ပ်မတော်(လေ)မှ လေယာဉ်/ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနား ကျင်းပ

လေယာဉ်/ ရဟတ်ယာဉ်များ အသစ်ထပ်မံဖြည့်တင်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ပေး နိုင်ခဲ့သည့်အတွက် မြန်မာ့ဝေဟင်ပိုင်နက် စိုးမိုးလုံခြုံရေးကို ပိုမိုခိုင်မာကောင်းမွန်စေခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
တပ်မတော်(လေ)မှ လေယာဉ်/ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားကို ယနေ့(နိုဝင်ဘာ ၇ ရက်)နံနက်ပိုင်းတွင် နေပြည်တော်လေတပ်စခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ လေတပ်စခန်းဌာနချုပ်မှူးများ၊ တပ်မတော်(လေ)မှ အရာရှိ၊ စစ်သည်များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြကြောင်း သိရသည်။

ယခုကဲ့သို့ လေယာဉ်/ ရဟတ်ယာဉ်များ အသစ်ထပ်မံဖြည့်တင်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက် ပေးနိုင်ခဲ့သည့်အတွက် တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နိုင်မှုကို အထောက်အကူများစွာ ဖြစ်စေခဲ့သည့်အပြင် မြန်မာ့ဝေဟင်ပိုင်နက် စိုးမိုးလုံခြုံရေးကိုလည်း ပိုမိုခိုင်မာ ကောင်းမွန်စေခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အခမ်းအနား၌ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

image

PDF အဖွဲ့များ ခေတ္တစိုးမိုးထားသည့် မတ္တရာမြို့နယ် ဆည်တော်ကြီး ရေလှောင်တမံနှင့် ပတ်ဝန်းကျင်ဒေသတစ်ဝိုက်အား တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့

PDF အဖွဲ့များ ခေတ္တစိုးမိုးထားသည့် မတ္တရာမြို့နယ် ဆည်တော်ကြီး ရေလှောင်တမံနှင့် ပတ်ဝန်းကျင်ဒေသတစ်ဝိုက်အား တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် PDF များ ခေတ္တထိန်းချုပ်ထားသော ဆည်တော်ကြီးကျေးရွာ အပါအဝင် ဆည်တော်ကြီးရေလှောင်တမံနှင့် နိုင်ငံ့အကျိုးပြု စက်ရုံ၊ အလုပ်ရုံတို့အား ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြင့် ပြန်လည်ရရှိရေးအတွက် စီမံချက်များ အဆင့်ဆင့်ရေးဆွဲပြီး စစ်ကြောင်းများခွဲ၍ ချေမှုန်းခဲ့ရာ ၂၀၂၅ ခုနှစ် ဩဂုတ် ၂၄ ရက်တွင် ဖယောင်းတောင်သတ္တုတွင်း ဒေသတစ်ဝိုက်အားလည်းကောင်း၊ ဩဂုတ် ၂၈ ရက်တွင် အယ်လ်ဖာဘိလပ်မြေစက်ရုံအားလည်းကောင်း ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက်သမားများအနေဖြင့် ထိခိုက်ကျဆုံးမှုများစွာဖြင့် မတ္တရာဒေသ မြောက်ဘက်ခြမ်းသို့ ဆုတ်ခွာသွားကြောင်း သိရသည်။

ထို့ပြင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၀ ရက်မှစတင်၍ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးအား ဆက်လက်ဆောင်ရွက်ခဲ့ရာ တပ်မတော်အနေဖြင့် ဆည်တော်ကြီး ရေလှောင်တမံ၏ အရှေ့ဘက် သပြေဒိုးဘက်မှ စစ်ကြောင်း တစ်ကြောင်း၊ သံဘိုဘက်မှ စစ်ကြောင်း တစ်ကြောင်း၊ ဆည်တော်ကြီးရေလှောင်တမံ၏ တောင်ဘက် အယ်လ်ဖာဘိလပ်မြေစက်ရုံအနီးရှိ စခန်းသာ-ကြာပင်- သန်းကုန်းဘက်မှ စစ်ကြောင်း တစ်ကြောင်း၊ စခန်းသာ-သဖန်း ကိုင်း-တံတားကုန်းဘက်မှ စစ်ကြောင်း တစ်ကြောင်း၊ ဆည်တော်ကြီးရေလှောင်တမံ၏ အနောက်တောင်ဘက်မှ အထောက်အကူပြုစစ်ကြောင်း တစ်ကြောင်း စသည့် စစ်ကြောင်းငါးကြောင်းဖြင့် တိုက်စစ်ဆင်ခဲ့ကြောင်း သိရသည်။

