သဗ္ဗညုဘုရားကြီးနံရံရှိ ထုံးသားလွှာများအောက်တွင် နံရံဆေးရေးပန်းချီများ ဖော်ထုတ်တွေ့ရှိ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သဗ္ဗညုဘုရားကြီးအား တရုတ်ပညာရှင်အဖွဲ့က ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်လျက်ရှိရာ သဗ္ဗညုဘုရားကြီး၏နံရံရှိ ထုံးသားလွှာများ သန့်စင်ရာမှ နံရံဆေးရေးပန်းချီများ ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း သိရသည်။
ယခင်က သဗ္ဗညုဘုရားကြီး၏ အနောက်ဘက် အဝင်မုခ်မျက်နှာကြက်တွင်သာ နံရံပန်းချီရှိကြောင်း သိရသည်။
ယခုအခါ တရုတ်ပညာရှင်အဖွဲ့က ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်ရာတွင် သဗ္ဗညုဘုရားကြီး၏နံရံရှိ ထုံးသားလွှာများအောက်တွင် နံရံဆေးရေးပန်းချီ ရှိ/မရှိကို စမ်းသပ်ရာအစိတ်အပိုင်းငယ်နေရာ (၄၀) အား သန့်စင်ရာမှ တတိယထပ် အာရုံခံတောင်ဘက်နံရံနှင့် တတိယထပ်တိုက်မအဝင် မုခ်ပေါက်ဘေးနံရံ (၂) နေရာ၌ နံရံဆေးရေးပန်းချီများရှိကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။
၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ဒ-ဏ်ကြောင့် ထိခိုက်ပျ-က်စီးခဲ့သည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ သဗ္ဗညုဘုရားကြီးအား တရုတ်ပညာရှင်အဖွဲ့နှင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ထိန်းသိမ်းရေးဌာနစု အင်ဂျင်နီယာများနှင့်ပူးပေါင်း၍ အဆောက်အအုံပိုင်း ပြုပြင်ထိန်းသိမ်းခြင်း (Structural Conservation)၊ နံရံပန်းချီထိန်းသိမ်းခြင်း (Mural Conservation) နှင့် တူးဖော်သုတေသနပြုခြင်း (Excavation) လုပ်ငန်းများကို အပိုင်းလိုက် ခွဲခြားဆောင်ရွက်နေခြင်းဖြစ်သည်။
ဆက်လက်၍ တရုတ်ပညာရှင်အဖွဲ့က တတိယထပ်အပြင်ပတ်လမ်း တိုက်မပစ္စယံခုံ တောင်ဘက်နံရံတွင် အပိုင်း (၂) ပိုင်းခွဲ၍ Dry Cleaning နှင့် Wet Cleaning နည်းလမ်း (၂) မျိုးဖြင့် ချေးချွတ်သန့်စင်ခဲ့ခြင်းကို နှိုင်းယှဉ်ပြသ ဆွေးနွေးပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image

မိုးကြက်သွန်နီအသစ်များ ဈေးကောင်းရနေ

မန္တလေးတိုင်းအတွင်းမြို့နယ်များရှိကြက်သွန်နီဈေးကွက်အခြေအနေမှာမိုးကြက်သွန်နီအသစ်များ စတင်ဝင်ရောက်နေခြင်းကြောင့် ဈေးကောင်းရနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
မန္တလေးကြက်သွန်နီဈေးကွက်တွင် လက်ကားဈေးနှုန်း ကျပ် ၂၈၀၀ မှ ၃၂၀၀၊ လက်လီဈေးနှုန်း ကျပ် ၂၅၀၀ မှ ၃၅၀၀ ခန့်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ကျောက်ဆည် ကြက်သွန်နီ ဈေးကွက်တွင် တောဝယ်ဈေးနှုန်း ကျပ် ၂၈၀၀ မှ ၄၀၀၀ ခန့်ရှိကြောင်းသိရသည်။
ထို့ပြင် မြင်းခြံကြက်သွန်နီဈေးကွက်တွင် တောဝယ်ဈေးနှုန်း ကျပ် ၂၀၀၀ မှ ၂၅၀၀ ခန့်ရှိပြီး၊ တစ်ပတ်အတွင်း ကြက်သွန်နီအဝင် ပိဿာ ၈၀,၀၀၀ နှင့် ၁၀၀,၀၀၀ ခန့်ဝင်ရောက် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကြက်သွန်နီကို မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းရှိ စိုက်ဧကတစ်သန်းကျော်တွင် စိုက်ပျိုးထုတ်လုပ်ပြီး ထွက်ရှိလာသည့်ကြက်သွန်နီကို ပြည်တွင်းစားသုံးမှုသာမက ပြည်ပနိုင်ငံအချို့ကိုလည်းတင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။

image

အင်ဂျင်နီယာအရည်အချင်းများ ပြည့်ဝစေအောင် စံနှုန်းများနှင့်အညီ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေး သင်ကြား လေ့ကျင့်ပေးရန် တိုက်တွန်း

