ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းတို့တွေ့ဆုံ

မြန်မာ-တရုတ်နှစ်နိုင်ငံကြား အပြန်အလှန်အကျိုး ဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများအရှိန်အ ဟုန်မြှင့်တင်ရန်ဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းတို့ ယနေ့ မတ် ၁၃ ရက်က နေပြည်တော်၌ တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံကြား ရှိရင်းစွဲကောင်းမွန်သည့်ဆက်ဆံရေးနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများအရှိန်အဟုန်မြှင့်တင်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းမှုအတွက် ပူးပေါင်းဆောင်ရွက်ရေးတို့ကို အလေးထားဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်သည့်ဖြစ်ပေါ်တိုးတက်မှုများ၊ မြန်မာနိုင်ငံ၏ ငြိမ်း ချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်း အားထုတ်မှုများတွင် တရုတ်နိုင်ငံမှအပြုသဘောပံ့ပိုးသွားမည်များ၊ နယ်စပ်ဒေသရှိ အွန်လိုင်းလောင်းကစားနှင့် တရားမဝင်လုပ်ငန်းများပူးပေါင်းတို-က်ဖျ-က်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံအပြန်အလှန်ထောက်ခံရပ်တည်ရေးနှင့် နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

image

လောင်စာဆီပြဿနာနှင့်ပတ်သက်၍ နိုင်ငံတော်ယာယီသမ္မတ၏ ဆွေးနွေးပြောကြားမှု

ယနေ့ မတ် ၁၃ ရက်ကကျင်းပသည့် မြန်မာ့မျက်နှာစာသစ်ဖိုရမ်တွင် လောင်စာဆီပြဿနာနှင့်ပတ်သက်၍ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဆွေးနွေးပြောကြားချက်-

" လောင်စာဆီပြဿနာ အခု အရှေ့အလယ်ပိုင်းမှာဖြစ်နေတဲ့ လောင်စာဆီပြဿနာက ကျွန်တော်တို့အတွက် သက်ရောက်မှုရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့က စုံ/မ ဆိုပြီးတော့ ပထမဆုံးစပြီးတော့လုပ်ပါတယ်။ ကျွန်တော့်ကိုဝိုင်းပြောကြတာပေါ့။ ဒါပေမယ့် စုံ/မ လုပ်တာဟာ ကျွန်တော်တို့နိုင်ငံက အခုမှလုပ်တာ။ တရုတ်ဆိုရင် ပီကင်းဆိုရင် လုပ်တာကြာပြီ။ စင်ကာပူဆိုရင် ကြာပြီလုပ်နေကြတာ။ ဒါပေမယ့် အခုမျိုးစုံ "တွစ်(စ်)"လုပ်ပြီးတော့ လုပ်နေကြတုန်းပဲ"

" အဲဒီတော့ ကျွန်တော်တို့က စွမ်းအင်ဝန်ကြီးက ကျွန်တော့်ကိုလာသတင်းပို့တယ်။ ကျွန်တော် QR Code နဲ့လုပ်မယ်တဲ့။ လုပ်ကွာလို့ QR Code နဲ့။ အခုလည်း Online မှာဆဲနေကြတာဘဲ။ ဆိုလိုတာက ကျွန်တော်တို့က တစ်ခုခုလုပ်ပြီဆိုတာနဲ့ နိုင်ငံကိုအပြစ်ပြောဖို့ဘဲ ကြိုးစားနေကြတယ်။ ဘာ့ကြောင့် ဆိုတာကိုမစဥ်းစားဘူးဆိုတာတွေဖြစ်လာတယ်"

" ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ ဒါကို လွှတ်တော်ကိုယ် စားလှယ်များကလည်း နည်းနည်း ပြည်သူကိုနည်းနည်းသိအောင်ဆောင်ရွက်ပေးဖို့လိုပါတယ်။ ပြည်နယ်နဲ့တိုင်းအသီးသီးကအကုန်လာကြတာ။ ပြီးလို့ရှိရင် လွှတ် တော်အစည်းအဝေးနားတဲ့အချိန်ကြရင် သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းတွေကိုပြန်ရောက်တဲ့အခါကြလုပ်ဖို့လိုတယ်။ ပြန်ပြောဖို့လိုပါတယ်"

