Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
    	
 အင်္ဂလန်လူစာရင်းတွင် ဆာကာ ပါဝင်လာပေမယ့်လည်း ဘယ်လင်ဂမ်နှင့် ဖီဒန်တို့ မပါဝင်လာ 
 
အောက်တိုဘာ ၄ 
 
အင်္ဂလန်နည်းပြသောမတ်စ်တူချယ်ဟာ လာမယ့်အပတ် ဝေးလ်၊ လတ်ဗီးယားတို့နှင့်ရင်ဆိုင်ရမယ့် နိုင်ငံတကာပွဲစဉ်များအတွက် အင်္ဂလန်လူစာရင်းကို ကြေညာလာရာ ဘူကာယိုဆာကာအား ပြန်လည် ရွေးချယ်လာပါတယ်။ ဒါပေမယ့် တူချယ်ဟာ ဂျူ့ဘယ်လင်ဂမ်၊ ဂျက်ဂရဲလ်လစ်ရှ်နှင့် ဖီးလ်ဖိုဒန်တို့အား ချန်လှပ်လာပါတယ်။ 
 
အာဆင်နယ်တောင်ပံကစားသမားဆာကာဟာ တံကောက်ကြောဒဏ်ရာကြောင့် ပြီးခဲ့တဲ့လ အန်ဒိုရာ၊ ဆားဘီးယားတို့နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲများကို လွဲချော်ခဲ့သူလည်း ဖြစ်ပါတယ်။ 
 
ဒါပေမယ့် အသက် ၂၄ နှစ်ရှိ ဆာကာဟာ မကြာသေးမီတုန်းက အာဆင်နယ်အတွက် ပြန်လည် ကစားနိုင်လာခဲ့ကာ ဗုဒ္ဓဟူးနေ့တုန်းက အိုလံပီယာကို့စ်အား အနိုင်ရတဲ့ပွဲတွင် ဂိုးသွင်းနိုင်ခဲ့ပါတယ်။ 
 
အင်္ဂလန်ဟာ လာမယ့် ကြာသပတေးနေ့တွင် ဝင်ဘာလေကွင်းတွင် ဝေးလ်နှင့် ခြေစမ်းပွဲ ကစားမှာ ဖြစ်ပြီး ၁၄ ရက်နေ့တွင် ရီဂါမှာ လတ်ဗီးယားနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားရပါမယ်။ 
 
အင်္ဂလန်ဟာ လတ်ဗီးယားကို အနိုင်ရလာပါက နိုဝင်ဘာလ ဆားဘီးယား၊ အယ်ဘေးနီးယားတို့နှင့် နောက်ဆုံးပွဲစဉ်များတွင် ရမှတ် ၂ မှတ်ရရှိလာပါက ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာပါမယ်။ 
 
သောမတ်စ်တူချယ်ဟာ အာဆင်နယ်နှင့်ပွဲတွင် ဒူးဒဏ်ရာရရှိခဲ့တဲ့ တီနိုလီဗရာမန်တိုရဲ့ နေရာမှာ လေဗာကူဆင်နောက်ခံလူဂျာရဲလ်ကွမ်ရှာအား အစားထိုးရွေးချယ်လာပါတယ်။ 
 
ဒါ့အပြင် တူချယ်ဟာ အီးလီးယော့အင်ဒါဆင်၊ ဒီဂျက်စပင့်နှင့် ရူဘင်လိုတပ်ဖ်ချက်ခ်တို့အား ဆက်လက် ရွေးချယ်လာပါတယ်။ 
 
ဆာကာဟာ တူချယ် အင်္ဂလန်နည်းပြသစ်ဖြစ်လာပြီးနောက်ပိုင်းတွင် အင်္ဂလန်အတွက် ၁ ပွဲတည်းသာ ကစားထားနိုင်သူလည်း ဖြစ်ပါတယ်။ 
 
