မကြာမီကျင်းပမည့် ရွေးကောက်ပွဲတွင် မသန်စွမ်းသူများ ဆန္ဒမဲပေးနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်း

မသန်စွမ်းသူများ ဆန္ဒမဲပေးနိုင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် အလေးနက်ထားတိုက်တွန်းလိုကြောင်း မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောသည်။
ယမန်နေ့ ကကျင်းပသည် မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မသန်စွမ်းသူများ ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်း နှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်းတို့ကိုလည်း နေပြည်တော်၊ရန်ကုန်၊မန္တလေး၊ပြင်ဦးလွင် နှင့် မိတ္ထီလာမြို့တို့တွင် အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မသန်စွမ်းသူများနှင့် ပတ်သက်သည့် အရေးကိစ္စသည် လူအသိုက်အဝန်းတစ်ခုလုံးနှင့် သက်ဆိုင်သည့် လူမှုဖွံ့ဖြိုးရေးကိစ္စဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေး ဂုဏ်သိက္ခာနှင့် စွမ်းဆောင်ရည်ကို အသိမှတ်ပြုပြီး နားလည်လက်ခံပေးရမည်ဖြစ်ကြောင်းလည်း ဦးထွန်းအုံက ပြောသည်။
၂၀၂၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် မသန်စွမ်းသူ (၂ ဒသမ ၂၉) သန်းရှိပြီး နိုင်ငံလူဦးရေး၏ ၇ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

image