Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အင်တာနက်ကြိုးကို ငါးမန်းကိုက်လို့ အင်တာနက် ပျက်သွားတယ် ကြားဖူးကြမှာပါ
ဒါဆို ဘာလို့ ရေအောက်မှာ ထားလဲ ဆိုတာလေးရှာမိတယ် ကုန်းပေါ်မှာထားမရဘူးလားပေါ့
အရှင်းဆုံး စပြောရရင် အင်တာနက် တစ်နေရာကနေ တစ်နေရာ ကိုသွားဖို့က Fiber Optic Cable ကိုသုံးတာပါ
Fiber Optic Cable တွေက သွားတဲ့နှုန်းက အရမ်းမြန်တယ်ဗျာ Latency ကလည်းနည်းတယ် (Latency ဆိုတာ PUBG ဆော့လို့ Bluetooth နားကြပ်တပ်ထားရင် ခြေသံ ကြားရတာ နောက်ကျတာမျိုးကြုံဖူးကြမှာ ဒါကို ပြောတာပါ)
နောက်ပြီး ကုန်ကျစရိတ် ကလည်း တခြား နည်းတွေဖြစ်တဲ့ Satellite တွေနဲ့ ယှဉ်ရင် တော်တော်ကိုသက်သာတယ်
ဒီတော့ အားသာချက်လည်းပိုရှိမယ် ကုန်ကျစရိတ်လည်း သက်သာတဲ့ Fiber Optic Cable တွေပဲသုံးတာပေါ့
ဒါဆို Fiber Optic Cable ခေါ်တဲ့ ကြိုးတွေကို သုံးလဲဆိုတာ သိသွားပြီးတဲ့အချိန်မှာ တော့
ဒီကြိုးတွေကို ဘာလို့ ရေထဲမှာထားလဲ ၊ မြေပေါ်ထားမရဘူး ဆိုတာ အမေးထွက်လာပြန်တယ်
အရှင်းဆုံးထပ်ပြောရရင် မြေပေါ်ကနေသာ ကြိုးတွေသွယ်တန်းမယ်ဆိုရင် တစ်နေရာကနေ တစ်နေရာကိုသွားဖို့ မြေပေါ်က နေရာ အများကြီးကို ဖြတ်ရမယ် ၊
နိုင်ငံမတူရင် ကန့်သတ်ချက်တွေ မတူဘူး လိုက်နာရမှာတွေများတယ် ၊
မြေငလျင်တွေ ၊
လူတွေနဲ့ ထိတွေမိဖို့ ဖြစ်နိုင်ခြေ အရမ်းများတယ်
ဒါမျိုးတွေရှိတယ် ဆိုတော့ ရေအောက်ထဲမှာ ထားလိုက်တာက မြေပြင်ပေါ်မှာ ထားတာထက်ကို ကိစ္စရှင်းတယ်ပြောရမှာပေါ့
အဓိက အချက်ကတော့ ရေအောက်ကတော့ နိုင်ငံနယ်နမိတ်နည်းတဲ့အတွက် ချိတ်ဆက်ဖို့ ပိုမိုလွယ်တယ် ညှိုနှိုင်းရမှုတွေ ပိုနည်းမယ်ပေါ့
ဒါ့အပြင်ကိုမှ ကမ္ဘာပေါ်မှာရှိတဲ့ continents တစ်ခုနဲ့တစ်ခု ဆက်ပေးဖို့ဆိုရင် မြေပြင်ထက် ရေထဲက ပိုပြီး အဆင်ပြေတယ်ပြောတယ် continents တွေက မြေပြင်က ထိစပ်တာက နေရာတိုင်းမဟုတ်ဘူးကိုး
ဒါဆိုရင် မြေပြင်ပေါ်မှာရော အင်တာနက်ကြိုးတွေမရှိဘူးလားမေးစရာရှိလာပြန်တယ်
ဟုတ်ပါတယ် ရှိပါတယ်လို့ဖြေရမှာပါ ဒါပေမယ့် continents ဖြစ်တဲ့ တိုက်ကြီးတစ်ခုနဲ့တစ်ခု ဆက်သွယ်တာမျိုးတွေတော့ ရှားတယ် မြို့တစ်ခုနဲ့တစ်ခု ချိတ်ဆက်တာ Data Centre တစ်ခုနဲ့တစ်ခု ချိတ်ဆက်တာတွေမှာ မြေပြင်ပေါ်ကနေ ဆက်သွယ်တယ်လို့ ဆိုပါတယ်