ဘယ်လင်ဂမ်မှာ ပုခုံးခွဲစိတ်ကုသမှု ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာပြီးနောက် ရီးရဲလ်မက်ဒရစ်အတွက် ၁ ပွဲတည်းသာ ပွဲထွက်ကစားထားနိုင်ပါတယ်။ 
 
Credit - Playmaker Journal 
 
#ဘောလုံးသတင်းစုံ

 
          
        
        
    	
 AC Induction Motor သည် ယနေ့ခေတ်တွင် အသုံးအများဆုံး လျှပ်စစ်မော်တာ နည်းပညာဖြစ်ပြီး၊ မော်တာအသုံးပြုမှု၏ ၉၀ ရာခိုင်နှုန်းကျော်ကို လွှမ်းမိုးထားပါသည်။ ၎င်းတို့ကို Single-phase (1ø) နှင့် Three-phase (3ø) ပုံစံများဖြင့် ထုတ်လုပ်ထားကာ မြင်းကောင်ရေ (horsepower) အနေဖြင့် အသေးစား အစိတ်အပိုင်း (fraction) မှသည် ထောင်နှင့်ချီ၊ သောင်းနှင့်ချီသော အထိ အမျိုးမျိုးရှိပါသည်။ 
ဤမော်တာများသည် ပုံသေအလျင် (constant speeds) ဖြစ်သည့် 900, 1200, 1800 သို့မဟုတ် 3600 rpm ဖြင့် လည်ပတ်နိုင်ပါသည်။ ထို့အပြင်၊ လိုအပ်သလို အလျင်ညှိယူနိုင်သည့် (adjustable-speed drive) စနစ်များဖြင့်လည်း တွဲဖက်တပ်ဆင် အသုံးပြုနိုင်ပါသည်။ Single-phase AC motors များကို အဓိကအားဖြင့် 120V မှ 240V, 50/60 Hz အတွက်သာ တည်ဆောက်ထုတ်လုပ်ကြပြီး၊ ၎င်းတို့သည် မြင်းကောင်ရေ အသေးစားများ (low horsepower) သာ ဖြစ်ပါသည်။ 
Single-phase မော်တာများကို ၎င်းတို့၏ မော်တာ စတင်လည်ပတ်ပုံ နည်းလမ်း (starting method) ပေါ် မူတည်၍ အမျိုးအစား များစွာ ခွဲခြားထားပါသည်။ အလယ်အလတ် စတင်အား (medium starting torque) လိုအပ်သော အသုံးချမှုများအတွက် Split-phase Motor ကို အသုံးအများဆုံး ဖြစ်သည်။ မော်တာတွင် Start Winding နှင့် Main (သို့မဟုတ်) Run Winding ဟူ၍ Winding နှစ်ခု ပါဝင်သည်။ လျှပ်စစ်စွမ်းအင် ရရှိသည်နှင့် Winding နှစ်ခုစလုံးသည် စွမ်းအင်ရရှိ (energized) ဖြစ်သည်။ 
မော်တာ စတင်လည်ပတ်နိုင်ရန်အတွက် Start Winding သည် လျှပ်စီးကြောင်း၏ Phase Difference ကို ထုတ်ပေးရသည်။ မော်တာ စတင်လည်ပတ်ပြီး ခဏအကြာတွင် Centrifugal Switch မှ Start Winding ကို အဆက်အသွယ် ဖြတ်တောက်ပေးသည်။သတ်မှတ်ထားသော ဝန်အပြည့်လည်အား၏ ၇၅% (75% of full-load speed) ကို ရောက်ရှိသည်နှင့် Centrifugal Switch သည် Starting Winding ကို ချက်ချင်း ဖြတ်တောက်ပေးမည် ဖြစ်သည်။ Split-phase motor အရွယ်အစားသည် ½ horsepower အထိသာ ရှိသည်။  
အသုံးများသော နေရာများမှာ ပန်ကာများ၊ လေမှုတ်စက်များ (blowers)၊ အဝတ်လျှော်စက်ကဲ့သို့သော အိမ်သုံးပစ္စည်းများ နှင့် လွှအသေးစားများ ကဲ့သို့သော နေရာများဖြစ်သည်။ မော်တာသည် ၎င်း၏ သတ်မှတ်ထားသည့် လည်ပတ်အားကို ရရှိပြီးမှသာ drill presses ကဲ့သို့သော ဝန် (load) အသုံးပြုသည့် ပစ္စည်းများကို စတင် အသုံးပြုလေ့ရှိသည်။ မော်တာကို ပြောင်းပြန်လည်စေလိုပါက၊ Start Winding (သို့မဟုတ်) Main Winding နှစ်စလုံး၏ အစများကို ပြောင်းပြန် ဆက်သွယ်ခြင်း ဖြင့် လုပ်ဆောင်နိုင်သည်။ သို့သော် မော်တာကွိုင်ပတ်ခြင်းနည်းပညာအရ Winding နှစ်ခုစလုံး၏ အစများကို မပြောင်းရပေ။ 
