နိုင်ငံရေးသည် ပညာရေးနှင့်ဆက်နွယ်လျက်ရှိပြီး နိုင်ငံအတွင်း ပညာတတ်လူသားအရင်းအမြစ်များပေါကြွယ်ဝမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်နိုင်မည်

နိုင်ငံရေးသည် ပညာရေးနှင့်ဆက်နွယ်လျက်ပြီး နိုင်ငံအတွင်း ပညာတတ်လူသားအရင်းအမြစ်များပေါကြွယ်ဝမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်နိုင်မည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ ၉ ရက်က အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဟိုင်းကြီးကျွန်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပညာရေးကို အလေးထားမြှင့်တင်ခြင်းဖြင့် နိုင်ငံတော်၏အနာဂတ်ကို ကောင်းမွန်အောင်ဖော်ဆောင်ကြရမည်ဖြစ်ပြီး အတန်းပညာရှိမှသာ အတတ်ပညာနှင့် အသိပညာများရရှိနိုင်မည်ဖြစ်ကာ အတတ်ပညာသည်လူတော်ဖြစ်စေနိုင်ပြီး အသိပညာသည်လူကောင်းဖြစ်စေနိုင်၍ လူတော်လူကောင်းများဖြစ်လာစေရေး အတတ်ပညာသာမက အသိပညာများပါကြွယ်ဝသည့် လူသားအရင်းအမြစ်ကောင်းများရရှိလာစေရေးဆောင်ရွက်ကြရမည်ဟု ပြောသည်။
" ဒါ့ကြောင့် ငယ်ရွယ်စဉ်ကလေးဘဝတည်းက ပညာအားပြည့်ဝစွာသင်ကြားနိုင်ဖို့ဆောင်ရွက်ပေးကြဖို့လိုပါတယ်။ နိုင်ငံရေးဟာ ပညာရေးနဲ့ဆက်နွယ်နေတာကြောင့် နိုင်ငံအတွင်းမှာ ပညာတတ်လူသားအရင်းအမြစ်တွေပေါကြွယ်ဝမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်"ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ထိုကြောင့် နိုင်ငံ၏ ပညာရေးကဏ္ဍကိုမြှင့်တင်နိုင်ရန်အတွက် KG+9 အဆင့်အထိမဖြစ်မနေသင်ကြားနိုင်ရေးဆောင်ရွက်ပေးနေခြင်းသည် နိုင်ငံတော်၏ ပညာ ရေးကဏ္ဍအဆင့်မြင့်တင်နေခြင်းဖြစ်၍ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် စက်မှုပညာများတတ်ကျွမ်းသည့် လူသားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအခြေခံပညာကျောင်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး လာမည့် ပညာသင်နှစ်တွင်လည်း Grade-7 မှ Grade-9 အထိ ကျောင်းသား၊ ကျောင်းသူများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပညာရပ်များကို အခြေခံအဖြစ် သင်ကြားပေးနိုင်ရန် ဆွေးနွေးဆောင်ရွက်လျက်ရှိသည်ဟု ပြော သည်။
ထို့ပြင် နိုင်ငံတော်အနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်သဘောတူညီချက်များထားရှိပြီးဖြစ်ရာ နယ်စပ်ဒေသများနှင့် တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ၎င်းဒေသများ၌ တည်ငြိမ်အေးချမ်းမှုရှိရန်နှင့် ပညာတတ်များပေါကြွယ်ဝရန်မဖြစ်မနေလိုအပ်မည်ဖြစ်၍ ပညာရေးအားနည်းသည့်ဒေသများတွင် ပညာတတ်များပေါကြွယ်ဝစေရန် ပညာရေးကိုအားပေးဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။
ထိုသို့ တိုင်းရင်းသားအခွင့်အရေးများရရှိအောင်ပညာရည်မြှင့်တင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းရင်းသားများအနေဖြင့် တိုင်းရင်းသားအခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေးကို မှန်မှန်ကန်ကန်ရှုမြင်သုံးသပ်နိုင်ရေးဆောင် ရွက်ပေးကြရမည်ဖြစ်ကာ နောင်တက်လာမည့် အစိုးရလက်ထက်တွင်လည်း ပညာရည်မြင့်မားရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန်လိုအပ်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

image

နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့တွင်ပြုလုပ်မည့် တရား ရုံးကြားနာပွဲ၌ မြန်မာနိုင်ငံက (၂)ကြိမ်လျှောက်လဲမည်

နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့၊ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ဇန်နဝါရီ ၁၂ ရက်မှ ဇန်နဝါရီ ၂၉ ရက်အထိပြုလုပ်မည့် တရားရုံးကြားနာပွဲတက်ရောက်ရန် နိုင်ငံ တော်သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဇန်နဝါရီ ၉ ရက်နံနက်ပိုင်းက ရန်ကုန်မြို့မှ နယ်သာလန်နိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
အဆိုပါ တရားရုံးကြားနာပွဲ၌ မြန်မာနိုင်ငံအနေဖြင့် ဇန်န ဝါရီ ၁၆ ရက်မှ ၂၀ ရက်အထိ၊ ဇန်နဝါရီ ၂၈ ရက်မှ ဇန် နဝါရီ ၂၉ ရက်အထိ နှစ်ကြိမ်လျှောက်လဲမည်ဖြစ် ကြောင်း သိရသည်။

image

နိုင်ငံတော် ယာယီသမ္မတမှ သာပေါင်းမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးပြောကြားခဲ့

နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၉ ရက်က ဧရာဝတီ တိုင်း၊ သာပေါင်းမြို့ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာတာ ဝန်ရှိသူများ၊မြို့မိမြို့ဖများအားတွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံပြီးနောက် ဒီဇင်ဘာ ၂၈ ရက်က ရွေး ကောက်ပွဲအပိုင်း(၁)ကျင်းပပြီးစီးခဲ့မှု၊ နိုင်ငံတကာမှ စောင့်ကြည့်လေ့လာရေးအဖွဲ့များလာရောက်လေ့လာခဲ့ပြီး ကောင်းမွန်သည့်သုံးသပ်ချက်များရရှိခဲ့မှု၊ ရွေး ကောက်ပွဲအပိုင်း(၂)နှင့် အပိုင်း(၃)ကို မကြာမီအချိန်အတွင်းဆက်လက်ကျင်းပရန်ဆောင်ရွက်နေမှုတို့ကို ဆွေးနွေးပြောကြားသည်။
" ဆန္ဒမဲပေးရာမှာ ဒေသအကျိုး၊ နိုင်ငံအကျိုးကိုသယ် ပိုးဆောင်ရွက်နိုင်သူ၊ တို့တာဝန်အရေးသုံးပါးကို လိုက် နာစောင့်ထိန်းနိုင်သူ၊ နိုင်ငံတည်ရှိနေသရွေ့ တည်တံ့ခိုင်မြဲစွာတည်ရှိနေမယ့် တပ်မတော်နဲ့လက်တွဲပြီး နိုင်ငံ တော်ရဲ့ ကောင်းရာကောင်းကျိုးကိုဆောင်ရွက်နိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကိုရွေးချယ်ဆန္ဒမဲပေးဖို့လိုအပ်ပါတယ်။ နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ဆက်လက်လျှောက်လှမ်းလိုသူတွေအနေနဲ့ ရွေး ကောက်ပွဲကျင်းပချိန်မှာ ဆန္ဒမဲတွေပေးကြဖို့လိုပါတယ် "ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။
ထို့ပြင် နိုင်ငံတော် ယာယီသမ္မတမှ သာပေါင်းမြို့နယ် အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတိုးတက်စေရေးအတွက် လိုအပ်သည်များကို စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အကူအညီများတောင်းခံနိုင်မှု၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအခြေခံပ ညာအထက်တန်းကျောင်းများကို ခရိုင်များအလိုက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှု၊ သာပေါင်းဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် အစိုးရမှလိုအပ်သည်များကိုဖြည့် ဆည်းပေးမည့်အကြောင်းနှင့် ကျန်းမာရေးကဏ္ဍ၊ ဒေ သမှစိုက်ပျိုးထုတ်လုပ်သည့်ဆန်များကို တန်ဖိုးမြင့်ဆန်များထုတ်လုပ်နိုင်ရန်လိုအပ်မှု၊ ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲပုတ်တို့ကိုတိုးချဲ့စိုက်ပျိုးစေလိုမှုတို့ကို ဆွေးနွေးပြောကြားသည်။
ထို့အတူ စိုက်ပျိုးရေးလုပ်ငန်းများတိုးတက်စေရေးအ တွက် မျိုးကောင်းမျိုးသန့်များရရှိရန်၊ စိုက်ပျိုးရန်ကောင်းမွန်သည့် မြေအမျိုးအစားဖြစ်စေရေး မြေပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန်၊ သွင်းအားစုများထည့်သွင်းရန်၊ စိုက်ပျိုးရေလုံလောက်စွာရရှိစေရေး လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများဆောင်ရွက်ရန်၊ ဝါးကိုတန်ဖိုးမြှင့်ပစ္စည်းများအဖြစ် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်တို့ကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတမှ တွေ့ဆုံပွဲတက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ ဖများနှင့် ဒေသခံများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