PDF များအနေဖြင့်လည်း ၎င်းတို့ ခေတ္တထိန်းချုပ်ထားသည့် မြို့၊ ရွာများ၊ ရေလှောင်တမံတို့အား လက်မလွှတ်ရရေး ပြည်သူလူထု၏ လူနေအိမ် အဆောက်အဦများ၊ ဆည်တော်ကြီးဆည်၏ ရေထိန်းတံခါးများ၊ ရေလွှဲဆည်များကို အကာအကွယ် ရယူ၍လည်းကောင်း၊ ရေထိန်းတမံနှင့် ပတ်ဝန်းကျင်တွင် ကွန်ကရစ်ဘန်ကာများ၊ မြေခွေးကျင်းများနှင့် ဆက်သွယ်ရေးမြောင်းများကို တည်ဆောက်၍လည်းကောင်း အခိုင်အမာခံစစ်ဆင် ပြန်လည်ခုခံခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုဝင်ဘာ ၇ ရက် နေ့လယ်ပိုင်းတွင် ဆည်တော်ကြီး ရေလှောင်တမံနှင့် နယ်မြေခံတပ်ဌာနချုပ်၊ ပတ်ဝန်းကျင်အားလုံးကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ဆင်ရေးကာလ ၁၉ ရက်အတွင်း သောင်းကျန်းသူများနှင့် တိုက်ပွဲကြီးငယ် ၄၂ ကြိမ် ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများထံမှ အလောင်း ၁၄ လောင်း၊ လက်နက်မျိုးစုံ ၆၀ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ နိုင်ငံတော်အတွက် အသက်ပေးခဲ့ရကြောင်း သိရသည်။

image

ယနေ့ ရန်ကုန်အခြေစိုက် စက်သုံး‌ဆီဈေး

November 8, 2025

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(နိုဝင်ဘာ - ၈ ရက်၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၀၀၂ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၉၇၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၅၅၀၀၀၀ ကျပ်
ဝယ်ဈေး ၈၅၁၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၁၅၀၀၀၀ ကျပ်
ဝယ်ဈေး ၈၁၁၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၄၃၀၀၀၀ ကျပ်
ဝယ်ဈေး ၈၃၉၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၀၃၀၀၀၀ ကျပ်
ဝယ်ဈေး ၇၉၉၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၄၅ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၀၄၅ ကျပ်
ဝယ်ဈေး - ၃၉၄၅ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၀၅ ကျပ်
ဝယ်ဈေး - ၃၀၃၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၆၈၀ ကျပ်
ဝယ်ဈေး - ၄၅၆၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၅ ကျပ်
ဝယ်ဈေး - ၁၂၁.၉၅ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၆၈ ကျပ်
ဝယ်ဈေး - ၉၄၄ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၆၈ ကျပ်
ဝယ်ဈေး - ၅၅၄ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၃၆ ကျပ်
ဝယ်ဈေး - ၂၅.၇၂ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၆၁ ကျပ်
ဝယ်ဈေး - ၄၄.၅ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၈ ကျပ်
ဝယ်ဈေး - ၂.၇၁ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၃၂၀ ကျပ်
ဝယ်ဈေး - ၅၁၉၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၂၅ ကျပ်
ဝယ်ဈေး - ၂၅၆၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၈၇၈ ကျပ်
ဝယ်ဈေး - ၂၈၀၈ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၂၀ ကျပ်
ဝယ်ဈေး - ၅၀၇ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၀၁ ကျပ်
ဝယ်ဈေး - ၁၀၇၄ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

သီချင်းသစ်ဖြင့် တိုက်ခိုက်လာတဲ့ ရက်ပါကို တစစီဖြစ်အောင် တုံ့ပြန်လာတဲ့ ဘက်ပေး
=======================

