မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်တွေ က လွှတ်တော်ဥက္ကဋ္ဌရှေ့မှာ ကတိသစ္စာပြု လက်မှတ်ရေးထိုး

မန္တလေး၊ ဧပြီ- ၁၀- ၂၀၂၆

မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး(သတ္တမနေ့)အခမ့းအနားကို ဒီကနေ့ ဧပြီ လ ၁၀ ရက်နေ့ မနက်ပိုင်းက ကျင်းပခဲ့ပြီး ဒီအခမ်းအနားမှာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နဲ့ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်တွေက လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးရှေ့မှာ ကတိသစ္စာပြုခြင်းနဲ့ ကတိသစ္စာပြုချက်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး အဆင့်အဖွဲ့အစည်းဝင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးအဆင့် ဝန်ကြီးတွေ အဖြစ် ဗိုလ်မှူးကြီး နေလင်းစိုး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဦးသိန်းဌေး စီမံကိန်း၊ စီးပွားရေးနဲ့ဘဏ္ဍာ ရေးဝန်ကြီး၊ ဦးလှကြွယ် လူမှုရေးရာဝန်ကြီး၊ ဦးကျော်မိုးသက် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဦးလှမျိုး စိုက်ပျိုး ရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး၊ ဒေါ်သိင်္ဂီအောင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးခင်မောင်အေး စည်ပင်သာယာရေးဝန်ကြီး
ဦးစိုင်းအောင်ကြည် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဝန်ကြီးချုပ်အဖြစ်တင်မြှောက်ခံထားရတဲ့ ဦးမျိုးအောင်က မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှာ တို့က မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှာ ကတိသစ္စာပြုခြင်းနဲ့ ကတိသစ္စာပြုချက်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လှမြင့်၊ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် အဖြစ် ဦးလှသိန်း၊ မန္တလေး တိုင်းဒေသကြီး စာရင်းစစ်ချုပ်ဝန်ကြီးချုပ် ဒေါ်တင်တင်ကြည် တို့က မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှာ ကတိသစ္စာပြုခြင်းနဲ့ ကတိသစ္စာပြုချက်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးတွေအဖြစ် ဦးမြင့်ဆန်း၊ ဒေါ်ခင်စန်းမြင့်၊ ဒေါ်ကြည်ကြည်စိမ်း၊ ဒေါ်ခင်သစ်ဆွေ၊ ဦးသန်းထွန်းအောင်၊ ဦးစောမျိုးမျိုး တို့က မန္တလေး တိုင်းဒေသကြီးလွှတ်တော်မှာ ကတိသစ္စာပြုခြင်းနဲ့ ကတိသစ္စာပြုချက်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

image