လည်ပင်းရိုးကျိုးဒဏ်ရာရရှိကာ ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရတဲ့ ကလင်းစမန်းရဲ့သား
====================
ဂျာဂင်ကလင်းစမန်းရဲ့သားဂျိုနသန်ဟာ ပြီးခဲ့တဲ့အပတ်ပွဲစဉ်တွင် လည်ပင်ရိုးကျိုးဒဏ်ရာရရှိကာ ဆေးရုံသို့ အရေးပေါ် တက်ရောက်ခဲ့ရပါတယ်။
အသက် ၂၉ နှစ်ရှိ ဂိုးသမားဟာ အင်္ဂလန်လက်ရွေးစင်ဟောင်းအက်ရှ်လေကိုးလ်ကိုင်တွယ်နေတဲ့ စီးရီးဘီကလပ် စီဆီနာမှာ ကစားနေသူ ဖြစ်ပြီး စနေနေ့ညတုန်းက ပါလာမိုနှင့်ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။
စီဆီနာက ၂-၀ ဂိုးဖြင့် ဦးဆောင်နေတဲ့ ဒုတိယပိုင်းနာကျင်အချိန်ပိုတွင် ကလင်းစမန်းဟာ ဖီးလစ်ပိုရာနိုချီယာအား ကျော်ဖြတ်ကာ ဘောလုံးကို ရရှိခဲ့ပါတယ်။ ဒါပေမယ့် ရာနော့ခီယာရဲ့ ခြေထောက်က ဂိုးသမားရဲ့လည်ပင်းကို မတော်တဆ ထိသွားခဲ့ပါတယ်။
အမေရိကန်လူငယ်လက်ရွေးစင်ဂိုးသမားဟောင်းဟာ ကွင်းအတွင်း အချိန်အတန်ကြာ ဆေးကုသမှုခံယူပြီးနောက် လည်ပင်းအပတ်ဖြင့် လူနာတင်ထမ်းစင်ဖြင့် ထွက်ခွာခဲ့ရပါတယ်။
စီဆီနာက ကလင်းစမန်းမှာ စစ္စလီရှိ ဆေးရုံတွင် တက်ရောက်ခဲ့ရကြောင်း အတည်ပြုသွားပါတယ်။
ကလင်းစမန်းရဲ့ဒဏ်ရာကို စစ်ဆေးမှုအရ လည်ပင်းနှင့် ကျောရိုးအကြား ပထမဆုံးလည်ပင်းရိုးအဆစ်ကျိုးသွားခြင်း ဖြစ်ကြောင်း တွေ့ရပါတယ်။
ကလင်းစမန်းဟာ အထူးကြပ်မတ်ကုသမှုအောက်တွင် ဆက်ရှိနေရပြီး နောက်ထပ် စစ်ဆေးမှုများ ခံယူရမှာ ဖြစ်ပါတယ်။ သူဟာ အထူးစပါယ်ရှယ်ခွဲစိတ်ဆရာဝန်နှင့် ဆွေးနွေးပြီးနောက် ခွဲစိတ်ကုသမှုခံယူလာနိုင်ပါတယ်။