28 ပတ် - ဘာသာပြန်ပါ။

ပြင်ဦးလွင်၌ ဆင်လမ်း(၂)ရေလှောင်တမံစီမံကိန်းနှင့် ပင်တီးရေလှောင်တမံစီမံကိန်းတို့အားအကောင်အထည်ဖော်မည်

ပြင်ဦးလွင်ဒေသ သောက်သုံးရေ ဖူလုံစွာရရှိစေရေးအတွက် ဆင်လမ်း(၂) ရေလှောင်တမံစီမံကိန်းနှင့် ပင်တီးရေလှောင်တမံစီမံကိန်းတို့အားအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၃ ရက်ကပြင်ဦးလွင်ဒေသရေဖူလုံစွာရရှိရေး ဆောင်ရွက်ထားရှိမှုအားကြည့်ရှုစစ်ဆေးစဥ်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်ယာယီသမ္မတမှ ဆင်လမ်းရေလှောင်တမံအားကြည့်ရှုစစ်ဆေးပြီး ဆင်လမ်း(၂)ရေလှောင်တမံအား ဆင်ဖြူချောင်းနေရာ၌တည်ဆောက်သွားမည်ဖြစ်ကာ စီမံကိန်းပြီးစီးပါက ခန့်မှန်းရေလှောင်ပမာဏ (၁,၂၀၀)ဧကပေ၊ ပင်တီးရေလှောင်တမံအား သဖြိုက် ချောင်းနေရာ၌တည်ဆောက်မည်ဖြစ်ပြီး စီမံကိန်းပြီးစီးပါက ခန့်မှန်းရေလှောင်ပမာဏ(၄,၀၀၀)ဧကပေသိုလှောင်နိုင်ကာ အကျိုးကျေးဇူးများစွာရရှိမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
" ရေလှောင်တမံစီမံကိန်းနှစ်ခုတည်ဆောက်ပြီးရင် ပြင်ဦးလွင်မြို့မှာသောက်သုံးရေဖူလုံလာမှာပါ။ အနာဂတ်မှာဖြစ်ပေါ်လာနိုင်မယ့် လူဦးရေအတွက်ပါ လုံလောက်နိုင်မှာပါ။ မြို့ရဲ့ဂုဏ်ဒြပ်ဖြစ်တဲ့ ပန်းမြို့တော်၊ ကော်ဖီမြို့တော်စီမံကိန်းတွေအတွက်လည်းအထောက်အကူဖြစ်စေနိုင်ပြီး ခရီးသွားလုပ်ငန်းလည်း များစွာဖွံ့ဖြိုးတိုးတက်လာမှာဖြစ်လို့ ဒေသရဲ့လူမှုစီးပွားဘဝတွေ များစွာတိုးတက်လာမှာဖြစ်ပါတယ်"ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတသည် စည်သာရေလှောင်တမံရေပိုလွှဲတွင် ရေပိုလွှဲ(၃)ပေအမြင့်မြှင့်တင်ထားရှိမှု၊ စည်သာရေလှောင်တမံနှင့် စည်သာရေကူရေ လှောင်တမံတို့ကိုကြည့်ရှုစစ်ဆေးပြီး ပြင်ဦးလွင်မြို့နေလူဦးရေတိုးပွားလာသည်နှင့်အမျှ သောက်သုံးရေနှင့် စိုက်ပျိုးရေလိုအပ်ချက်များမြင့်မားလာမည်ဖြစ်ကာ ဒေသသို့လာရောက်သည့် ခရီးသွားဧည့်သည်များ၏ သုံးရေများအတွက်ကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်၍ ပြင်ဦးလွင်ဒေသရေဖူလုံစွာရရှိရေးအတွက် ရေလှောင်တမံများအဆင့်မြှင့်တင်ခြင်း၊ သစ်တောသစ်ပင်ဖုံးလွှမ်းမှုဖော်ဆောင်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်မှလိုအပ်သည်များကိုဖြည့်ဆည်းပေးသွားမည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
ဆင်လမ်းတမံရေပိုလွှဲအား (၂)ပေမြှင့်တင်ခဲ့ရာ ယခင်ကန်ရေပြည့်ရေလှောင်ပမာဏ(၆,၈၄၆)ပေမှ ယခုအခါ ယခင်ကထက် ရေလှောင်ပမာဏ(၄၁၂)ဧကပေ၊ ရေဂါ လန်(၁၁၂)သန်းပိုမိုသိုလှောင်နိုင်ပြီး အချင်း(၁၈)လက် မရှိ သံမဏိရေထုတ်ပြွန်မှတစ်ဆင့် ပြင်ဦးလွင်မြို့ရှိ လူ ဦးရေ(၁၅,၀၀၀)ခန့်ကိုတိုးချဲ့ရေပေးဝေနိုင်မည်ဖြစ် ကြောင်း သိရသည်။
ထို့ပြင် စည်သာရေလှောင်တမံရေပိုလွှဲအား (၃)ပေမြှင့်တင်ခဲ့၍ ယခင်ကန်ရေပြည့်ရေလှောင်ပမာဏ(၃,၃၇၀) ဧကပေရှိခဲ့ရာမှာ ယခုအခါ ယခင်ကထက် ရေလှောင်ပမာဏ(၂၆၇)ဧကပေ၊ ရေဂါလန်(၇၂)သန်းခန့် ပိုမိုသိုလှောင်နိုင်ပြီး လူဦးရေ(၁၀,၀၀၀)ခန့်ကိုတိုးချဲ့၍ရေပေးဝေနိုင်ကြောင်း သိရသည်။