လက်ရှိမှာ ကမ္ဘာ့ တိုက်ကြီး တစ်ခုနဲ့တစ်ခု ဆက်သွယ်ပေးထားတဲ့ အင်တာနက် Cable ပေါင်း ၅၀၀ ကျော်ရှိတယ်လို့တော့ စစ်တမ်းတွေအရတွေ့ရပါတယ်
ဂိမ်းပေါင်း ၅၀၀ မဟုတ်တဲ့ ဒီကြိုးပေါင်း ၅၀၀ ကျော်က Internet Traffic တွေရဲ့ 99% လောက်ကို ကြားခံ အလုပ်လုပ်ပေးနေတာပါ
ရေအောက်ထဲမှာ ရှိတဲ့ အင်တာတက် ကေဘယ်တွေရဲ့ အရှည်က 1.5 Million Kilometers တောင်ရှိတယ်ဆိုပါတယ် ဒါက တကယ်ဆိုရင် ကမ္ဘာလှည့်ပြီးနီးပါးတဲ့အထိဖြစ်နေပါပြီ
သူတို့က ရေအောက်တော်တော် နက်နက်ထဲမှာကို ရှိတာပါ ပေ သုံးသောင်း လောက် အနက်ပေါ့
ဒါပေမယ့် ကမ်းခြေကို ကပ်လာလေလေ ကြိုးထားတဲ့ အနက်က နည်းလာလေဆိုတော့
တခါတလေကျရင် ငါးဖမ်းတာတွေ ၊ သင်္ဘောတွေက ကျောက်ချတာတွေ ထိတွေ့မိပြီး ပျက်တောက်မှုတွေ ဖြစ်ပေါ် တတ်တယ်လို့လည်းသိရပါတယ်
🏨🌙 Hotel Del Luna Season 2 - Official Trailer (2024) | IU, Kim Soo-hyun | Netflix KDrama
After years of silence, the moonlit doors of Hotel Del Luna reopen once again… but this time, under a different guardian. 🌕✨ Jang Man-wol (IU) may have moved on, but her legacy lingers like a ghost in every corner. Enter Kim Soo-hyun’s mysterious new manager, whose cold charisma hides a secret past, deeply tied to the afterlife. 🕯️🖤
In this haunting new chapter, souls trapped in limbo are darker, hungrier, and harder to forgive. As new guests arrive—some seeking peace, others vengeance—the hotel becomes a battleground between redemption and ruin. 👻🔥
With dazzling visuals, gripping supernatural twists, and a simmering romance between two timeless souls, Hotel Del Luna Season 2 promises to be more thrilling and emotional than ever. Will love bloom in a place where time stands still? Or will old sins drag them both into eternal night? 💔🌌
Streaming exclusively on Netflix this Fall. Don’t miss the most anticipated fantasy K-Drama comeback of the year! 🎬📺
