ပြည်တွင်းရွှေဈေး တရက်တည်း ကျပ် ခုနစ်သိန်းနီးပါး ခုန်တက်

ကမ္ဘာ့ရွှေဈေး ထပ်မံ စံချိန်ချိုး မြင့်တက်လာမှုနဲ့အတူ လက်ရှိမှာ ပြည်တွင်းရှိ ပြင်ပ ရွှေဈေးဟာလည်း တရက်အတွင်း ကျပ် ခုနစ်သိန်းနီးပါး ခုန်တက်လာပြီး ကျပ် တရာတဆယ့်နှစ်သိန်း လေးသောင်းဝန်းကျင်ကို ရောက်ရှိနေတယ်လို့ ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။
လက်ရှိမှာ ကမ္ဘာ့ရွှေဈေးဟာ တအောင်စ ဒေါ်လာ ၅၂၇၄ ဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ပြီး တရက်အတွင်း တအောင်စ ဒေါ်လာ ၂၀၀ ကျော် ထပ်မံ မြင့်တက်လာတာကို တွေ့ရပါတယ်။
“ကမ္ဘာ့ရွှေဈေးက ဆက်တက်နိုင်ခြေ ရှိနေသေးတယ်။ လက်ထဲ ရှိတဲ့သူတွေကတော့ ဒီအချိန်မှာ အရောင်းအဝယ် မလုပ်တော့ဘဲ ရေရှည် စုဆောင်းနိုင်ရင် အကောင်းဆုံးလို့သာ မြင်ပါတယ်။ ဈေးကွက်က အတက်ဘက်ကို အားကောင်းနေတဲ့အတွက် အရောင်းအဝယ် လုပ်မယ့်သူတွေ အထူးသတိထားရမယ့် အချိန်ပါ” လို့ ရွှေကုန်သည် တယောက်က ပြောပါတယ်။
ပြည်တွင်းမှာ အခေါက်ရွှေဈေး သိန်း ၁၀၀ ကျော်ကို စတင်မြင့်တက် ရောက်ရှိစဉ်က ရွှေအတုံး အရောင်းအဝယ်ဈေးကွက် တခုလုံး ရပ်တန့်ခဲ့ပေမယ့် ဒီရက်ပိုင်းမှာတော့ ရွှေဆိုင်ကြီးတချို့ အရောင်းအဝယ်တွေ ပြန်ဖွင့်ပေးလာပြီး ဆိုင်တချို့ကတော့ အခြေအနေကို စောင့်ကြည့်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
“နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ (IMF) လို ကမ္ဘာအဆင့် အဖွဲ့အစည်းတွေတောင် ဒေါ်လာနဲ့ ဆက်စပ်နဲ့ ပိုင်ဆိုင်မှုတွေကို ထုတ်ရောင်းရမလား စဥ်းစားနေပြီဆိုပါတယ်။ IMF ရဲ့ မန်နေဂျင်း ဒါရိုက်တာ Kristalina Georgieva ကိုယ်တိုင် ထုတ်ပြောလာပါပြီ။ ဒါဆိုရင် ကမ္ဘာ့ရွှေစျေးကတော့ အမြင့်မှာဆက်ပြီး မဖြစ်မနေ ရှိကို ရှိနေတော့မှာပါ” လို့ ရွှေဈေးကွက် လေ့လာစောင့်ကြည့်သူ တယောက်က ပြောပါတယ်။
လက်ရှိမှာ ကမ္ဘာ့ရွှေဈေးဟာ တအောင်စ ဒေါ်လာ ၅၀၀၀ ကျော်ကနေ စံချိန်တင် အတက်ကြမ်းနေဆဲ ဖြစ်တာကြောင့် နိုင်ငံတကာ ဈေးကွက်အတွင်းမှာလည်း ရိုက်ခတ်မှုတွေ ရှိနေပြီး ဈေးမငြိမ်သက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းမှာလည်း ရွှေဈေး ဘတ် ခုနစ်သောင်း ကျော်လာတဲ့အတွက် နိုင်ငံအတွင်းက ရွှေဆိုင်တချို့ ပိတ်သိမ်းရဖွယ် ရှိနေတယ်လို့ ထိုင်းနိုင်ငံ ရွှေကူးသန်း ရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌ Jitti Tangsitpakdee က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်နေ့က ပြောကြားထားပါတယ်။