" ကျွန်တော်အခုပြောတဲ့အချက်တွေကလည်း တကယ်ကို ကျွန်တော်ဖြတ်သန်းခဲ့တဲ့ သမိုင်းကြောင်းမှာအခြေခံပြီး ကျွန်တော်ပြောခြင်းဖြစ်ပါတယ်။ ကျွန်တော် ဘလိုင်းကြီးပြောတာမဟုတ်ပါဘူး။ ကျွန်တော့်မှာ အချက် အလက်အကုန်လုံးအပြည့်အစုံရှိပါတယ်"ဟု နိုင်ငံတော် ယာယီသမ္မတက ဆွေးနွေးပြောကြားခဲ့သည်။

image

ငွေကြေးသုံးစွဲမှုမှအစပြု၍ အစစအရာရာခြိုးခြံချွေ တာရန်အတွက် နိုင်ငံတော် ယာယီသမ္မတ၏ ဆွေးနွေးပြောကြားမှု

ယနေ့ မတ် ၁၃ ရက်ကကျင်းပသည့် မြန်မာ့မျက်နှာစာသစ်ဖိုရမ်တွင် ငွေကြေးသုံးစွဲမှုမှအစပြု၍ အစစအရာ ရာခြိုးခြံချွေတာရန်အတွက် နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မ ရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဆွေးနွေးပြောကြားချက်-

" ချွေတာရေးနည်းလမ်းပေါ့ ချွေတာဖို့လိုပါတယ်။ အစ စအရာရာ ငွေကြေးအသုံးအစွဲကနေစပြီး ဘာဖြစ်ဖြစ် ခြိုးခြုံချွေတာဖို့လည်းလိုပါတယ်။ စက္ကူသုံးတာကအစ စက်သုံးဆီသုံးတာအဆုံး ချွေတာဖို့လိုတယ်"

" တစ်ခါတစ်လေကြရင် အခမ်းအနားအစီအစဥ်တွေမျိုးစုံ စက္ကူတွေမျိုးစုံသုံးတယ်။ အဲဒီစက္ကူတော်တော်များများက ပြည်ပကသွင်းရတာဖြစ်ပါတယ်။ ဒါပေမယ့် ဘုံးဘလအောချနေတုန်းဘဲ။ တစ်ခါတစ်လေကြရင် အစီအစဥ်တစ်ခုလာလို့ရှိရင် ၃/၄ ခါလောက်ဝေတယ်လာပြီးတော့ မင်းတို့ဘာလို့ စက္ကူဒီလောက်များနေလဲကွလို့ ကျွန်တော်မေးကြည့်တယ်။ ဒီလိုဘဲ ဗဟိုဌာနပေး လိုက် ဒီဌာနကဘဲကြိုတင်ဖြန့်ဝေလာတယ်။ ပြီးတော့ တကယ့်အစီအစဥ်တစ်ခုနဲ့လာတယ်"

" အခု ကျွန်တော့်ဆီလာတဲ့ ဒီအစီအစဥ်ဆိုရင် နှစ်ခါလောက်ရှိပြီ ကျွန်တော့်ဆီရောက်နေတာ။ ဆိုပါတော့ ကျွန်တော်တို့သုံးစွဲမှုတွေချွေတာဖို့လိုတယ်။ အသုံးနဲ့အဖြုန်းဆိုတာရှိတယ်။ ဆုံးမစကားတစ်ခွန်းရှိတယ်။ ဒါကတော့ နိုင်ငံခြားသားတွေကိုလည်း စော်ကားတာမ ဟုတ်ပါဘူး။ တရုတ်လိုရှာတဲ့၊ ကုလားလိုစုတဲ့၊ ဗမာလိုမသုံးနဲ့လို့ပြောတယ်။ တရုတ်တွေကငွေရှာကြတယ်။ ကု လားတွေက အင်မတန်စေ့စပ်တယ်။ သုံးတဲ့စွဲတဲ့နေရာမှာ ဗမာတွေကဖြုန်းတယ်။ တအားသုံးတယ်။ တရုတ်လိုရှာ၊ ကုလားလိုစု၊ ဗမာလို မဖြုန်းနဲ့ မသုံးနဲ့ဆိုပြီးတော့ပြောတဲ့ ကျွန်တော့်ရဲ့ အဘိုး၊ အဘွားတွေ ဆုံးမခဲ့တဲ့စ ကားတစ်ခွန်းရှိတယ်။ သိပ်မှန်တယ်"

" ဒါ့ကြောင့် ကျွန်တော်တို့အသုံးတွေလည်း ချွေတာဖို့လိုပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များလည်း ဒါလေးတွေကို အလေးထားစေလိုကြောင်း ကျွန်တော်ပြောလိုပါတယ်။ တတ်နိုင်သလောက် ခြိုးခြိုးခြံခြံနဲ့လုပ်ပါလို့မှာထားပါတယ်"ဟု နိုင်ငံတော်ယာယီသမ္မတက ဆွေး နွေးပြောကြားခဲ့သည်။

image

နိုင်ငံပေါင်း (၂၄)နိုင်ငံသို့ ခရီးစဉ်ပေါင်း(၅၃)ကြိမ်သွားရောက်ပြီး တပ်မတော်အဆင့်မြှင့်တင်ခြင်းလုပ် ငန်းများဆောင်ရွက်နိုင်ခဲ့

