ကလပ်အင်္ကျီအတုဝတ်ဆင်တဲ့ ပရိသတ်များ အပြင်းအထန် သတိပေးခြင်းခံလာရ
====================

ကျန်းမာရေးကျွမ်းကျင်များက အားကစားဝတ်စုံအတုဝတ်ဆင်မှုက အလွန်အန္တရာယ်များကြောင်း ပြောကြားကာ တစ်ကမ္ဘာလုံးမှ အင်္ကျီတု ဝတ်ဆင်နေတဲ့ ဘောလုံးပရိသတ်များကို အပြင်းအထန် သတိပေးလာပါတယ်။
ဘောလုံးကလပ်များရဲ့ တရားဝင် အင်္ကျီများရဲ့ ဈေးနှုန်းများ မြင့်တက်လာမှုနှင့်အတူ ဘောလုံးပရိသတ်များဟာ ဈေးနှုန်းသက်သာတဲ့ ဂျာစီတုများကို အားပြု ဝတ်ဆင်လာနေကြပါတယ်။
အချို့ပရိသတ်များမှာ ငွေကြေးတတ်နိုင်ပေမယ့်လည်း တရားဝင် ရောင်းချတဲ့ အင်္ကျီအား ဝယ်ယူရန် လက်လှမ်းမမီမှုကြောင့် အင်္ကျီတု ဝတ်ဆင်နေရပါတယ်။ တဖက်မှာ အားကစားဝတ်စုံတု ဈေးနှုန်းနှင့် အစစ်ဈေးနှုန်းအကြားတွင် ကြီးမားတဲ့ ဈေးနှုန်းကွာဟချက် ရှိနေပါတယ်။
ဥပမာဆိုရလျှင် ယူနိုက်တက်ရဲ့ တရားဝင် ဂျာစီဈေးနှုန်းမှာ ၈၅ ပေါင်အထိ ကျသင့်ပြီး အရည်အသွေးကောင်းမွန်တဲ့ အတုကို ၁၅ ပေါင်နှုန်းဖြင့် ဝယ်ယူနိုင်ပါတယ်။
ယင်းသို့ အတု ဝယ်ယူမှုကြောင့် ငွေကြေးများစွာ ချွေတာနိုင်ပေမယ့်လည်း တဖက်တွင် အတုဝတ်ဆင်မှုက ကျန်းမာရေးအတွက် ဆိုးကျိုးသက်ရောက်မှုလည်း ရှိနေပါတယ်။
ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူများဟာ ဂျာစီတု ဝတ်ဆင်မှုကြောင့် ပရိသတ်များရဲ့ ကျန်းမာရေးအတွက် ကြီးမားတဲ့ ဆိုးကျိုး ရရှိလာနိုင်ကြောင်း ထောက်ပြလာကြပါတယ်။
Trading Standards မှ လူးဝစ်ဘက်စ်တာစကော့က "ဒီဝတ်စုံတွေကို ဘယ်လို ထုတ်လုပ်ထားသလဲ မသိပါတော့ ကျန်းမာရေးအတွက် ဆိုးကျိုးသက်ရောက်မှု ရှိလာနိုင်ပါတယ်။ သေချာတာကတော့ ထုတ်လုပ်မှု အရမ်းညံ့တယ်။ ဒါပေမယ့် အစစ်အတိုင်းပဲ။ ခရစ္စမတ်ရောက်ခါနီးချိန်၊ နေထိုင်စရိတ်ကြီးမားလာမှုက စားသုံးသူအနေနဲ့ ဈေးနှုန်းသက်သာတဲ့ အရာတွေကို ရွေးချယ်ဖို့ တွန်းအားပေးနေသလို ဖြစ်နေတယ်"လို့ ဆိုသွားပါတယ်။
Anti-Counterfeiting Group မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ခလိုးလောင်းက ဝတ်စုံတုများမှာ အလျင်အမြန် ထုတ်လုပ်ထားခြင်းဖြစ်ရာ ဝတ်ဆင်သူများအတွက် ဆိုးကျိုးရှိနေကြောင်းလည်း သတိပေးသွားပါတယ်။
သူမက "ဝတ်စုံတုက ယားယံခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒီထက် ဆိုးတာတွေတောင် ဖြစ်စေနိုင်တယ်။ အထူးသဖြင့် အန္တရာယ်ရှိတဲ့ အဆိပ်အတောက် သို့မဟုတ် ဆိုးဆေးတွေကို သုံးထားရင် ပိုလို့တောင် ဆိုးလာနိုင်တယ်"လို့ ဆိုသွားပါတယ်။
ကမ္ဘာတလွှား ဘောလုံးဝတ်စုံတုတွေကို အဓိက ထုတ်လုပ်ဖြန့်ချိရောင်းချနေတာက တရုတ်စက်ရုံတွေပါ။
ဝတ်စုံတုများ ထုတ်လုပ်ရာတွင် အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်း ပါဝင်ခြင်းရှိ/မရှိ သက်သေအထောက်အထား ရှိသလားလို့ မေးမြန်းလာချိန်တွင် သူမက "ထုတ်ကုန်ထဲမှာ ဘာတွေ ထည့်သွင်းထားသလဲဆိုတာ နောက်ကြောင်းပြန်လိုက်ဖို့ အရမ်းခက်ပါတယ်။ ဒါပေမယ့် တချို့အရာတွေက အန္တရာယ်ရှိတယ်ဆိုတာ မြင်နိုင်ပါတယ်။ ပြီးတော့ သူတို့က ဘာစည်းမျဉ်းစည်းကမ်းကိုမှ လိုက်နာပြီး ထုတ်လုပ်ထားတာ မရှိဘူး။ ထုတ်လုပ်ရာမှာ အစစ်ထုတ်လုပ်သူလို စည်းမျဉ်းစည်းကမ်းနဲ့ ချည်နှောင်ခံထားရတာမျိုး မရှိပါဘူး"လို့ ဆိုသွားပါတယ်။
ဗြိတိန်တွင် ဝတ်စုံတု ဝယ်ယူမှုက တရားမဝင် မဟုတ်ပါဘူး။ ဒါပေမယ့် ဝတ်စုံတု ရောင်းချမှုကတော့ တရားမဝင်ပါဘူး။ ဝတ်စုံတု ရောင်းချကြောင်း တွေ့ရှိပါက ထောင်ဒဏ် ၁၀ နှစ်အပြင် ဒဏ်ငွေ အကန့်အသတ်မဲ့ ချမှတ်ခံရနိုင်ပါတယ်။
ပြီးခဲ့တဲ့နှစ်ဇွန်လတုန်းက ဂျာမနီတွင် ကျင်းပတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာတော့ ပရိသတ်များကို ဝတ်စုံတု ဝတ်/မဝတ်စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။
ဘောလုံးပရိသတ်များကို အရေးပါတဲ့ ခရီးသွားလာရေးနေရာတို့မှာ ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးမှု ပြုလုပ်ပါတယ်။
တဖက်တွင် ကလပ်များကလည်း ကိုယ့်ပရိသတ်ကို ဝတ်စုံစစ်ဝတ်ဆင်ရေး စည်းမျဉ်းတွေနဲ့ ကိုင်တွယ်လာကြတာ တွေ့ရပါတယ်။
၂၀၂၄ ခုနှစ် ဩဂုတ်လတုန်းက ရှက်ဖီးလ်ဝင်းနက်စ်ဒေးဟာ ဝတ်စုံတု ဝတ်ဆင်တဲ့ ပရိသတ်ကို ကွင်းအတွင်းမှ နှင်ထုတ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ဝတ်စုံတုအား အမည်နှင့် ကျောနံပါတ် ဆေးရိုက်ပေးသွားမှာ မဟုတ်ကြောင်းလည်း ကြေညာသွားပါတယ်။