image

ဒေသအလိုက် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်ရမည့် အချိန်အခါဖြစ်

ဒေသအလိုက် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းရေးနှင့်ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်ကြရမည့်အချိန်အခါဖြစ်ကြောင်းကို အသိပေးမှာကြားကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ကပြောသည်။
ယနေ့ကျရောက်သည့် (၇၈) နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ယာယီသမ္မတ က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် တည်ငြိမ်အေးချမ်းစွာ ဖြေရှင်းကြရမည်သာဖြစ်ကြောင်းနှင့် ယခုကဲ့သို့ တိုင်းရင်းသားဒေသအသီးသီးက လက်နက်အားကိုးဖြင့် နိုင်ငံအတွက် ကောင်းကျိုးမဖြစ်နိုင်သည့် တိုက်ခိုက်မှုများ တောင်းဆိုမှုများသည် ဒီမိုကရေစီနှင့်ဆန့်ကျင်သည့် အကြမ်းဖက်စနစ်သာဖြစ်ပြီး မိမိတို့တိုင်းရင်းသားများကို မိမိတို့ကိုယ်တိုင် ပြန်လည်ဒုက္ခပေးနေခြင်းပင်ဖြစ်သည့်အတွက် သတိထားဆင်ခြင်သုံးသပ်သင့်ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ကပြောသည်။
ထို့ပြင် ပါတီစုံဒီမိုကရေစနစ်ခိုင်မြဲစေရန် ဒေသနှင့်တိုင်းရင်းသားများ အကျိုးကို တရားဥပဒေနှင့်အညီ ဆွေးနွေးနိုင်ရန်အတွက် တိုင်းရင်းသားကိုယ်စားလှယ်များ နိုင်ငံရေးစင်မြင့်တွင် ပိုမိုပါဝင်ရန် လိုအပ်ကြောင်းလည်း ယာယီသမ္မတကပြောသည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက်လည်း နိုင်ငံတစ်ဝန်းလုံးတည်ငြိမ်အေးချမ်းပြီး လက်နက်ကိုင်ပဋိပက္ခနှင့်အကြမ်းဖက်မှုများ ကင်းဝေးရန်လိုအပ်ကြောင်းနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှသာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရှေ့ဆက်နိုင်မည်ဖြစ်ကြောင်းလည်း ယာယီသမ္မတက ပြောကြားထားသည်။
ထိုကြောင့် ပြည်နယ်အတွင်း ရှိ လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် ပြည်နယ်အကျိုး၊ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ အကျိုးကိုရှေးရှုပြီး တိုက်ပွဲများ ရပ်တန့်စေရေး ဆူပူအကြမ်းဖက်များ ပပျောက်စေရေးတို့ကို အလေးထားဆောင်ရွက်ကြရန် အချိန်ခါသင့်နေပြီဖြစ်ကြောင်း ယာယီသမ္မတက တိုက်တွန်းပြောကြားထားသည်။

