၂၀၂၆ ကမ္ဘာ့ဖလားမတိုင်မီ နောက်ဆုံးကစားမယ့် ခြေစမ်းပွဲ ၂ ပွဲကို အင်္ဂလန် ကြေညာလာ
======================
အင်္ဂလန်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားမတိုင်မီ နောက်ဆုံးကစားလာမယ့် ခြေစမ်းပွဲ ၂ ပွဲအား ကြေညာလာပါတယ်။
အင်္ဂလန်ဟာ အော်လန်ဒိုသို့ သွားရောက်ကာ ဇွန်လ ၁၀ ရက်နေ့တွင် Inter&Co Stadium ကွင်းမှာ ကော့စတာရီကာနှင့် ခြေစမ်းပွဲကစားလာမှာလည်း ဖြစ်ပါတယ်။
ဒီပွဲက အင်္ဂလန်အတွက် နောက်ဆုံးခြေစမ်းပွဲ ဖြစ်ပြီး ယင်းပွဲအပြီး ဇွန်လ ၁၇ ရက်နေ့တွင် ခရိုအေးရှားနှင့် ကမ္ဘာ့ဖလားအဖွင့်ပွဲ ကစားရပါမယ်။
အင်္ဂလန်ဟာ ဇွန်လ ၁ ရက်နေ့တွင် ဖလိုရီဒါသို့ သွားရောက်ကာ စခန်းသွင်းလေ့ကျင့်မှု ပြုလုပ်မှာ ဖြစ်ပြီး ဇွန်လ ၆ ရက်နေ့တွင် တမ်ပါရှိ Raymond James Stadium တွင် နယူးဇီလန်နှင့် ခြေစမ်းပွဲ ကစားပါမယ်။
ယင်းပွဲ နှစ်ပွဲလုံးကို ဒေသတွင်း စံတော်ချိန် ညနေ ၄ နာရီတွင် ကစားလာပါမယ်။
အင်္ဂလန်ဟာ အစောပိုင်းတုန်းက ဒုတိယခြေစမ်းပွဲအား အင်တာမိုင်ယာမီရဲ့ကွင်းသစ်ကြီးတွင် ကစားရန် စီစဉ်ထားခဲ့ပေမယ့် ဆွေးနွေးမှု မအောင်မြင်ခဲ့ပါဘူး။
တူချယ်ဟာ မေလ ၂၄ ရက်နေ့ ပရီးမီးယားလိဂ်ရာသီသိမ်းအပြီး မေလ ၃၀ ရက်နေ့ နောက်ဆုံးထားကာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လူစာရင်းကို ထုတ်ပြန်ပါမယ်။
အင်္ဂလန်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားအုပ်စု(I) တွင် ခရိုအေးရှား၊ ပနားမား၊ ဂါနာတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပါတယ်။