image

ချန်ပီယံသစ်ရိုဆာရီယိုစင်ထရယ်အား ဂုဏ်ပြုရန် ငြင်းဆိုမှုအတွက် ၆ လ ပွဲပယ်ခံလာရတဲ့ အက်စ်တူဒီယန်တက်စ်ဥက္ကဌဗီရွန်
===================

အက်စ်တူဒီယန်တက်စ်ဥက္ကဌဟွန်ဆီဘာစတီယန်ဗီရွန်ဟာ ချန်ပီယံသစ် ရိုဆာရီယိုစင်ထရယ်အား ဂုဏ်ပြုမှု ပြုလုပ်ရန် ငြင်းဆိုမှုအတွက် အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ရဲ့ ၆ လ ပွဲပယ်ခြင်းခံလာရပါတယ်။
ယူနိုက်တက်၊ ချဲလ်ဆီးကွင်းလယ်ကစားသမားဟောင်းနှင့် အက်စ်တူဒီယန်တက်စ်ကစားသမားတို့ဟာ ပြီးခဲ့တဲ့အပတ်တုန်းက စည်းမျဉ်းပြောင်းလဲပြီး 'League Champion' ဆိုတဲ့ အမည်အား အသုံးပြုမှုအား ကန့်ကွက်နေကြပါတယ်။
အက်စ်တူဒီယန်တက်စ်ကစားသမားများဟာ တနင်္ဂနွေနေ့ညတုန်းက ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ Clausura ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်မတိုင်မီ ရိုဆာရီယိုကစားသမားများ ကွင်းအတွင်း ဝင်ရောက်လာချိန်တွင် ကျောခိုင်းကာ ဆန့်ကျင်ခဲ့ကြပါတယ်။
ယခုအခါ ဗီရွန်ဟာ ဘောလုံးလောကနှင့် ပတ်သက်ခွင့် ၆ လပွဲပယ်ခြင်းခံလာခဲ့ရပြီး အက်စ်တူဒီယန်တက်စ်ကစားသမားများမှာလည်း ယုတ်မာတဲ့အပြုအမူအတွက် လာမယ့်ရာသီတွင် ၂ ပွဲပယ်ပြစ်ဒဏ်ကျခံရန် ချမှတ်ခံလာရပါတယ်။
အာဂျင်တီးနားအဆင့်မြင့်တန်းလိဂ်ကို Apertura နှင့် Clausura ဆိုပြီး နှစ်ခြမ်းကွဲ ကျင်းပခဲ့ပါတယ်။ အိန်ဂျယ်ဒီမာရီယာရဲ့ ရိုဆာရီယိုဟာ ပုံမှန်ရာသီတွင် ပြိုင်ပွဲနှစ်ရပ်ပေါင်း ၆၆ မှတ်အထိ ရရှိပြီး ဘိုကာဂျူနီယာထက် ၄ မှတ်ပိုရခဲ့ပါတယ်။
ယခင်စည်းမျဉ်းအရ ပြိုင်ပွဲနှစ်ရပ်ပေါင်း အမှတ်အများဆုံး ရတဲ့အသင်းက Copa Libertadores ဝင်ခွင့်ရပါတယ်။
ပြိုင်ပွဲတစ်ခုရဲ့ လိဂ်တစ်ခုတွင် ၁၆ ပွဲစီ ကစားရပြီး Platense က Apertura တွင် အနိုင်ရခဲ့ပါတယ်။
အက်စ်တူဒီယန်တက်စ်မှာ စနေနေ့တွင် Clausura ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် Central Cordoba နှင့် ကစားရပါမယ်။
Apertura ချန်ပီယံမှာ Clausura ချန်ပီယံ(ပလေးအော့ဖ်ဖြင့် ဆုံးဖြတ်လာမည်)နှင့် နှစ်ကုန်ပွဲအဖြစ် Champions Trophy အဆုံးအဖြတ်ပွဲကစားရပါမယ်။

image

၂၀၃၅ အမျိုးသမီးကမ္ဘာ့ဖလားအိမ်ရှင်လျှောက်ထားရာတွင် အိုးထရက်ဖို့ဒ်ကွင်းသစ်အား ထည့်သွင်းကာ ဗြိတိန်လျှောက်ထားလာ
====================