အခုလို ထင်မှတ်မထားလောက်အောင် ရွှေဈေး မြင့်တက်လာတဲ့အတွက် အခု ၂၀၂၆ ခုနှစ်အတွင်း ရွှေဆိုင်‌ ဒါဇင်ပေါင်းများစွာ ပိတ်သိမ်းရနိုင်ခြေ ရှိနေတယ်လို့ ဥက္ကဋ္ဌ က ဆိုပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၂၈ ရက်မှာ ထိုင်းရွှေဈေးဟာ ဘတ် ခုနစ်သောင်း ခုနစ်ထောင်ကျော် ဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ကာ ဇန်နဝါရီ ၂၀ ရက်နေ့ နောက်ပိုင်းကစပြီး ဘတ် ခုနစ်သောင်း ကျော်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းရွှေဈေးကွက်အတွင်း လက်ရှိမှာ အခေါက်ရွှေဝယ်ယူမှု ပိုမို များပြားလာပြီး ရွှေထည်ပစ္စည်း ဝယ်လိုအား ကျဆင်းလာခြင်း၊ ရွှေစျေး ကောင်းနေတဲ့အတွက် ပေါင်နှံခြင်းထက် ပြန်လည်ရောင်းချသူ ပိုများလာတာကြောင့် ရွှေအပေါင် လုပ်ငန်းတွေရဲ့ ဝင်ငွေနည်းလာခြင်းတို့ကို ရွှေဆိုင်တွေ ကြုံတွေ့နေရတယ်လို့ ထိုင်းနိုင်ငံ ရွှေကူးသန်း ရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌက ပြောပါတယ်။
လက်ရှိမှာ ထိုင်းနိုင်ငံက ရွှေဆိုင်တွေ ပိတ်သိမ်းရခြင်းဟာ ဈေးကွက်အတွင်း အရှုံးပေါ်နေလို့ မဟုတ်ဘဲ ရွှေဈေး အတက်ကြမ်းနေတဲ့အချိန် အကျိုးအမြတ် ရယူနိုင်ဖို့အတွက် လုပ်ငန်းရပ်နားဖို့ ဆုံးဖြတ်ကြခြင်းမျိုး ဖြစ်တယ်လို့ ဥက္ကဋ္ဌက အသိပေး ပြောကြားထားပါတယ်။
နိုင်ငံတကာ သတင်းတချို့ရဲ့ ဖော်ပြချက်အရ ဂရင်းလန်းကျွန်းအရေးနဲ့ ပတ်သက်ပြီး ကမ္ဘာ့အင်အားကြီး အမေရိကန်နဲ့ နေတိုးအဖွဲ့တို့ကြား စစ်ရေးတင်းမာမှုတွေ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေဟာ မသေချာ၊ မရေရာမှုတွေနဲ့ ရင်ဆိုင်လာရတဲ့အတွက် ရွှေဝယ်လိုအား မြင့်တက်ခဲ့ကာ ကမ္ဘာ့ရွှေဈေးလည်း တအောင်စ ဒေါ်လာ ၅၀၀၀ ကျော်ကို ပထမဦးဆုံးအကြိမ် စံချိန်တင် မြင့်တက်သွားတယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြထားပါတယ်။