image
28 ပတ် - ဘာသာပြန်ပါ။

မြန်မာအပါအဝင်၁၉နိုင်ငံမှခိုလှုံခွင့်လျှောက်သူအားလုံးကိုထရမ်ပ့်ရပ်ဆိုင်း

နိုင်ငံတော်လုံခြုံရေးနှင့် အများပြည်သူ ဘေးကင်းလုံခြုံရေးကို စိုးရိမ်သဖြင့် ဥရောပမဟုတ်သော နိုင်ငံ ၁၉ နိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများ လျှောက်ထားသော ဂရင်းကတ်နှင့် အမေရိကန်နိုင်ငံသားဖြစ်မှု လုပ်ငန်းစဉ်များအပါအဝင် လူဝင်မှုကြီးကြပ်ရေးလျှောက်လွှာအားလုံးကို ရပ်ဆိုင်းလိုက်ကြောင်း ထရမ့်ပ်အစိုးရက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
ဤရပ်ဆိုင်းမှုသည် ဇွန်လကတည်းက ခရီးသွားလာမှုကို တစ်စိတ်တစ်ပိုင်း ပိတ်ပင်ထားခဲ့ပြီးဖြစ်သည့် နိုင်ငံ ၁၉ နိုင်ငံမှ လူများ အကျူံးဝင်မည်ဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ နိုင်ငံရေးပလက်ဖောင်းတွင် အဓိကအင်္ဂါရပ်တစ်ခုဖြစ်ခဲ့သော လူဝင်မှုကြီးကြပ်ရေးအပေါ် နောက်ထပ်ကန့်သတ်ချက်များ ချမှတ်လိုက်ခြင်းဖြစ်သည်။
ရပ်ဆိုင်းခံရသော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ဆိုမာလီယာနိုင်ငံများလည်း ပါဝင်သည်။
မူဝါဒသစ်ကို ဖော်ပြထားသော တရားဝင်မှတ်တမ်းတွင် ပြီးခဲ့သည့် သီတင်းပတ်က ဝါရှင်တန်တွင် အမေရိကန်နိုင်ငံတော်အစောင့်တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံခဲ့ရမှုကို အဓိကကိုးကားခဲ့သည်။ အဆိုပါတိုက်ခိုက်မှုတွင် သံသယရှိ အာဖဂန်အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်အစောင့်တပ်ဖွဲ့ဝင် တစ်ဦးသည် သေဆုံးခဲ့ကာ အခြားတစ်ဦးသည် စိုးရိမ်ရသော ဒဏ်ရာရရှိခဲ့သည်။
ထရမ့်ပ်သည် ပြီးခဲ့သော ရက်များအတွင်း ဆိုမာလီနိုင်ငံသားများကိုလည်း ပြင်းပြင်းထန်ထန်ပြောဆိုခဲ့ကာ ၎င်းတို့ကို အမှိုက်ဟု သုံးနှုန်းခဲ့ပြီး “တို့နိုင်ငံမှာ သူတို့ကို အလိုမရှိဘူး” ဟု ပြောဆိုခဲ့သည်။
ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သော ပစ်မှတ်ထားနိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်၊ မြန်မာ၊ ချဒ်၊ ကွန်ဂိုသမ္မတနိုင်ငံ၊ အီကွေတိုရီယယ် ဂူနီယာ၊ အီရစ်ထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်၊ ယီမင်နိုင်ငံများ ပါဝင်သည်။ အဆိုပါနိုင်ငံများသည် ဇွန်လတွင် အပြင်းထန်ဆုံး လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကန့်သတ်ချက်များ ချမှတ်ခံထားရပြီး ချွင်းချက်အနည်းငယ်မျှအပ ပြည်ဝင်ခွင့်ကို လုံးဝရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

image

မကြာမီကျင်းပမည့် ရွေးကောက်ပွဲတွင် မသန်စွမ်းသူများ ဆန္ဒမဲပေးနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်း