ဗြိတိန်ဟာ ၂၀၃၅ အမျိုးသမီးကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် လျှောက်ထားရာတွင် ယူနိုက်တက်ရဲ့ ကွင်းသစ် အိုးထရက်ဖို့ဒ်ကွင်းသစ်ကိုလည်း ထည့်သွင်းလျှောက်ထားလာပါတယ်။
အိုးထရက်ဖို့ဒ်ကွင်းကို ၂၀၂၈ ခုနှစ် အမျိုးသားယူရိုပြိုင်ပွဲလျှောက်ထားမှုတွင် ထည့်သွင်းလျှောက်ထားခဲ့ခြင်း မရှိပါဘူး။ ယင်းကာလအတွင်းတွင် အိုးထရက်ဖို့ဒ်ကွင်းအား တည်ဆောက်နေဆဲကာလမှာသာ ရှိပါဦးမယ်။
အင်္ဂလန်၊ စကော့တလန်၊‌ ဝေးလ်နှင့် မြောက်အိုင်ယာလန်တို့ဟာ ၂၀၃၅ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲအား ပူးတွဲအိမ်ရှင်အဖြစ် လျှောက်ထားလာတာ ဖြစ်ပြီး ဖီဖာက ၂၀၂၆ ခုနှစ် ဖီဖာကွန်ဂရက်တွင် မဲခွဲဆုံးဖြတ်လာပါမယ်။
အိုးထရက်ဖို့ဒ်ကွင်းသစ်မှာ တည်ဆောက်ရန် ခွင့်ပြုချက် ရရှိထားပြီးဖြစ်ပါတယ်။ တကယ်လို့များ သတ်မှတ်ကာလအတွင်းတွင် စတင်တည်ဆောက်မှု မပြုလုပ်လာပါကလည်း ပြိုင်ပွဲအမီ ပြီးစီးလာမယ်လို့ ယုံကြည်ရပါတယ်။
ဗြိတိန်ဟာ ၂၀၃၅ အမျိုးသမီး ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် လျှောက်ထားရာတွင် ဘာမင်ဂမ်ရဲ့ ကွင်းသစ်ကိုလည်း ထည့်သွင်းလာသလို ဗိုလ်လုပွဲကျင်းပလာဖို့ ရှိနေတဲ့ ဝင်ဘာလေကွင်းကိုလည်း ထည့်သွင်းထားပါတယ်။
တကယ်လို့များ ဗြိတိန်သာ ၃၀၃၅ အမျိုးသမီးကမ္ဘာ့ဖလားကို လက်ခံကျင်းပခွင့်ရလာပါက ၁၉၆၆ အမျိုးသား ကမ္ဘာ့ဖလားပြိုင်ပွဲအား လက်ခံကျင်းပပြီးနောက် ဒုတိယမြောက် ကမ္ဘာ့ဖလားပြိုင်ပွဲအား လက်ခံကျင်းပမှု ဖြစ်လာပါမယ်။
ဗြိတိန်ဟာ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် လျှောက်ထားရာတွင် ကွင်း ၂၂ ကွင်းကို ထည့်သွင်းကြေညာခဲ့ပြီး အင်္ဂလန်မှ ၁၆ ကွင်း၊ ဝေးလ်မှ ၃ ကွင်း၊ စကောတ့လန်မှ ၂ ကွင်းနှင့် မြောက်အိုင်ယာလန်တို့မှ ၁ ကွင်းတို့အား ထည့်သွင်းလာပါတယ်။
ဖီဖာဟာ ၂၀၃၁ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှ စတင်ကာ အမျိုးသားပြိုင်ပွဲကဲ့သို့ပင် အသင်း ၄၈ သင်းဖြင့် တိုးမြှင့်ကျင်းပလာမှာ ဖြစ်ပြီး ကွင်း ၁၅ ကွင်းလိုအပ်ပါတယ်။ ပြိုင်ပွဲတွင် အသင်း ၄၈ သင်းတို့က ၁၀၄ ပွဲကစားလာမှာ ဖြစ်ပြီး ပြိုင်ပွဲကာလ ၃၉ ရက် ကြာမြင့်လာပါမယ်။
ယူနိုက်တက်ဟာ ပရိသတ် ၁၀၀၀၀ ဆန့် အိုးထရက်ဖို့ဒ်ကွင်းသစ် တည်ဆောက်ခွင့် ရရှိထားပြီး ၅ နှစ်အတွင်း အပြီးတည်ဆောက်ရန် မျှော်လင့်ထားကာ ၂၀၃၀-၃၁ ရာသီမှ စတင် အသုံးပြုနိုင်ရန် မျှော်လင့်ထားပါတယ်။
တဖက်တွင် ဘာမင်ဂမ်မှာလည်း ပရိသတ် ၆၂၀၀၀ ဆန့် ကွင်းသစ်စီမံကိန်းကို ကြေညာထားပြီး ၂၀၃၀-၃၁ ရာသီအစတွင် စတင်အသုံးပြုနိုင်ရန် မျှော်မှန်းထားပါတယ်။
ဗြိတိန်ဟာ ၂၀၃၅ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲအား လက်ခံကျင်းပရန် တစ်ခုတည်းသော လျှောက်ထားမှုအဖြစ် လျှောက်ထားတာလည်း ဖြစ်ပါတယ်။

image

မက်ဒရစ်တွင် ဖုန်းယူဆောင်ခွင့်မရှိတဲ့အပြင် မန်ဘာကြေး ပေါင် ၁၃၀၀၀ အထိ ကောက်ခံမယ့် အထူးသီးသန့် ကလပ်ဖွင့်လှစ်လာမယ့် ခရစ္စတီယာနိုရော်နယ်ဒို
=====================