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မိမိအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်ချိန် ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်အထိ နိုင်ငံပေါင်း(၂၄) နိုင်ငံသို့ ခရီးစဉ်ပေါင်း(၅၃)ကြိမ်သွားရောက်ခဲ့ပြီး ခရီးစဉ်များမှတစ်ဆင့် ခေတ်မီတပ်မတော်ထူထောင်ရေးကိုလက်တွေ့လေ့လာနိုင်ခဲ့ကာ တပ်မတော်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်နိုင်ခဲ့သည်ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၁၃ ရက်ကပြုလုပ်သည့် ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ခေတ်မီတပ်မတော်ဖြစ်စေရေးဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးမှာကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အကြီးအကဲအဖြစ်တာဝန်ထမ်းဆောင်ချိန်တွင်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ယခုအချိန်အထိ နိုင်ငံပေါင်း(၆)နိုင်ငံသို့ ခရီးစဉ်ပေါင်း(၁၂)ကြိမ်သွားရောက်ခဲ့ပြီး ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင် ရွက်မှုများကိုမြှင့်တင်နိုင်ခဲ့သည်ဟု ပြောသည်။

တပ်မတော်မှ အရာရှိ၊ စစ်သည်များကို နိုင်ငံတကာသို့ ပညာသင်တော်သင်များစေလွှတ်ခြင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးလေ့ကျင့်ခန်းများစေလွှတ်ခြင်း၊ နိုင်ငံတကာတပ်မတော်ဆိုင်ရာဆွေးနွေးပွဲများစေလွှတ်ခြင်းနှင့် ချစ်ကြည်ရေးခရီးစဉ်ပေါင်း(၂,၈၉၂)ကြိမ် အရာရှိ(၇,၀၀၀)ကျော်နှင့် စစ်သည်(၇၀၀)ကျော်ကို နိုင် ငံတကာတပ်မတော်များနှင့် ထိတွေ့ဆက်ဆံမှုများ၊ နိုင် ငံတကာအတွေ့အကြုံများတိုးတက်လာစေရေးတို့အ တွက်စေလွှတ်ပေးခဲ့သည်ဟု ပြောသည်။

မိမိအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်ခဲ့သည့် (၁၅)နှစ်တာအတွင်း တပ်မတော်ကို အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်ခေတ်မီသည့် တစ်ခုတည်းသော မျိုးချစ်တပ်မတော်ဖြစ်အာင် ကြိုးစားဆောင်ရွက်ပေးခဲ့၍ တပ်မတော်သားများအား လုံးအနေဖြင့် နိုင်ငံတော်နှင့် ခေါင်းဆောင်အဆက်ဆက်အမျှော်အမြင်ရှိရှိချမှတ်ထားခဲ့သည့် “မွန်မြတ်သည့် လက်ဆင့်ကမ်းအမွေကို ထိန်းသိမ်းပြီး တပ်မတော်နှင့်နိုင်ငံ့ဂုဏ်ကို ဆက်လက်မြှင့်တင်သွားကြရန်”လည်းအလေးအနက်ထားတိုက်တွန်းမှာကြားခဲ့သည်။

နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် မသန်စွမ်းဖြစ်သွားသည့် တပ်မတော်သားများ၊ ‌ေ-သဆုံး၊ ကျဆုံးခဲ့ရသည့် တပ်မတော်သားများ၏ မိသားစုများနှင့်သက်ပြည့်အငြိမ်းစား တပ်မတော်သားများ ဘဝကောင်းမွန်စွာရပ်တည်နေထိုင်နိုင်ရေးအတွက် နယ်မြေဒေသအလိုက် စစ်မှုထမ်းဟောင်းအိမ်ရာများကိုဆောင် ရွက်ပေးခဲ့ရာ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် ဆင့်မြင့်/တန်ဖိုးသင့်စစ်မှုထမ်းဟောင်းအိမ်ရာနေရာ (၂၁)နေရာရှိပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ ဆောက်လုပ်ပြီးအခန်း(၆,၈၀၀)ကျော်၊ ဆောက်လုပ်ဆဲအခန်း(၄,၀၀၀)ကျော်နှင့် နေရာချထားပေးရန်ဆောင် ရွက်ဆဲအခန်း(၈၇ဝ)ရှိသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

image

တပ်မတော်သည် နိုင်ငံသားအားလုံးလိုလားသည့် ဒီမိုကရေစီစနစ်ကို စတင်အသက်သွင်းနိုင်ခဲ့

တပ်မတော်သည် နိုင်ငံသားအားလုံးလိုလားသည့် ဒီမိုကရေစီစနစ်ကို စတင်အသက်သွင်းနိုင်ခဲ့သည်ဟု နိုင်ငံ တော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၁၃ ရက်ကကျင်းပသည့် မြန်မာ့မျက်နှာစာသစ်ဖိုရမ်ဖွင့်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

