✡ နှလုံး မကောင်းဘူးဆိုတဲ့ လက္ခဏာ ၆ မျိုး
1. ခြေထောက်တွေ ရောင်နေ ဖောနေလား
ခြေထောက်တွေ ပွစိစိ ဖောရတဲ့ အကြောင်းရင်းများစွာ ရှိပေမဲ့ အဓိက အကြောင်းရင်းကတော့ နှလုံးစွမ်းရည်ကျဆင်းပြီး အရည်တွေစုနေလို့ဖြစ်တယ်။ အထူးသဖြင့် ပက်လက်မအိပ်နိုင်၊ အသက်ရှူကြပ်လာပြီဆိုရင် သတိထားပါ။တချို့ခြေထောက် ရောင်တာက နေခင်းဘက်မှာရောင်ပြီး ညကျ အရောင်လျော့ကျသွားတတ်တယ်။ ကြာလာ လို့အရောင် မလျော့ရင် နှလုံးအထူးကုဆရာဝန်နှင့် ချက်ချင်းပြဖို့ လိုပါတယ်။
2. လိင်ပြဿနာများ
အမျိုးသားတွေအဖို့ လိင်တံမမာတောင့်နိုင်တော့ဘူးဆိုတဲ့ ပြဿနာ ခံစားလာရပြီ ဆိုတာဟာ သင့်မှာသွေးလွှတ် ကြောဆိုင်ရာရောဂါတွေရှိနေပြီဆိုတဲ့ လက္ခဏာ ဖော်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်က သွေးလွှတ်ကြောတွေထဲမှာ အဆီချိုး သို့မဟုတ် ကယ်လ်ဆီယမ်ချိုးတွေ စုပြုံကျလာလို့ အစွန်အဖျားအရေပြားအထိ သွေးနှင့်အောက်စီဂျင် မရောက်လာနိုင်တဲ့အတွက်ဖြစ်တယ်။
အမျိုးသမီးတွေ အဖို့တော့ သွေးဆုံးပြီဆိုတာနဲ့ လိင်ဆန္ဒတွေ (ကာမရာဂ တက်ကြွမှုတွေ) လျော့ကျ နည်းပါးသွားပါပြီ။ ဒါကြောင့် အသက် 50 နားကပ်လို့ သွေးဆုံးပြီဆိုတာနဲ့ နှလုံးရောဂါ ဖြစ်လာနိုင်ခြေများ လာပါပြီ။ သွေးဆုံးတိုင်း နှလုံးရောဂါဖြစ်တယ်လို့ မဆိုလိုပါ။ တချို့မှာ သွေးတိုးရောဂါ၊ သွေးတွင်း အဆီဓာတ် မြင့်မားတာမျိုး နဂိုကတည်းက ရှိနှင့်ပြီးသားပါ။ ဒီအချိန်မှာလည်း သွေးဆုံးချိန်ဖြစ်နေတတ်တာကိုး။
3. အိပ်ရင်း ဟောက်ရင်သတိထားပါ။
အိပ်နေတဲ့အခါ ကျယ်ကျယ်လောင်လောင်ကြီး ဟောက်လာပြီဆိုရင် ဟောက်သံ ပျောက်သွားပြီး အသက်ရှူသံပါရပ်သွားရင် သင့်ခန္ဓာကိုယ်ထဲမှာ ဇီဝကမ္မဆိုင်ရာ ပြောင်းလဲမှုတွေ တွဲဖက်ဖြစ်လာနိုင်ပါသတဲ့။ ဥပမာ လေဖြတ်တာ၊ နှလုံးတိုက်ခိုက်ခံ ရတာမျိုး တမျိုးမျိုး ဒါမှမဟုတ် နှစ်ခုစလုံး တွဲဖက်လာနိုင်ခြေရှိတဲ့အတွက် သတိထားရတော့မှာ ဖြစ်တယ်။
နှလုံးခုန် မမှန်တာ၊ နှလုံးခုန်မြန်တာ ရှိလာပြီး၊ သွေးစီးဆင်းတာ ကျတော့ နှေးကွေးပြီး ကောင်းကောင်းမစီးနိုင်ပါဘူးတဲ့။ ဒါ့ကြောင့် အိပ်ပျော်ရင်း ဟောက်လည်းဟောက် အသက်ရှူလည်း ရပ်ရပ်သွားတာမျိုးရှိရင် ဘာ့ကြောင့်လဲဆိုတာဆေး စစ်ပါ။ ရောဂါရှိရင် ဆေးကုသမှုခံယူပါတဲ့။