ခရစ္စတီယာနိုရော်နယ်ဒိုဟာ မက်ဒရစ်တွင် အထူးသီးသန့်ကလပ်တစ်ခု ဖွင့်လှစ်လာမှာ ဖြစ်ကြောင်း သတင်းထွက်နေပါတယ်။
အသက် ၄၀ နှစ်ရှိ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကစားသမားဘဝနောက်ဆုံးရက်များကို ရက်တွက်နေရသူ ဖြစ်ပြီး ကစားသမားဘဝအလွန်တွင် စိတ်ချရတဲ့ ဘဝ ပိုင်ဆိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းချဲ့ထွင်လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကစားသမားဘဝအတွင်းတွင် ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်တို့နှင့်အတူ ဆုဖလားပေါင်းများစွာ ရယူနိုင်ခဲ့သူ ဖြစ်ပြီး ကစားသမားဘဝအလွန်ဘဝအတွက် ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်နေပါတယ်။
Libertad Digital ရဲ့ ဖော်ပြလာမှုအရ မန်နူရယ်ကမ်ပို့စ်ဂွါလာပိုင်ဆိုင်တဲ့ Inigo Onieva and Mabel Hospitality နှင့် ခရစ္စတီယာနိုရော်နယ်ဒိုတို့ဟာ စပိန်နိုင်ငံရဲ့ မြို့တော် မက်ဒရစ်မြို့လယ်တွင် အထူးသီးသန့်ဗီအိုင်ပီအဖွဲ့ဝင်များသာ လာရောက်ခွင့် ရှိတဲ့ ကလပ်တစ်ခု ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရပါတယ်။
၎င်းတို့ဟာ ပုံမှန်နိုက်ကလပ်များကဲ့သို့ အလှဆင်ရုံဆက်ထားရုံ သက်သက် ကလပ်တစ်ခု မဟုတ်ဘဲ ဇိမ်ခံပစ္စည်းများ ထည့်သွင်းထားသလို လုံခြုံစိတ်ချရမှု၊ အထူးသီးသန့်ဆန်တဲ့ ခံစားမှုကိုပါ ရရှိစေမယ့် ကလပ်အား ဖွင့်လှစ်လာကြမှလည်း ဖြစ်ပါတယ်။
ယင်းကလပ်အတွင်းတွင် အထူးသီးသန့်ညစာစားနိုင်မယ့် နေရာနှင့် ဘားတို့ ပါဝင်လာမှာ ဖြစ်ပြီး ဆိတ်ငြိမ်မှုကို ဦးစားပေးလုပ်ဆောင်လာမှာလည်း ဖြစ်ပါတယ်။
ယင်းကလပ်အဖွဲဝင်ရဲ့ တန်ဖိုးအကြီးဆုံးကလပ်အဖွဲ့ဝင် ‘Founders’ Membership’ တစ်ဦးရဲ့ အဖွဲ့ဝင်ကြေးကိုလည်း ပေါင် ၁၃၀၀၀ အထိ ကောက်ခံလာပါမယ်။ ယင်းအဖွဲ့ဝင်ကြေးပေးသွင်းထားသူအဖြစ် ရာသက်ပန် ကလပ်အား အသုံးပြုနိင်သလို ဘုတ်ကင်လည်း တင်နိုင်ပါတယ်။
ပုံမှန်အဖွဲ့ဝင်ကြေးကို တစ်နစ် ပေါင် ၂၀၀၀ ကျော်ကောက်ခံသွားမှာ ဖြစ်ပြီး ပေါင် ၁၇၅၀ အား ချက်ချင်းပေးသွားရပါမယ်။
အသက် ၃၅ နှစ်ရှိအောက် ရှိသူများအနေဖြင့် မှတ်ပုံတင်ကြေး ပေါင် ၉၀၀ အပြင် တစ်နှစ် ပေါင် ၁၃၀၀ အား အဖွဲ့ဝင်ကြေးပေးရပါမယ်။
တဖက်တွင် စုံတွဲဖြစ်ပါက တစ်နှစ်စာအတွက် ပေါင် ၁၇၅၀ သာ သွင်းရပါမယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ Al Nassr တွင် တစ်နှစ်လုပ်ခ ပေါင်သန်း ၂၀၀ ကျော်အထိ ရရှိနေတာ ဖြစ်ပြီး တန်ဖိုးကြီးကားများ ဝယ်ယူစုဆောင်းခြင်း၊ ဟိုတယ်လုပ်ငန်းများ၊ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် အဝတ်အစားများ ထုတ်လုပ်ခြင်း၊ နာရီကုမ္ပဏီတွင် ရင်းနှီးမြှပ်နှံခြင်း၊ MMA ပရိုမိုတာကုမ္ပဏီတွင် ရင်းနှီးမြှပ်နှံ့ခြင်းတို့ ပြုလုပ်ထားပါတယ်။

image

အာဆင်နယ်နှင့်ပွဲတွင် ချဲလ်ဆီးရဲ့ အကောင်းဆုံးကစားသမားပါလ်မာ ပါဝင်လာမည်
==================

ကိုးလ်ပါလ်မာမှာ တနင်္ဂနွေနေ့တွင် စတမ်းဖို့ဒ်ဘရစ်ချ်မှာ လန်ဒန်မြို့ခံပြိုင်ဘက် အာဆင်နယ်ကို ဧည့်ခံကစားရမယ့် ပရီးမီးယားလိဂ်ပွဲအတွက် ကြံ့ခိုင်မှုပြည့်ဝနေပြီ ဖြစ်ပါတယ်။
အသက် ၂၃ နှစ်ရှိ အင်္ဂလန်တိုက်စစ်သမားဟာ ပြီးခဲ့တဲ့အပတ်တုန်းက နေအိမ်မတော်တဆမှုကြောင့် ခြေမအရိုးအက်ဒဏ်ရာရရှိကာ ဘန်လေ၊ ဘာစီလိုနာတို့အား အနိုင်ရတဲ့ပွဲများကို လွဲချော်ခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်ဟာ ယခုရာသီတွင် ကြံ့ခိုင်မှုပြဿနာများနှင့် ရင်ဆိုင်လာရသူ ဖြစ်ပြီး ပြိုင်ပွဲအရပ်ရပ် ၅ ပွဲတည်းသာ ကစားထားနိုင်ပါတယ်။
ယခုအခါ ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာက "သူ ပွဲထွက်ကစားဖို့ အသင့် ဖြစ်နေပါပြီ။ လူတိုင်း ပျော်နေကြတယ်။ ကစားဖော်တွေလည်း ပျော်ကြတယ်။ ကျွန်တော်တို့လည်း ပျော်တယ်။ အရေးအကြီးဆုံးက ကိုးလ် ပျော်နေဖို့ပါ။ ဘောလုံးသမားက ပွဲကစားချင်တယ်၊ နေတိုင်း လေ့ကျင့်ခန်းလုပ်ချင်တယ်။ သူက ကျွန်တော်တို့ရဲ့ အကောင်းဆုံးကစားသမားပါ။ သူပြန်ကစားနိုင်လို့ ကျွန်တော်တို့ ပျော်တယ်။ သူ့ကို ရာနှုန်းပြည့်ကြံ့ခိုင်အောင် အချိန်ပေးရမယ်။ သူလည်း အတိတ်မှာ အကောင်းဆုံးလုပ်ပြခဲ့တယ်။ အနာဂတ်မှာလည်း ကလပ်အတွက် ကောင်းတာတွေ လုပ်လာပါဦးမယ်"လို့ ပြောကြားသွားပါတယ်။