image

KK Park နယ်မြေမှ တရားမဝင်အဆောက်အအုံအားလုံးကို ရာနှုန်းပြည့်စနစ်တကျဖြိုချဖျ-က်ဆီးပြီးဖြစ်

ကရင်ပြည်နယ်၊ မြဝတီ-မဲထော်သလေး KK Park နယ်မြေရှိ တရားမဝင် အွန်လိုင်းလိမ်လည်လောင်းကစားမှုနှင့် ဒုစရိုက်မှုများကျူးလွန်ရာတွင်အသုံးပြုသော တရားမဝင်အဆောက်အအုံ (၆၃၅) လုံးလုံးကို ရာနှုန်းပြည့်စနစ်တကျဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။
ပူးပေါင်းအဖွဲ့ဝင်များမှ KK Park အပိုင်း (၁) မှ တရားမဝင်အဆောက်အအုံ (၁၄၈) လုံး၊ အပိုင်း (၂) မှ တရားမဝင်အဆောက်အအုံ (၆၂) လုံးနှင့် အပိုင်း (၃) မှ တရားမဝင်အဆောက်အအုံ (၄၂၅) လုံး (စုစုပေါင်း ၆၃၅ လုံး) ကို ဖေ-ာက်ခွဲဖျ-က်ဆီးခြင်း၊ ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချဖျ-က်ဆီးခြင်းများကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။

image

မုံရွာတွင် ဆိုလာအင်ဗာတာ အပူလွန်ကဲရှော့ဖြစ်ရာမှ စားသောက်ဆိုင်မီးလေ-ာင်မှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့၊ အလုံရပ်ကွက်၊ နန်းတော်စျေးနယ်မြေ၊ မုံရွာ-ဘုတလင်လမ်းမကြီးဘေး၊ နန်းဦးစားသောက်ဆိုင်တွင် ဇန်နဝါရီလ (၁၀) ရက်၊ ည (၁၂) နာရီခန့်က ဆိုလာအင်ဗာတာအပူလွန်ကဲရှော့ဖြစ်ကာ မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အခင်းဖြစ်နေရာသို့ မုံရွာခရိုင်၊ မုံရွာမြို့နယ်နှင့် အလုံနယ် မြေမီးသ-တ်စခန်းများမှ မီးငြိမ်းသတ်ယာဥ် (၃) စီး၊ ရေသယ်ယာဥ် (၄) စီးတို့ ထွက်ခွာငြိမ်းသ-တ်ခဲ့ကြောင်းသိရသည်။
ထို့ပြင် အောင်ချမ်းသာရပ်၊ ကွေ့ကြီးရပ်၊ ဒေါနခြံရပ်၊ ကန်သာဦးရပ်၊ သလ္လာရပ်၊ ရန်ကင်းရပ်၊ စစ်ပင်ရပ်တို့မှမီးငြိမ်းသတ်ယာဥ်နှင့် ရေသယ်ယာဥ်များအားဖြည့် မီးငြိမ်းသ-တ်ခဲ့ရာ (၅၅) မိနစ်တွင် မီးလုံးဝငြိမ်းသွားကြောင်းသိရသည်။
မီးလေ-ာင်မှုကြောင့် ပေ (၄၀) ၊ (၂၄) ပေ သွပ်မိုး၊ နံကပ် (၂) ထပ်နန်းဦးစားသောက်ဆိုင် မီးလေ-ာင်ကျွမ်းခဲ့ပြီး မီးလေ-ာင်မှုကို မုံရွာခရိုင် မီးသ-တ်ဦးစီးမှုး လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်က အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး မီးလေ-ာင်မှုကို အလုံနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image