Agro-based Industries နှင့် MSME များ၊ AI နှင့် EV ဆိုင်ရာ နည်းပညာများဖွံဖြိုးရေးအထောက်အကူပြု သုတေသနစီမံကိန်းများကို အလေးထားဆောင်ရွက်ရန်ပြော
နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံဖြိုးရေး အမှန်တကယ်အားထားရသည့် အင်ဂျင်နီယာ လူငယ်ကောင်းများ ပေါ်ထွန်းလာစေရေးအတွက် ကျောင်းသားများကို အင်ဂျင်နီယာပညာဒဿနအမြင်၊ အသိပညာဆန်းစစ်လေ့လာတွေးခေါ်မှု၊ စည်းကမ်းလိုက်နာမှုနှင့် အင်ဂျင်နီယာအရည်အချင်းများပြည့်ဝစေအောင် စံနှုန်းများနှင့်အညီ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေး သင်ကြားလေ့ကျင့်ပေးရန်လိုအပ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောသည်။
ယမန်နေ့က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ရန်ကုန်မြို့ လှိုင်သာယာမြိုနယ်ရှိ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်သို့ ရောက်ရှိချိန် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် Agro-based Industries နှင့် MSME များ၊ AI နှင့် EV ဆိုင်ရာ နည်းပညာများဖွံဖြိုးရေးအထောက်အကူပြု သုတေသနစီမံကိန်းများကို အလေးထားဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်ဖွံဖြိုးရေးအတွက် သုတေသနရလဒ်များကို အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ပြောင်းလဲတိုးတက်မှုနှုန်း မြန်ဆန်နေသော နည်းပညာအရွေ့တို့နှင့်အတူလိုက်ပါနိုင်ရေး သုတေသနကွန်ရက်များ ဖွဲ့စည်းပြီး နိုင်ငံတကာနည်းပညာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကာ နိုင်ငံ့ဂုဏ်ဆောင်ဆုများရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန်လည်း ပြောကြားခဲ့ကြောင်း သိရသည်။

image

ရွေဈေးမြင့်တက်လာခြင်းကြောင့် ရွှေဆိုင်အချို့ အရောင်းအဝယ်ရပ်နားထား

အခေါက်ရွှေတစ်ကျပ်သား သိန်း ၁၀၀ နီးပါးအထိ မြင့်တက်လာခြင်းကြောင့် ရွှေဆိုင်အချို့ အရောင်းအဝယ်ရပ်ထားကြောင်း ရွှေဆိုင်များမှ စုံစမ်းသိရှိရသည်။
ယနေ့ ဈေးကွက်ထဲတွင် နိုင်ငံခြားငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၄၀၇၀ ပေါက်ဈေးရှိနေသကဲ့သို့ ကမ္ဘာ့ရွှေဈေးသည်လည်း တစ်အောင်စလျှင် ၄၅၉၆ ဒေါ်လာဝန်းကျင် ရှိနေကာ ပြည်တွင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ငွေကျပ် (၉,၈၇၀,၀၀၀) သိန်းစျေးဝန်းကျင်အထိ ဖြစ်ပေါ်နေခြင်းဖြစ်သည်။
အဆိုပါ ရွှေဈေးနှုန်းသည် သမိုင်းတလျှောက်စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ဆိုင်အချို့ အရောင်းအဝယ်ရပ်နားထားရခြင်းဖြစ်သည်။
"ရွှေဈေးက‌ မတရားတတ်နေတော့ ပြန်ရောင်းတဲ့သူကများလာတယ်။ အဝယ်မရှိဘူးပေါ့။ အခုဆို ဆိုင်တောင်ပိတ်ထားရတယ်။ အရောင်းအဝယ်ခဏနားထားရတယ်။ ဆိုင်အတော်များများက ပိတ်ထားကြတယ်။ ဒီတစ်ခေါက်က စံချိန်အတင်ဆုံးပဲ ရွှေဈေးက" ဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချရန် ညွှန်ကြားထားကြောင်း၊ထို့ပြင် ရွှေတစ်ကျပ်သား သိန်း ၁၀၀ နားရောက်ချိန်ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီက သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာနှင့်အထက်ရှိ စံချိန်မီရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ ဂရမ်) ကို (၆,၀၀၀,၀၀၀) ကျပ် သတ်မှတ်ထားသည်။