4. သွားဖုံးရောင်ရမ်းနာခြင်း၊ သွေးထွက်နေခြင်းရှိက အမြန်ဆုံး ကုသမှုခံယူပါ
သွားဖုံးရောင်ရမ်းခြင်းက သွားဖုံးမှာ ကူးစက်ပိုးဝင်ရောက်ခံနေရကြောင်း သတိပေးလိုက်တာပါပဲ။ သွားဖုံးရောင် တာကြာရင် မေးရိုးတွေကို ဒုက္ခပေး ဖျက်ဆီး တော့မှာဖြစ်တယ်။ အဲ့ဒီ သွားဖုံးရောင်ရမ်းခြင်း မူလအခြေခံကနေပြီး တကိုယ်လုံးရှိ အင်္ဂါအစိတ်အပိုင်း အားလုံးကို ပိုးတွယ်ဖို့ လမ်းကြောင်းတွေ ဖောက်ထားသလို ဖြစ်စေတယ်။
ဆိုလို တာက သွေးလွှတ်ကြောကတစ်ဆင့် နှလုံးဆီလည်း ရောက်ချလာမှာ ပါပဲ။ အဲ့ဒီကနေ နှလုံးတိုက်ခိုက် ခံရတော့မှာဖြစ်တယ်။ ဒါကြောင့် သွားမှန်မှန်တိုက်၊ ဖလူရိုက်ပါတဲ့ သွားတိုက်ဆေးသုံး၊ တစ်ခါ သွားတိုက်ရင် 2 မိနစ်နှုန်း၊ တနေ့ 2 ကြိမ် တိုက်ပြီး သွားအထူးကုဆရာဝန်နဲ့ တနှစ် 2 ကြိမ် မှန်မှန်ပြပါလေတဲ့။
5. လည်ပင်း (သို့မဟုတ်) ပခုံးထိုးထိုးကိုက်လား
လူတိုင်းရင်ဘတ် မအောင့်ပါဘူး။ တချို့က လည်းပင်းတင်းလာသလို တချို့က ပခုံး ထိုးထိုး ကိုက်ပါသတဲ့။ တချို့ကတော့ ဆုပ်ဆွဲကိုင်ထားသလို ခံစားရပါသတဲ့။ လူအများစုကတော့ မသက်မသာ ကသိကအောင့်ဖြစ်နေ ကြရတာပါ။ ရင်ဘတ်အောင့်တာဟာ မေးရိုးအထိ တက်လာတာ ပခုံးထိထိုးကိုက်တာမျိုးတွေ့ ရလိမ့်မယ်။ ဒီလက္ခဏာဟာ နှလုံးသွေးကြောကျဉ်း ရောဂါ သို့မဟုတ် နှလုံးတိုက်ခိုက်ခံရတဲ့ လက္ခဏာတခုပါပဲဆိုတာ ဖော်ပြလိုက်ရပါတယ်။
6. အစာမကြေ ရင်ပူခြင်းရှိရင်လည်း သတိထား
ချက်အထက်ရင်ခေါင်းထဲ ပူပြီးလေထိုးသလို ခံစားရမယ်။ ခဏခဏ ဖြစ်မယ်။ ကြို့ထိုး မယ်ဆိုရင် နှလုံးကြောင့် လည်း ဖြစ်တတ်ပါတယ်။ တချို့က အော့ချင်အန်ချင်သလို ဖြစ်ခြင်း၊ အန်ချလိုက်ခြင်း၊ ချွေးတွေတအားထွက်လာခြင်း၊ အသက်ရှူရကြပ်လာခြင်းတို့ တွေ့ရတတ်တယ်။ တချို့က အစာအိမ်လေနာထင်ပြီး အစာအိမ်လေနာပျောက်ဆေး ပဲသောက်ပြီး မသက်သာမှ အရေးပေါ်ဆေးကုဌာနသို့ ရောက်လာလေ့ရှိလို့ ဖော်ပြတဲ့ ဝေဒနာတွေ အလူးအလှိမ့်ခံစား ရရင် နှလုံးတိုက်ခိုက်ခံရခြင်း Heart Attack ကိုလည်း စဉ်းစားရန် မမေ့ပါနှင့်။
Credit