" ဘယ်လိုဘဲဖြစ်ဖြစ် တပ်မတော်ဟာ နိုင်ငံသားအားလုံးလိုလားတဲ့ ဒီမိုကရေစီစနစ်ကို စတင်အသက်သွင်းနိုင်ခဲ့သလို အရေးကြီးတဲ့ နိုင်ငံရေးအလှည့်အပြောင်းကြီးတစ်ခုကိုလည်း အောင်အောင်မြင်မြင်နဲ့ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါတယ်"ဟု နိုင်ငံတော်ယာယီသမ္မတက ပြော သည်။

ထို့ကြောင့် ရရှိထားပြီးဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေးဖြစ်ထွန်းမှုများကို ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဥ်များနှင့်ပေါင်းစပ်ဆောင်ရွက်နိုင်ရန် မိမိတို့အားလုံးကြိုးစားဆောင်ရွက်သွားရမည်ကာ ယနေ့ မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ လွတ်လပ်မှုရှိနေပြီး ယခင်က မပြောနိုင်သည့်ကိစ္စများ၊ မပြောရဲသည့်ကိစ္စများကို ပြောရဲဆိုရဲ ပြောနိုင်ဆိုနိုင်ရှိလာပြီဖြစ်ကာ ယခင်က မမျှော်လင့်ရဲခဲ့သည်များကို မျှော်လင့်နိုင်သကဲ့သို့ ယခင်က မမက်ရဲခဲ့သည့် အိမ်မက်များကိုလည်း မက်ခွင့်ရနေပြီဟု ပြော သည်။

" ကမ္ဘာ့နိုင်ငံအားလုံးနီးပါး မျက်နှာမူရာဖြစ်တဲ့ ဒီမိုကရေစီစနစ်ကို စနစ်တကျပြောင်းလဲနိုင်ခဲ့ပြီး နိုင်ငံရေးအ သစ်၊ ယဥ်ကျေးမှုအသစ်တွေကိုလည်း ပြောင်းလဲပေးနိုင်ခဲ့ပြီဖြစ်ပါတယ်"ဟု နိုင်ငံတော်ယာယီသမ္မတက ပြောသည်။

အစိုးရအဆက်ဆက်မှ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ကြိုးစားခဲ့ကြပြီး လုံးဝအဆုံးသတ်အောင်မြင်သည်အထိ မဆောင်ရွက်နိုင်ခြင်းမှာ ပြည်တွင်း/ပြည်ပမှ သွေးထိုးနှောင့်ယှက်မှုများကြောင့်ဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် အပစ်အခတ်ရပ်စဲရေးတစ်ခုတည်းသာမက လက်နက်ကိုင်ပဋိပက္ခများ၏ ဇစ်မြစ်ကိုပါဖြေရှင်းနိုင်အောင်ကြိုးစားရမည်ဖြစ်ရာ နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းပေးကြရမည်ဟု ပြောသည်။

ထို့ကြောင့် တိုင်းရင်းသားအချင်းချင်း၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ စာနာမှုများမွေးမြူပြီး အနာဂတ်နိုင်ငံတော်ကို အနာဂတ်မျိုးဆက်သစ်များအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးလမ်းကြောင်းပေါ် အတူတကွလျှောက်လှမ်းကြရန်လည်း အစဥ်အမြဲဖိတ်ခေါ်ကမ်းလှမ်းခဲ့ကာ ယခုလည်း ဆက်လက်ဖိတ်ခေါ်သည်ဟု နိုင်ငံတော်ယာယီသမ္မတက ပြောကြားခဲ့သည်။

image

တရားဥပဒေစိုးမိုးမှုသည် ဖွံ့ဖြိုးရေး၏အခြေခံအုတ် မြစ်ဖြစ်

တရားဥပဒေစိုးမိုးမှုသည် ဖွံ့ဖြိုးရေး၏အခြေခံအုတ် မြစ်ဖြစ်သည်ဟု ယနေ့ မတ် ၁၃ ရက်ကကျင်းပသည့် မြန်မာ့မျက်နှာစာသစ်နှစ်ဖိုရမ်(ယုံကြည်မှု၊ တည်ငြိမ်အေး ချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု)အခမ်းအနားတွင် နိုင်ငံ တော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံသည်တည် ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု၊ လူ့စွမ်းအားအ ရင်းအမြစ်ဖွံ့ဖြိုးမှု၊ အခြေခံအဆောက်အအုံများတည် ရှိမှုတို့ပင်ဖြစ်၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အ ခြေခံသည့် ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးကို မိမိတို့ အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်နေသည်ဟု ပြောသည်။