image

ပဲလေ့စ်ပွဲတွင် ကန်ညာ၊ မက်ဂွိုင်းယားနှင့် ဆက်စ်ကိုတို့ လွဲချော်လာမှာဖြစ်ပေမယ့် အဲဗာတန်ရှုံးပွဲမှ ရုန်းထရန် ယူနိုက်တက်ပစ်မှတ်ထားနေ
==================

ယူနိုက်တက်ဟာ လာမယ့် တနင်္ဂနွေနေ့ည ခရစ္စတယ်ပဲလေ့စ်နှင့် ပွဲစဉ်ကို မားသီးယပ်စ်ကန်ညာ၊ ဟယ်ရီမက်ဂွိုင်းယား၊ ဘင်ဂျာမင်ဆက်စ်ကိုတို့ မပါဝင်ဘဲ ရင်ဆိုင်ပါမယ်။
ကန်ညာမှာ အဲဗာတန်ရှုံးပွဲမတိုင်မီ လေ့ကျင့်ခန်းအစီအစဉ်တွင် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး အမိုရမ်က ပဲလေ့စ်နှင့်ပွဲတွင် ပါဝင်လာမှာ မဟုတ်ကြောင်း အတည်ပြုလာပါတယ်။ ဒါပေမယ့် ဘရာဇီးတိုက်စစ်သမားဟာ ကြာသပတေးနေ့ ဝက်စ်ဟမ်းနှင့်ပွဲစဉ်တွင် ပြန်လည် ပါဝင်လာဖို့ ရှိနေပါတယ်။
ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်တွင် ကစားတဲ့ အဲဗာတန်နှင့်ပွဲစဉ်တွင် အိုင်ဒရက်စ်ဆာဂူယီ ပွဲအစ ၁၃ မိနစ်တွင် အနီကတ်ပြထုတ်ပယ်ခြင်းခံရပြီး ၇၇ မိနစ်တိုင်တိုင် တစ်ယောက်အသာဖြင့် ကစားခွင့်ရခဲ့ပေမယ့်လည်း ရှုံးနိမ့်ခဲ့ပါတယ်။
ဆက်စ်ကိုမှာ နိုင်ငံတကာပွဲစဉ်များမတိုင်မီ စပါးစ်နှင့်ပွဲတွင် ဒဏ်ရာရရှိကာ အနားယူလာခဲ့ရသူ ဖြစ်ပြီး ပဲလေ့စ်နှင့်ပွဲစဉ်ကိုလည်း လွဲချော်လာပါဦးမယ်။ ဒါအပြင် ဟယ်ရီမက်ဂွိုင်းယားမှာလည်း ၅ နှစ်ကျော်တိုင်တိုင် နိုင်ပွဲမရလာခဲ့တဲ့ Selhurst Park ပွဲစဉ်တွင် ပါဝင်လာမှာ မဟုတ်ပါဘူး။
အမိုရမ်က "ဆက်စ်ကို နည်းနည်းအချိန်ပိုယူရမယ်။ ဟယ်ရီလည်း ဒီအတိုင်းပဲ။ မားသီးယပ်စ်က နောက်တစ်ပွဲကျရင် ပါဝင်မယ်လို့ မျှော်လင့်ရတယ်။ ဒီတစ်ပွဲမှာတော့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး"လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်ရင်ဆိုင်ရမယ့် ပဲလေ့စ်မှာလည်း အိုလီဗာဂလပ်စ်နာလက်အောက်တွင် အမိုရမ်ကဲ့သို့ပင် ၃-၄-၃ ကစားကွက်အား အသုံးပြုနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂလပ်စ်နာဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ပဲလေ့စ်သို့ ရောက်လာပြီးနောက် ပြီးခဲ့တဲ့ရာသီတုန်းက အက်ဖ်အေဖလား ရယူပေးကာ အမိုရမ်ထက် ပိုမိုအောင်မြင်မှု ရယူထားနိုင်ပါတယ်။ ဒါ့အပြင် ၎င်းတို့ဟာ လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။
အမိုရမ်က ခရစ္စတယ်ပဲလေ့စ်မှာ လက်ရှိအချိန်တွင် ယူနိုက်တက်ထက် အကောင်းဆုံးပုံစံ ရရှိနေကြောင်း ဆိုသွားပါတယ်။
ပေါ်တူဂီလူမျိုးနည်းပြက "ကျွန်တော်တို့က ကစားပုံ ကွဲပြားတယ်။ အချက်အလက်တွေကို ကြည့်ရင် နားလည်လိမ့်မယ်။ ဒါပေမယ့် အရာရာတိုင်းကို ရှင်းပြဖို့ ခက်တယ်။ ကလပ်ကလည်း ကွဲပြားတယ်။ အရှင်းဆုံးပြောရရင် သူတို့ ကျွန်တော်တို့ ပိုကောင်းနေတယ်။ ဒါပေမယ့် အားလုံး ၃-၄-၃ ကစားကွက်ပဲ သုံးနေတယ်လို့ မပြောပါနဲ့။ ကွဲပြားတဲ့အခိုက်အတန့်မှာ ကစားနေရတာပါ။ ကွဲပြားတဲ့ နေရာလွတ်ကို ခုခံကြတယ်။ ကွဲပြားတဲ့နည်းလမ်းနဲ့ တိုက်စစ်ဆင်ကြပါတယ်။ ပြီးတော့ သူတို့က ကျွန်တော်တို့ထက် ပိုကောင်းတယ်"လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာ ယခုရာသီ ပြိုင်ပွဲအရပ်ရပ် အဝေးကွင်း ၇ ပွဲတွင် ၁ ပွဲတည်းသာ နိုင်ပွဲရထားပြီး ချန်ပီယံ လီဗာပူးကို အနိုင်ရထားတာပါ။
အဝေးကွင်းရလဒ် ဘာကြောင့် ဆိုးရွားသလဲလို့ မေးမြန်းလာချိန်တွင် အမိုရမ်ဟာ ရှင်းလင်းတဲ့ အဖြေတော့ ပြောမသွားပါဘူး။