ဘရာဇီးနိုင်ငံက ဆရာဝန်တွေဟာ လွန်ခဲ့တဲ့ရက်တွေက ဇီဝဗေဒဆိုင်ရာ အလွန်ရှားပါးတဲ့ ဖြစ်ရပ်တစ်ခုကို အတည်ပြုခဲ့ပါတယ် အဲ့တာကတော့ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ဖခင်နှစ်ဦးနဲ့ ရတဲ့ အမွှာကလေးငယ်တွေကို မွေးဖွားခဲ့ခြင်း ဖြစ်ပါတယ် ဒီဖြစ်စဉ်ဟာ မွေးဖွားမှု အကြိန်ရေတစ်သန်းမှာ တစ်ကြိမ်အောက်သာ ဖြစ်ပွါးနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားကြပါတယ်
ဒီဖြစ်စဉ်ကို Heteropaternal SuperFecundation လို့ခေါ်ပြီး မိခင်ရဲ့ မတူညီတဲ့ မျိုးဥနှစ်လုံးဟာ တစ်ပြိုင်နက်တည်း ဒါမှမဟုတ် မျိုးဥထွက်ချိန် တူညီသောကာလအတွင်းမတူညီတဲ့ ဖခင်နှစ်ဦးထံမှ သုက်ပိုးတွေနဲ့ သန္ဓေတည်ခြင်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါတယ်
ဒါဟာ အလွန်ရှားပါးတဲ့ သန္ဓေတည်ခြင်း ဖြစ်စဉ်တစ်ခုဖြစ်ပြီး ၎င်းဖြစ်စဉ်ဖြစ်ပွားရန်အတွက် အဆင့်သုံးဆင့် ပြည့်စုံရန် လိုအပ်ပါတယ် ပုံမှန်အားဖြင့် အမျိုးသမီးတစ်ဦးဟာ တစ်လလျှင် မျိုးဥ တစ်လုံး သာ ထွက်လေ့ရှိပါတယ် SuperFecundation ဖြစ်စေရန်အတွက်မူ ခန္ဓာကိုယ်ဟာ ပုံမှန်မဟုတ်ဘဲ မျိုးဥနှစ်လုံး ဒါမှမဟုတ် အဲ့ဒီထက်ပိုတဲ့ မျိုးဥတွေကို တစ်လတာအတွင်း အချိန်တိုအတွင်း ထုတ်လွှတ်ရမှာဖြစ်ပါတယ်
လူ့ရဲ့သုက်ပိုးတွေဟာ အမျိုးသမီးရဲ့မျိုးပွါးလမ်းကြောင်းအတွင်းမှာ ပုံမှန်အားဖြင့် ရက်အနည်းငယ် (အများအားဖြင့် ၃ ရက်မှ ၅ ရက်အထိ) ရှင်သန်နိုင်စွမ်းရှိပါတယ် မိခင်ဟာ မျိုးဥနှစ်လုံးထွက်ချိန် (Ovulation Period) ဝန်းကျင်အတွင်း မတူညီတဲ့ အမျိုးသားနှစ်ဦးနဲ့ လိင်ဆက်ဆံခဲ့လို့ဖြစ်ရတာပါ ပထမမျိုးဥကို ပထမဖခင်ရဲ့ သုက်ပိုးက မျိုးအောင်ပြီး ဒုတိယဖခင်ရဲ့ သုက်ပိုးတွေက ဒုတိယမျိုးဥကို မျိုးအောင်သွားခြင်းဖြစ်ပါတယ် ဒီမျိုးအောင်ခြင်းဖြစ်စဉ်နှစ်ခုဟာ နာရီပိုင်းမှ ရက်ပိုင်းအတွင်း ဖြစ်ပွါးရပါတယ်
အမွှာကလေးငယ်တွေဟာ မိခင်တစ်ဦးတည်းမှ မွေးဖွားလာပေမဲ့လည်း ၎င်းတို့ဟာ မတူညီတဲ့ မျိုးရိုးဗီဇ (DNA) ကို ဖခင်တွေထံမှ ရရှိထားခြင်းဖြစ်ပါတယ် ဒီအမွှာတွေဟာ မတူညီတဲ့ အမွှာ (Fraternal Twins) တွေဖြစ်တဲ့အတွက် ၎င်းတို့မှာ မတူညီတဲ့လိင် (ဥပမာ- ယောက်ျားလေး နဲ့ မိန်းကလေး) ရှိနိုင်သလို ရုပ်သွင်အသွင်အပြင်တွေ (ဥပမာ- အသားအရောင် ဒါမှမဟုတ် မျက်နှာသွင်ပြင်) တို့ဟာလည်း မတူညီဘဲ အစ်ကို/မောင်နှမ အဆင့်သာ မျိုးဗီဇချင်း ဆက်နွှယ်မှုရှိပါတယ်
