👉 ခြင်ပြေးစေဖို့ အလွယ်ကူဆုံး နည်းလမ်း (မီးမလို၊ အနံ့မဆိုး) 🦟✨
ဒီနည်းလမ်းကို သုံးပြီး အရမ်းကြိုက်သွားတယ်။ မီးထွန်းစရာမလိုဘဲ၊ အနံ့ပြင်းပြင်းနဲ့ နှာခေါင်းနာစရာမလိုဘဲ ခြင်တွေကို ကောင်းကောင်း မောင်းထုတ်ပေးနိုင်တယ်။
ကျွန်တော်ကိုယ်တိုင်လည်း ခြင်ဆေးခွေ အခိုးအငွေ့ မခံနိုင်လို့ ဒီနည်းကို စမ်းကြည့်တာ ခြင်တွေ တကယ်ထွက်ပြေးကုန်တာ တွေ့ရတယ်။
✿ လွယ်ကူတဲ့ အဆင့်များ
• ခြင်ဆေးခွေ ကို အတုံးငယ်လေးတွေ ဖြစ်အောင် ချိုးပါ။
• ရှာလကာရည် (Vinegar) ကို ဆေးခွေမြုပ်သွားတဲ့အထိ လောင်းထည့်ပါ။
• ခြင်ရှိနိုင်တဲ့နေရာတွေ၊ ဥပမာ- ရေချိုးခန်း၊ စားပွဲအောက်၊ မီးဖိုချောင်ထောင့်၊ ဒါမှမဟုတ် အိပ်ရာဘေး စတဲ့နေရာတွေမှာ သွားထားလိုက်ပါ။
ရှာလကာရည်ရဲ့ အနံ့အသက်နဲ့ ခြင်ဆေးခွေပါ ဓာတ်ပေါင်းသွားတာက ခြင်တွေကို မီးထွန်းစရာမလိုဘဲ ထွက်ပြေးစေပါတယ်။ 🔥
အခိုးအငွေ့ လုံးဝမရှိ၊ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်း မပါဝင် တာမို့ အိမ်မွေးတိရစ္ဆာန်တွေ (ခွေး၊ ကြောင်) အတွက်လည်း လုံးဝဘေးကင်းပါတယ်။ 🐶🐱
ညနေဘက် အိမ်ရှေ့မှာ ထွက်ထိုင်တဲ့အခါ စမ်းကြည့်ပါ၊ ခြင်တွေ တိတ်ဆိတ်သွားတာ တွေ့ရလိမ့်မယ်။ အရမ်းထိရောက်တဲ့ နည်းလမ်းပဲဗျို့။ 💚

image

လူတစ်ယောက်ဟာ သူ့တစ်သက်တာမှာ
အကြိမ်ကြိမ်ချစ်နိုင်ပါတယ် ။
ဒါပေမယ့် သူအချစ်ဆုံးကတော့
တစ်ယောက်ပဲရှိပါလိမ့်မယ် ။