မြစ်ကြီးနားနည်းပညာတက္ကသိုလ်ကို (၉) ကျောင်းမြောက် Polytechnic University အဖြစ် ဖွင့်လှစ်

ကချင်ပြည်နယ် နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) ကို (၉) ကျောင်းမြောက် Polytechnic University အဖြစ် ဇန်နဝါရီ ၉ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
အဆိုပါဖွင့်ပွဲကို နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နည်းပညာနှင့်ကွန်ပျုတာတက္ကသိုလ် ကျောင်းပေါင်း (၆၁) ကျောင်းရှိပြီး ဗန်းမော်၊ လားရှိုး၊ ပင်လုံ၊ ကျိုင်းတုံ၊ ထားဝယ်၊ မြိတ်၊ မအူပင်တို့တွင်ရှိသည့် နည်ပညာတက္ကသိုလ်များကို ‌ပေါင်းစည်းကာ Polytechnic University ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက ပြောကြားထားသည်။
နေပြည်တော်ရှိ Naypyitaw State Polytechnic University ကိုလည်း ဖွင့်လှစ်ထားပြီး ယခုမြစ်ကြီးနား၌ (၉) ကျောင်းမြောက် အဖြစ်ဖွင့်လှစ်ခြင်းလည်း ဖြစ်သည်။
Polytechnic University ဖွင့်လှစ်ခြင်းဖြင့် စာတွေ့လက်တွေမျှတသည့် သင်ကြားသင်ယူမှုများဆောင်ရွက်နိုင်သည့်အပြင် အသိပညာမျှဝေခြင်းကို အကောင်ထည်ဖော်နိုင်မည် အခွင့်လမ်းကောင်းများရရှိခံစားရမည်ဖြစ်ကြောင်း သိရသည်။
Polytechnic University (မြစ်ကြီးနား) ၌ နည်းပညာကျောင်းသား ၁၆၀ နှင့် ကွန်ပျုတာကျောင်းသား ၁၂၀ စုစုပေါင်း (၂၈၀) ကို နှစ်စဉ်လက်ခံခေါ်ယူပြီး ပညာသင်နှစ်အလိုက် နည်းပညာကျောင်းသား (၈၀၀) နှင့် ကွန်ပျုတာကျောင်းသား (၄၈၀) စုစုပေါင်း ၁၂၈၀ တက်ရောက်ပညာသင်ကြားနိုင်စေရန် ဆောင်ရွက်နေကြောင်း သိရသည်။

image

မန္တလေးမြို့တွင် ရွေးကောက်ပွဲအတွက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ၇၈လမ်းနှင့် ၃၈ လမ်းထောင့်၌လည်းကောင်း၊ လမ်း ၈၀ နှင့် ၄၁ လမ်းထောင့်၌လည်းကောင်း၊ ၈၄ လမ်း၊ ၃၈ လမ်းနှင့် ၄၁ လမ်းကြားရှိမန်းမြိုဈေး၌ ရွေးကောက်ပွဲအတွက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် နိုင်ငံသူ/နိုင်ငံသားအားလုံး ပါဝင်မဲပေးနိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိရေးအတွက် “ဒိုအတူမဲပေးကြမည်”၊ “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့” ရွေးကောက်ပွဲအသိပညာပေးဆိုင်ရာ လက်ကမ်းစာစောင်များ ပြည်သူများထံသို ဖြန့်ဝေခြင်းဖြစ်ကြောင်း သိရသည်။
ဆန္ဒပြုမဲပေးခြင်းသည် နိုင်ငံသားများ၏ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်ရာ ရွေးကောက်ပွဲမှတစ်ဆင့် ပိုမိုအားကောင်းသော အနာဂတ်ကို ဖော်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံသားအားလုံးက အားတက်သရော ပါဝင်ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ တာဝန်ရှိသူများကလည်း သက်ဆိုင်ရာအဖွဲအစည်းများနှင့်ပူးပေါင်း၍ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ရွေးကောက်ပွဲအသိပညာပေးဆိုင်ရာ လက်ကမ်းစာစောင်များ ပြည်သူများထံသို့ ဖြန့်ဝေခြင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့်အဖွဲဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုအသင်းအဖွဲများပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

