ပရိသတ်တွေပျော်ရွှင်အောင် အစွမ်းကုန်ကြိုးစားမယ်လို့ မြန်မာ ယူ- ၂၂ အသင်းနည်းပြချုပ် ဆို

မြန်မာ ယူ- ၂၂ အသင်းနည်းပြချုပ်ဖြစ်သူ ဂျပန်နိုင်ငံသား ကူမီယိုဆာကီက မြန်မာဘောလုံးပရိသတ်တွေ ပျော်ရွှင်အောင် အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ကြောင်း Eleven Sports နဲ့ သီးခြားတွေ့ဆုံစဥ် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ကူမီယိုဆာကီက"ကျွန်တော့်လက်ထက်မှာ နိုင်သင့်နိုင်ထိုက်တဲ့ပွဲတွေကို အနိုင်မရခဲ့တဲ့အတွက် မြန်မာဘောလုံးပရိသတ်တွေကို တောင်းပန်ချင်ပါတယ်။ အဲ့ဒီပွဲတွေကနေ သင်ခန်းစာတွေယူပြီး အကောင်းဆုံးဖြစ်အောင် ပြန်ပြင်ဆင်ထားပါတယ်။ ဆီးဂိမ်းစ်မတိုင်ခင် ဂျပန်နိုင်ငံကိုသွားပြီး လေ့ကျင့်ရေးခြေစမ်းပွဲတွေ ကစားခွင့်ရလိုက်တာက ကျွန်တော်တို့အတွက် အများကြီး အကျိုးရှိစေပါတယ်။ ဆီးဂိမ်းစ်ပြိုင်ပွဲက ကျွန်တော်တို့အသင်းရဲ့ အဓိကရည်းမှန်းချက်ပါပဲ။ ဒါကြောင့် မြန်မာဘောလုံးပရိသတ်တွေ ပျော်ရွှင်အောင် အစွမ်းကုန်ကြိုးစားသွားမှာပါ"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
မြန်မာ ယူ- ၂၂ အသင်းဟာ ၂၀၂၅ ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲမှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားအသင်းတွေနဲ့အတူ အုပ်စု (C) အတွင်း ကျရောက်နေပါတယ်။
မြန်မာ ယူ- ၂၂ အသင်းဟာ အုပ်စုအဖွင့်ပွဲအဖြစ် ဒီဇင်ဘာ (၅) ရက်၊ မြန်မာစံတော်ချိန် ညနေ (၆) နာရီမှာ ဖိလစ်ပိုင်အသင်းနဲ့ စတင်ယှဥ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

image