မြန်မာအမျိုးသားလေကြောင်းက ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့သို့ လေကြောင်းခရီးစဥ်များစတင်ပျံသန်း
ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာအမျိုးသားလေ ကြောင်းက လမ်းပန်းဆက်သွယ်မှုခက်ခဲသည့် ရခိုင် ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့သို့ ဧပြီ ၂၄ ရက်နံနက်ပိုင်းမှစတင်ကာ လေကြောင်းခရီးစဥ်များကို ပျံသန်းပြေးဆွဲပေးခဲ့ကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်း၏ L-410 လေယာဉ်ငယ်များဖြင့် ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်ရှိ မာန်အောင်မြို့နှင့် ကျောက်ဖြူမြို့၊ တနင်္သာရီတိုင်း၊ မြိတ်လေဆိပ်ကိုအခြေပြု၍ ထားဝယ်မြို့၊ ဘုတ်ပြင်းမြို့နှင့် ကော့သောင်းမြို့များသို့ ပျံသန်းပြေးဆွဲပေးခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဧပြီ ၂၄ ရက်ခရီးစဥ်တွင် ရန်ကုန်-မာန်အောင် -ကျောက်ဖြူ-ရန်ကုန်ခရီးစဉ်နှင့် မြိတ်-ဘုတ်ပြင်း- ကော့သောင်း-ဘုတ်ပြင်း-မြိတ်ခရီးစဉ်တို့အား ပျံသန်းပြေးဆွဲပေးခဲ့ကြောင်း သိရသည်။