မော်လိုက်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့မှု ယနေ့ ဧပြီ ၂၁ ရက်နံနက်ပိုင်းကဖြစ်ပွားခဲ့
ယနေ့ ဧပြီ ၂၁ ရက်နံနက်ပိုင်းက မော်လိုက်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
မော်လိုက်မြို့၏ အရှေ့တောင်ဘက်(၂၈)မိုင်ခန့်အကွာ၊ အနက်(၁၀၆)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး(၄ ဒသမ ၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု နံနက် ၆ နာရီ ၃၈ မိနစ် ၂၆ စက္ကန့်က လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငလျင်လှုပ်ခတ်ခဲ့မှုကို ကန့်ဘလူမြေငလျင်စ ခန်းမှတိုင်းထွာရရှိခဲ့ခြင်းဖြစ်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။