image

ကမ္ဘာနှစ်ပတ်ခရီးထက်ပိုပြီး ခရီးသွားထားရတဲ့ ချန်ပီယံလိဂ်ကလပ်
==================

ကိုင်ရက်အယ်မာတီဟာ ယနေ့ည အမ်းမရိတ်ကွင်းပွဲစဉ်တွင် အာဆင်နယ်နှင့် ချန်ပီယံလိဂ်ကစားရန် လာရောက်ခဲ့ရပြီး‌နောက် ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကမ္ဘာနှစ်ပတ်ကျော်ခရီးသွားလာခဲ့ရပါတယ်။
ကာဇက်စတန်ကလပ် မြောက်လန်ဒန်သို့ ချန်ပီယံလိဂ်ကစားရန် ၃၅၀၄ မိုင် ခရီးနှင်လာကာ အမှတ်ပေးဇယားထိပ်ဆုံးမှ အာဆင်နယ်နှင့် ရင်ဆိုင်ကစားရပါမယ်။
ကိုင်ရက်အယ်မာတီဟာ မြောက်လန်ဒန်ခရီးကြောင့် ယခုရာသီ ချန်ပီယံလိဂ်တွင် စုစုပေါင်း ၅၂၉၃၈ မိုင်အထိ ခရီးသွားလာခဲ့ရကာ ကမ္ဘာနှစ်ပတ်ကျော် ခရီးသွားလာခဲ့ရတာလည်း ဖြစ်ပါတယ်။
ကာဇက်စတန်ကလပ်ဟာ ချန်ပီယံလိဂ်တွင် ခရီးများစွာ သွားလာရမှုနှင့်အတူ ရမှတ် ၁ မှတ်တည်းသာ ရရှိကာ အမှတ်ပေးဇယားကြမ်းခင်းမှာ ရပ်တည်နေပါတယ်။
တကယ်တော့ ကာဇက်စတန်ဟာ အာရှတွင် တည်ရှိတာ ဖြစ်ပြီး လန်ဒန်ထက် တရုတ်နိုင်ငံ ဘေဂျင်းနှင့် ပိုနီးတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒါပေမယ့် ၎င်းတို့ဟာ ၂၀၀၂ ခုနှစ်ကတည်းက ယူအီးအက်ဖ်အေအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့တာပါ။
အာရှတိုက်တွင် ရှိနေပမယ့် ယူအီးအက်ဖ်အေအဖွဲ့ဝင် နိုင်ငံ ဖြစ်မှုနှင့်အတူ ကာဇက်စတန်ကလပ် ကိုင်ရက်အယ်မာတီတို့ ခရီးများစွာ သွားလာရတာ အံ့ဩစရာတော့ ဖြစ်မနေပါဘူး။

image

ယူနိုက်တက်နည်းပြရာထူးနှင့် လွဲပြီးနောက် ပရီးမီးယားလိဂ်ကလပ်တွင် အလုပ်သစ် လုပ်လာမယ့် အိုလီဂန်းနားဆိုးလ်ရှား
===================