image

လွယ်လွယ်လေးပါ ")

image
9 w - Translate

အဆင်ပြေနေတယ် လိုတော့ ဘယ် ဟုတ်ပါ့မလဲ

ဒီလိုပဲ လဲကျလိုက် ပြန်ထလိုက်နဲ့

ဒဏ်ရာတွေကြားမှာ ပျော်အောင် နေနေတာပါ ။

၅ နှစ်ကြာတဲ့အထိ မပြီးသေးတဲ့ အိပ်မက် နေအိမ်တည်ဆောက်ရေး ရွှေ့ဆိုင်းရမှုနှင့်အတူ ပေါင် ၁၅ သန်းအထိ ကုန်ကျလာဖို့ ရှိနေတဲ့ မားကပ်စ်ရက်ဖို့ဒ်

အောက်တိုဘာ ၁၃

မားကပ်စ်ရက်ဖို့ဒ်ရဲ့ အိပ်မက်နေအိမ် တည်ဆောက်မှုမှာ ရွှေ့ဆိုင်းရမှုနှင့်အတူ ပေါင် ၁၅ သန်းအထိ ကုန်ကျစရိတ်ရှိလာဖို့ ရှိနေပါတယ်။

အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟာ ၂၀၂၀ ခုနှစ်တုန်းက ပေါင် ၂.၂၅ သန်းဖြင့် ဂေါက်ကွင်းဟောင်းနှင့် ကလပ်ဟောက်စ်ဟောင်းကို ဝယ်ယူခဲ့တာ ဖြစ်ပြီး ငါးနှစ်နီးပါးရှိပြီ ဖြစ်ပေမယ့်လည်း ယခုတိုင် တည်ဆောက်မှု မပြီးစီးသေးပါဘူး။

ရက်ဖို့ဒ်ဝယ်ယူထားတဲ့ ၆၃ ဧကရှိ ယင်းနေအိမ် တည်ဆောက်ရေးမှာ ငွေကြေးပြဿနာကြောင့် တည်ဆောက်ရေး ကြန့်ကြာနေတာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်တွင် ဘာစီလိုနာတွင် အငှားဖြင့် ကစားနေတဲ့ ရက်ဖို့ဒ်ဟာ ဘဏ္ဍာရေးအဖွဲ့ ဖွဲ့စည်းကာ နေအိမ်တည်ဆောက်မှု မပြီးစီးရတဲ့ အကြောင်းရင်းအား စုံစမ်းစစ်ဆေးနေပါတယ်။

သတင်းအရင်းအမြစ်က "တလောမှ အိမ်ပြန်တည်ဆောက်မှု ပြန်စတယ်။ ဒါပေမယ့် တိုးတက်မှု နှေးတယ်။ အားလုံးက ငွေကြောင့်ပါ။ မားကပ်စ်က အိမ်တွင် ကုန်ထားသမျှ အလဟသ ဖြစ်လာမှာ စိုးရိမ်နေတယ်။ သူက အမြန်ပြီးစေချင်နေတယ်။ ဒါပေမယ့် သူ တားလို့ မရတဲ့ ပြဿနာတွေ ရှိနေတယ်။ သူကတော့ အမြန်ဆုံးပြီးချင်တာ တစ်ခုပဲ ရှိတယ်"လို့ ပြောကြားသွားပါတယ်။