မသန်စွမ်းသူများ ဆန္ဒမဲပေးနိုင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် အလေးနက်ထားတိုက်တွန်းလိုကြောင်း မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောသည်။
ယမန်နေ့ ကကျင်းပသည် မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မသန်စွမ်းသူများ ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်း နှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်းတို့ကိုလည်း နေပြည်တော်၊ရန်ကုန်၊မန္တလေး၊ပြင်ဦးလွင် နှင့် မိတ္ထီလာမြို့တို့တွင် အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မသန်စွမ်းသူများနှင့် ပတ်သက်သည့် အရေးကိစ္စသည် လူအသိုက်အဝန်းတစ်ခုလုံးနှင့် သက်ဆိုင်သည့် လူမှုဖွံ့ဖြိုးရေးကိစ္စဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေး ဂုဏ်သိက္ခာနှင့် စွမ်းဆောင်ရည်ကို အသိမှတ်ပြုပြီး နားလည်လက်ခံပေးရမည်ဖြစ်ကြောင်းလည်း ဦးထွန်းအုံက ပြောသည်။
၂၀၂၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် မသန်စွမ်းသူ (၂ ဒသမ ၂၉) သန်းရှိပြီး နိုင်ငံလူဦးရေး၏ ၇ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

image

မန္တလေးမြို့မဟာအောင်မြေမြို့နယ်မှ ပေါက်ကျိုင်းလဖက်ရည်ဆိုင် မီးလောင်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ ပေါက်ကျိုင်းလဖက်ရည်ဆိုင်တွင် ယနေ့ (ဒီဇင်ဘာ ၄ ရက်နေ့) နံနက် ၇ နာရီ ၄၁ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၅၈လမ်း၊ ၁၀၁ လမ်းနှင့် ၄၃ လမ်းကြားတွင်ဖွင့်လှစ်ထားသော ပေါက်ကျိုင်းလဖက်ရည်ဆိုင်မီးလောင်မှုကြောင့် Level 1 ယာဥ်အုပ်စုထွက်ခွာကာ မီးငြိမ်းသက်ခဲ့ရကြောင်း သိရသည်။
ထို့နောက် မီးငြိမ်းသတ်ရေးအဖွဲ့ က အချိန်မီဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၅၇ မိနစ်တွင် မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် လဖက်ရည်ဆိုင်တစ်ဆိုင်လုံး မီးလောင်ကျွမ်းခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို စိစစ်နေဆဲဖြစ်ကြောင်း သိရသည်။

image
28 ပတ် - ဘာသာပြန်ပါ။

ဝန်ကြီးဌာနနှင့် UNFPA တို့အကြား နှစ်ဖက်သဘောတူထားသည့် လုပ်ငန်းများအကောင်ထည်ဖော်ရန်အတွက် နားလည်မှုစာချွှန်လွှာ ရေးထိုးနိုင်ရေး ဆွေးနွေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယမန်နေ့က ကုလသမဂ္ဂလူဦးရေရံပုံငွေ အဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig နှင့် အဖွဲ့ကို နေပြည်တော် ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုများနှင့် အထွေထွေရွေးကောက်ပွဲ ကျင်းပဆောင်ရွက်မည့် အခြေအနေ ၊ UNFPA အနေဖြင့် ဝန်ကြီးဌာနနှင့် နီးကပ်စွာ လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေတို့ နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုပြင် ၂၀၂၄ လူဦးရေးနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူပြီးစီးမှုနှင့် ပြည်ထောင်စုအဆင့် အစီရင်ခံစာထုတ်ပြန်ပြီးစီးမှု၊ ဝန်ကြီးဌာနနှင့် UNFPA တို့အကြား နှစ်ဖက်သဘောတူထားသည့် လုပ်ငန်းစီမံကိန်းပါ လုပ်ငန်းများ အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွှန်လွှာ ရေးထိုးနိုင်ရေးအခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံမှု ၌ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊အမြဲတမ်းအတွင်းဝန် ဦးမင်းဟိန်း၊လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ယညွှန်ကြားရေးမှုးချုပ် ၊ပြည်သူအင်အား ဦးစီးဌာန ညွှန်ကြားရေးမှုး ချုပ်နှင့် တာဝန်ရှိသူ များတက်ရောက်ခဲ့ကြောင်း သိရသည်။

