ဒုတိယကလေးမွေးပြီး ရက်အတန်ကြာတွင်ပင် ဂျာမန်ဘောလုံးသမားရဲ့ ဘောလုံးမယ်ဟောင်း ကွယ်လွန်
==================
ဂျာမန်ဘောလုံးသမားမားကပ်စ်မန်ဒလာရဲ့ ဇနီးသည်တာမာရာဟာ ဒုတိယကလေးမွေးဖွားပြီး ရက်အတန်ကြာတွင်ပင် ကွယ်လွန်သွားရှာခဲ့ပါတယ်။
တာမာရာမန်ဒလာဟာ အသက် ၃၂ နှစ်အရွယ်တွင် ကာလတို မကျန်းမမာ ဖြစ်ပြီးနောက် စနေနေ့တုန်းက ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၃ နှစ်ရှိ မားကပ်စ်ဟာ ဘွန်ဒက်စ်လီဂါတွင် နူရင်ဘတ်နှင့်အတူ ကစားခဲ့သူဖြစ်ပြီး လက်ရှိ စတုတ္ထတန်းကလပ် အက်ဖ်စီဟွမ်ဘတ်တွင် ကစားနေပါတယ်။ ဇနီးသည်မှာလည်း ဘောလုံးသမားဟောင်းဖြစ်ပြီး Saarbrucken တွင် ကစားနေစဉ် မားကပ်စ်နှင့် တွေ့ဆုံခဲတာ ဖြစ်ပါတယ်။
မားကပ်စ်ဟာ ကိုယ်ရေးကိုယ်တာကိစ္စရပ်ကြောင့် သောကြာနေ့တုန်းက FSV Frankfurt နှင့် သရေကျတဲ့ပွဲကို လွဲပြီးနောက် ဇနီးသည်ရဲ့ နာရေးသတင်းကို ကြေညာလာခဲ့တာလည်း ဖြစ်ပါတယ်။
မားကပ်စ်ရဲ့ ဇနီးသည်ရဲ့ နာရေးသတင်းအပေါ် လက်ရှိ ကစားနေတဲ့ ကလပ်များ၊ ကလပ်ဟောင်းများက ဝမ်းနည်းကြေကွဲကြောင်း ကြေညာချက်များ ထုတ်ပြန်ထားကြပါတယ်။