ကိုင်လီယန်ဘက်ပေးဟာ ကိန်းအသင်းပိုင်ရှင်ဖြစ်နေမှုအပေါ် လှောင်ပြောင်တိုက်ခိုက်တဲ့ ပြင်သစ်ရက်ပါ Orelsan ကို ပြန်လည်တုံ့ပြန်မှု ပြုလုပ်လာပါတယ်။

ဘက်ပေးပိုင်ဆိုင်တဲ့ ကိန်းဟာ ပြင်သစ်တတိယလိဂ်တွင် ရုန်းကန်နေပါတယ်။ ကိန်းဖွား ပြင်သစ်ရက်ပါ Orelsan ဟာ အခွေသစ် ထွက်လာရမှာ “La petite voix.” လို့ အမည်ပေးထားတဲ့ သီချင်းသစ်တွင် ကိန်းအသင်းပိုင်ရှင် ဘက်ပေးကို တိုက်ခိုက်ထားတဲ့ စာသားထည့်သွင်းရေးသား သီဆိုထားပါတယ်။

၎င်းက "မင်းက မင်းမြို့ကို ဘက်ပေးလို့ နစ်မြပ်မယ့်အကောင်"လို့ ထည့်သွင်း ရေးသား သီဆိုထားတာလည်း ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်ကတည်းက ကိန်းကို ပိုင်ဆိုင်လာတဲ့ ဘက်ပေးက ချက်ချင်းဆိုသလိုပင် "မင်းကို ဒီကို လာဖို့ ကြိုဆိုတယ်။ မင်းအရမ်းချစ်တယ်ဆိုတဲ့ မြို့ကို ကယ်တင်လိုက်။ ဒီကောင်က ငွေတပြားမှ မရှိ ငွေတပြားမှ မပေးဘဲ ရှယ်ယာ ၁ ရာခိုင်နှုန်းရဖို့ တောင်းဆိုနေတဲ့ကောင်ပါ။ ဒါပေမယ့် နော်မန်ဒီက ကောင်လေးလို ဖြစ်ချင်ခဲ့တယ်"လို့ ဆိုရှယ်မီဒီယာမ တုံ့ပြန်သွားပါတယ်။
ဘက်ပေးဟာ ၂၀၂၄ ခုနှစ်တွင် ကိန်းကို ဝယ်ယူပြီးနောက် ဥရောပဘောလုံးလောကတွင် အသက်အငယ်ဆုံးဘောလုံးပိုင်ရှင်များထဲမှ တစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူပိုင်ဆိုင်တဲ့ Coalition Capitalဟာ ကိန်းရဲ့ ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ယူရိုသန်း ၂၀ ဝန်းကျင်ဖြင့် ဝယ်ယူ ရင်းနှီးမြှပ်နှံခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ကိန်းဟာ စီမံခန့်ခွဲမှုအမှားတွေနဲ့အတူ လီဂူး ၂ မှ လီဂူး ၃ သို့ တန်းဆင်းခဲ့ရပါတယ်။ ၎င်းတို့ဟာ ၄၁ နှစ်အတွင်းတွင် ပထမဆုံးအကြိမ်အဖြစ် တတိယတန်းသို့ ပထမဆုံးအကြိမ် တန်းဆင်းခဲ့ရတာလည်း ဖြစ်ပါတယ်။ ပရိသတ်များဟာ တန်းဆင်းရပြီးနောက် ကွင်းအတွင်းသိ့ အတင်းဆင်းကာ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပါတယ်။

ယင်းနောက်ပိုင်းတွင် ကိန်းဟာ စီမံအုပ်ချုပ်ရေးပိုင်း အပြောင်းအလဲများ ပြုလုပ်ခဲ့ပြီး ယခုရာသီတွင် နည်းပြဒီအော်နာနိုရဲ့ ဦးဆောင်မှုနှင့်အတူ ကလပ်အခြေတည်ရေး၊ လူငယ်ပြုစုပျိုးထောင်ရေးကို ဦးစားပေးလုပ်ဆောင်လာပါတယ်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ

🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ

💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image
25 w - Translate

Full moon day

image

ကိုယ့်ကောင်းကင်မှာ မဟုတ်လည်း
သက်တန့်ကြီးလှနေရင် ကျေနပ်တယ်
ဘယ်အကိုင်းမှာပွင့်ပွင့်
ရနံ့‌မွှေးနေရင်ကျေနပ်ပါတယ်...။

- ဆန်းကျော်စွာ၀င်း

25 w - Translate

❝ တရုတ်ပြည်မှာ ကလေးချင်းဝင်တိုက်မိလို့ ဆေးရုံတက်တာကို ကလီစာ (၆) ခုဖယ်ထုတ်ခံခဲ့ရတဲ့ ၁၀ နှစ်သားလေး ❞
📰Vision Times သတင်းစာ ရဲ့အဆိုအရ ၂၀၂၃ ခုနှစ်တုန်းက ၁၀ နှစ်သားလေး ရှောင်ရီဟာ ကလေးချင်း မတော်တဆဝင်တိုက်မိရာကနေ ဗိုက်နာတယ်လို့ သူ့အမေကိုပြောပြတယ်လို့ ဆိုပါတယ်။
အဲ့ဒါကြောင့် ရှောင်ရီရဲ့အမေက စိုးရိမ်ပြီး Chengwu County People’s Hospital ကိုသွားပြတယ်လို့ ဆိုပါတယ်။
ဆေးရုံက abdominal hematoma ဝမ်းဗိုက်မှာသွေးစုတာတွေ့တယ်ဆိုပြီး ရှောင်ရီရဲ့အမေကို ပြောပါတယ်။
ဆေးရုံမှာ လိုအပ်တဲ့စစ်ဆေးစစ်မှုတွေပြုလုပ်ပြီးနောက် ရှောင်ရီကိုခွဲစိတ်မှုပြုလုပ်ပေးဖို့ ဆေးရုံတင်ရမယ်လို့ ပြောပါတယ်။
အစတုန်းကတော့ သွေးခဲလေးပိတ်နေတာဖြစ်ပြီး ခွဲစိတ်မှုအသေးစားလေးလုပ်လိုက်ရင်အဆင်ပြေသွားမယ်လို့ ရှောင်ရီရဲ့အမေကိုဆေးရုံက ပြောတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ခဏနေတော့ ဆရာဝန်တစ်ယောက်ပြေးထွက်လာပြီး သွေးတွေအလွန်ထွက်နေတာမို့လို့ အကြီးစားခွဲစိတ်မှုကို ဆက်လုပ်ဖို့ ဝမ်းဗိုက်ကိုဖွင့်ရမယ်လို့ အရေးပေါ်အကြောင်းကြားပါတယ်။
ရှောင်ရီခွဲခန်းဝင်တာ ၁၄ နာရီကြာပြီး နောက် ခွဲခန်းထဲမှာဘာဖြစ်နေသလဲဆိုတာ အပြင်ကမိဘတွေကမသိရပေမဲ့ ဆေးရုံဝင်ထမ်းတွေက ထွက်ထွက်လာပြီး ရှောင်ရီရဲ့ဘယ်အင်္ဂါအစိတ်အပိုင်းကမကောင်းလို့ တစ်ခါတည်းဖယ်ရှားရမယ်ဆိုပြီး မိဘတွေကို လက်မှတ်ထိုးခိုင်းတယ်လို့ ဆိုပါတယ်။
အဲ့ဒီလိုနဲ့ လေးငါးခြောက်ခါလောက် လက်မှတ်ထိုးရတဲ့အခါကျတော့ အပြင်ကမိဘတွေက စိတ်ပူပြီးခြေမကိုင်မိလက်မကိုင်မိဖြစ်လာကြပါတယ်။
ဒါပေမဲ့ ရှောင်ရီခွဲခန်းထဲဝင်နေရတဲ့ အရေးကြီးတဲ့အခြေအနေမို့လို့ရယ်၊ သူတို့ကိုယ်တိုင်ဘာမှတတ်နိုင်တဲ့ကိစ္စမဟုတ်လို့ ဆေးရုံကိုသာပုံအပ်ထားရပါတယ်။
