ကြက်မောက်သီး စိုက်ပျိုးနည်း
မြန်မာအမည်- ကြက်မောက်သီး
အင်္ဂလိပ် အမည်- RAMBUTAN
ရုက္ခဗေဒ အမည်မှာ- Naphelium lappacum မျိုးရင်းအမည်မှာ-SAPINDACEAE
မူရင်းဒေသ- မလေးရှားနှင့် အင်ဒိုနီးရှား
ကြက်မောက်သီးအား ဥယျာဥ်တွင် စိုက်ပျိုးနိုင်သောနည်းသာမက အိုးဖြင့်စိုက်ပျိုးနိုင်သောနည်းပါဖော်ပြပေးသွားပါမယ်။
ပထမဦးစွာ ကြက်မောက်သီးစိုက်ပျိုးရာတွင် သိထားသင့်သည့်အချက်များကို ဖော်ပြပေးလိုက်ပါတယ်။
မျိုးရွေးချယ်ခြင်း
ကြက်မောက်မျိုးများကို အသားနှင့်အစေ့ကိုခွာ၍ ရနိုင် မရနိုင်ပေါ်မူတည်ပြီး အကြမ်းအားဖြင့် အစေ့ကျွတ်ကပ်နှင့် အစေ့မကပ် မျိုးဟူ၍ ခွဲခြားနိုင်ပါတယ်။
မျိုးရွေးချယ်ရာတွင် သတိပြုရမည့်အချက်
-အသီးအရွယ်အစားကြီးရမည်။ (တစ်လုံး ၃၄ ဂရမ်ထက်ပိုရမည်။)
-အသီးအရသာ ချိုရမည်။
-အသားကိုဖယ်ထုတ်သောအခါ အစေ့ခွံကပါမှု နည်းနိုင်သမျှနည်းရမည်။
ရာသီဥတု
အပူချိန် ၂၂-၃၀ ဒီဂရီ စင်တီဂရိတ်အတွင်း ရှိပြီး ပင်လယ်ရေမျက်နှာပြင်မှ မီတာ ၇၀၀ အတွင်းသည် အသင့်တော်ဆုံးဖြစ်ပါသည်။ မိုးများသည့် ဒေသတွင် နှစ်စဉ်မိုးရေချိန် ၂၀၀၀-၅၀၀၀ မီလီမီတာ ရလျှင် ပိုမိုကောင်းမွန်ပြီး မိုးရွာသွန်းမှုမှာ တစ်နှစ်ပတ်လုံး ညီညာစွာ ရွာသွန်းရန်လိုပါသည်။ မိုးမရွာသည့် နွေရာသီကာလတွင် ပန်းပွင့်သည်မှ အသီးဆွတ်ခူးသည်အထိ ရေပေးသွင်းရန်လိုပါသည်။
မြေအမျိုးအစား
မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်း သစ်ဆွေးဓာတ်ကြွယ်ဝသော၊ ရေစီးစိမ့်မှု ကောင်းသည့် မြေသြဇာထက်သန်သော သဲဆန်သည့်နုန်းမြေတွင် အပင်ကြီးထွားမှုနှင့် အသီးသီးရန်အတွက် အသင့်တော်ဆုံးဖြစ်သည်။ သဘာဝမြေသြဇာနှင့်ဓာတ်မြေသြဇာများ လုံလောက်စွာထည့်ပေးနိုင်လျှင် ဂဝံမြေနီတွင် စိုက်ပျိုးနိုင်သည်။ မြေချဉ်ငံဓာတ် Ph ၄.၅ – ၆.၅ ကြား သင့်တော်ပါတယ်။
ဥယျာဉ်ထဲတွင် ကြက်မောက်သီးစိုက်ပျိုးနည်း
-အကွာအဝေး ၁၀-၁၂ မီတာ x ၁၀-၁၂ မီတာ (၃၂-၃၉ လက်မ × ၃၂-၃၉ လက်မ) ဖြင့် စတုရန်းပုံ စိုက်ပျိုးနိုင်ပါတယ်။
– အပေါ်ယံမြေကို ကောင်းစွာဆွေးမြေ့သော သစ်ဆွေးမြေသြဇာနှင့်ရောရာတွင် သစ်ဆွေးမြေသြဇာနှစ်ဆကို အပေါ်ယံမြေတစ်ဆ နှင့် ရောပြီး ကျောက်မှုန့် ၁သို့မဟုတ် ၂ ကီလိုဂရမ် ထည့်မွှေပါ။ ဓာတ်မြေသြဇာထည့်ပါက ၁၅း၁၅း၁၅ ဓာတ်မြေသြဇာ ၂၀၀-၃၀၀ ဂရမ် ဖြည့်စွက်ပြီး သစ်ဆွေးမြေသြဇာနှင့် အပေါ်ယံမြေအချိုးကို ၃း၁ တိုးပေးပါ။