image

အကြောင်းပြချက် မပေးဘဲ ဂူယီရဲ့ အနီကတ်အယူခံ ပယ်ချခြင်းခံရ
==================

အက်ဖ်အေမှာ အဲဗာတန်ရဲ့ အိုင်ဒရက်စ်ဆာဂူယီရဲ့ အနီကတ်အား အယူခံအား ရှင်းလင်းချက် တစုံတရာမပေးဘဲ ပယ်ချခဲ့ကြောင်း အဲဗာတန်နည်းပြဒေးဗစ်မိုယက်စ်က ပြောကြားလာပါတယ်။
အသက် ၃၆ နှစ်ရှိ ဂူယီဟာ တနင်္လာနေ့တုန်းက ယူနိုက်တက်အား ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် ကစားဖော်မိုက်ကယ်ကိန်းအား ရိုက်ခဲ့မှုအတွက် တိုက်ရိုက်အနီက်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
၎င်းတို့အကြား အချင်းများမှုကို အဲဗာတန်ဂိုးသမားဂျော်ဒန်ပစ်ဖို့ဒ် ဝင်ရောက်ဖြေဖျန်ပေးခဲ့ပေမယ့်လည်း ဒိုင်လူကြီးတိုနီဟာရင်တွန်ဟာ ဂူယီကို ပွဲချိန် ၁၃ မိနစ်တွင် အနီကတ်ပြသခဲ့ပါတယ်။
စည်းမျဉ်းအရ ရန်လိုတဲ့ အပြုအမူအတွက် အနီကတ်ပြသခြင်းခံရပါက ၃ ပွဲပယ်ခြင်းခံရကာ ဂူယီမှာ နယူးကာဆယ်၊ ဘုန်းမောက်၊ နော်တင်ဟမ်ဖောရက်စ်တို့နှင့် ပရီးမီးယားလိဂ်ပွဲစဉ်များအား လွဲချော်လာပါမယ်။
ဒေးဗစ်မိုယက်စ်က "ကျွန်တော်တို့ အယူခံဝင်ခဲ့တယ်(အနီကတ်ကို)။ ပြီးတော့ ကျွန်တော်တို့ အယူခံ အပယ်ခံခဲ့ရတယ်။ ဘာကြောင့် ပယ်ချလိုက်တယ်ဆိုတာ ကျွန်တော်တို့ကို အကြောင်းပြချက် မပေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ချက်ချင်းပဲ အယူခံဝင်ခဲ့တယ်"လို့ ပြောကြားသွားပါတယ်။
ဂူယီဟာ ယခုရာသီတွင် အဲဗာတန်ရဲ့ ပရီးမီးယားလိဂ်ပွဲတိုင်း ပွဲထွက်ကစားထားသူ ဖြစ်ပါတယ်။ သူဟာ ဒီဇင်ဘာလတွင် အာဖရိကဖလားပြိုင်ပွဲကစားရန် ဆီနီဂေါနှင့် ပူးပေါင်းရပါဦးမယ်။
ဒေးဗစ်မိုယက်စ်ရဲ့ အဲဗာတန်ဟာ ဂျာမန်အလယ်တန်းကစားသမားမာလန်ရိုလ်ကိုလည်း အူကျဝေဒနာခွဲစိတ်ကုသခံထားရမှုကြောင့် ဆုံးရှုံးထားရသလို အသင်းခေါင်းဆောင်ဆီးမပ်စ်ကိုးလ်မန်းမှာလည်း ဒဏ်ရာကြောင့် အနားယူနေရပါတယ်။
အဲဗာတန်ဟာ ယနေ့ညတွင် Hill Dickinson Stadium ကွင်းမှာ နယူးကာဆယ်ကို ဧည့်ခံကစားရပါမယ်။

image

ဆီဗီလာဒါဘီပွဲစဉ်ကို လွဲချော်လာမယ့် ၇ ချက်ချုပ်ခဲ့ရတဲ့ အစ္စကို
====================