အဲ့ဒီလိုနဲ့ ရှောင်ရီရဲ့ အစာအိမ်တစ်ခြမ်း၊ အူအိမ်ဦး၊ အူသိမ်၊ ပန်ကရိယ၊ သည်းခြေအိတ်နဲ့အူမကြီးအစိတ်အပိုင်းအချို့ဟာ ခွဲထုတ်ခံလိုက်ရပါတယ်။
ရှောင်ရီခမျာ အဲ့ဒီကတည်းက ဆေးရုံနေဆင်းရတယ်လို့မရှိပဲ ယနေ့အထိ ဆေးရုံပေါ်မှာ နေရတာ ၂ နှစ်ရှိပြီဖြစ်ပါတယ်။
အဲ့ဒီလိုကလီစာတွေကို ခွဲထုတ်လိုက်လို့ ရှောင်ရီလေးရဲ့ အစာအိမ်နဲ့အူလမ်းကြောင်းစနစ်ထိခိုက်သွားတာကြောင့် ရှောင်ရီလေးဟာ အစာစားလို့မရတော့ပဲ အဟာရတွေကိုသွေကြောကနေ သွင်းနေရတယ်လို့ ဆိုပါတယ်။
ရှောင်ရီရဲ့မိဘဆွေမျိုးတွေက မကျေနပ်ပဲတိုင်တန်းတဲ့အတွက်ကြောင့်မို့လို့ အခြား third-party စုံစမ်းစစ်ဆေးရေးလုပ်တဲ့အခါမှာ ၂၀၂၄ ဒီဇင်ဘာလမှာ ဆေးရုံရဲ့လုပ်ရပ်တွေမှားယွင်းကြောင်း အစီရင်ခံစာထွက်လာခဲ့ပါတယ်။
ဒါ့အပြင်အခုလိုခွဲစိတ်ပြီး ကိုယ်ခန္ဓာအစိတ်အပိုင်းတွေဖယ်ရှားခံရမှုကြောင့် ကလေးမှာဒီလိုဖြစ်သွားတယ်ဆိုတာပါ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
Chengwu County ကျန်းမာရေးကော်မရှင်က ဆေးရုံမှာတာဝန်ရှိတယ်လို့အမိန့်ချတဲ့အတွက်ကြောင့်မို့လို့ ဆေးရုံကတရုတ်ငွေ ယွမ် ၂ သိန်းပေးလျော်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီလိုဆေးရုံရဲ့အမှားကြောင့် ရှောင်ရီလေးဟာ အသက်ကြီးလာရင်အလုပ်လုပ်လို့လည်းမရသလို အသက်ဘယ်လောက်ရှည်မလဲလည်း မသိရပါ။
ရှောင်ရီရဲ့မိဘတွေက ရှောင်ရီလေးကို တခြားဆေးရုံတွေတင်ပြီး ကုသဖို့ကြိုးစားခဲ့ပါတယ်။
ဒါပေမဲ့ ရှောင်ရီလေးကိုကယ်ဖို့က ခွဲထုတ်ခံထားရတဲ့ ကလီစာတွေကို အလှုရှာပြီး အစားထိုးပြန်ထည့်ပြီး ကုသမှရမယ်လို့ဆိုပါတယ်။
အခုလိုဆေးရုံကပေးတဲ့ လျော်ကြေးငွေ ယွမ် ၂ သိန်းဟာ ရှောင်ရီဆေးကုစားရိတ်ရဲ့အစိတ်အပိုင်း ပမာဏအသေးစားလေးသာဖြစ်တာကြောင့် မိဘတွေက တရားမျှတမှုရဖို့ မျှော်လင့်နေပါတယ်။
ရှောင်ရီရဲ့မိဘတွေက ကလေးကိုခွဲစိတ်တုန်းက ခွဲခန်းထဲက CCTV မှတ်တမ်းတွေကိုထုတ်ပေးဖို့ တောင်းဆိုလျှက်ရှိပြီး အမှန်တရားအမြန်ဆုံးပေါ်ပေါက်ဖို့နဲ့ ရှောင်ရီလေးအတွက် တရားမျှတမှုရဖို့ တစိုက်မတ်မတ်တောင်းဆိုနေကြပါတယ်။

image
25 w - Translate

တိတ်ဆိတ်ည အဖော်

image