြီးဖြစ်ပြီး အာဏရကွန်မြူနစ်ပါတီ၏ စတုတ္ထအကြီးအကဲဖြစ်သူ ဝမ်ဟူနင်းက စနေနေ့ကမူဝါဒဆိုင်ရာအဓိကမိန့်ခွန်းတစ်ရပ် ပြောကြားရာ တွင် အင်အားသုံးမည့်အကြောင်းကိုမပြောခဲ့ဘဲ ယင်းအစားပြန်လည်ပေါင်းစည်းခြင်းဖြင့် နှစ်ဖက်စလုံး မည်သို့အကျိုးဖြစ်ထွန်းကြမည်ကို ဦးစားပေးပြောကြားခဲ့သည်။
ထိုင်ဝမ်၏မည်သည့်နိုင်ငံရေးပါတီကြီးကမှမထောက်ခံဘဲ တိုင်ပေမှအစိုးရကလည်း အကြိမ်ကြိမ်ရှုတ်ချ ထားသည့်ထိုင်ဝမ်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေကျင်း၏ အသစ်တစ်ဖန်တွန်းအားပေးမှုသည် အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတရှိကျင့်ဖျင်တို့ ကြာသာပတေးနေ့တွေ့ဆုံမှုမတိုင်မီ ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ရိုက်တာသတင်းက ဖော်ပြသည်။
ထရန့်ကိုယ်တိုင်ကမူ၎င်းအနေဖြင့် ထိုင်ဝမ်အရေးကို ရှီကျင့်ဖျင်နှင့်ဆွေးနွေးဖြစ်မလားဆိုသည်ကိုပင် မသိကြောင်း ယနေ့ပြောကြားသည်။ထိုင်ဝမ်အစိုးရကမူ ပေကျင်း၏အချုပ်အခြာပိုင်စိုးကြောင်း ပြောကြားမှုများကိုပယ်ချသည်။
တရုတ်၏ မျိုးချစ်များအုပ်ချုပ်သော စံနမူနာများသည် ဟောင်ကောင်နှင့်မကာအိုတွင် ပေကျင်းကအသုံးပြုခဲ့သော ပုံစံများဖြစ်ပြီး ထိုင်ဝမ်တွင်ဈေးကွက်မရှိကြောင်း ထိုင်ဝမ်အမျိုးသားလုံခြုံ‌ရေးဗျူရို ညွှန်ကြားရေးမှူးချုပ် ဆိုင်မင်ယင်းက ဗုဒ္ဓဟူးနေ့အစောပိုင်းကပြောကြားသည်။
ရည်ရွယ်ချက်မှာ ထိုင်ဝမ်၏နိုင်ငံတကာရပ်တည်မှုကို သေးသိမ်အောင်လုပ်ပြီး ဟောင်ကောင်ပုံစံ၊ မကာအိုပုံစံသွတ်သွင်းရန်၊ ထိုင်ဝမ်အချုပ်အခြာအာဏာကိုဖယ်ရှားရှင်းလင်းရေး နိုင်ငံရေးရည်မှန်းချက် အောင်မြင်ရေးဖြစ်ပြီး ၎င်းတို့မှာတရုတ်ကွန်မြူနစ်ပါတီက လုပ်‌‌ဆောင်ရန်ကြိုးစားနေသော အရာများ ဖြစ်ကြောင်း ဆိုင်ယင်မင်းကဆက်ပြောသည်။
တရုတ်အစိုးရက လက်ရှိထိုင်ဝမ်သမ္မတလိုင်ချင်တီကို စကားပြောဆိုဆွေးနွေးရန်ငြင်းဆန်ပြီး ၎င်းအားခွဲထွက်ရေး သမားဟုကင်ပွန်းတပ်ထားသည်။
သတင်း - ရဲမင်း
ကိုးကား - By Reuters
#နိုင်ငံတကာသတင်း

image
26 w - Translate

လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် မြန်မာနှင့် အီဂျစ်တို့ MoU ထိုး
ရန်ကုန်၊ အောက်တိုဘာ ၂၉
မြန်မာ-အီဂျစ် နှစ်နိုင်ငံအကြား လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ MoU ကို အောက်တိုဘာလ ၂၈ ရက်နေ့က အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့မှာ အီဂျစ် စိုက်ပျိုးရေးနှင့် မြေယာပြုပြင်ပြောင်းလဲရေးဝန်ကြီး Alaa Farouk နဲ့ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်တို့ ရှေ့မှောက်မှာ ဒုတိယဝန်ကြီး Mostafa El-Sayad နဲ့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာရဲတင့်ထွန်းတို့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အဆိုပါနားလည်မှုစာချွန်လွှာက ၁၉၉၄ ခုနှစ်မှာ မြန်မာနဲ့ အီဂျစ်နိုင်ငံတို့အကြား ပထမအကြိမ် လက်မှတ်ရေးထိုးခဲ့တဲ့ လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအား ပြန်လည်ပြင်ဆင်ဖြည့်စွက်ကာ အသစ်ရေးဆွဲကာ ဒုတိယအကြိမ် လက်မှတ်ရေးထိုးခြင်းဖြစ်တယ်လို့ သိရပါတယ်။
“မြန်မာ-အီဂျစ် နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးကြီးသော သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပါတယ်”လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားထားပါတယ်။
နှစ်နိုင်ငံအကြား MoU ရေးထိုးခြင်းကြောင့် စိုက်ပျိုးရေးနည်းပညာဖလှယ်ခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ သုတေသနပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ ရေရှည်တည်တံ့တဲ့ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်တွေ ပူးတွဲဆောင်ရွက်ခြင်း စတဲ့ နယ်ပယ်တွေမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်မယ်လို့ သိရပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံ စိတ်ဝင်စားတဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေနဲ့ စပ်လျဉ်းပြီး ကုန်သွယ်မှုကိုလည်း မြှင့်တင်နိုင်မှာဖြစ်ကာ မြန်မာ-အီဂျစ် နှစ်နိုင်ငံ ရေရှည် မိတ်ဖက်ဆက်ဆံရေးကို အထောက်အကူ ဖြစ်စေမယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ အီဂျစ်နိုင်ငံကနေ မြေဩဇာနဲ့ ပိုးသတ်ဆေးတွေ၊ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ၊ အာလူး၊ လိမ္မော်သီး၊ အဖျော်ယမကာ၊ ပြုပြင်အစားအစာများအတွက် အနံ့အရသာ ထည့်သွင်းတဲ့ ပစ္စည်းတွေကို တင်သွင်းပြီး မြန်မာနိုင်ငံကနေ ဆန်၊ ပဲဆီ၊ ပြောင်း၊ ကော်ဖီစေ့၊ လက်ဖက်၊ ငါး၊ ပုစွန်အစရှိတဲ့ ကုန်စည်တွေကို ပြန်လည်တင်ပို့ဖို့ ဆွေးနွေးညှိနှိုင်းထားတယ်လို့ သိရပါတယ်။

image