ယူနိုက်တက်နည်းပြဟောင်းအိုလီဂန်းနားဆိုးလ်ရှားဟာ ယခုအပတ်တွင် အင်္ဂလန်မှာ အလုပ် ပြန်လုပ်လာပါမယ်။
အသက် ၅၂ နှစ်ရှိ ဘီဆစ်တပ်ဟာ ဩဂုတ်လတုန်းက ဘီဆစ်တပ်မှ ထွက်ခွာပြီးနောက် အလုပ်လုပ်လက်မဲ့ ဖြစ်လာခဲ့တာပါ။
သူဟာ ရူဘင်အမိုရမ် ထုတ်ပယ်ခြင်းခံရပြီးနောက် ယူနိုက်တက်နည်းပြရာထူးအတွက် အင်တာဗျူး ပြုလုပ်ခဲ့ပေမယ့်လည်း တပည့်ဟောင်းမိုက်ကယ်ကာရစ်ကို အရေးနိမ့်သွားခဲ့ပါတယ်။
ဒါပေမယ့် ဆိုးလ်ရှားဟာ ကလပ်သစ်ရှာဖွေနေစဉ်အတွင်းတွင် ယူအီးအက်ဖ်အေတွင် အလုပ်လုပ်လာပါမယ်။
နော်ဝေနိုင်ငံသားနည်းပြဟာ ယခုရာသီ ချန်ပီယံလိဂ်ပွဲစဉ်များအား နည်းစနစ်ပိုင်းစောင့်ကြည်သူအဖြစ် အလုပ်လုပ်လာပါမယ်။
သူဟာ ယနေ့ညတွင် အန်ဖီးလ်ကွင်းမှာ လီဗာပူးနှင့် ကွာရာဘတ်နှင့် ကစားမယ့်ပွဲတွင် စတင် တာဝန်ထမ်းဆောင်လာမှာလည်း ဖြစ်ပါတယ်။
လီဗာပူးဟာ ကွာရာဘတ်နှင့်ပွဲတွင် အနိုင်ရရှိပါက ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်သို့ တိုက်ရိုက်တက်ရောက်လာပါမယ်။
ယူအီးအက်ဖ်အေရဲ့ နည်းစနစ်ပိုင်းစောင့်ကြည့်သူအဖြစ် စပါးစ်နည်းပြဟောင်းအန့်ပိုစတီကိုဂလူ၊ ဂါရတ်ဆောက်ဂိတ်နှင့် ပေါ်တူဂီနည်းပြရောဘတ်တိုမာတီနက်ဇ်တို့လည်း အလုပ်လုပ်နေကြပါတယ်။
ပိုစတီကိုဂလူဟာ ပြီးခဲ့တဲ့အပတ်တုန်က မီလန်တွင် အင်တာမီလန်အား အာဆင်နယ်တို့ ၃-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

image

ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် မက္ကဆီကိုတွင် ပွဲကစားရန် မရှိပေမယ့် မက္ကဆီကိုရှိ ပါတီမြို့တော်တွင် အခြေစိုက်လာမယ့် ရော်နယ်ဒိုရဲ့ပေါ်တူဂီအသင်း
====================