Dual-voltage split-phase motor တွင် Running Winding ကို အပိုင်းနှစ်ပိုင်း ခွဲထားပြီး 120V (သို့မဟုတ်) 240V ဖြင့် မောင်းနှင်ရန် လိုအပ်သည်။ 240 V ဖြင့် မောင်းနှင်လျှင် Running Winding နှစ်ခုကို တန်းဆက် (series) ဆက်သွယ်ရမည်။ 120V ဖြင့် မောင်းနှင်မည်ဆိုလျှင် Running Winding နှစ်ခုကို အပြိုင် (parallel) ဆက်သွယ်ရမည်။ Low voltage အတွက် Supply Lines နှစ်ကြိုးဖြင့် Start Winding ကို ဆက်သွယ်ရမည်။ High voltage အတွက်မူ လိုင်းကြိုး (line) တစ်ကြိုး၏ အစတစ်ဘက်နှင့် Run Winding ၏ အလယ်မှတ် (center tap) တို့အား Starting Winding နှင့် ဆက်သွယ်ရမည်ဖြစ်သည်။ 
Dual-voltage split-phase motor ကို ပြောင်းပြန်လည်ပတ်စေရန်အတွက် Start Winding ၏ နှစ်စကို ပြောင်းပြန် ဆက်သွယ်ခြင်းဖြင့် လုပ်ဆောင်ရသည်။ သာမန် Dual-voltage Split-phase Motor သည် 120/240 V ဖြစ်သည်။ ဗို့အားကိုသာ ရွေးချယ်အသုံးပြုခွင့် ရလျှင် မည်သည့် Dual-voltage Split-phase Motor အတွက်မဆို ဗို့အားအမြင့် (higher voltage) ကို အသုံးပြုခြင်းက ပို၍ ကောင်းမွန်သည်။ မြင်းကောင်ရေတူသော မော်တာကို တူညီသည့် ဗို့အား ပေးလျှင် တူညီသည့် စွမ်းအင်ကို ထုတ်ပေးသည်။ ဗို့အားကို 120V မှ 240V၊ နှစ်ဆပို အသုံးပြုလိုက်လျှင် လျှပ်စီးကြောင်း (current) သည် တစ်ဝက် ကျဆင်းသွားမည်။ မော်တာသည် Current ပမာဏကို လျှော့၍ အသုံးပြုရသောကြောင့် ကြိုးအရွယ်အစားလည်း ပိုသေးနိုင်ပြီး Line Power Losses များလည်း လျော့ကျသွားမည် ဖြစ်သည်။ 
Single-phase motor များသည် Capacitor (လျှပ်သို) ကို အသုံးပြုနိုင်သည်။ ထို Capacitor သည် Stator Winding ၏ တစ်ဖက်နှင့် တန်းဆက် (series) ဆက်သွယ်ရသည်။ အကြောင်းမှာ Start Winding နှင့် Run Winding ကြားတွင် Phase Difference ကို ပိုမိုရရှိစေရန် ဖြစ်သည်။ ၎င်းသည် Split-phase Motor ထက် ပိုမိုမြင့်မားသော Starting Torque ကို ထုတ်ပေးနိုင်သည်။Capacitor Motors သုံးမျိုးရှိသည်။ ၎င်းတို့မှာ- 
~ Capacitor Start သည် capacitor phase တစ်ခုကို မော်တာ စတင်လည်ပတ်သည့်အချိန် (starting) တွင်သာ လျှပ်စီးပတ်လမ်းထဲသို့ ဝင်ရောက်သည်။ 
~ Permanent-Split Capacitor : Capacitor သည် စတင်လည်ပတ်သည့်အချိန်ရော၊ အရှိန်ရသည့်အချိန် (running) တွင်ပါ ပါဝင်နေသည်။ 
~ Two-value Capacitor : ၎င်းတွင် Starting နှင့် Running အခြေအနေအတွက် Capacitor တန်ဖိုး မတူညီကြပါ။ Capacitor သည် Stator Winding နှင့် အမြဲတမ်း တန်းဆက် ဆက်သွယ်ထားသည်။ 
Two-value capacitor ဒီဇိုင်းသည် Capacitor Switching System ပါဝင်သောကြောင့် Capacitor Start Motor ထက် အနည်းငယ် ဈေးပိုကြီး သည်။ ၎င်းကို တပ်ဆင်အသုံးပြုသော နေရာများတွင် Compressors, Pumps, Machine Tools, Air Conditioners, Conveyors, Blowers, Fans နှင့် စက်တစ်လုံး စတင်ရန် ခက်ခဲသော (hard-to-start) အသုံးချမှုများ တို့ ပါဝင်ပါသည်။
 
