ဘွန်ဆိုင်းချယ်ရီ
မျိုးစေ့ပျိုးနည်း
step 1 -compost 1: စပ်မြေ 2 ရောသမ မွှေပေးပါ
2- ကိုယ်စိုက်မယ့် ပန်းအိုး သို့မဟုတ် container တစ်ခုခု ထဲ ထည့်ပါ
3- ရေဆင်းပေါက်ရှိသော အိုး သို့မဟုတ် container ဖြစ်ဖို့ လိုပါတယ်
4- မြေဖြည့်ပြီးပါက ရေဝအောင် ရွှဲအောင် လောင်းပေးပါ
5- ရေစစ်သွားပြီဆို ရင် မျိုးစေ့လေးတွေ ခပ်ကျဲကျဲ ဖြူးလိုက်ပါ
6- ကျဲထားသော မျိုးစေ့ပေါ်သို့ ပထမပိုင်းက ရောထားတဲ့မြေခပ်ပါးပါးလေး ထပ်ဖြူးပေးပါ
7-(1-2) ရက်နေလို့ မြေသားမှာ ရေအစိုဓါတ် လိုနေရင် ရေဖွဖွ လေးလောင်းပေးပါရှင်
7ရက် မှ 10 ရက် အတွင်း
အပင်ပေါက်လာပါလိမ့်မယ်နော်
သတိပြုရန်မှာ
၁- မိုးရေ တိုက်ရိုက်ကျသောနေရာမှာ
မျိုးစေ့ ပျိုးပင် ပျိုးအိုးများထားခြင်းကို
ရှောင်ပေးပါ
၂- နေ ရိပ်လွန်းသော နေရာ/နေပူလွန်းသော နေရာ
များကို ရှောင်ပေးပါ
၃- ရေ လောင်းလွန်ခြင်း/ ရေလောင်းဖို့ လိုခြင်းကို
သတိပြုပေးပါ
(Spray ဖျန်းရုံ ရေ အစိုဓါတ် ရှိရုံဆို ရပါပြီ)
၄- မျိုးစေ့လေးများ မပေါက်မှီ အချိန်တွင်
နွားချေး ကြက်ချေး အခြား မည်သည့်
မြေဩဇာ ဓါတ်မြေဩဇာများမ ထည့်ပါဘူးရှင့်

image

မိဘတွေကိုထောက်ပံ့ချင်တယ်
ချစ်ရတဲ့သူတွေရဲ့ဆန္ဒကို
ဖြည့်ဆည်းပေးချင်တယ်။

ကိုယ်ပိုင်တဲ့အရာတွေနဲ့ပဲ
စိတ်ချမ်းချမ်းသာသာလေး
နေထိုင်ချင်တယ်။

ဘယ်သူ့ကိုမှ စိတ်ပင်ပန်းမှုမပေးသလို
ကိုယ့်ကိုစိတ်ပင်ပန်းမှုပေးတဲ့သူတွေကို
တတ်နိုင်သမျှ ရှောင်ပါတယ်။

အကောင်းဆုံးကြိုးစားနေတဲ့အတွက်ကြောင့်
မိဘတွေကို လိုလေးသေးမရှိ
ထားနိုင်တဲ့ အခြေအနေအထိ
ကျွန်တော် ချမ်းသာချင်ပါသေးတယ်။

• ဖားစည်ရည်ကျော် •

20 w - Translate

ဆိတ်ဖလူးပန်းအလှ🌸🌼🌺

image
20 w - Translate

ဆိတ်ဖလူးပန်းအလှ🌸🌼🌺

image
20 w - Translate

ဆိတ်ဖလူးပန်းအလှ🌸🌼🌺

image
20 w - Translate

ဆိတ်ဖလူးပန်းအလှ🌸🌼🌺

image
20 w - Translate

ဆိတ်ဖလူးပန်းအလှ🌸🌼🌺

image
image
image
image
20 w - Translate

တစ်ဘက်ထဲ လှရုံနဲ့ မရဘူး
ဖိနပ်ဆိုလဲ နှစ်ဖက်ရှိမှ ခရီးရောက်တာ
ယုံကြည်မှုဆိုတာလဲ အဲ့လိုပဲ
တစ်ယောက်တည်း ရှိရုံနဲ့မရဘူး။

သူ့ဘက် ကိုယ့်ဘက်ရှိမှ
အဲ့ဒီဆက်ဆံရေးတစ်ခုက ရေရှည်မြဲတာ
ယုံကြည်မှုဆိုတာ
ပျက်စီးသွားပြီဆိုတဲ့အခါ
ဘယ်လိုပြန်တည်ဆောက် တည်ဆောက်
ဘယ်တော့မှ အရင်လို ပြန်မဖြစ်ဘူး။

ဒါကြောင့်
ယုံကြည်လို ရင်ဖွင့်တဲ့စကားကို
ကွယ်ရာမှာ အတင်းပြန်မပြောရဘူး။

ယုံကြည်လို
ချေးငှားလိုက်တဲ့ ပိုက်ဆံကို
မတောင်းခင်ကတည်းက
အလိုက်တသိ ပြန်ပေးရတယ်။

ယုံကြည်လို
ကူညီပေးလိုက်တာကို
ဘယ်တော့မှ ကျေးဇူးမကန်းရဘူး။

ယုံကြည်လို
ပေးထားတဲ့ မေတ္တာကို
တန်ဖိုးမထား မလေးမစားမလုပ်ရဘူး။

ယုံကြည်လို
တွဲထားတဲ့ လက်တွေကို
နာကျင်ဒဏ်ရာတွေ မပေးရဘူး။

ယုံကြည်လိုပေးထားတဲ့
အခွင့်အရေးကို
ဘယ်တော့မှ အလွဲသုံးစားမလုပ်ရဘူး။

အဲ့ဒီယုံကြည်မှုထဲမှာ
ချစ်ခြင်းမေတ္တာတွေပါတယ်
ကိုယ်ချင်းစာတရားတွေပါတယ်
သံယောဇဉ်တွေပါတယ်။

ဒါကြောင့် ယုံကြည်မှုကို
လွယ်လွယ်နဲ့ မဖျက်စီးသင့်ဘူး
တကယ်လို
ယုံကြည်မှုကို ဖျက်စီးလိုက်တဲ့အခါ
တကယ်နစ်နာဆုံးရှုးသွားတာက
ကိုယ်ဖြစ်နေတတ်တယ်။

ဒီလိုပဲ
ဘဝမှာ ကိုယ့်ရဲ့ယုံကြည်မူ့ကို
အလွဲသုံးစား လုပ်သွားတဲ့သူတွေ ရှိတယ်။

image

掸邦美丽农田

image

掸邦美丽农田

image