image

MH370 လေယာဉ်ကို ယခုလအတွင်း ရှာပုံတော် ပြန်ဖွင့်မည်

ပျောက်ဆုံးနေခဲ့သော မလေးရှားလေကြောင်းလိုင်း MH370 လေယာဉ်ရှာဖွေမှုကို ဒီဇင်ဘာလ ၃၀ ရက် နေ့တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း မလေးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ ကမ္ဘာ့ပဟေဠိအဆန်ဆုံး လေကြောင်းမတော်တဆမှုအဖြစ် ပေကျင်းသို့ ဦးတည်ပျံသန်းခဲ့သော လေယာဉ်သည်ပျောက်ဆုံးသွားခဲ့ပြီးနောက် ဆယ်စုနှစ်တစ်ခုကျော်အကြာတွင် ယင်းသို့ပြောကြားလာခြင်းဖြစ်သည်။
၂၀၁၄ ခုနှစ်က ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ်အမှုထမ်း ၁၂ ဦး လိုက်ပါခဲ့သော ဘိုးရင်း ၇၇၇ အမျိုးအစား ခရီးစဉ်အမှတ် MH370 သည် ကွာလာလမ်ပူရ်မှ ပေကျင်းသို့ ပျံသန်းလာစဉ်တွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
ခရီးသည်များ၏ သုံးပုံနှစ်ပုံသည် တရုတ်နိုင်ငံသားများဖြစ်ကာ အခြားခရီးသည်များတွင် မလေးရှား၊ အင်ဒိုနီးရှား၊ သြစတြေးလျ၊ အိန္ဒိယ၊ အမေရိကန်၊ ဒတ်ချ်နှင့် ပြင်သစ်နိုင်ငံသားများလည်း ပါဝင်ခဲ့သည်။
လေကြောင်းသမိုင်းတွင် အကြီးမားဆုံး ရှာဖွေမှုကို လုပ်ဆောင်ခဲ့သော်ငြားလည်း လေယာဉ်ကိုမူ တွေ့ရှိခဲ့ခြင်းမရှိပေ။
Ocean Infinity သည် ၅၅ ရက်ကြာ ပင်လယ်ကြမ်းပြင်၌ ရှာဖွေမှု လုပ်ငန်းများကို ပြန်လည်စတင်မည်ဟု အတည်ပြု ပြောကြားခဲ့ပြီး ရှာဖွေမှုကို ထုံ့ပိုင်းကြိုကြား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မလေးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့က သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
လေယာဉ်တည်ရှိနိုင်သည့် ဖြစ်နိုင်ခြေအများဆုံးဟု ယူဆသော နေရာများတွင် ပစ်မှတ်ထားကာ ရှာဖွေသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆက်လက်ပြောကြားထားသည်။
ရှာဖွေမှုလုပ်မည့် ဧရိယာ၏ နေရာအတိအကျကိုမူ ပြောဆိုထားခဲ့ခြင်း မရှိပေ။
လေယာဉ်ပျောက်ရှာဖွေမှုကို ပြန်လည်စတင်ရန်အတွက် အစိုးရနှင့် Ocean Infinity အကြား သဘောတူညီထားခဲ့ပြီးဖြစ်သော စည်းကမ်းသတ်မှတ်ချက်များအတိုင်း ပြန်လည်ရှာဖွေသွားမှာဖြစ်ကြောင်းလည်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