        
    	
 Yoga instructor လုပ်ချင်တယ်ဆိုရင် အချိန် ဘယ်လောက်လိုသလဲ?? 
တနှစ်လောက်အချိန်ပေးရင် အကောင်းဆုံးပါ၊ ပထမဆုံး practice လုပ်ရမဲ့အဆင့်တွေရှိမယ် beginner intermediate advanced level နောက် next level ဆိုရင် ကိုယ်ကိုယ်ကို poseတွေထွင်တဲ့ levelရောက်သွားပြီ၊ တချို့ ချယ်မီး ပို့စ်တွေဆိုတွေ့လိမ့်မယ် ပုံမှန်ကျင့်နေတဲ့ထဲမှာမပါဘူး 
ပုံမှန်ကျင့်တဲ့ ယောဂအကွက်တွေကတော့ 84ခုရှိတယ်၊ လက်ရှိမှာ ခွဲထွက်တာဆိုရင် 200 လောက်ရှိမယ်  
ဒီလိုအဆင့်တွေရှိတဲ့တွက်ကြောင့် ကိုယ်က yoga instructor တယောက်ဖြစ်ချင်တယ်ဆိုရင် beginner တွေသင်ရင် လွယ်ပေမဲ့ တနှစ်လောက်အချိန်ပေးရင်တော့ ပိုကောင်းပါတယ် 
ယောဂသင်တာနဲ့ လေ့ကျင့်တာနဲ့က ဘာသာရပ် သပ်သပ်စီဖြစ်တယ်၊ ဘာလို့ဆို လေ့ကျင့်တာက ကိုယ် ခန္ဓာကိုယ် နားလည်ပြီးလေ့ကျင့်တာ၊ ပြန်သင်တာကျတော့ တယောက်နဲ့ တယောက် ခန္ဓာကိုယ်တွေက မတူညီနိုင်ဘူး 
ဉပမာ - ယောကျ်ားလေးအများစုဆိုရင် အကြောပိုတင်းတာ၊ ကျား၊ မ အသက်အရွယ် ပေါ်မူတည်ပြီး ကွဲပြားနိုင်တဲ့တွက် ယောဂကျင့်နေရင်းနဲ့ တခြားသူတွေနဲ့ စကားပြောကြည့်တာ experience ယူတာတွေလုပ်ရင်းနဲ့ဆို အနည်းဆုံး တနှစ်လောက် အချိန်ပေးတာ အကောင်းဆုံးဖြစ်ပါတယ် 
 