image

တရုတ်နိုင်ငံသည် ကမ္ဘာ့အကျိုးစီးပွားကို မိမိ၏အကျိုးစီးပွားအဖြစ် နိုင်ငံများနှင့်အတူ အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေးကိုတွန်းအားပေးဆောင်ရွက်သွားမည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်ပြော

တရုတ်နိုင်ငံသည် ကမ္ဘာ့အကျိုးစီးပွားကို မိမိ၏အကျိုးစီးပွားအဖြစ် နိုင်ငံများနှင့်အတူ အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေးကိုတွန်းအားပေးဆောင်ရွက်သွားမည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးထံမှ သိရသည်။
တရုတ်သမ္မတမှ ဇန်နဝါရီ ၁၆ ရက်က ပေကျင်းမြို့ရှိ တရုတ်ပြည်သူ့ခန်းမဆောင်၌ တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများ၏ သံအမတ်ကြီး (၁၈) ဦးတို့မှပေးအပ်သော သံအမတ်ခန့်အပ်လွှာများကိုလက်ခံရယူစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။
သမ္မတရှီကျင့်ဖျင်မှ သံအမတ်များအနေဖြင့် သက်ဆိုင် ရာနိုင်ငံများ၏ ခေါင်းဆောင်များနှင့် ကောင်းမွန်ပြည်သူများထံသော ဆုမွန်ကောင်းတောင်းစကားများပို့သပေးရန်တို-က်တွန်းခဲ့ပြီး တရုတ်နိုင်ငံအတွင်း နေရာဒေသအသီးသီးသို့ သွားရောက်လည်ပတ်ကြည့်ရှုပြီး တရုတ်နိုင်ငံ၏ စစ်မှန်သောအခြေအနေကို နက်နက်ရှိုင်းရှိုင်းနားလည်သဘောပေါက်ကာ တရုတ်နိုင်ငံနှင့် နိုင်ငံအသီးသီးကြား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများပိုမိုနက်ရှိုင်းစေရေးအတွက် တက်ကြွစွာပံ့ပိုးကူညီရန်မျှော်လင့်သည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံ၏ တံခါးဖွင့်လှစ်မှုသည် ပိုမိုကျယ် ပြန့်လာမည်ဖြစ်ပြီး အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုဖြင့် ကမ္ဘာ့အတွက် ပိုမိုသေချာမှုနှင့် စွမ်းအင်သစ်များကိုထည့်သွင်းပေးမည်ဖြစ်ကာ အတူတကွဖွံ့ဖြိုးတိုးတက်မှုနှင့် လှပမှုများအတူယှဉ်တွဲရှိနေစေရန်ဆောင်ရွက်မည်ဟု ပြောသည်။
ထို့အတူ တရုတ်နိုင်ငံသည် သမိုင်း၏ အမှန်တရားဘက်နှင့် တရားမျှတသောဘက်တွင်ရပ်တည်မည်ဖြစ်ပြီး ပြည်သူ၏စိတ်နှလုံးကို မိမိ၏စိတ်နှလုံးအဖြစ်ခံယူကာ ကမ္ဘာ့အကျိုးစီးပွားကို မိမိ၏အကျိုးစီးပွားအဖြစ် နိုင်ငံများနှင့်အတူ အေးအတူပူအမျှအသိုက်အဝန်းတည် ဆောက်ရေးကို တွန်းအားပေးဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံခြားသံအမတ်များအဖြစ် တူရကီ၊ ဩစတြီးယား၊ ဗြိတိန်၊ အီရတ်သံ၊ ဆိုက်ပရပ်စ်၊ မောရီရှား၊ စလိုဗက်ကီးယား၊ ဂါနာ၊ နမ်မီးဘီးယား၊ ကိုရီးယား၊ ဥရုဂွေး၊ ဆွစ်ဇာလန်၊ ပါလက်စတိုင်း၊ ပီရူး၊ လက်ဘနွန်၊ ကွန်ဂို၊ လီဆိုသိုနှင့် မြန်မာနိုင်ငံတို့မှ သံအမတ်များအဖြစ်ခန့်အပ်ခံခဲ့ရသည်။

image

ထိုင်းနိုင်ငံတွင် ကျောက်ပြားပိ၍ ‌ေ-သဆုံးခဲ့သည့် မြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရန် အလုပ်သမားသံရုံး ညှိ နှိုင်းဆောင်ရွက်နေ