image

ရန်ကုန်-ပုသိမ်လမ်းတွင် အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ဝင်တို-က် (၂)ဦး ဒ-ဏ်ရာရ

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်ရှိ ရန်ကုန်-ပုသိမ်သွားကားလမ်းတွင် ယနေ့ ဇန်နဝါရီ ၁၀ ရက်နံနက် ၃ နာရီခွဲကျော်ခန့်က အိမ်စီးကားအရှိမထိန်းနိုင်ဘဲ လမ်းဘေးရှိသစ်ပင်ကိုဝင်တို-က်မိခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့နယ်၊ သဲကုန်ကျေးရွာအနီးရှိ ရန်ကုန်- ပုသိမ်သွားကားလမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှ ပုသိမ်ဘက်သို့မောင်းနှင်လာသော အိမ်စီးကားသည် မိုင်တိုင်အမှတ် ၇၇/၃ နှင့် ၇၇/၄ ကြားအရောက် လမ်းချော်ပြီးအရှိန်မထိန်းနိုင်ပဲ လမ်းဘေးရှိ မလေးရှား ပိတောက်ပင်အားဝင်တို-က်မိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်အား ကျောင်းကုန်းမြို့နယ်မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များဖြင့် ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြပြီး အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၁) ဦးတို့တွင် ထိခိုက်ဒ-ဏ်ရာများ (မစိုးရိမ်ရ) ရရှိထား၍ ကျောင်းကုန်းလူငယ်များလူမှုကူညီရေးအသင်းက ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