ဘက်တစ်အလယ်တန်းကစားသမားအစ္စကိုဟာ အူးထရက်နှင့် ယူရိုပါလိဂ်ပွဲစဉ်တွင် ကစားဖော်ဆော့ဖ်ယန်အမရာဘတ်နှင့် မတော်တဆထိခိုက်မှုကြောင့် ၇ ချက်ချုပ်ခဲ့ရပြီးနောက် တနင်္ဂနွေနေ့ည ဆီဗီလာနှင့်ကစားရမယ့် ဒါဘီပွဲစဉ်ကို လွဲချော်လာပါမယ်။
ဒါ့အပြင် ဘက်တစ်နည်းပြမန်နူရယ်ပယ်လီဂရီနီက ယူနိုက်တက်အလယ်တန်းကစားသမားဟောင်းအမရာဘတ်မှာလည်း ဆီဗီလာနှင့်ပွဲတွင် ပါဝင်ရန် မရေမရာ ဖြစ်နေကြောင်း အတည်ပြုသွားပါတယ်။
အူးထရက်အား အနိုင်ရတဲ့ပွဲစဉ်တွင် ကစားသမားနှစ်ဦးတို့ဟာ ဆုံးရှုံးသွားတဲ့ ဘောလုံးကို လိုက်ဆယ်ရန် ကြိုးပမ်းရာမှ ပြင်းထန်တဲ့ တိုက်မိမှု ဖြစ်ပွားခဲ့ပြီး နှစ်ဦးစလုံး ကွင်းအတွင်းမှ ထွက်ခွာခဲ့ရပါတယ်။
ပယ်လီဂရီနီက "အစ္စကိုနှင့် အမရာဘတ်တို့ရဲ့ ဒဏ်ရာက ဆိုးတယ်။ အစ္စကိုဆို ၇ ချက်တောင် ချုပ်ခဲ့ရတယ်။ အရိုးတော့ အက်မသွားဘူး။ ဒါပေမယ့် တနင်္ဂနွေနေ့ပွဲအတွက် အသင့် ဖြစ်နေမှာ မဟုတ်ဘူး။ အမရာဘတ်ကတော့ ပါကောင်းပါနိုင်တယ်"လို့ ပြောကြားသွားပါတယ်။
အစ္စကိုဟာ အူးထရက်နှင့်ပွဲမတိုင်မီ သုံးရက်ကမှ ဒဏ်ရာမှ ပြန်လည်ကောင်းမွန်ကာ ပွဲထွက်ကစားနိုင်ခဲ့ပြီးနောက် ဒဏ်ရာထပ်မံ ရရှိလာတာလည်း ဖြစ်ပါတယ်။
ဘက်တစ်ဟာ အရေးပါတဲ့ ကွင်းလယ်ကစားသမားအစ္စကို ဒဏ်ရာရရှိသွားချိန်တွင် အန်တိုနီမှာလည်း ပြီးခဲ့တဲ့အပတ် ဂီရိုနာနှင့် သရေကျတဲ့ပွဲတွင် Overhead Kick ဖြင့် ဂိုးသွင်းရန် ကြိုးပမ်းရန် ပြိုင်ဘက်ကစားသမားကို ကန်မိ၍ အနီကတ်ပြသခြင်းခံထားရာ ပွဲပယ်ခံထားရပါသေးတယ်။

image

တရုတ်ကို အကြီးအကျယ်တောင်းပန်လာခဲ့ရတဲ့ ဘရိုက်တန်
====================

ဘရိုက်တန်ဟာ ဆိုရှယ်မီဒီယာပို့စ်တစ်ခုကြောင့် တရုတ်ကို အကြီးအကျယ်တောင်းပန်လာခဲ့ရပါတယ်။
ဘရိုက်တန်ဟာ မကြာသေးမီတုန်းက ဆိုရှယ်မီဒီယာ X တွင် အကယ်ဒမီကစားသမားတစ်ဦးနှင့် ကာအိုရူမီတိုမာတို့ရဲ့ ပုံတစ်ပုံကို ပို့စ်တင်ခဲ့ပါတယ်။
ဓာတ်ပုံထဲတွင် ယင်းကစားသမား ၂ ဦးတို့ဟာ ဖက်ဆစ်ဂျပန်တပ်မတော်ရဲ့ စစ်သည်တစ်ဦးရဲ့ ပုံလည်း ပါဝင်တဲ့ ကတ်များကို ကိုင်ဆောင်ထားခဲ့ပါတယ်။
ယင်း ဖက်ဆစ်ဂျပန်တပ်မတော်ရဲ့ စစ်သည်မှာ ဒုဗိုလ်ဟီရိုအိုနိုဒါ ဖြစ်ပါတယ်။ သူဟာ ဖက်ဆစ်ဂျပန်တပ်မတော်တွင် ၁၉၄၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အတွင်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
သူဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင် ပုန်းကွယ်နေထိုင်ခဲ့ရပြီးနောက် ၁၉၅၉ ခုနှစ်တွင် သေဆုံးသွားကြောင်း ဂျပန်အစိုးရက ကြေညာထားပါတယ်။
ဒါပေမယ့် တကယ်တမ်းမှာတော့ အိုနိုဒါဟာ အသက် ၉၁ နှစ် အရွယ်တွင် နှလုံးရောဂါကြောင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာပါ။
ဘရိုက်တန်ရဲ့ ယင်းဆိုရှယ်မီဒီယာပို့စ်မှာ တရုတ်ဆိုရှယ်မီဒီယာ Weibo တွင် ပျံ့နှံ့သွားခဲ့ပါတယ်။ ယင်းအကောင့်မှာ ဖော်လိုဝါ ၁၀ သန်းအထိ ရှိတဲ့ ဘရိုက်တန်ရဲ့ Weibo ကောင့်ဖြစ်ပါတယ်။
ဂျပန်အင်ပါယာတပ်မတော်ဟာ ဒုတိယကမ္ဘာစစ်အတွင်းတွင် တရုတ်နိုင်ငံတွင် ရက်စက်ကြမ်းကြုတ်မှုများစွာ ကျူးလွန်ခဲ့မှုနှင့်အတူ ယင်းပို့စ်ကြောင့် ဘရိုက်တန်အား တရုတ်ပရိသတ်များက အကြီးအကျယ် ဝေဖန်လာကြပါတယ်။
ဒါကြောင့်လည်း ဘရိုက်တန်ဟာ ချက်ချင်းဆိုသလို တရုတ်တစ်နိုင်ငံလုံးကို ယင်းအမှားအတွက် တောင်းပန်လာရပါတယ်။
ဘရိုက်တန်က ယင်းပို့စ်မှာ ဘယ်သူ့ကိုမှ ထိခိုက်ရန် မရည်ရွယ်ကြောင်း ဆိုထားပါတယ်။
ဘရိုက်တန်က "မကြာသေးမီတုန်းက အကယ်ဒမီတွေ ပါဝင်တဲ့ Christmas Truce Cup နဲ့ပတ်သက်ပြီး ပို့စ်ကြောင့် တရုတ်မှာ ထိခိုက်မှုအတွက် တောင်းပန်ပါတယ်။ တရုတ်က ကျွန်တော်တို့ရဲ့ ပရိသတ်တွေကို တကယ့်ကို တန်ဖိုးထားပါတယ်။ ဘယ်လို ထိခိုက်မှုမျိုးကိုမှ မရည်ရွယ်ပါဘူး"လို့ ဆိုသွားပါတယ်။
ယခုနှစ်အတွင်း ဘရိုက်တန်တို့ ဆိုရှယ်မီဒီယာပို့စ်ကြောင့် ပြဿနာမျိုး ကြုံရတာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။
ဇူလိုင်လတုန်းက ဘရိုက်တန်ဟာ တောင်ကိုရီးယားလူငယ် ရှင်ဆောင်ဒိုကို ဒတ်ချ်ကလပ် Excelsior သို့ အငှားချတုန်းကလည်း တောင်ကိုရီးယားလို မကြေညာဘဲ ဂျပန်လို ကြေညာလို့ ပြဿနာတက်ခဲ့ဖူးပါတယ်။