-စိုက်ပျိုးပြီးပထမ ၆-၈ လ အထိ အရိပ်ပေးရန်လို၏။
– အပင်၏အကိုင်းများကို အစောပိုင်းတွင် ပုံသွင်းပေးရန်လိုအပ်ပါသည်။
-အသီးအများ ဆုံးထွက်သည့်အချိန်တွင် အပင်တစ်ပင်တစ်နှစ်လျှင် ဓာတ်မြေသြဇာ ၅ ကီလိုနှုန်းထည့်ပေးသင့်ပါတယ်
– ခြောက်သွေ့သောကာလတွင် ရေသွင်းခြင်းကို နှစ်ရက် သုံးရက် တစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။
-ပန်းပွင့်စဉ်အတွင်း မိုးသည်းထန်စွာရွာသွန်းပါက ဝတ်မှုန်ကူး အင်းဆက်များ လှုပ်ရှားမှုနည်းသွားခြင်းကြောင့် အသီးတင်မှုနည်းပါးခြင်း ဖြစ်နိုင်ပါတယ်။
– အသီးကို ပုံမှန်အားဖြင့် ပန်းပွင့်စုံပြီး ၉၀-၁၀၀ ရက်တွင်လည်းကောင်း၊ ၁၀၀-၁၃၀ ရက် တွင် လည်းကောင်းအသီးဆွတ်ခူးရိတ်သိမ်းနိုင်ပါတယ်။
-အသီးအရောင် စတင်ဖြစ်ပေါ်ပြီး ၁၆ရက်မှ ၁၈ ရက်တွင် စျေးကွက်သို့ တင်ပို့နိုင်ပြီဖြစ်ပါတယ်။ အပင်တစ်ပင်တွင်ရှိသော အသီးအားလုံး ရင့်မှည့်လာရန်အတွက် ရက် ၃၀ ခန့်သာလိုအပ်ပါတယ်။
-အသီးထုတ်ပိုးရာတွင် အသီးများကြားတွင် အစိုဓာတ်ထိန်းပေးသည့် ကြားခံပစ္စည်းများ ထည့်သွင်းထုတ်ပိုးခြင်းဖြင့် အသီးများလတ်လတ်ဆက်ဆက် ရှိနေစေပါသည်။
ကြက်မောက်သီးအား အိုးဖြင့်စိုက်ပျိုးနည်း
– အကျယ်အနည်းဆုံး 500mm ရှိသည့်အိုးတလုံးကိုရွေးချယ်ပါ။ နေရောင်ခြည်တွင်နေရာချပြီး မြေဆီလွှာအရောအနှောပါသည့် အရည်အသွေးမြင့်သောအရောအနှောဖြင့်ဖြည့်ပါ။
– ကြက်မောက်သီး မျိုးစေ့မှအပင်ပေါက်ရန်အတွက်၊ မြေဆီ မြေသြဇာ အရောအနှောများကိုအိုးငယ် (သိုမဟုတ်) ကွန်တိန်နာအတွင်းရေနုတ်မြောင်းများဖြင့်စိုက်ပြီးသဲနှင့်အော်ဂဲနစ်မြေဆွေးများဖြင့်ပေါင်းစပ်ထားသောအော်ဂဲနစ်မြေဆီလွှာများဖြင့်ပြည့်နှက်နေအောင်ဖြည့်ပါ။
– မျိုးစေ့ကို ထည့်၍ မြေဆီလွှာကိုအသာအယာဖုံးပေးပါ။ မျိုးစေ့အပင်ပေါက်ရန် ၁၀ မှ ၂၁ ရက်အတွင်းကြာနိုင်ပါတယ်။
-သင့်ရဲ့ ကြက်မောက်ပင်အား ပြောင်းရွှေ့စိုက်ပျိုးဖို့ အဆင်သင့်ဖြစ်ရန် နှစ်နှစ်ခန့်ကြာပါလိမ့်မည်။
-သင်၏ ကြက်မောက်ပင်ကို မြေပြင်တွင်တိုက်ရိုက်စိုက်ပျိုးခြင်း သို့မဟုတ်ပလတ်စတစ်မဟုတ်သည့်အိုးဖြင့်ပြောင်းရွှေ့စိုက်ပျိုးရမည်။
Crd owner🙏🏻