image

အိမ်တွင်းအလုပ်များအတွက် အေအိုင်သုံးပစ္စည်းများကိုအားထားလာ

တရုတ် လူသုံးကုန် လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း ဒရီးမ် နည်းပညာကုမ္ပဏီသည် ယခုနှစ် လတ်စ်ဗီးဂတ်စ် မြို့တွင် ကျင်းပသည့် စီအီးအက်စ် ကုန်စည်ပြပွဲ၌ အေအိုင်ထည့်သွင်းထားသော ထုတ်ကုန်သစ် ၂၀ ကျော်ကို မိတ်ဆက်ပြသကာ အနာဂတ်တွင် စမတ်ပစ္စည်းများက အိမ်တွင်းအလုပ်အားလုံးနီးပါးကို လုပ်ဆောင်ပေးမည့် အယူအဆကို ဖော်ညွှန်းခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ထိပ်တန်း စက်ရုပ်ဖုန်စုပ်စက် ရောင်းချသူ ငါးဦးအနက် တစ်ဦးဖြစ်သော ဒရီးမ်က ယခုသောကြာနေ့တွင် ပြီးဆုံးမည့် လေးရက်ကြာ ကုန်စည်ပြပွဲ၌ ထုတ်ကုန်ပေါင်း ၁၅၀ ကျော်ကို ခင်းကျင်းပြသခဲ့သည်။
ဒရီးမ် ၏ အသစ်ဖြစ်သော “အေအိုင် နည်းပညာသုံး တစ်အိမ်လုံးအတွက် စမတ်ဂေဟစနစ်” တွင် ဆိုဒါထုတ်ပေးသည့် စနစ်ပါဝင်သော ရေခဲသေတ္တာ၊ ညကြည့်နိုက်ဗစ်ရှင်း လုံခြုံရေးကင်မရာများ၊ လူတစ်ဦး၏ ဦးရေပြားကျန်းမာရေးကို စစ်ဆေးပေးသည့် ဆံပင်လေမှုတ်စက်၊ လှေကားတက်နိုင်သော စက်ရုပ်ဖုန်စုပ်စက်၊ စမတ်လက်စွပ်များနှင့် အက်ရှင်ကင်မရာများ ပါဝင်ပါသည်။ ကုမ္ပဏီသည် ဘူဂါတီနှင့် ဆင်တူသော လျှပ်စစ်စူပါကားတစ်စီးကိုလည်း ပြသခဲ့ပါသည်။
“ကျွန်တော်တို့က ထိပ်တန်းနည်းပညာတွေကတစ်ဆင့် အသုံးပြုသူတွေရဲ့ နေ့စဉ်ဘဝကို မြှင့်တင်ပေးချင်တာပါ” ဟု ဒရီးမ်၏ ကမ္ဘာလုံးဆိုင်ရာ အမှုဆောင်အရာရှိချုပ် ချန်ရှင်ဝေက စီအီးအက်စ် ပွဲပြင်ပတွင် ပို့စ်သတင်းဌာနသို့ ပြောကြားခဲ့သည်။ ကျယ်ပြန့်သော ဘာသာစကားမော်ဒယ်များနှင့် ရုပ်ပိုင်းဆိုင်ရာ အေအိုင် (ဒရီးမ်တွင် သီးသန့်အဖွဲ့တစ်ခုရှိသည့် နယ်ပယ်) တို့၏ လတ်တလော တိုးတက်မှုများသည် ကုမ္ပဏီ၏ ဆန်းသစ်တီထွင်မှုကို အရှိန်မြှင့်ရန် ကူညီပေးခဲ့သည်ဟု သူက ထောက်ပြခဲ့ပါသည်။
သုတေသနလုပ်ငန်း အိုင်ဒီစီ မှ အချက်အလက်များအရ စက်ရုပ်ဖုန်စုပ်စက် ထုတ်လုပ်သူများဖြစ်သော ရိုဘိုရော့ခ်၊ အီကိုဗက်စ်၊ ဒရီးမ်၊ ရှောင်မီနှင့် နာဝယ်လ် ကုမ္ပဏီများသည် ၂၀၂၅ ခုနှစ် ပထမသုံးပုံတစ်ပုံတွင် တစ်ကမ္ဘာလုံးတင်ပို့မှု၏ ၇၀ ရာခိုင်နှုန်းနီးပါးကို သိမ်းပိုက်ထားကြောင်း သိရသည်။
ဒရီးမ်သည် ခြောက်နှစ်ဆက်တိုက် နှစ်စဉ်တိုးတက်မှုနှုန်း ၁၀၀ ရာခိုင်နှုန်းကျော် ရရှိခဲ့ပြီး ပြည်ပစျေးကွက်များသည် ဝင်ငွေ၏ ၈၀ ရာခိုင်နှုန်းခန့် ရှိကြောင်း ကုမ္ပဏီ၏ ပြောကြားချက်အရ သိရသည်။