အာလူးချဉ်စပ်ချက်နည်း

ထမင်းမြိန်စေမဲ့သတ်သတ်လွတ်အာလူးချဉ်စပ်ဟင်းလေးကချက်ရလွယ်ကူမြန်ဆန်တဲ့ဟင်းတခွက်လည်းဖြစ်ပါတယ်။ဆိုဖီယာတော့ဆီပြန်ဟင်းတွေကိုအချိန်ပေးပြီးတမနက်ခင်းလုံးချက်ရတဲ့ဟင်းတွေထက်စာရင်ခုလိုခုကြော်ခုစားအကြော်ဟင်းပွဲလေးတွေပိုနှစ်သက်ပါတယ်။ ပါဝင်ပစ္စည်းများကြိုတင်လှီးဖြတ်ထားပြီးစားခါနီးမှသာလျှင်ကြော်ပြီးပူပူနွေးနွေးသုံးဆောင်နိုင်ပါတယ်။ချက်ကြည့်ရအောင်နော် ။
ပါဝင်ပစ္စည်း
******
အာလူး - ၅လုံး အနေတော်
ကြက်သွန်နီ - အနေတော် ၂လုံး
ဂျင်းကြက်သွန်ဖြူ -တဇွန်း လ္ဘက်ဇွန်း
ဆား -ဇွန်းတဝက်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ငရုပ်ချဉ် - တစ်ဇွန်း စားပွဲဇွန်း
(စျေးတွင်ရှမ်းချဉ်ဖြင့်တွဲရောင်းသောငရုတ်ချဉ်)
ခရမ်းချဉ်သီး -တစ်လုံး
ကြက်သွန်မိတ်/ရှမ်းနံနံ - နှစ်ပင်
ငရုပ်သီးစိမ်းနီ - ၃ တောင့်
သံပုရာသီး - တစ်ခြမ်း
ဆီ - လိုသလောက်
ပြင်ဆင်ချက်ပြုတ်ပုံ
************
(၁)ဦးစွာပထမအာလူးကိုအခွံသင်ရေဆေးသန့်စင်ပြီးလိုသလိုလှီးဖြတ်ပါ။
(၂)ကြက်သွန်နီမထူမပါးလှီးထားပါ။ခရမ်းချဉ်သီးအမြောင်းခပ်ထူထူစိတ်ထားပါ။ငရုပ်သီးထပ်ခြမ်းခြမ်းထားပါ။ကြက်သွန်မိတ်ရှမ်းနံနံတစ်လက္မအရှ ည်ဖြတ်ထားပါ။
(၃)အားလုံးအဆင်သင့်ဖြစ်ပါကဒယ်အိုးတွင်ဆီထည့်ပြီးအပူပေးပါ။(ဆီအနည်းငယ်ပိုထည့်ပေးမှဟင်းပွဲလှပါတယ်။)
(၂)ဆီပူလျှင်ကြက်သွန်ထည့်ပြီးကြော်ပါ။မီးပြင်းဖြင့်အရောင်ပြောင်းရုံကြော်ပါ။ငရုပ်ချဉ်နှင့်ဂျင်းကြက်သွန်ဖြူထည့်ကြော်ပါ။အာလူးလှီးထားသည်ကိုထည့်ပါ။
(၃)အာလူးအရောင်ပြောင်းရုံကြော်မိပြီးပါကဆားနှင့့်ဟင်းခပ်မှုန့်ထည့်ပါ။
ကြက်ပြုတ်ရည်သို့မဟုတ်ရေအနည်းငယ်ထည့်ပေးပါ။အာလူးကျက်ရုံနည်းနည်ဆီထည့်ပါ။
(၄)အာလူးကျက်ပါကသံပုရာသီးညစ်ပြီးအရသာအပေါ့အငံမြည်းပါ။ငရုပ်သီးခြမ်း၊ခရမ်းချဉ်သီးကြက်သွန်မိတ်သို့မဟုတ်ရှမ်းနံနံထည့်ပြီးသမအောင်မွေကာမီးဖိုမှချတည်ခင်းသုံးဆောင်နိုင်ပါပြီ။(အရည်စပ်စပ်ဖြင့်ချပါ။တအားခြောက်ပြီးနွမ်းလျှင်စားမကောင်းပါ။)

image

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်ပြေးလမ်းပြင်ဆင်မှုများ ပြုလုပ်ခြင်းကြောင့် လေဆိပ်အား အောက်တိုဘာ ၂၉ ရက်မှစ၍ ည ၁၂ နာရီမှ နံနက် ၆ နာရီထိ ယာယီပိတ်ထား

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်ပြေးလမ်းပြင်ဆင်မှုများ ပြုလုပ်ခြင်းကြောင့် လေဆိပ်အား အောက်တိုဘာ ၂၉ ရက်မှစ၍ ည ၁၂ နာရီမှ နံနက် ၆ နာရီထိ ယာယီပိတ်ထားကြောင်း အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) မှ သိရသည်။