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ပေါ်တူဂီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် မက္ကဆီရဲ့ ပါတီမြို့တော်အခြေစိုက်လာပါမယ်။
ပေါ်တူဂီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် မက္ကဆီကိုမှာ ပွဲကစားရန် မရှိပေမယ့်လည်း မက္ကဆီကိုမှာ အခြေစိုက်လာမှာ မဟုတ်ပါဘူး။
ရောဘတ်တိုမာတီနက်ဇ်ရဲ့အသင်းဟာ ကိုလံဘီယာ၊ ဥဇဘက်ကစ္စတန်၊ ကွန်ဂို (သို့မဟုတ်) ဂျာမေကာ (သို့မဟုတ်) နယူးကာလီဒိုးနီးယားတို့နှင့် ရင်ဆိုင်ရပါမယ်။
ပေါ်တူဂီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် မက္ကဆီကိုရှိ Fairmont Mayakoba အပန်းဖြေစခန်းတွင် အခြေစိုက်ကာ အနီးရှိ ခန်းခင်ရှိ Mayakoba Training Centre မှာ လေ့ကျင့်မှု ပြုလုပ်လာမှာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် ဖီဖာဘက်ကတော့ ပေါ်တူဂီအသင်း အခြေစိုက်မယ့် နေရာကို အတည်ပြုထားခြင်းတော့ မရှိသေးပါဘူး။
ဒါပေမယ့်‌ ပေါ်တူဂီအသင်းဘက်က Fairmont Mayakoba အပန်းဖြေစခန်းတွင် အခြေစိုက်ရန် ပထမဦးစားပေးအဖြစ် ဖီဖာထံ တင်ပြထားပါတယ်။
ခန်းခင်မှာ မက္ကဆီကိုရဲ့ ပါတီမြို့တော်အဖြစ် နာမည်ကြီးတဲ့ မြို့ ဖြစ်ပြီး နွေဦးပိတ်ရက်များတွင် နိုင်ငံတကာမှ ခရီးသွားများ လာရောက် အပန်းဖြေရာ မြို့ ဖြစ်ပါတယ်။
ခန်းခင်တွင် လူဦးရေ ၁ သန်းတည်းသာ ရှိပေမယ့်လည်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ဧည့်သည် ၂ သန်းအထိ လာရောက်လည်ပတ်မယ်လို့ ယူဆခြင်းခံထားရပါတယ်။
ပေါ်တူဂီအသင်းဟာ အုပ်စုပွဲ ၃ ပွဲမှ ၂ ပွဲကို ဟူစတန်တွင်လည်းကောင်း၊ ၁ ပွဲကို မိုင်ယာမီတွင်လည်းကောင်း ကစားရပါမယ်။
၎င်းတို့ဟာ ရှုံးထွက်အဆင့်များသို့ တက်ရောက်ရပါက ကန်ဆက်စ်စီးတီး၊ ဗန်ကူးဗား၊ ကန်ဆက်စ်စီးတီး၊ အတ္တလန္တာနှင့် နယူးယောက်တို့တွင် ကစားရပါမယ်။
ခန်းခင်မှာ မက္ကဆီကိုတွင် တည်ရှိပေမယ့်လည်း မက္ကဆီကိုပင်လယ်ကွေ့တွင် တည်ရှိရာ အုပ်စုပွဲသွားကစားရမယ့် မြို့နှစ်မြို့မှာ တူညီလုနီးပါးတဲ့ အကွာအဝေးတဲ့မြို့ ဖြစ်ပါတယ်။
ခန်းခင်မှ မိုင်ယာမီသို့ လေယာဉ်ခရီး ၁ နာရီ ၅၀ မိနစ်သာ ရှိပြီး ဟူစတန်သို့ လေယာဉ်ခရီး ၂ နာရီ ၁၀ မိနစ်တည်းသာ ကြာပါတယ်။
ပေါ်တူဂီအသင်းစခန်းချလာမယ့် Fairmont Mayakoba အပန်းဖြေစခန်း၊ Mayakoba Training Centre တို့မှာ သဘာဝတောအုပ်ဖုံးလွှမ်းရာ နေရာဖြစ်တဲ့အပြင် ဒီရေတောအုပ်၊ သဘာဝတူးမြောင်းတို့ ရှိနေရာ သဘာဝနှင့် ထိတွေ့ခွင့်ရမှာ ဖြစ်သလို သီးသန့်နေထိုင်နိုင်ပါမယ်။
Fairmont Mayakoba မှာ မက္ကဆီရဲ့ အကောင်းဆုံးအပန်းဖြေစခန်းစာရင်းဝင် တစ်ခု ဖြစ်ပြီး အခန်း ၄၀၀ ရှိကာ တန်ဖိုးအကြီးဆုံးအခန်းရဲ့ တစ်နေ့တာ အဖိုးခမှာ ဒေါ်လာ ၂၀၀၀ အထိ ရှိပါတယ်။
ယင်းအပန်းဖြေစခန်းအတွင်းတွင် စားသောက်ဆိုင် ၈ ဆိုင်၊ ဘား ၃ ခု၊ အားကစားလေ့ကျင့်ရေးခန်းနှင့် ရေကူးကန်တို့လည်း ပါဝင်ပါတယ်။ ဒါ့အပြင် ကိုယ်ပိုင် စပါခန်း၊ ဂေါက်ကွင်းတို့ ပါဝင်သလို အထူးခြားဆုံးအနေဖြင့် သဲဖြူများဖုံးလွှမ်းနေတဲ့ သီးသန့်ကမ်းခြေတစ်ခုလည်း ရှိပါသေးတယ်။

image

ဂီတလောကသို့ ဝင်ရန် အသင့် ဖြစ်နေပြီ ဖြစ်တဲ့ ယူနိုက်တက်ဂန္ထဝင်အဲရစ်ကန်တိုနာ
====================