image

ဘဝမှာ လက်တွေ့ဆန်တဲ့ လူကိုပဲ ရွေးချယ်ပါ ။
ဘာပန်းကြိုက်တတ်လဲ မသိရင်တောင်
ပန်းတွေ ယူလာပေးတဲ့ လူ ၊
ဘာအစားအစာ ကြိုက်တတ်လဲ မသိရင်တောင်
အစားကောင်းကျွေးချင်တဲ့ လူ ၊
ဘာဖြစ်ချင်နေလဲ မသိရင်တောင်
သိအောင် ကြိုးစားတဲ့ လူ ၊
ဘာပဲဖြစ်ဖြစ် ကိုယ့်အပေါ်မှာ
ကြိုးစားချင်စိတ်ရှိတဲ့ လူကိုပဲ ရွေး ၊
ကိုယ့်အနားကို ရောက်ဖို့ ကိုယ့်အကြိုက်ကို လိုက်ဖို့ ၊
ကိုယ်နဲ့ အတူတူရှိနေရဖို့ ကြိုးစားတဲ့ လူကိုပဲ ရွေးချယ်ပါ ။

image
26 w - Translate

ကရင်နီရဲ့ မနက်ခင်း
☁️ တိမ်ပင်လယ်အလှ ☁️

image
26 w - Translate

ကရင်နီရဲ့ မနက်ခင်း
☁️ တိမ်ပင်လယ်အလှ ☁️

image
26 w - Translate

ကရင်နီရဲ့ မနက်ခင်း
☁️ တိမ်ပင်လယ်အလှ ☁️

imageimage

ကြက်ဥဆီပြန်ချက်နည်း
**************
ကြက်ဥကိုပြုတ်ပြီးအခွံခွားထားပါ
ငရုတ်သီး ကြက်သွန်နီများများ
ကြက်သွန်ဖြူ ဂျင်းအနည်းငယ်ကို
ငပိအနည်းငယ်ထည့်ထောင်းပါ
ဆီများများလေးသတ်ပါ
ဆနွင်းမူန့်ထည့်ပြီး ငရုတ်သီးထောင်း
ထည့်ကြော်ပါ
မီးပုံမှန်နဲ့ ငရုတ်သီးအနံ့မွှေးလာအောင်ကြော်ပါ
ကြက်ဥထည့်ပါ မဆလာထည့်ပြီးမွှေပါ
နံ့သွားရင် ရေသင့်ရုံလေးထည့်
အရသာထည့်ပြီး အဖုံးအုပ်ချက်
အနှစ်ကျပြီး ရေကျန်ဆီပြန်လေးဖြစ်ရင်
ကြက်ဥကိုနှစ်ခြမ်းခွဲလိုက်ပါ
နံနံပင်လေးအုပ်ပြီး အဖုံးခဏဖုံးပေးထားရင်
ရပါပြီရှင့်.. 😊