" တရားဥပဒေစိုးမိုးမှသာ တရားမျှတမှုနဲ့ လူမှုဝန်းကျင်တည်ငြိမ်မှုရှိမှာဖြစ်သလို တရားဥပဒေစိုးမိုးမှုဟာ ဖွံ့ ဖြိုးရေးရဲ့အခြေခံအုတ်မြစ်လည်းဖြစ်တဲ့အတွက် မိမိတို့ အားလုံးဝိုင်းဝန်းကြိုးပမ်းကြရမှာဖြစ်ပါတယ်"ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။

ထို့ပြင် တရားဥပဒေစိုးမိုးရေးကို တစ်ဖက်က ဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့ အခြားတစ်ဖက်ကလည်း ကောင်းမွန်သည့် အုပ်ချုပ်မှုစနစ်ဖြစ်ပေါ်လာရေးအတွက် လိုအပ်သည့်ပြုပြင်ပြောင်းလဲမှုကိုဆောင်ရွက်မှသာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၌ အရည်အသွေးမြင့်တက်လာမည်ဟု ပြောသည်။

" နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့အပြင် လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ဖို့လည်း မလွဲမသွေလိုအပ်ပါတယ်။ အခြေခံအ ဆောက်အအုံတွေဖြစ်တဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ် မှု၊ လမ်းပန်းဆက်သွယ်မှု၊ ဒေသတစ်ခုနဲ့တစ်ခု ကွန် ရက်ချိတ်ဆက်နိုင်မှု၊ ဒီဂျစ်တယ်ဆက်သွယ်ရေးစနစ် အားကောင်းမှုတို့သည် နိုင်ငံစီးပွားရေးဖွံ့ဖြိုးရေး၊ ကုန် ထုတ်လုပ်မှုနဲ့ ရောင်းဝယ်ဖောက်ကားမှုတိုးတက်ရေးတို့အတွက် အခရာကျတဲ့လိုအပ်ချက်တွေဖြစ်ပါတယ်"ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။

၎င်းတို့ ပိုမိုတိုးတက်ကောင်းမွန်ရန် နိုင်ငံတော်အစိုးရတစ်ခုတည်းကဆောင်ရွက်၍မရဘဲ ဒေသခံများ၊ အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရမည်ဖြစ်ကာ အစိုးရကတည်ဆောက်အကောင်အထည်ဖော်ပေးရမည်ဖြစ်ပြီး ဒေသခံအားလုံးက မပျ-က်စီး၊ မပျောက်ပျက်အောင် ၊ မသမာသူများ၏ ဖျ-က်ဆီးမှုမခံရအောင် ဝိုင်းဝန်း ထိန်းသိမ်းရန်လိုသည်ဟု နိုင်ငံတော် ယာယီသမ္မတက ပြောကြားခဲ့သည်။

image

အင်းစိန်စျေးမီးလောင်မှုအား မိနစ် ၂၀ ကျော်ကြာငြှိမ်းသတ်ခဲ့ရ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ အင်းစိန်စျေးတွင် ယ မန်နေ့ မတ် ၁၃ ရက်ည ၁၀ နာရီ ၂၀ မိနစ်ခန့်က မီး လောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

အင်းစိန်မြို့နယ်၊ ဈေးကုန်းအနောက်ရပ်ကွက် အင်းစိန်စျေးတွင်မီးလောင်မှုဖြစ်ပွား၍ အင်းစိန်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

" ကနဦး ကျွန်တော်တို့သိထားတဲ့အချက်အလက်အရဆိုရင် ဝါယာရှော့ဖြစ်ပြီးလောင်တာပါ။ အတိအကျကတော့ မီးသတ်တပ်ဖွဲ့ကအသေးစိတ်စစ်ဆေးပြီးရင်သိရမှာပါ။ ပျက်စီးမှုတန်ဖိုးကိုကောပေါ့"ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ထို့ကြောင့် ည ၁၀ နာရီ ၄၄ မိနစ်တွင် မီးငြိမ်းသွားခဲ့သဖြင့် စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက် စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့တာ ဝန်ရှိသူများကစစ်ဆေးခဲ့ကြကြောင်း သိရသည်။