ရက်ဖို့ဒ်ဟာ ချီရှိုင်းယားရွာဘက်ခြမ်းရှိ ၉ ကျင်းဂေါက်ကွင်းဟောင်းကို ဝယ်ယူကာ ရေကူးကန်၊ အားကစားခန်းပါဝင်တဲ့ အိပ်ခန်း ၅ ခန်းပါ နေအိမ် တည်ဆောက်နေတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ယင်းနေအိမ်တည်ဆောက်မှုမှာ ဧရိယာအတွင်းရှိ လင်းနို့၊ ငှက်၊ ဖြူကောင်များ၊ ရှားပါးပုသင်ကောင်များ ရှိနေမှုနှင့်အတူ ဂေဟစနစ် မပျက်စီးရေး လုပ်ဆောင်နေရမှုများကြောင့် ကြန့်ကြာနေတာပါ။

ဒါပေမယ့် ရေလွှမ်းမိုးမှုများလည်း ဖြစ်မှုနှင့်အတူ နေအိမ်တည်ဆောက်ရေးစီမံကိန်းအား အပြောင်းအလဲ ပြုလုပ်ရမှုနှင့်အတူ ရက်ဖို့ဒ်အတွက် ငွေကုန်ကြေးကျ ပိုများလာစေပါတယ်။

#ဘောလုံးသတင်းစုံ

image

စလင်းတွင် USDP ပါတီဝင် တစ်ဦးနှင့်ဇနီးဖြစ်သူအား အကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွား

အောက်တိုဘာ ၁၃

စလင်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် (USDP) တစ်ဦး နှင့် ဇနီးဖြစ်သူအားအကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက် နံနက် ၁၁ နာရီတွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ သနပ်ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျေးရွာတွင်နေထိုင်သော စလင်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဦးတိုးတိုး(ခ)ဦးဖိုးတိုး (၅၇)နှစ်သည် ဇနီးဖြစ်သူ ဒေါ်မိုးမိုးစိုး(၅၈)နှစ်နှင့်အတူ ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အအဖွဲ့ အင်အား ၁ဝ ဦးခန့်က ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ထိုသို့ရောက်ရှိလာခဲ့ပြီး ၎င်းတို့နှစ်ဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ နိုင်ငံရေးပါတီဝင်တစ်ဦးနှင့် အရပ်သားပြည်သူတစ်ဦးအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံထားရသူများအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image

လားရှိုးရောက် နမ္မတူနဲ့ သီပေါမြို့က စစ်​ရှောင်တထောင်ကျော်အတွက် အကူအညီလိုအပ်

အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါနဲ့ နမ္မတူမြို့အတွင်း လေကြောင်းတိုက်ခိုက်ခံရမှုတွေကြောင့် လားရှိုးမြို့ကို တိမ်းရှောင်နေကြသူ တထောင်ကျော်အတွက် စားနပ်ရိက္ခာတွေ အကူအညီလိုအပ်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

သီပေါမြို့နယ်အတွင်းမှာ ဩဂုတ်လဆန်းပိုင်းကစပြီး လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိတ်စိတ်ဖြစ်လာလို့ မြို့ခံတွေ လားရှိုးကို ပြောင်းရွှေ့လာြကပါတယ်။

အလားတူ နမ္မတူမြို့နယ်အတွင်းမှာလည်း စက်တင်ဘာလကုန်ပိုင်းကစပြီး လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိတ်စိတ် ဖြစ်လာတာကြောင့် မြို့ခံတွေ လားရှိုးမြို့နယ်အတွင်းကို ရွှေ့ပြောင်းလာကြတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

“သီပေါက အခုမြို့နားတိုက်ပွဲရောက်တော့ ထပ်ပြေးလာကြတာရှိတယ်။ အရင်လာတဲ့သူတွေကတော့ ကြာပြီ နှစ်လလောက်ရှိပြီဆိုတော့ အကူအညီရခဲ့သေးတယ်။ အခု နမ္မတူဘက်က ရောက်လာတဲ့သူတွေကြတော့ သိပ်အကူအညီမပေးနိုင်ကြတော့ လိုအပ်ချက်တွေ များလာတယ်” လို့ လားရှိုးမြို့က ဒုက္ခသည် ကူညီရေးဆောင်ရွက်ပေးနေသူ တယောက်က ပြောပါတယ်။