ထိုင်းနိုင်ငံ၊ လတ်ကရဘန်းမြို့နယ်ရှိ PREGGO STONE & DESIGN ကျောက်ပြားဆိုင်တွင် ကျောက်ပြားများပြိုကျကာ မြန်မာအလုပ်သမားတစ်ဦး ကျောက်ပြားပိကာ ‌ေ-သဆုံးခဲ့သည့်ဖြစ်စဉ်အတွက် အလုပ်သမားသံရုံးက ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်အတွက် ယမန်နေ့ ဇန်နဝါရီ (၁၇) ရက်က အလုပ်သမားသံမှူးနှင့် သံအရာရှိတို့က သွားရောက်၍ စက်ရုံမှ တာဝန်ရှိသူများနှင့် မြန်မာအလုပ်သမားများအားတွေ့ဆုံခဲ့ပြီး ရသင့်ရထိုက်သော နစ်နာကြေး၊ အကျိုးခံစားခွင့်များရရှိနိုင်ရေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြန်မာလုပ်သားများ နစ်နာကြေး၊ အကျိုးခံစားခွင့်များရရှိနိုင်ရေး ထိုင်းအလုပ်သမားဌာနများ၊ အလုပ်သမားအဖွဲ့အ စည်းများနှင့်ချိတ်ဆက်၍ ဆောင်ရွက်လျက်ရှိသည်ဟု ထိုင်းနိုင်ငံ အလုပ်သမားသံအရာရှိရုံးက အသိပေးထားသည်။
၂၀၂၆ ခုနှစ် ပထမလအတွင်း ထိုင်းနိုင်ငံ အလုပ်သမားသံအရာရှိရုံးက လုပ်ငန်းခွင်အတွင်း အသက်ဆုံးရှုံးခဲ့သဖြင့် နစ်နာကြေးပေးအပ်နိုင်ရန် ဆောင်ရွက်ခဲ့ရာ (၅) ဦးခန့်အထိ ပေးအပ်ပြီးကြောင်း သိရသည်။

image

ကရင်ပြည်နယ်လွှတ်တော်အား ပြည်နယ်ဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်လွှတ်တော်၌ ရွေးကောက်ပွဲပြီးချိန်တွင် တတိယအကြိမ် ပြည်နယ်လွှတ်တော်အစည်းအဝေးများကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်ထားမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးမှ ယနေ့ ဇန်နဝါရီ ၁၈ ရက်နံနက်ပိုင်းကကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမအား ကြိုတင်ပြင်ဆင်ထားမှု၊ လွှတ်တော်ကိုယ်စားလှယ်များထံဖြန့်ဝေမည့် ဥပဒေ၊ နည်းဥပဒေများ၊ သတင်းမီဒီယာခန်းမ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ နားနေခန်း၊ စားသောက်ခန်း၊ အစည်းအဝေးခန်း၊ ဧည့်ခန်း၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌရုံးခန်း၊ ရေးရာကော်မတီရုံးခန်းများ၊ လွှတ်တော်စာကြည့်တိုက်၊ သင်တန်းခန်းမနှင့် ပြည်နယ်လွှတ်တော်ရုံးရှိ ဌာနခွဲ (၂) ခု၊ ဌာနစု (၁၀) စု၏ ရုံးခန်းများနှင့် လုပ်ငန်းဆောင်ရွက်ပုံများကိုကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့ပြင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များတည်းခိုနိုင်ရေးအတွက် ကရင်ပြည်နယ်လွှတ်တော်ရိပ်သာ၏ master bedroom ၁၀ ခန်း၊ စားသောက်ခန်း၊ ဧည့်ခန်းများ ပြင်ဆင်ထားမှုတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ဥပဒေပြုရေးနှင့်လွှတ်တော်အစည်းအဝေးများ စနစ်တကျကျင်းပနိုင်ရေး၊ ဝန်ထမ်းများလုပ်ငန်းကျွမ်းကျင်မှုနှင့် အရည်အသွေးမြင့်မားရေးအတွက် စီမံဆောင်ရွက်ထားရှိမှုတို့ကို ပြည်နယ်လွှတ်တော်ရုံး ညွှန်ကြားရေးမှူးကရှင်းလင်းတင်ပြခဲ့သည်။