image

အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ဆက်လက်ရပ်တည်သွားမည်

အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ဆက်လက်ရပ်တည်သွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur မှ မတ် ၁၃ ရက်ကကျင်းပသည့် မြန်မာ့မျက်နှာစာသစ်ဖိုရမ်(ယုံကြည်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု)တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အစိုးရအသစ်ဖွဲ့စည်းပြီး လွှတ်တော်အ သစ်၊ ခေါင်းဆောင်အသစ်များပေါ်ထွန်းမည့်ကာလဖြစ်သည့်အပြင် သမိုင်းဝင်အကူးအပြောင်းကာလလည်း ဖြစ်၍ အိမ်နီးချင်းနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံအနေဖြင့် ယခုကျင်းပသည့် ဆွေးနွေးပွဲမှတစ်ဆင့် အနှစ်သာရပြည့်ဝသော ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက် မှုများ ဆောင်ကြဉ်းပေးနိုင်မည်ကိုယုံကြည်သည်ဟု ပြောသည်။

မြန်မာနိုင်ငံသည် အိန္ဒိယ၊ တရုတ်၊ အာဆီယံအစရှိသည့် ဒေသတွင်းနိုင်ငံများနှင့် ပေါင်းစည်းဆက်နွှယ် ချိတ်ဆက်မှုဆိုင်ရာကဏ္ဍများဆောင်ရွက်နိုင်ရန် မဟာဗျူဟာကျသည့်နေရာတွင်တည်ရှိနေကာ အထူးသဖြင့် ပူး ပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာအားကောင်းလာပါက မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာမည်ဟု ပြောသည်။

အထူးသဖြင့် ကုန်သွယ်ရေး၊ ပညာရေး၊ လျှပ်စစ်ကဏ္ဍ၊ ခရီးသွားလုပ်ငန်းစသည့် ကဏ္ဍများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကာ ယင်းသို့ ဖွံ့ဖြိုးတိုးတက်မှုများသည် အိန္ဒိယနိုင်ငံမှ မြင်တွေ့လိုသည့်ဆန္ဒဖြစ်၍ မြန်မာနိုင်ငံဘက် စုံဖွံ့ဖြိုးတိုးတက်လာစေရန် အိန္ဒိယနိုင်ငံအနေဖြင့် ဆက်လက်ရပ်တည်သွားမည်ဟု အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur ကပြောကြားခဲ့သည်။

image

ရန်ကုန်မြို့၌ကျင်းပသည့် စက်ဘီးစီးပြိုင်ပွဲ

(၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှဦးဆောင်၍ တတိယအကြိမ် ကန်တော်ကြီးပတ်လမ်း အမျိုးသား/အမျိုးသမီး(အ လွတ်တန်း) Road Bike စက်ဘီးပြိုင်ပွဲကို ယနေ့ မတ် ၁၄ ရက်ကကျင်းပရာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တာဝန်ရှိသူများတက်ရောက်ဖွင့်လှစ်ပေးပြီးနောက် ဆုရရှိသူများအား ဆုကြေးငွေနှင့် ဆုတံဆိပ်များကို ချီးမြှင့်ပေးအပ်ခဲ့သည်။

image

အရှေ့တောင်အာရှမှာ ဆီအကျပ်အတည်း ပိုဆိုးလာလို့ ကန့်သတ်မှု​တွေတိုးလာ

​အင်ဒိုနီးရှားနဲ့ ဗီယက်နမ်လို နိုင်ငံတွေဟာ စက်သုံးဆီ တင်သွင်းမှုအပေါ် အလွန်အမင်း အမှီပြုနေရပြီး စွမ်းအင်သိုလှောင်ထားမှုကလည်း အကန့်အသတ်ပဲ ရှိပါတယ်။

​အီရန်အပေါ် အမေရိကန်-အစ္စရေး စစ်ပွဲရဲ့ နောက်ဆက်တွဲဂယက်ကြောင့် ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) မှာ သင်္ဘောအသွားအလာတွေ ပိတ်ဆို့နေပါတယ်။ ဒါကြောင့် အရှေ့တောင်အာရှက အစိုးရတွေနဲ့ လုပ်ငန်းရှင်တွေဟာ စွမ်းအင်ပြတ်လပ်မှု ဒဏ်ကိုမခံရအောင် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားရုန်းကန်နေကြရပါတယ်။