ထိုသို့ပိတ်ထားမည်ဖြစ်၍ MAI က ၎င်းတို့ ပြေးဆွဲပေးနေသည့် ခရီးစဉ်များ၏ ခရီးစဉ်အချိန်သစ်များအား ပြန်လည်ကြေညာခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်ပြေးလမ်းပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ်၍ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ အပြည်ပြည်ဆိုင်ရာလေကြောင်း (MAI) မှ ခရီးစဉ်အချို့ကို ပြောင်းလဲထားကြောင်း၊ ပြုပြင်နေစဉ်ကာလအတွင်း လေဆိပ်အား ညသန်းခေါင်ယံ ၁၂ နာရီမှ မနက် ၆နာရီအထိ ပိတ်သိမ်းထားမည်ဖြစ်ကြောင်း၊ ခရီးသည်များအနေဖြင့် မိမိတို့ဝယ်ယူထားသည့်ခရီးစဉ်များအတွက် အသစ်ထပ်မံပြောင်းလဲထားသော ခရီးစဉ်အချိန်များကို လေယာဉ်မထွက်ခွါမှီပြန်လည်စစ်ဆေးကြရန်နှင့် Transit ခရီးစဉ်များအတွက် အခြားလိုအပ်သော စီစဉ်မှုများ ပြုလုပ်ပေးထားပါရန် တိုက်တွန်းကြောင်း MAI က ကြေညာထားသည်။

image

ဂါဇာတွင် လေကြောင်းတိုက်ခိုက်မှုများ အစ္စရေး ထပ်မံပြုလုပ်
-------------------------

ပါလက်စတိုင်းနယ်မြေမှာ အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းဖို့ ရည်ရွယ်ထားကြောင်း အတည်ပြု ထားပေမဲ့ အစ္စရေးဟာ အောက်တိုဘာ ၂၉ ရက်က ဂါဇာမြောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မံပြု လုပ်ခဲ့ကြောင်းကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ဂါဇာမှာ အောက်တိုဘာ ၂၈ ရက်က အစ္စရေးစစ်သားတစ်ယောက် အသတ်ခံရတာကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကြားဝင်စေ့စပ်ပေးထားတဲ့ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ပြီး အခုလို အစ္စရေးက တိုက်ခိုက် တာတွေ ဆောင်ရွက်နေတာပါ။ ချိုးဖောက်မှုတိုင်းကို ခိုင်ခိုင်မာမာ တုံ့ပြန်ရင်း အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက်ကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ အစ္စရေးက ပြောကြားခဲ့ပါတယ်။

အစ္စရေးက ပါလက်စတိုင်းနယ်မြေအတွင်း အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တယ်လို့ ဟားမတ်စ်စစ်သွေးကြွ အဖွဲ့ကို စွပ်စွဲပြီးနောက် အောက်တိုဘာ ၂၈ ရက်မှာ အစ္စရေးက လေယာဉ်တိုက်ခိုက်မှုတွေ စတင်ခဲ့တာ ဖြစ်ပါ တယ်။ ထရမ့်ရဲ့စေ့စပ်မှုက အောက်တိုဘာ ၁၀ ရက်မှာ စတင် အသက်ဝင်ခဲ့ပေမဲ့ အပြန်အလှန်ချိုးဖောက်မှုတွေ ကြောင့် အခုလို အဆိုးရွားဆုံး တင်းမာမှုတွေ ပြန်လည်ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

image

မေဂျာလိဂ် ဒုတိယလစာအများဆုံး ဆွန်ဟောင်မင်ဖြစ်လာ
---------------------

လော့စ်အန်ဂျလိစ် အက်ဖ်စီအသင်းရဲ့ တောင်ကိုရီးယားတိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ နောက်ဆုံးထုတ်ပြန် ထားတဲ့စာရင်းတွေအရ မေဂျာလိဂ်ရဲ့ ဒုတိယလစာအများဆုံးကစားသမားအဖြစ်ရပ်တည်နေပါတယ်။ မေဂျာလိဂ် ကစားသမားအစည်းအရုံးက နောက်ဆုံးရရှိထားတဲ့ လုပ်ခလစာစာရင်းတွေကို ဗုဒ္ဓဟူးနေ့က တရားဝင်ထုတ်ပြန် လိုက်တာဖြစ်ပါတယ်။