image
26 w - Translate

LGBT ဘဝနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားကြသော မင်းသမီးကြီးသုံးဦး
(၁) ခိုင်နှင်းဝေ။ ။ မြန်မာနိုင်ငံရဲ့ မာသာထရီဇာလို့ လူသိများတဲ့ မင်းသမီးကြီး ခိုင်နှင်းဝေဟာဆိုရင်လည်း မိန်းမချင်းသာချစ်ကြိုက်တဲ့ LGBT တစ်ဦးဖြစ်ပါတယ်။ချစ်သူရဲ့ နာမည်ကတော့ ဇင်မြင့်အောင်လို့သိရပြီး မိုးကုတ်က ကြေးရတတ်တစ်ဦးလို့ သိရပါတယ်။ ခိုင်နှင်းဝေကလည်း ဒီလိုအမိုက်စားချစ်သူလေးနဲ့ သူ့ရဲ့ relationship ကို ပေါ်ပေါ်တင်တင်ဘဲ ချပြထားပြီး ရံဖန်ရံခါ အကြူးပို့စ်လေးတွေ တင်တတ်ပါတယ်။ Tom boy ဇင်မြင့်အောင်ဘက်ကတော့ သူ့ရဲ့ Acc တစ်ခုလုံးကို ခိုင်နှင်းဝေအတွက်ပဲ ဖွင့်ထားသလားထင်ရလောက်အောင် ဆက်တိုက်ကြူးနေပြီး သူ့တို့ရဲ့ Relationship ကတော့ နှစ်သက်တမ်းများစွာရှိနေပြီလို့ သိရပါတယ်။
(၂)ထက်ထက်ထွန်း။ ။ ထက်ထက်ထွန်းဟာဆိုရင်လည်း LGBT ချစ်သူ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ ထက်ထက်ထွန်းက Bisexual စိတ်ရှိသူ၊ ယောကျာ်းရောမိန်းမပါ သဘောကျသူတစ်ဦးဖြစ်ပြီး အနုပညာသက်တမ်းတစ်လျှောက်မှာ ဆိုရင် တွဲနေပါပြီလို့ Official ချပြဖူးတဲ့ မိန်းကလေးချစ်သူတွေ ရှိခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ ထက်ထက်ထွန်းက သူ့ထက်အရပ်ပုတဲ့ ယောကျာ်းစစ်စစ်တစ်ယောက်နဲ့ တွဲနေတယ်လို့ သိရပါတယ်။ မိန်းကလေးတွေကိုပါ သဘောကျတဲ့ ထက်ထက်ထွန်း၁ယောက် ဒီလူနဲ့ဘယ်လောက်မြဲမလဲလို့ ပရိသတ်တွေက စောင့်ကြည့်နေကြပါတယ်။
(၃)စိုးမြတ်သူဇာ။ ။ စိုးမြတ်သူဇာဟာဆိုရင်လည်း မိန်းမချင်းချစ်ကြိုက်နေတဲ့ LGBT အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ အသက်၅၀ ကျော်စိုးမြတ်သူဇာက သူ့ထက်အသက်အများကြီးငယ်တဲ့ မိန်းကလေး Tom boy တစ်ဦးတည်းကိုပဲ စွဲစွဲမြဲမြဲ ချစ်ခဲ့ပြီး လက်ရှိလည်းတွဲနေကြတုန်းလို့ သိရပါတယ်။ အဲဒီမိန်းကလေးရဲ့ နာမည်ကတော့ ပိုင်စိုးစံလို့သိရပြီး လက်ရှိမှာ transman တစ်ယောက်အဖြစ် အနုပညာအလုပ်တွေကို လုပ်ကိုင်နေသူဖြစ်ပါတယ်။ စိုးမြတ်သူဇာကွေးနေတာကိုတော့ လူတိုင်းနီးပါးသိကြပါတယ်။ ဒါကြောင့် စိုးမြတ်သူဇာအနေနဲ့ ဒီလိုအသက်၅၀ကျော်တဲ့အထိ Transman ကောင်မလေးနဲ့ မခွဲနိုင်မခွာရက်ဖြစ်နေတာဟာ ဘာတွေများကောင်းလို့လဲလို့ စဥ်းစားစရာဖြစ်လို့နေပါတယ်။
ပရိသတ်ကြီးတို့ရော ဘယ်လိုများထင်ကြပါသလဲနော်။