နမ္မတူမြို့မှာလည်း လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခံရမှာ စိုးရိမ်တဲ့အတွက် မြို့ခံတွေ ထပ်ပြီး တိမ်းရှောင်နေတုန်းပဲလို့ နမ္မတူမြို့ခံ တယောက်က ပြောပါတယ်။

“နမ္မတူက လူတွေက လားရှိုးအထိတော့ မဟုတ်ဘူး။ မြို့ပြင်ရွာတွေမှာ နေကြတာပေါ့။ အကူအညီကတော့ သိပ်မရပါဘူး။ ရှိတာနဲ့ပဲ အဆင်ပြေသလို စုပြီးစားကြတာ။ တချို့ ထပ်ထွက်လာကြသူတွေရှိတယ်” လို့ ကိုယ်တိုင်စစ်ရှောင်နေရတဲ့ နမ္မတူမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။

လားရှိုးနောင်လိုင်ရွာမှာ နမ္မတူက ထွက်ပြေးတိမ်းရှောင်လာသူဦးရေ ၅၃၀ ဝန်းကျင်ရှိပြီး မြို့ပေါ်ရပ်ကွက်နေရာနှစ်ခုမှာ သီပေါနဲ့ နမ္မတူက လူဦးရေ ၅၀၀ ကျော်ကို နေရာချထားပေးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရပ်ကွက်တွေထဲမှာ သီးသန့်အိမ်ငှားနေသူတွေလည်း ရှိတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ဆန်၊ ဆီနဲ့ စားသောက်စရာတွေ ရက်ပိုင်းလောက်အတွက်သာ ကျန်တော့တာကြောင့် ဝိုင်းဝန်းကူညီပေးကြဖို့အတွက် ဒုက္ခသည်အရေး ကူညီပေးနေသူတွေက တိုက်တွန်းနေကြပါတယ်။

ပုံ- လာရှိူး​ရောက်စစ်​ရှောင်မိသားစု

Credit - Voice of Myanmar News Agency

#centralnewsnayptitaw

image

#မုန့်ညှင်းချဉ် ကို အိမ်မှာ အလွယ်တကူ စိမ်နည်းလေးပါ😋😋
ငရုတ်သီးစိမ်း
နံနံပင်ထည့်ပြီးသုပ်စားမလား
အမဲသား/ကြက်သား/ဝက်သားကြိုက်ရာနဲ့ကြော်စားကြမလား
အားလုံးနဲ့လိုက်ဖက်နေမူ့😍
နည်းနည်းနွမ်းအောင်နေပူလှန်းယူ
သန့်စင်အောင်ဆေးကြော
မုန့်ညင်းချဉ်လုပ်တော့မယ်ဆိုရင် လက်ကိုသန့်ရှင်းအောင်ထားရပါမယ် ဆီတွေပေလို့မရပါ မုန့်ညင်းပျက်သွားတတ်ပါတယ်
ဆားနဲ့နွမ်းအောင်နယ်ယူ
ဆန့်စိမ်းမှုန့်ချက်ယူပြီးထည့်
ဆန်ဆေးရေထည့်လို့လဲရပါတယ်
ဂျင်း /ဆားနည်းနည်းထည့်
အားလုံးသမအောင်နယ်
သိပ်မဲ့ပုံးမှာထည့်ပြီးလေလုံအောင်အဖုံးဖုံး
မနက်တခါလောက် သိပ်ထားတဲ့မုန့်ညင်းတွေကိုအပေါ်
အောက်လှန်လှန်ပေးပါ
၂-၃ရက်ဆိုရင်ယူစားလို့ရပါပြီ😊
ချဉ်ပြီဆိုရင်ရေခဲတ္တာထဲထည့်သိမ်းထားရင် အကြာကြီးထားစားလို့ရပါတယ်
အားလုံးအဆင်ပြေကြပါစေ😍🥰😇🙏

image

🌻 向日葵田里最美的时光 🌻

image

🌻 向日葵田里最美的时光 🌻

image

🌻 向日葵田里最美的时光 🌻

image