မေဂျာလိဂ်ရဲ့ လုပ်ခလစာအများဆုံးကစားသမားကတော့ အင်တာမိုင်ယာမီအသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဖြစ်ပြီး တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၄ သန်းရရှိနေတာဖြစ် ပါတယ်။ အခုနွေရာသီမှာ စပါး အသင်းကနေ LAFC အသင်းကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဆွန်ဟောင်မင်က တစ်နှစ်ကို ဒေါ်လာ ၁၁ ဒသမ ၂ သန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ဆွန်ဟောင်မင်နဲ့ LAFC အသင်းတို့ စာချုပ်က် ၂၀၂၇ အထိ သက်တမ်းရှိနေပြီး ၂၀၂၉ အထိ သက်တမ်းတိုးနိုင်တဲ့ သဘောတူညီချက်ကိုပါ ထည့်သွင်းချုပ်ဆိုထားတာ ဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ် ဆွန်ဟောင်မင်ဟာ အခုရာသီ မေဂျာလိဂ် ၁၀ ပွဲမှာ ၉ ဂိုးသွင်းပြီး ၂ ဂိုးဖန်တီးကာ ခြေစွမ်းပြထားနိုင်တာဖြစ်ပါတယ်။ ထုတ်ပြန်ချက်အရ မေဂျာလိဂ်ရဲ့ လုပ်ခလစာ အများဆုံး ၅ ယောက်ထဲမှာ မက်ဆီရဲ့ အင်တာမိုင်ယာမီအသင်းဖော် ဘက်စကွက်စ်၊ အတ္တလန္တာယူနိုက်တက် ကစားသမား အယ်မီရွန်နဲ့ ဆန်ဒီယေဂိုအသင်းကစားသမား လိုဇာနိုတို့ ပါဝင်နေတယ်လို့ သိရပါတယ်။

image

အင်ဒိုနီးရှား၌ ကျောင်းသား ၇၀၀ နီးပါး အစာအဆိပ်သင့်
----------------------

အင်ဒိုနီးရှားအာဏာပိုင်တွေရဲ့ပြောကြားချက်အရ သမ္မတ ပရာဘိုဝို ဆူဘီယန်တို စီစဉ်ထားတဲ့ အခမဲ့စားသုံးနိုင်တဲ့ အစားအစာတွေကို စားသုံးပြီးနောက် ယော့ယာကာတာပြည်နယ်ရှိ ကျောင်းသား ၇၀၀ လောက် အစာအဆိပ်သင့် မှု ဖြစ်ပွားခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။

အစာအဆိပ်သင့်မှု ဖြစ်ရပ်တွေကို အခုသီတင်းပတ်အတွင်းမှာ အပြီးသတ် စုံစမ်းစစ်ဆေးသွားမှာဖြစ်တယ်လို့ ပြည်နယ်အရာရှိတစ်ယောက်က ပြောကြားခဲ့ပါတယ်။ အခုနှစ် ဇန်နဝါရီလမှာ စတင်ခဲ့တဲ့ ကျောင်းအစားအစာ အစီအစဉ်ဟာ ပရာဘိုဝိုရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး ရေး ကတိကဝတ်တစ်ခုဖြစ်ပေမဲ့ အဲဒီအစီစဉ်ကြောင့် အောက်တိုဘာ ၂၉ ရက်အထိ ကျောင်းသား ၁၅၀၀၀ လောက် ဖျားနာခဲ့တယ်လို့ ဒေသတွင်းကျန်းမာရေးမှူးတွေက ပြောကြားထားပါတယ်။

အစားအစာတွေကို သန့်ရှင်းသပ်ရပ်စွာ သိုလှောင်မထားတဲ့အပြင် ညကတည်းက ချက်ပြုတ်ထားတဲ့ အစားအစာ တွေကို မနက်ခင်းမှာ ကျွေးမွေးတာကြောင့် အခုလို အဆိပ်သင့်မှု ဖြစ်ပွားရတာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

imageimage

မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ ကမ်းရိုးတန်းသွားသင်္ဘောများဆိုင်ရာ သဘောတူစာချုပ်နှင့် ပတ်သက်ပြီးဆွေးနွေး