​ပင်လယ်ကွေ့ဒေသနဲ့ ကီလိုမီတာ ထောင်ပေါင်းများစွာ ဝေးနေပေမဲ့လည်း ဖိလစ်ပိုင်နိုင်ငံက အစိုးရရုံးတွေကို တစ်ပတ် ၄ ရက်ပဲ ရုံးတက်ဖို့ ပြောင်းလဲလိုက်ပါတယ်။ ထိုင်းနဲ့ ဗီယက်နမ်က တာဝန်ရှိသူတွေကိုတော့ အိမ်ကနေပဲ အလုပ်လုပ်ဖို့ (WFH) နဲ့ ခရီးသွားလာမှု လျှော့ချဖို့ တိုက်တွန်းထားသလို၊ မြန်မာအစိုးရကလည်း မော်တော်ယာဉ်တွေကို တရက်ခြားစီ မောင်းနှင်ရမယ့် စနစ်ကို ကျင့်သုံးလိုက်ပါတယ်။

​ အီရန်အပေါ် အမေရိကန်-အစ္စရေးရဲ့ စစ်ပွဲကြောင့် ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့သွားတဲ့အတွက် အရှေ့တောင်အာရှတစ်လွှားမှာ စွမ်းအင်ပြတ်လပ်မှုကို တားဆီးဖို့ အစိုးရတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ အသည်းအသန် ရုန်းကန်နေရပါတယ်။

​ပင်လယ်ကွေ့နဲ့ အလှမ်းဝေးတဲ့ ဒေသတွေမှာတောင် ဒီဒဏ်ကို ခံနေရပါပြီ။ ဖိလစ်ပိုင်မှာ ရုံးတက်ရက် လျှော့ချလိုက်သလို၊ ထိုင်းနဲ့ ဗီယက်နမ်မှာလည်း ခရီးသွားလာမှု ကန့်သတ်ဖို့ ပြောနေကြရပြီး မြန်မာနိုင်ငံမှာဆိုရင် ကားတွေကို နံပါတ်အနီ/အနက် ခွဲမောင်းတာမျိုး (သို့မဟုတ်) ရက်ကျော်မောင်းတဲ့ စနစ်တွေကို စတင်နေပါပြီ။

​အစိုးရတွေက ဆီဈေး တည်ငြိမ်အောင်လည်း ဈေးကွက်ထဲကို တိုက်ရိုက်ဝင်ရောက် ထိန်းကျောင်းနေပါတယ်။

​ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရပ်ကူးလ်က ဒီဇယ်ဈေးကို ယာယီသတ်မှတ်ချက်နဲ့ ကန့်သတ်လိုက်သလို၊ ဗီယက်နမ်နိုင်ငံကလည်း သူတို့ရဲ့ စက်သုံးဆီဈေးနှုန်း တည်ငြိမ်ရေးရန်ပုံငွေထဲကနေ ထုတ်သုံးနေပြီလို့ နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါတယ်။

​စင်ကာပူအခြေစိုက် Asia Decoded က စီးပွားရေးပညာရှင် Priyanka Kishore ရဲ့ အဆိုအရ "အခုလုပ်နေတာတွေက ရေလက်ကြားသာ ဆက်ပိတ်နေဦးမယ်ဆိုရင် ဖြစ်လာမယ့် အခြေအနေတွေရဲ့ အစပဲ ရှိသေးတယ်" လို့ ဆိုပါတယ်။

​အရှေ့တောင်အာရှဟာ ကိုယ်ပိုင် သဘာဝသယံဇာတတွေ ရှိပေမဲ့လည်း သွင်းကုန်ဆီနဲ့ ဂတ်စ်ကိုပဲ အဓိက အားကိုးနေရတာပါ။ အဲဒီ သွင်းကုန်အများစုက ဟော်မုဇ် ရေလက်ကြားကို ဖြတ်လာရတာ ဖြစ်ပါတယ်။

​၂၀၂၄ ခုနှစ် အချက်အလက်တွေအရ ဒီရေလက်ကြားကို ဖြတ်သွားတဲ့ ရေနံစိမ်း ၈၄ ရာခိုင်နှုန်းနဲ့ သဘာဝဓာတ်ငွေ့ရည် (LNG) ၈၃ ရာခိုင်နှုန်းဟာ အာရှနိုင်ငံတွေကို ဦးတည်တာဖြစ်ပါတယ်။ တရုတ်၊ အိန္ဒိယ၊ ဂျပန်နဲ့ တောင်ကိုရီးယားက တင်ပို့မှုရဲ့ ၇၀ ရာခိုင်နှုန်းနီးပါးကို ယူထားပြီး ကျန်တဲ့ ၁၅ ရာခိုင်နှုန်းက အာရှတိုက်ရဲ့ တခြားနိုင်ငံတွေဆီ ရောက်တာပါ။