Credit to owner
 
        
    	
 တော်တော်များများက မြင်တာနဲ့ မျက်နှာလွှဲကြတယ်။ ခါးတဲ့အရသာကြောင့်ပေါ့။ ဒါပေမယ့် သိထားသင့်တာက ဒီလို ခါးသက်သက် အရွက်ဟာ ကျွန်တော်တို့ ကျန်းမာရေးအတွက် တကယ့်ကို အဖိုးတန်ပြီး ကောင်းမွန်လွန်းလို့ပါပဲ 💚။ 
ဒီသင်္ဘောပွင့်ဟာ ခါးပင်မဲ့လည်း စားသင့်တဲ့ အကြောင်းရင်းတွေကတော့....... 
☑ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတယ် 
 သူ့မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပေးတဲ့ (Antioxidant) ဓာတ်တွေဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ဓာတ်တွေကို တိုက်ထုတ်ပေးပြီး ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ 
☑ သွေးအားနည်းတာကို ကူညီပေးတယ် 
 သွေးဥမွှာ ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတာကြောင့် သွေးအားနည်းသူတွေအတွက် အထူးကောင်းမွန်ပါတယ်။ 
☑ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတယ် 
 သွေးတွင်းသကြားဓာတ်ကို ဟန်ချက်ညီအောင် ထိန်းညှိပေးနိုင်လို့ ခန္ဓာကိုယ်အတွက် အကျိုးရှိစေပါတယ်။ 
☑ အစာခြေစနစ်ကို အထောက်အကူပြုတယ် 
 အစာခြေစနစ်အတွက် အလွန်ကောင်းမွန်ပြီး အူလမ်းကြောင်းထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ 
☑ ကိုယ်ခံအားကို မြှင့်တင်ပေးတယ် 
 ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး ခန္ဓာကိုယ်ကို ပိုမိုကျန်းမာစေပါတယ်။ 
ဘယ်လိုပြင်ဆင်ပြီး စားရမလဲ...? 
ကျွန်တော်တို့လို ရိုးရာအရသာ ကြိုက်သူတွေကတော့ သင်္ဘောပွင့်ကို ရေနွေးဖျောပြီး ငပိရည်နဲ့ တို့စားလေ့ရှိပါတယ်။ ဒီအရသာက ခါးပေမယ့် စွဲလန်းစရာကောင်းပါတယ်။ 
တချို့တွေကတော့ အဖိုပင်ရဲ့ အရွက် (သို့မဟုတ် အဖိုပွင့်) ကို ရေနွေးကြမ်းလို ကြိုသောက်ကြတယ်။ ခါးသက်သက်အရသာ လျော့ချင်ရင် စံပယ်ပန်းလို အနံ့မွှေးတဲ့ ပန်းတွေနဲ့ ရောထည့်ပြီး ကြိုချက်သောက်သုံးနိုင်ပါတယ်။ 
ပြောရမယ်ဆိုရင်......  
အရသာအတွက် ခဏမေ့ထားပြီး ရဲရဲသာ မြည်းကြည့်လိုက်ပါ။ သင်္ဘောပွင့်ကနေ ရလာမယ့် ကျန်းမာရေးကောင်းကျိုးတွေကို သဘောကျသွားမှာပါ ✨ 
🥗 ကျန်းမာရေးကို မြန်မာ့ရိုးရာ သဘာဝဆေးဖက်ဝင်အပင်တွေနဲ့ ပြုစုစောင့်ရှောက်ရတာ ကြိုက်တဲ့သူဆိုရင် ဒီလို "ခါးတဲ့အရာ" တွေကို တစ်ခါတလေ စားကြည့်ပါ။ 
ဘာလို့လဲဆိုတော့... တချို့အချိန်တွေမှာ သင့်ခန္ဓာကိုယ်က လိုအပ်နေတဲ့ အကောင်းဆုံးသော သဘာဝဆေးစွမ်းကောင်းတွေ ဖြစ်နေတတ်လို့ပါပဲ။