အိန္ဒိယရေကြောင်းဆိုင်ရာ ရက်သတ္တပတ် -၂၀၂၅ အခမ်းအနားတက်ရောက်ရန် အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယမန်နေ့က အိန္ဒိယနိုင်ငံ၊ ပြည်နယ်၊ ဆိပ်ကမ်း၊ သင်္ဘောပို့ဆောင်ရေးနှင့် ရေကြောင်းဝန်ကြီးဌာနနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံမှုတွင် နှစ်နိုင်ငံကမ်းရိုးတန်းသွားသင်္ဘောများဆိုင်ရာ သဘောတူစာချုပ်နှင့် အဆိုပါ သဘောတူစာချုပ်၏ စံပြုလုပ်ငန်းစဉ်များ၊ သင်္ဘောသားများ၏ လေ့ကျင့်ခြင်းနှင့် လက်မှတ်များကို အသိအမှတ်ပြုခြင်း နားလည်မှုစာချွန်လွှာ၊ သင်္ဘောသားများအတွက် သဏ္ဌာန်တူ သရုပ်ပြအခြေခံလေ့ကျင့်ခြင်း၊ အကဲဖြတ်ခြင်းနှင့် စာမေးပွဲစနစ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

သင်္ဘောများကို တာဝေးမှ ခြေရာခံ၍ ထောက်လှမ်းကြည့်ရှုခြင်းစနစ်နှင့် အိန္ဒိယနိုင်ငံသို့ဝင်ရောက်မည့် မြန်မာမှတ်ပုံတင်သင်္ဘောများအတွက် အကာအကွယ်ပေးရေးနှင့် လျော်ကြေးဆိုင်ရာ အာမခံကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဂျာဝါဟာနေဟူဆိပ်ကမ်း အာဏာပိုင်ကကျင်းပသည့် ကုန်ပစ္စည်းများ ဖြန့်ဝေမှုကွင်းဆက်ခိုင်မာအောင် တည်ဆောက်ခြင်း (Fortifying Global Supply Chains) အခမ်းအနားကိုလည်း တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံ အကောင်အထည်ဖော်လျက်ရှိသော စစ်တွေဆိပ်ကမ်းနှင့် ကုလားတန် ဘက်စုံသယ်ယူပို့ ဆောင်ရေးစီမံကိန်းသည် အိန္ဒိယနိုင်ငံ၏ အရှေ့ဘက်ဆိပ်ကမ်းများကို မြန်မာနိုင်ငံမှတဆင့် အိန္ဒိယနိုင်ငံ၏ ကုန်းတွင်းပိတ် အရှေ့မြောက်ပြည်နယ်များနှင့် ချိတ်ဆက်ပေးသည့် လမ်းကြောင်းတစ်ခုဖြစ်သည့်အပြင် စစ်တွေမြို့သည် အဓိကပင်လယ်ရေကြောင်း ဝင်ပေါက်အဖြစ် စီးပွားရေးစင်္ကြံအသစ်တစ်ခုဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက ပြောကြားထားသည်။

အိန္ဒိယ-မြန်မာ-ထိုင်း (၃)နိုင်ငံ အဝေးပြေးလမ်းမကြီး စီမံကိန်းသည် အိန္ဒိယမှ အာဆီယံဗဟိုသို့ တို-က်ရို-က်ဆက်သွယ်နိုင်သော ကုန်းလမ်းကြောင်းတစ်ခုဖြစ်ပြီး အနာဂတ်တွင် ပြည်တွင်းထောက်ပံ့ပို့ဆောင်ရေး ခေတ်မီရေးနှင့် ဆိပ်ကမ်းများခေတ်မီရေးတို့ကို ဆောင်ရွက်ခြင်း၊ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးအတွက် Single Window စနစ်များနှင့် ဒစ်ဂျစ်တယ် ပလက်ဖောင်းများကို အကောင်အထည်ဖော်ခြင်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် အခြေခံ အဆောက်အအုံကဏ္ဍများတွင် ပုဂ္ဂလိကကဏ္ဍများပါဝင်စေရန် ဆွဲဆောင်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် အိန္ဒိယနိုင်ငံ ရေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများအတွက် အိန္ဒိယနိုင်ငံ၊ ပြည်နယ်၊ ဆိပ် ကမ်း၊ သင်္ဘောပို့ဆောင်ရေးနှင့်ရေကြောင်း ဝန်ကြီးဌာနအောက်ရှိဌာန၊ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကုမ္ပဏီများ၏ MOU လက်မှတ်ရေးထိုး လဲလှယ်ခြင်းများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

image