image
28 ပတ် - ဘာသာပြန်ပါ။

ကိုဗစ်ကာလ ရပ်နားထားရသည့် သိပ္ပံ ပွဲတော်ကို ၂၀၂၆ ဇန်နဝါရီတွင် ပြန်လည်ကျင်းပမည်

သိပ္ပံပွဲတော်ကို ရန်ကုန်တက္ကသိုလ်တွင် ကျင်းပလေ့ရှိခဲ့ရာ ကိုဗစ်ကာလ ၂၀၂၀ မှစတင်၍ ကျင်းပမှုရပ်ဆိုင်းထားရကြောင်း၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်ကပြောသည်။
သိပ္ပံပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။
အဆိုပါသိပ္ပံပွဲတော်ကို စိတ်ဝင်စားဖွယ်ကောင်းသည့် ဘာသာရပ်ဆိုင်ရာ ပြခန်းများ၊ ပြကွက်များ၊ ပြိုင်ပွဲများဖြင့် ခေတ်မီစွာ စနစ်တကျပြန်လည်ကျင်းပမည်ဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံ သုတေသန ညီလာခံ နှင့် သိပ္ပံပွဲတော်ကို ပူးတွဲ ပြီး စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန်လည်း အကြံပြုဆွေးနွေးထားကြောင်း သိရသည်။

image
28 ပတ် - ဘာသာပြန်ပါ။

နယူးကာဆယ်ကို ပယ်နယ်တီပေးခဲ့တာ လုံးဝမှားယွင်းတယ်လို့ သောမတ်စ်ဖရန့်ခ် ဝေဖန်ပြစ်တင်

စပါးအသင်းရဲ့နည်းပြ သောမတ်စ်ဖရန့်ခ်က မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ နယူးကာဆယ် ၂-၂ စပါးပွဲမှာ နယူးကာဆယ်အသင်းကို ပယ်နယ်တီပေးခဲ့တာ လုံးဝမှားယွင်းတယ်လို့ ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
အဲဒီပွဲမှာ နယူးကာဆယ်အသင်းက ဦးဆောင်ဂိုးနှစ်ကြိမ် သွင်းယူနိုင်ခဲ့ပြီး ဒုတိယဦးဆောင်ဂိုးကို ပယ်နယ်တီကနေ ဂေါ်ဒွန်က သွင်းယူခဲ့တာပါ။
ပယ်နယ်တီဖြစ်စဉ်ကတော့ နယူးကာဆယ်အသင်း ထောင့်ကန်ဘောကန်ခွင့်ရချိန် စပါးအသင်းရဲ့ ဂိုးဧရိယာအတွင်း စပါးကစားသမား ဘန်တန်ကာနဲ့ နယူးကာဆယ်နောက်ခံလူ ဒန်ဘန်းတို့ တွန်းထိုးလဲကျခဲ့တာကို VAR ဆုံးဖြတ်ချက်နဲ့ ပယ်နယ်တီအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
ရုပ်သံမြင်ကွင်းတွေအရ ဘန်တန်ကာရဲ့ခေါင်းက ဒန်ဘန်းရဲ့ချိုင်းကြားထဲ ရောက်နေခဲ့တာကြောင့် ဒီဖြစ်ရပ်ကို ပယ်နယ်တီလို့ သတ်မှတ်ခဲ့ခြင်းအတွက် ဝေဖန်ပြစ်တင်သူတွေလည်း အများကြီးရှိခဲ့ပါတယ်။
''ဒါဟာ VAR ရဲ့ အကြွင်းမဲ့မှားယွင်းမှုတစ်ခုပါပဲ။ ဒါဟာ ပယ်နယ်တီလုံးဝမဟုတ်ပါဘူး။ နယူးကာဆယ်အသင်းက လူတချို့တောင် ပယ်နယ်တီလို့ မထင်ကြောင်း ပြောခဲ့ပါတယ်။ ကျွန်တော်တို့ ဆုံးဖြတ်ချက်တွေ တစ်သမတ်တည်းဖြစ်ဖို့ လိုအပ်ပါတယ်'' လို့ သောမတ်စ်ဖရန့်ခ်က ပြောကြားခဲ့ပါတယ်။

image
28 ပတ် - ဘာသာပြန်ပါ။

ပေါ်တူဂီနဲ့ ယှဉ်ပြိုင်မယ့် ခြေစမ်းပွဲကို ကမ္ဘာ့ဖလားမှာ အသုံးပြုမယ့် Azteca ကွင်းမှာ ကစားမယ်လို့ မက္ကဆီကို အတည်ပြု