​ဂျကာတာအခြေစိုက် ERIA က စီးပွားရေးပညာရှင် Alloysius Joko Purwanto ကတော့ ဖိလစ်ပိုင်၊ ထိုင်း၊ မလေးရှားနဲ့ ဘရူနိုင်းတို့ဟာ ရေနံစိမ်းပြတ်လပ်မှုဒဏ်ကို အဆိုးဆုံး ခံရနိုင်တယ်လို့ ပြောပါတယ်။ ဒီနိုင်ငံတွေဟာ သူတို့သုံးစွဲနေတဲ့ ရေနံစိမ်းရဲ့ ၆၀ ကနေ ၉၅ ရာခိုင်နှုန်းအထိကို ပြည်ပကနေ တင်သွင်းနေရတာပါ။ ရေနံထွက်တဲ့ အင်ဒိုနီးရှားတောင်မှ သုံးစွဲမှုရဲ့ သုံးပုံတစ်ပုံကျော်ကို ပြည်ပကနေ ပြန်ဝယ်နေရပါတယ်။

​ဒီထောက်ပံ့ရေးလမ်းကြောင်း ပြတ်တောက်မှုကြောင့် ဒေသတွင်းက အရန်စွမ်းအင် သိုလှောင်ထားမှု အကန့်အသတ်ရှိတာကို မီးမောင်းထိုးပြသလို ဖြစ်နေပါတယ်။ ရေလက်ကြား ပိတ်ထားသမျှ ကာလပတ်လုံး ဒီအခြေအနေက ပိုဆိုးလာမှာပါ။
​ဗီယက်နမ်ကတော့ အရှေ့အလယ်ပိုင်း မဟုတ်တဲ့ တခြားနိုင်ငံတွေဆီကနေ ရေနံစိမ်း ၄ သန်းလောက် ဝယ်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ ဒါဟာ ဗီယက်နမ်တစ်နိုင်ငံလုံး ၆ ရက်စာ သုံးစွဲမှုလောက်ပဲ ရှိတာကြောင့် အရန်ဆီ ပြတ်လပ်ဖို့ အန္တရာယ် အလွန်များနေတယ်လို့ သုတေသီ Sam Reynolds က ပြောပါတယ်။

​အင်ဒိုနီးရှားမှာတော့ ၂၁ ရက်ကနေ ၂၃ ရက်စာလောက်ပဲ အရန်ဆီ ကျန်ပါတော့တယ်။ ထိုင်းစွမ်းအင်ဝန်ကြီးကတော့ သူတို့မှာ ၆၅ ရက်စာ ရှိပြီး နောက်ထပ် ၃၀ ရက်စာ ထပ်ဖြည့်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

​ဖိလစ်ပိုင်မှာတော့ ရက်ပေါင်း ၅၀ ကနေ ၆၀ စာရှိပေမဲ့ ဒါက ပုဂ္ဂလိကပိုင် သိုလှောင်ရုံတွေမှာ ရှိနေတာပါ။ ဒါကြောင့် အစိုးရက အခွန်လျှော့ပေးတာ၊ နိုင်ငံပိုင် ရေနံကုမ္ပဏီကနေ ထပ်ဝယ်တာနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေကို ဆီထုတ်ရောင်းပေးဖို့ တောင်းဆိုတာမျိုးတွေပဲ လုပ်နိုင်ပါတော့တယ်။
​ပြတ်တောက်သွားတဲ့ ထောက်ပံ့မှုကို အစားထိုးဖို့ နိုင်ငံတိုင်းက ကြိုးစားနေကြပေမဲ့ ရေနံချက်စက်ရုံ အမျိုးအစား မတူတာ၊ သယ်ယူပို့ဆောင်ရေး ဝေးတာနဲ့ စရိတ်ကြီးတာတွေကြောင့် ရေတိုမှာ အစားထိုးဖို့ ခက်ခဲနေပါတယ်။

​ဒီအခြေအနေသာ ဆက်သွားနေရင် ဆီဈေးတွေ ပိုတက်လာပြီး သုံးစွဲမှုအပေါ် ကန့်သတ်ချက်တွေ ပိုများလာပါလိမ့်မယ်။ ၂၀၂၆ ခုနှစ်မှာ ရေနံတစ်စည်ကို ပျမ်းမျှ ဒေါ်လာ ၈၀ လောက် ဖြစ်လာနိုင်ပြီး အာရှတစ်လွှားမှာ ငွေကြေးဖောင်းပွမှုနဲ့ စီးပွားရေး ကျဆင်းမှုတွေ ကြုံရနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

​လာမယ့် ၂ ပတ် ဒါမှမဟုတ် ၃ ပတ်အတွင်း ဟော်မုဇ် ရေလက်ကြားသာ ပြန်မပွင့်ဘူးဆိုရင် အရှေ့တောင်အာရှဟာ စီးပွားရေး ကပ်ဆိုက်မယ့် (Recession) အခြေအနေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။

image