image

"စိတ်မကြည်ရင် ဘုရားတောင် မရှိခိုးချင်ဘူး"တဲ့။
"မရှိခိုးချင်လည်း ရှိခိုးရမှာပဲ။ ရှိခိုးရင်းနဲ့ကြည်သွားလိမ့်မယ်"လို့ ရှင်းပြရတယ်။
တကယ်တော့ ဘုရားရှိခိုးတဲ့အလုပ်ဆိုတာ စိတ်မကြည်လေ ပိုလုပ်လေဖြစ်ရမယ်ပေါ့။ စိတ်ပါမှ၊ စိတ်ကြည်မှ လုပ်ကြမယ်ဆိုရင် ပုထုဇဉ်ပုဂ္ဂိုလ်ရဲ့စိတ်ဆိုတာ မကောင်းတာမှာပဲ အပျော်များတယ်လေ။ ကောင်းတဲ့စိတ်ဆိုတာ သီးသန့်မွေးယူရတာ မဟုတ်လား။
ဒေါသဖြစ်ရင် ဒေါသကင်းစင်တဲ့ ဘုရားရှင်ကို အာရုံပြုကြည့်လိုက် ကိုယ်ပါအငြိမ်းဓာတ်ရသွားတယ်။စိတ်မကြည်ရင် စိတ်ကြည်လင်နေတဲ့ ဘုရားရှင်ကို အာရုံပြုကြည့်လိုက် ကိုယ်ပါအကြည်ဓာတ်ကူးသွားတယ်။
စိတ်မကြည်ရင် ဘုရားတောင် ရှိမခိုးချင်ဘူးမလုပ်နဲ့၊ ရှိခိုးရင်း ကြည်သွားလိမ့်မယ်ပေါ့နော်။
အတုမရှိ၊ အတူမရှိ မြတ်ဗုဒ္ဓဆိုတော့ အပူလည်း မရှိဘူးပေါ့။
ကြည်ညိုစွာဖြင့် ...
မနာပ ဒါယီ အရှင် ဝိစိတ္တ

image
26 w - Translate

အင်းစိန်မှာ အမျိုးသမီးတယောက်ကို ကားနဲ့ဝင်တိုက်ပြီး ရွှေပြည်သာစက်မှုဇုန်မှာ စွန့်ပစ်မှုဖြစ်ပွား
အောက်တိုဘာ ၂၉ ၊ ၂၀၂၅