မက္ကဆီကိုအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် လာမယ့်မတ်လအတွင်းမှာ ပေါ်တူဂီ၊ ဘယ်လ်ဂျီယံတို့နဲ့ ခြေစမ်းကစားဖို့ စီစဉ်ထားပြီး ပေါ်တူဂီနဲ့ပွဲကို ကမ္ဘာ့ဖလားမှာ အသုံးပြုမယ့် Azteca ကွင်းမှာကစားမယ်လို့ အတည်ပြုကြေညာလိုက်ပါတယ်။
မက္ကဆီကိုဟာ အမေရိကန်၊ ကနေဒါတို့နဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့်နိုင်ငံဖြစ်ပြီး ပြိုင်ပွဲမှာ အသုံးပြုမယ့် ကွင်းပေါင်း(၁၆)ကွင်းထဲမှာ မက္ကဆီကိုက ကွင်း(၃)ကွင်း ပါဝင်မှာပါ။
အဲဒီထဲက Azteca ကွင်းဟာ ပရိသတ်(၉၀၀၀၀)နီးပါး ဝင်ဆံ့တဲ့ကွင်းဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မွမ်းမံပြင်ဆင်မှုတွေ ပြုလုပ်နေတာကြောင့် ပေါ်တူဂီနဲ့ ခြေစမ်းပွဲမှာမှ ပြန်လည်ဖွင့်လှစ်မှာဖြစ်ကြောင်းလည်း သိရပါတယ်။
ဒီကွင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက္ကဆီကိုအသင်းရဲ့ အုပ်စုပွဲစဉ်နှစ်ပွဲအပါအဝင် စုစုပေါင်း ပွဲစဉ်(၅)ပွဲ လက်ခံကျင်းပဖို့ ရွေးချယ်ခံထားရကြောင်း သိရပါတယ်။
ဒီကွင်းက ၁၉၇၀ ကမ္ဘာ့ဖလားနဲ့ ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲပါ လက်ခံကျင်းပခွင့်ရခဲ့တဲ့ မက္ကဆီကိုနိုင်ငံရဲ့ အထင်ကရ ကွင်းတစ်ကွင်းဖြစ်ကြောင်းလည်း သိရပါတယ်။

image
28 ပတ် - ဘာသာပြန်ပါ။

ပရိသတ်တွေပျော်ရွှင်အောင် အစွမ်းကုန်ကြိုးစားမယ်လို့ မြန်မာ ယူ- ၂၂ အသင်းနည်းပြချုပ် ဆို

မြန်မာ ယူ- ၂၂ အသင်းနည်းပြချုပ်ဖြစ်သူ ဂျပန်နိုင်ငံသား ကူမီယိုဆာကီက မြန်မာဘောလုံးပရိသတ်တွေ ပျော်ရွှင်အောင် အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ကြောင်း Eleven Sports နဲ့ သီးခြားတွေ့ဆုံစဥ် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ကူမီယိုဆာကီက"ကျွန်တော့်လက်ထက်မှာ နိုင်သင့်နိုင်ထိုက်တဲ့ပွဲတွေကို အနိုင်မရခဲ့တဲ့အတွက် မြန်မာဘောလုံးပရိသတ်တွေကို တောင်းပန်ချင်ပါတယ်။ အဲ့ဒီပွဲတွေကနေ သင်ခန်းစာတွေယူပြီး အကောင်းဆုံးဖြစ်အောင် ပြန်ပြင်ဆင်ထားပါတယ်။ ဆီးဂိမ်းစ်မတိုင်ခင် ဂျပန်နိုင်ငံကိုသွားပြီး လေ့ကျင့်ရေးခြေစမ်းပွဲတွေ ကစားခွင့်ရလိုက်တာက ကျွန်တော်တို့အတွက် အများကြီး အကျိုးရှိစေပါတယ်။ ဆီးဂိမ်းစ်ပြိုင်ပွဲက ကျွန်တော်တို့အသင်းရဲ့ အဓိကရည်းမှန်းချက်ပါပဲ။ ဒါကြောင့် မြန်မာဘောလုံးပရိသတ်တွေ ပျော်ရွှင်အောင် အစွမ်းကုန်ကြိုးစားသွားမှာပါ"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
မြန်မာ ယူ- ၂၂ အသင်းဟာ ၂၀၂၅ ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲမှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားအသင်းတွေနဲ့အတူ အုပ်စု (C) အတွင်း ကျရောက်နေပါတယ်။
မြန်မာ ယူ- ၂၂ အသင်းဟာ အုပ်စုအဖွင့်ပွဲအဖြစ် ဒီဇင်ဘာ (၅) ရက်၊ မြန်မာစံတော်ချိန် ညနေ (၆) နာရီမှာ ဖိလစ်ပိုင်အသင်းနဲ့ စတင်ယှဥ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

image