အဲရစ်ကန်တိုနာဟာ ပထမဆုံးအယ်ဘတ် ထုတ်ဝေရန် အသင့်ဖြစ်နေပြီ ဖြစ်ပြီး ပရော်ဖက်ရှင်နယ်ဘဝသစ်သို့ ခြေလှမ်းလှမ်းလာတော့မှာ ဖြစ်ပါတယ်။
အသက် ၅၉ နှစ်ရှိ ယူနိုက်တက်ဂန္ထဝင်ဟာ ယူနိုက်တက်နှင့် ပြင်သစ်အသင်းတို့တွင် ကစားစဉ် ကြီးမားတဲ့ အောင်မြင်မှုများ ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။
သူဟာ ယူနိုက်တက်နှင့်အတူ အမှတ်ပေးဖလားများအပြင် အက်ဖ်အေဖလားတို့ ဆွတ်ခူးခဲ့သလို တစ်နှစ်တာအကောင်းဆုံးကစားသမားဆုများကိုလည်း ရယူခဲ့ပါတယ်။
ကွင်းအတွင်းတွင် အောင်မြင်မှုများစွာ ရယူခဲ့တဲ့ အဲရစ်ကန်တိုနာဟာ ဘောလုံးပြင်ပ ဂီတလောကတွင်လည်း ထိပ်တန်းအောင်မြင်မှု ရယူရေး ရည်မှန်းနေပြီ ဖြစ်ပါတယ်။
သူဟာ ၂၀၂၃ ခုနှစ်တုန်းက EP အခွေ တစ်ခွေ ထွက်ပြီးနောက် လိဒ်၊ လန်ဒန်၊ မန်ချက်စတာအပြင် စကော့တလန်၊ ပြင်သစ်၊ နယ်သာလန်နိုင်ငံများသို့ အောင်မြင်တဲ့ ‘Cantona Sings Eric Tour’ ထွက်နိုင်ခဲ့ပါတယ်။
ယခုအခါ သူဟာ ပထမဆုံးအယ်ဘမ်အဖြစ် ‘Perfect Imperfection’ အခွေအား ထုတ်ဝေရန် အသင့် ဖြစ်နေပြီ ဖြစ်ပါတယ်။
ယင်းအယ်ဘမ်တွင် သီချင်း ၁၁ ပုဒ်ပါဝင်ပြီး ယင်းမှ ၉ ပုဒ်ကို အဲရစ်ကန်တိုနာ ကိုယ်တိုင် ရေးသားသီဖွဲ့ထားတာပါ။
လက်ရှိအချိန်တွင် ‘Perfect Imperfection’ အား Green Vinyl LP နှင့် CD တို့ဖြင့် Pre-Order လက်ခံနေပြီ ဖြစ်ပြီး ကြိုတင်အမှာ ပြုလုပ်တဲ့ အခွေများတွင် အဲရစ်ကန်တိုနာ ကိုယ်တိုင် အမှတ်တရ လက်မှတ်ရေးထိုးပေးလာပါမယ်။

image

၂၀၃၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို စပိန်တွင် ကစားသွားမည်
===================

စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌက ၂၀၃၀ အမျိုးသားကမ္ဘာ့ဖလားဗိုလ်လုပွဲကို စပိန်တွင် ကစားသွားမည်ဖြစ်ကြောင်း အတည်ပြု ကြေညာသွားပါတယ်။
၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို စပိန်၊ ပေါ်တူဂီနှင့် မော်ရိုကိုတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပသွားမှာ ဖြစ်ပြီး ကမ္ဘာ့ဖလားနှစ်တစ်ရာပြည့်အထိမ်းအမှတ်အဖြစ် အဖွင့်ပွဲ ၃ ပွဲကို ဥရုဂွေး၊ အာဂျင်တီးနားနှင့် ပါရာဂွေးတို့တွင် ကျင်းပလာပါမယ်။
မော်ရိုကိုက ကမ္ဘာ့ဖလားဗိုလ်လုပွဲကို လက်ခံကျင်းပရေး စိတ်အားထက်သန်ခဲ့ပေမယ့်လည်း စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌရာဖေးလ်လူးဝစ်ဇ်က "စပိန်က အဖွဲ့အစည်းဆိုင်ရာစွမ်းရည်ကို နှစ်ပေါင်းများစွာ သက်သေပြလာခဲ့ပြီး ဖြစ်ပါတယ်။ ဒါက ၂၀၃၀ ကမ္ဘာ့ဖလားရဲ့ ခေါင်းဆောင်လာစေပါမယ်။ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ဒီမှာပဲ ကစားလာပါမယ်"လို့ ပြောကြားသွားပါတယ်။
၂၀၃၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲအား ကစားရန် ရီးရဲလ်မက်ဒရစ်ရဲ့ ဘာနေဗျူးကွင်းနှင့် ဘာစီလိုနာရဲ့ နူးကမ့်ကွင်းတို့အား လျာထားတယ်လို့ သတင်းထွက်နေပေမယ့် စပိန်ဘောလုံးအဖွဲ့ချုပ်ကတော့ နောက်ထပ် အချက်အလက်များကို ပြောကြားသွားခြင်း မရှိပါဘူး။
ဒါပေမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ဘယ်မှာ ကစားမယ်ဆိုတာ ဖီဖာကသာ ဆုံးဖြတ်လာမှာ ဖြစ်ပါတယ်။
မော်ရိုကိုက ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ကာဆာဘလင်ကာရှိ Grand Stade Hassan II ကွင်းတွင် ကျင်းပလာနေတာပါ။ ယင်းကွင်းကို ၂၀၂၈ ခုနှစ်တွင် အပြီးသတ်လာမှာ ဖြစ်ပြီး ပရိသတ် ၁၁၅၀၀၀ ဝင်ဆန့်လာပါမယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဇန်နဝါရီ ၂၉ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၅၅၃၁ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆,၁၀၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၁,၅၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၁,၅၁၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၄၇၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၄၃၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၁,၄၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၁,၃၉၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၁,၀၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၉၉၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၉ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၀၂၀ ကျပ်
ဝယ်ဈေး - ၃၉၂၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၈၀ ကျပ်
ဝယ်ဈေး - ၃၁၀၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၈၁၀ ကျပ်
ဝယ်ဈေး - ၄၆၉၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၉.၀၃ ကျပ်
ဝယ်ဈေး - ၁၂၅.၇၉ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၂၀ ကျပ်
ဝယ်ဈေး - ၉၉၅ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၇၈ ကျပ်
ဝယ်ဈေး - ၅၆၄ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၂၄ ကျပ်
ဝယ်ဈေး - ၂၅.၅၉ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၃.၆၈ ကျပ်
ဝယ်ဈေး - ၄၂.၅၈ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၁ ကျပ်
ဝယ်ဈေး - ၂.၇၄ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၅၄၅ ကျပ်
ဝယ်ဈေး - ၅၄၀၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၂၇ ကျပ်
ဝယ်ဈေး - ၂၇၅၆ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၆၅ ကျပ်
ဝယ်ဈေး - ၂၈၉၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၁၅ ကျပ်
ဝယ်ဈေး - ၅၀၂ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၀၉၄ ကျပ်
ဝယ်ဈေး - ၁၀၆၆ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
***********************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image
27 w - Translate

Top 8

image

Global Herbal Nerve Support Supplements Market Set to Surpass USD 4.8 Billion by 2032

The global Herbal Nerve Support Supplements market is gaining significant traction as consumers increasingly turn toward plant-based solutions for nerve health and overall neurological balance. Market Intelo projects the market to grow from USD 2.1 Billion in 2024 to USD 4.8 Billion by 2032, expanding at a CAGR of 10.9% during the forecast period. Growing awareness of preventive healthcare and natural healing systems is fueling sustained product adoption.
Read Full Research Study: https://marketintelo.com/repor....t/herbal-nerve-suppo