ဒရီးမ် ကုမ္ပဏီကို ချင်းဟွာတက္ကသိုလ်၊ အာကာသအင်ဂျင်နီယာကျောင်းမှ ဘွဲ့ရရှိသူ အမှုဆောင်အရာရှိချုပ် ယူဟောင်က ၂၀၁၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ကိုယ်ပိုင်အမှတ်တံဆိပ်ကို မထူထောင်မီ ရှောင်မီကုမ္ပဏီထံသို့ အိမ်သုံးလျှပ်စစ်ပစ္စည်းများ ပံ့ပိုးပေးသည့် မူလစက်ကိရိယာ ထုတ်လုပ်သူအဖြစ် စတင်လည်ပတ်ခဲ့သည်။
ဒရီးမ်သည် မလေးရှား၊ ဗီယက်နမ်နှင့် တူရကီတို့တွင် စက်ရုံများတည်ထောင်ထားပြီးဖြစ်ကြောင်း ချန်က ပြောကြားခဲ့ပါသည်။ ကုမ္ပဏီသည် စင်ကာပူ၊ ဂျာမနီနှင့် အမေရိကတို့တွင် စက်ရုံသစ်များ တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။
စမတ်ကျသော သန့်ရှင်းရေးပစ္စည်းများကြောင့် လူသိအများဆုံးဖြစ်သော ဒရီးမ်သည် မကြာသေးမီနှစ်များအတွင်း စမတ်ဖုန်းများ၊ အက်ရှင်ကင်မရာများနှင့် ဒရုန်းများ အပါအဝင် ထုတ်ကုန်အသစ်များဆီသို့ လျင်မြန်စွာ တိုးချဲ့လာခဲ့ပေသည်။ ချန်က ထိုသို့တိုးချဲ့မှုကို ကုမ္ပဏီတွင်း ပျိုးထောင်မှုပုံစံဖြင့် ဆောင်ရွက်လျက်ရှိသည်ဟု ဆိုထားပါသည်။
ဒရီးမ်၏ စီးပွားရေးခွဲခြမ်းစိတ်ဖြာချက်အရ ၎င်းသည် သန့်ရှင်းရေး၊ ဧည့်ခန်း၊ တစ်ကိုယ်ရေစောင့်ရှောက်မှုနှင့် အိမ်အပြင်ဘက် စသည့်နေရာအမျိုးမျိုးတွင် ပုံစံအမျိုးမျိုးဖြင့် ဖြည့်ဆည်းပေးလျက်ရှိသည်။ ကုမ္ပဏီသည် အဆိုပါနယ်ပယ်များကို ထုတ်ကုန်လိုင်းတစ်လိုင်းစီ ထပ်မံခွဲခြားထားရာ လက်ရှိတွင် ၆၄ ခု ရှိနေပြီဖြစ်ပေသည်။
“နောက်ဆုံးမှာတော့ အရာအားလုံးဟာ ဂေဟစနစ်တစ်ခု တည်ဆောက်တဲ့ဆီကို ဦးတည်နေပါတယ်” ဟု ချန်က ပြောကြားပြီး၊ ထိုရည်ရွယ်ချက်ကြောင့်ပင် ဒရီးမ်က ၎င်း၏ မဟာဗျူဟာကို “အဆုံးသတ်မရှိ” ဟု ဖော်ပြရခြင်းဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
ထုတ်ကုန်သစ် ဖော်ဆောင်မှုနှင့် ပတ်သက်၍ ချန်က ဒရီးမ်သည် ကနဦးလိုအပ်ချက်ပြမှုများမှ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုအထိ အသုံးပြုသူ၏ အမှန်တကယ် လိုအပ်ချက်ကိုဖော်ထုတ်ရန်အတွက် အဆင့်ဆင့်စစ်ထုတ်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း ဒရီးမ်သည် ကုမ္ပဏီအနေဖြင့် စျေးကွက်တွင် သိသာထင်ရှားသော အားသာချက်ကို ပေးစွမ်းနိုင်သည်ဟု ယုံကြည်ရသည့် ထုတ်ကုန်အမျိုးအစားများကို ဦးစားပေးထုတ်လုပ်ဆဲဖြစ်ပေသည်။
ဒရီးမ်၏ ရည်မှန်းချက်မှာ “ကမ္ဘာ့အဆင့်မီ နည်းပညာကုမ္ပဏီ” တစ်ခု ဖြစ်လာရန်ဖြစ်ကြောင်း ချန်က ပြောကြားခဲ့ပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရန် ကုမ္ပဏီအနေဖြင့် ပိုမိုပြတ်သားရန်နှင့် စွန့်စားမှုများပြုလုပ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

image