image

ဖဒိုမြို့တွင် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ကျောက်တံခါးမြို့နယ် ဖဒိုမြို့၏ (၆၂) ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အား ဇန်နဝါရီလ ၁၈ရက်နေ့နံနက်ပိုင်းက နှစ်စဥ်ကျင်းပသော ဖဒိုမြို့ ဘိုးပိုက်ဆံ ၃ ရပ်ကွက်ရှိ အားကစားကွင်း၌ ယဥ်ကျေးမှု ဓလေ့ထုံးတမ်း အစဥ်အလာများနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည် ။
အစီစဥ်များအရ ရှေးဦးစွာ ဘာသာရေးခေါင်းဆောင်များနှင့် နာယကကြီးများမှနေရာယူခဲ့ကြပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလင်းအောင်မှ ကရင်သက္ကရာဇ် ၂၇၆၅ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အား မင်္ဂလာဖားစည်အား ၉ ချက် တီးခတ်၍ အခမ်းအနားအားဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာကြသူများမှ မြန်မာနိုင်ငံတော်အလံနှင့် ကရင်အမျိုးသားအလံ၊ ကရင်ရိုးရာသင်တိုင်းအကျီတို့အားရိုးရာသီချင်းများဖြင့်သီဆိုလွှင့်တင်ခဲ့ကြပြီး ဦးညွတ်အလေးပြုခဲ့ကြသည်။ အစီစဥ်များအရ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်မှ ကရင်အမျိုးသားနေ့နှစ်သစ်ကူးအထိမ်းအမှတ်သဝဏ်လွှာအားဖတ်ကြားခဲ့ပြီး ညောင်လေးပင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးမှ ပွဲတော်ကျင်းပရေးကော်မတီ၏ကိုယ်စား ဂုဏ်ပြုမှတ်တမ်းလွှာများအား ပေးအပ်ချီးမြှင့်ခြင်း ၊ ဖဒိုမြို့ရှိ ၇၅နှစ်အထက် အဖိုး/အဖွားများအား သက်ကြီးပူဇော်လှူဖွယ်ပစ္စည်းများအားလှူဒါန်းခြင်း ၊ ပွဲတော်ကျင်းပရေးကော်မတီမှ ဆုတောင်းခြင်း ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားခြင်း သက်ဆိုင်ရာကဏ္ဍများအား ရှင်းလင်းခြင်း ၊ ပဲခူးမြို့နယ် သရက်ကုန်းကျေးရွာ၊ ဖဒိုမြို့ရှိ အယဥ်စုကျေးရွာ၊ အရိုင်းစုကျေးရွာများရှိ ကရင်ရိုးရာဒုံးယိမ်းအဖွဲ့များမှ ရိုးရာသီချင်းများ အကများဖြင့်သီဆိုခြင်းတို့အား ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အဆင့်တာဝန်ရှိသူများ၊ ကျောက်တံခါးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ လူမျိုးစုခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ ဘာသာရေး လူမူရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများမှ တစ်ခဲနက်တက်ရောက်အားပေးခဲ့ကြပြီး ယခုပွဲတော်အား နှစ်စဥ်မပြတ်ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှစ၍ ကိုဗစ်ရောဂါအခြေအနေများကြောင့်ဓလေ့ထုံးစံများအတိုင်း ရိုးရာမပြတ် အကျဥ်းရုံးကျင်းပပြုလုပ်ခဲ့ရပြီး ယခုနှစ်မှပွဲတော်ပြုလုပ်၍ စည်ကားသိုက်မြိုက်စွာပြန်လည် ကျင်းပနိုင်ခြင်းဖြစ်သည် ။

image

ဒဂုံအရှေ့ပိုင်းမြို့နယ်တွင် အပိုင်း (၃) ရွေးကောက်ပွဲ၌ မဲဆန္ဒရှင် (၁) သိန်းကျော်ရှိ

သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအား အိမ်တိုင်ရာရောက် ကြိုတင်မဲပေးနိုင်ရေးဆောင်ရွက်ရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်မှာကြား
ရွေးကောက်ပွဲအပိုင်း (၃) တွင်ပါဝင်သော ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ မဲရုံ (၉၆) ရုံ ဖွင့်လှစ်သွားမည်ဖြစ်ကာ တိုင်းရင်းသားများအပါအဝင် မဲဆန္ဒရှင် (၁၁၆,၃၀၄) ဦး ရှိကြောင်း သိရသည်။
အဆိုပါ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ ရွေးကောက်ပွဲအပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းမှ ဇန်နဝါရီ ၁၇ ရက်မွန်းလွဲပိုင်းက မြို့နယ်ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံပြီးနောက် မဲရုံတည်နေရာများအားပြန်လည်စိစစ်၍ ပြည်သူလူထုနှင့်အနီးစပ်ဆုံး၊ သွားလာရလွယ်ကူလျင်မြန်သောနေရာများတွင်ဖွင့်လှစ်ရန်၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအား အိမ်တိုင်ရာရောက်ကြိုတင်မဲပေးနိုင်ရေးဆောင်ရွက်ရန်မှာကြားသည်။
ထို့ပြင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အတွင်း ရွေးကောက်ပွဲအပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက်တာဝန်ရှိသူများအားလုံး အစွမ်းကုန်ရှိသမျှအားထည့်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်လည်းမှာကြားခဲ့သည်။
ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့မှ မဲဆန္ဒရှင်အင်အားအလိုက်မဲရုံစာရင်း၊ မြို့နယ်အတွင်း မဲရုံများ၌ မဲရုံမှူး၊ ဒု-မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များဖွဲ့စည်းထားမှု၊ မြို့နယ်အတွင်း မြေပြင်ကွင်းဆင်းစစ်ဆေးမှု အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်မှု၊ လက်ကမ်းစာစောင်ဖြန့်ဝေမှု၊၊ မဲရုံအမျိုးအစားများ၊ အခြေခံပညာကျောင်း (၁) ကျောင်းချင်းစီအလိုက် မဲရုံဖွင့်လှစ်မှု၊ မဲရုံအရေအတွက်၊ မဲရုံတည်နေရာနှင့် Hand Speaker လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။

image

ကမ္ဘောဇစင်တာ (မန္တလေး) မှ ငလျင်ဒ-ဏ်သင့် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများအတွက် ဘိလပ်မြေအိတ်များလှူဒါန်း

မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများပြန်လည်ပြုပြင်ရာ၌အသုံးပြုရန် ကမ္ဘောဇစင်တာည(မန္တလေး) မှ ဇန်နဝါရီ ၁၆ ရက်က ဘိလပ်မြေအိတ်များကိုလှူဒါန်းခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ဘုရားကြီးတို-က် သူဌေးကျောင်းသို့ ဘိလပ်မြေအိတ် (၇၅) အိတ်၊ ရွှေရေးဆောင်ကျောင်းတိုက် အလယ်တိုက်ကြီး၊ သာသနာ့ဗိမာန်တော်ကြီးသို့ ဘိလပ်မြေအိတ် (၇၅) အိတ်၊ မြစ်သားမြို့၊ ဖောင်တော်ဦးဘုရားသို့ ဘိလပ်မြေအိတ် (၁၀၀) ၊ ရွှေမြင်းမျှော်စေတီသို့ ဘိလပ်မြေအိတ် (၁၀၀) ၊ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပီတိသုခချောင် သီလရှင်ကျောင်းတိုက်သို့ ဘိလပ်မြေအိတ် (၂၀၀) တို့ကိုလှူဒါန်းခဲ့ကြောင်း သိရသည်။
ဘိလပ်မြေအိတ်များနှင့်အတူ ဆန်အိတ်များ၊ မုန့်များနှင့် ဓာတ်ဆားထုတ်များကိုလည်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။
ကမ္ဘောဇစင်တာ (မန္တလေး) သည် ဇွန် ၁၀ ရက်မှစ၍ မန္တ လေးငလျင်ကြီးဒ-ဏ်ကြောင့် မန္တလေးမြို့ရှိ ပြိုကျပျ-က်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအပါအဝင် ဘာသာရေးအဆောက်အဦးများ နေရာပေါင်း (၃၀) ကျော်သို့ ဘိလပ်မြေအိတ် (၁၁,၅၅၀) ကျော်နှင့် ဆန်အိတ် (၃,၈၅၉) အိတ်ကျော်တို့ကိုလှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

image