image

တရုတ်ကို အကြီးအကျယ်တောင်းပန်လာခဲ့ရတဲ့ ဘရိုက်တန်
====================

ဘရိုက်တန်ဟာ ဆိုရှယ်မီဒီယာပို့စ်တစ်ခုကြောင့် တရုတ်ကို အကြီးအကျယ်တောင်းပန်လာခဲ့ရပါတယ်။
ဘရိုက်တန်ဟာ မကြာသေးမီတုန်းက ဆိုရှယ်မီဒီယာ X တွင် အကယ်ဒမီကစားသမားတစ်ဦးနှင့် ကာအိုရူမီတိုမာတို့ရဲ့ ပုံတစ်ပုံကို ပို့စ်တင်ခဲ့ပါတယ်။
ဓာတ်ပုံထဲတွင် ယင်းကစားသမား ၂ ဦးတို့ဟာ ဖက်ဆစ်ဂျပန်တပ်မတော်ရဲ့ စစ်သည်တစ်ဦးရဲ့ ပုံလည်း ပါဝင်တဲ့ ကတ်များကို ကိုင်ဆောင်ထားခဲ့ပါတယ်။
ယင်း ဖက်ဆစ်ဂျပန်တပ်မတော်ရဲ့ စစ်သည်မှာ ဒုဗိုလ်ဟီရိုအိုနိုဒါ ဖြစ်ပါတယ်။ သူဟာ ဖက်ဆစ်ဂျပန်တပ်မတော်တွင် ၁၉၄၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အတွင်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
သူဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင် ပုန်းကွယ်နေထိုင်ခဲ့ရပြီးနောက် ၁၉၅၉ ခုနှစ်တွင် သေဆုံးသွားကြောင်း ဂျပန်အစိုးရက ကြေညာထားပါတယ်။
ဒါပေမယ့် တကယ်တမ်းမှာတော့ အိုနိုဒါဟာ အသက် ၉၁ နှစ် အရွယ်တွင် နှလုံးရောဂါကြောင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာပါ။
ဘရိုက်တန်ရဲ့ ယင်းဆိုရှယ်မီဒီယာပို့စ်မှာ တရုတ်ဆိုရှယ်မီဒီယာ Weibo တွင် ပျံ့နှံ့သွားခဲ့ပါတယ်။ ယင်းအကောင့်မှာ ဖော်လိုဝါ ၁၀ သန်းအထိ ရှိတဲ့ ဘရိုက်တန်ရဲ့ Weibo ကောင့်ဖြစ်ပါတယ်။
ဂျပန်အင်ပါယာတပ်မတော်ဟာ ဒုတိယကမ္ဘာစစ်အတွင်းတွင် တရုတ်နိုင်ငံတွင် ရက်စက်ကြမ်းကြုတ်မှုများစွာ ကျူးလွန်ခဲ့မှုနှင့်အတူ ယင်းပို့စ်ကြောင့် ဘရိုက်တန်အား တရုတ်ပရိသတ်များက အကြီးအကျယ် ဝေဖန်လာကြပါတယ်။
ဒါကြောင့်လည်း ဘရိုက်တန်ဟာ ချက်ချင်းဆိုသလို တရုတ်တစ်နိုင်ငံလုံးကို ယင်းအမှားအတွက် တောင်းပန်လာရပါတယ်။
ဘရိုက်တန်က ယင်းပို့စ်မှာ ဘယ်သူ့ကိုမှ ထိခိုက်ရန် မရည်ရွယ်ကြောင်း ဆိုထားပါတယ်။
ဘရိုက်တန်က "မကြာသေးမီတုန်းက အကယ်ဒမီတွေ ပါဝင်တဲ့ Christmas Truce Cup နဲ့ပတ်သက်ပြီး ပို့စ်ကြောင့် တရုတ်မှာ ထိခိုက်မှုအတွက် တောင်းပန်ပါတယ်။ တရုတ်က ကျွန်တော်တို့ရဲ့ ပရိသတ်တွေကို တကယ့်ကို တန်ဖိုးထားပါတယ်။ ဘယ်လို ထိခိုက်မှုမျိုးကိုမှ မရည်ရွယ်ပါဘူး"လို့ ဆိုသွားပါတယ်။
ယခုနှစ်အတွင်း ဘရိုက်တန်တို့ ဆိုရှယ်မီဒီယာပို့စ်ကြောင့် ပြဿနာမျိုး ကြုံရတာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။
ဇူလိုင်လတုန်းက ဘရိုက်တန်ဟာ တောင်ကိုရီးယားလူငယ် ရှင်ဆောင်ဒိုကို ဒတ်ချ်ကလပ် Excelsior သို့ အငှားချတုန်းကလည်း တောင်ကိုရီးယားလို မကြေညာဘဲ ဂျပန်လို ကြေညာလို့ ပြဿနာတက်ခဲ့ဖူးပါတယ်။

image