၎င်းတို့ဟာ မအေတူ ဖအေကွဲ တွေလို မျိုးဗီဇ ၅၀% သာ တူညီကြပါတယ် ဘရာဇီးနိုင်ငံကဖြစ်ရပ်မှာ DNA စစ်ဆေးမှုက ဒီအလွန်ရှားပါးတဲ့ ဖြစ်ရပ်ကို တရားဝင် အတည်ပြုခဲ့ခြင်းဖြစ်ပါတယ် ဒီဖြစ်စဉ်ဟာ ခွေး၊ ကြောင်၊ နွား စတဲ့ သားပေါက်များတဲ့ တိရစ္ဆာန်တွေမှာ ပိုမိုအဖြစ်များကြောင်း သိရပါတယ်
ဗိုက်အဆီကျဖို့အတွက် 1.5:1 စည်းမျဉ်း
လူတော်တော်များများကြားမှာ ဗိုက်အဆီများတာက အဖြစ်များဆုံးပြဿနာပါ။ ဗိုက်အဆီများတာက ဝတဲ့သူတွေမှာတင်တွေ့ရတာမဟုတ်ဘဲ ပိန်တဲ့သူတွေမှာရော ဗိုက်မှာ အဆီစုနေတတ်ပါတယ်။ ပိန်နေလို့ ဗိုက်အဆီမရှိဘူးလို့မထင်ပါနဲ့။ တချို့ပိန်တဲ့သူတွေလည်း ဗိုက်မှာ အဆီရှိတဲ့ပြဿနာကို ကြုံတွေ့ရပါတယ်။ ဗိုက်အဆီများလို့ စိတ်ညစ်နေလား။ ဗိုက်အဆီကျဖို့ လုပ်နေတယ်ဆိုရင် 1.5:1 ဆိုတဲ့ စည်းမျဉ်းတစ်ခုရှိပါတယ်။
ဗိုက်အဆီကျဖို့အတွက် 1.5:1 စည်းမျဉ်းက ကျွန်တော်တို့ရဲ့တစ်နေ့တာစားသောက်မှုမှာ ပရိုတင်းဓာတ်နဲ့ ကာဗွန်ဟိုက်ဒရိုတ်ကို အချိုးချထားတာကို ရည်ညွှန်းတာပါ။ ကာဗွန်ဟိုက်ဒရိုတ် ၁ ဂရမ်အတွက် ပရိုတင်း ၁.၅ ဂရမ်စားပေးဖို့လိုတယ်လို့ ဆိုလိုပါတယ်။ ဥပမာအနေနဲ့ ကျွန်တော်တို့ဟာ ကာဗွန်ဟိုက်ဒရိုတ် ၁၀၀ ဂရမ်စားမယ်ဆိုရင် အဲ့ဒီနေ့မှာပဲ ပရိုတင်း ၁၅၀ ဂရမ်စားပေးရမှာပါ။
ဒီစည်းမျဉ်းက အဆီကျဖို့အတွက် ကူညီပေးပြီး ဗိုက်ပြည့်တဲ့ခံစားချက်ကို အကြာကြီးခံစားရစေမှာဖြစ်ပါတယ်။ ဒါ့အပြင် ဗိုက်အဆီချနေရင်းနဲ့ ကြွက်သားတွေမဆုံးရှုံးသွားအာင် ထိန်းထားတဲ့နေရာမှာလည်း အထောက်အပံ့ဖြစ်စေပါတယ်။ သွေးအတွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့နဲ့ အဆီတွေလျော့ကျဖို့လည်း အကူအညီပေးပါတယ်။
ကြက်သား၊ ကြက်ဥ၊ ငါး၊ တို့ဖူး၊ ပဲနီလေးတွေလို အစားအစာတွေကနေ ပရိုတင်းဓာတ်ရပါတယ်။ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အုတ်ဂျုံတွေလို အစားအစာတွေကနေ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ကာဗွန်ဟိုက်ဒရိုက်ကို ရွေးချယ်စားသုံးဖို့လိုပါတယ်။
အစားအသောက်အပြင် လေ့ကျင့်ခန်းပုံမှန်လုပ်ပေးဖို့ လိုပါတယ်။ အထူးသဖြင့် ဝိတ်မတာလို့ ကြွက်သားတွေသန်မာစေတဲ့လေ့ကျင့်ခန်းမျိုးတွေလုပ်ပေးသင့်ပါတယ်။ Diet လုပ်ရင်လည်း အလွန်အမင်းလုပ်တာမျိုးမဟုတ်ဘဲ အာဟာရဓာတ်ညီမျှအောင်စားသုံးပေးတာပိုကောင်းပါတယ်။ ကြီးကြီးမားမားအစားအသောက်ပုံစံပြောင်းလဲတာတွေလုပ်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့တော့လိုမှာဖြစ်ပါတယ်။