ရန်ကုန်တိုင်း ၊ အင်းစိန်မြို့နယ် ၊ က/ခရပ်ကွက် ၊ ဘုရင့်နောင်လမ်းပေါ် ၊ ရွှေဝါ ၂ လမ်းထိပ်မှာ ဒီကနေ့ အောက်တိုဘာ ၂၉ ရက်နေ့ မနက်အစောပိုင်းက ယာဥ်တိုက်မှုဖြစ်ပွားပြီး ကားသမားက လူနာကို ရွှေပြည်သာစက်မှုဇုန်ဘက်မှာ သွားရောက် စွန့်ပစ်ခဲ့မှု ဖြစ်ပွားခဲ့တယ်လို့ အင်းစိန်အရံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။
မနက် ၄ နာရီဝန်းကျင်လောက်မှာ ကားနံပါတ် (8B -1709) Light truck ကားက အသက် ၄၀ အရွယ်ဝန်းကျင်အမျိုးသမီးကို ကားနဲ့တိုက်မိခဲ့တာဖြစ်ကြောင်း ၊ ယာဥ်တိုက်မှုဖြစ်ပွားပြီးနောက်မှာ ကားသမားက လူနာအမျိုးသမီးကို ဆေးရုံကို ပို့ဆောင်ပေးမယ်ဆိုပြီး ကားပေါ်တင်ခေါ်ကာ ရွှေပြည်သာစက်မှုဇုန်ထဲက လမ်းဘေးတနေရာမှာ သွားရောက်စွန့်ပစ်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ် ။
" ရောက်တော့လူနာမရှိတော့ဘူး။ဘေးနားမေးကြည့်တော့ တိုက်တဲ့ကားကပဲ ဆေးရုံပို့ပေးမယ်ဆိုပြီး ခေါ်သွားတယ်ဆိုလို့ ဆေးရုံလိုက်တော့ ရောက်မလာဘူးသိရတယ်။ အဲဒါနဲ့ကျွန်တော်တို့ အဲဒီနား ပတ်ရှာတော့ မတွေ့တာနဲ့ပြန်လာခဲ့တယ်။ မနက်ရောက်မှ စွန့်ပစ်ထားတယ် ဆိုတာကိုသိရပြီး ကနောင်အသင်းနဲ့ချိတ်ပြီး ဆေးရုံပို့လိုက်တာ။လမ်းဖြတ်ကူးတာမှာ ဝင်တိုက်ခံရတာလို့ သိရတယ်။လူနာက သတိတော့ရပေမယ့် ဘာမှတော့မပြောနိုင်သေးဘူး။" လို့ အင်းစိန်အရံ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ် ။
ကားတိုက်ခံရတဲ့ အမျိုးသမီးမှာ ဒဏ်ရာအများအပြားရရှိခဲ့ပြီး ဦးခေါင်းပေါက်ပြဲဒဏ်ရာ ၊ ​ခြေသလုံးအရိုးကျိုးပြီး ငေါထွက်ဒဏ်ရာရရှိထားကြောင်း အင်းစိန်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။
လက်ရှိမှာ ကားတိုက်ခံခဲ့ရတဲ့ အမျိုးသမီးရဲ့ မိသားစုဝင်တွေနဲ့ ချိတ်ဆက်ရရှိနိုင်ဖို့ စုံစမ်းမှုပြုလုပ်နေပေမယ့် လူနာမှ စကားမပြောနိုင်သေးတဲ့ အတွက် မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးကြောင်း ၊ ကားနဲ့တိုက်ပြီး ထွက်ပြေးသွားတဲ့ ကားသမားကိုလည်း ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။
အောက်တိုဘာ ၂၅ ရက်နေ့ကလည်း မီးနီဖြတ်မောင်းတဲ့ ခရီးသည်တင် အောက်ဆိုက်ကားတစီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်လို့ တယောက်သေဆုံးကာ လူခြောက်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့သိရပါတယ်။
အောက်တိုဘာ ၂၁ ရက်နေ့ကလည်း ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်နဲ့ တောင်ဥက္ကလာမြို့နယ်၊ အင်းစိန်မြို့နယ် တို့မှာ ယာဥ်တိုက်မှုဖြစ်ပွားပြီး တယောက်သေဆုံးက ၁၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့သိရပါတယ်။
အောက်တိုဘာ ၁၈ ရက်နေ့မနက်ပိုင်းကလည်း
ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်းမမှာ ယာဥ်သုံးစီးဆင့်တိုက် မှုဖြစ်ပွားခဲ့သလို အဲဒီနေ့မှာပဲ ရန်ကုန်၊ ပြည်လမ်းမပေါ်မှာ ယာဉ် ၅ စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
ဓာတ်ပုံ - ကိုသူရိန်ထွန်း