27 ပတ် - ဘာသာပြန်ပါ။

ပထမဆုံးလက်‌ဝှေ့ပွဲ လက်ခံကျင်းပဖို့ လုပ်ဆောင်လာတဲ့ ပရီးမီးယားလိဂ်အသင်း
=================
ပရီးမီးယားလိဂ်ကလပ် ဆန်းဒါးလန်းဟာ လက်ဝှေ့ပွဲကြီးတစ်ပွဲ လက်ခံကျင်းပလာမယ့် နောက်ထပ် ပရီးမီးယားလိဂ်အသင်းတစ်သင်း ဖြစ်လာဖို့ ရှိနေပါတယ်။
ယခင်တုန်းက အစ္စဝှစ်ချ်ရဲ့ Portman Road ၊ ဘုန်းမောက်ရဲ့ Vitality Stadium တို့ အပါအဝင် ပရီးမီးယားလိဂ်ကွင်းများမှာ မျှော်လင့်မထားတဲ့ လက်ဝှေ့ပွဲများ ကျင်းပခဲ့ဖူးပြီးလည်း ဖြစ်ပါတယ်။
ဘုန်းမောက်ရဲ့ တစ်ရာသီစာလက်မှတ်ပိုင်ရှင် ခရစ်ဘယ်လမ်စမစ်ဟာ ၂၀၂၃ တုန်းက အိမ်ကွင်းမှာ ခရူဇာဝိတ်တန်းချန်ပီယံ ဖြစ်ခဲ့ဖူးပါတယ်။
ဟဲဗီးဝိတ်လက်ဝှေ့သမားဖေဘီယိုဝါဒလေဟာလည်း ပြီးခဲ့တဲ့နှစ်တုန်းက အစ္စဝှစ်ချ်ရဲ့ ကွင်းမှာ ဂျပ်စတစ်ဟူနီကို အလဲထိုးဖြင့် အနိုင်ယူဖူးပါတယ်။
စပါးစ်ရဲ့ ပေါင် ၁ ဘီလီယံတန်ကွင်းမှာ ပြီးခဲ့တဲ့နှစ်တုန်းက ခရစ်အူဘန့်ခ်နှင့် ကော်နာဘန်းတို့ရဲ့ ပွဲ ၂ ပွဲအား လက်ခံကျင်းပဖူးပါတယ်။
ယခု ပရီးမီးယားလိဂ်တွင် အဆင့် ၁၀ နေရာမှာ ရပ်တည်ကာ ဥရောပဝင်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ ဆန်းဒါးလန်းဟာလည်း လက်ဝှေ့လောကထဲသို့ ဝင်ရောက်ရန် တာစူနေပါတယ်။
ဆန်းဒါးလန်းရဲ့ ‘Til I Die စီးရီးမှာ Netflix တွင် နာမည်ကြီးတဲ့ စီးရီးတစ်ခု ဖြစ်ပြီး တတိယစီစင် ထုတ်လွှင့်နေပါတယ်။ ယင်းသို့ Netflix နှင့် ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေမှုနှင့်အတူ လက်ဝှေ့ပွဲအား လက်ခံကျင်းပရန် အခြေအနေကောင်းနေတာလည်း ဖြစ်ပါတယ်။
ဆန်းဒါးလန်းရဲ့ အလင်းရောင်ကွင်းကို ၁၉၉၇ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့တာ ဖြစ်ပြီး ပရိသတ် ၄၉၀၀၀ ဆန့်ပေမယ့် လက်ဝှေ့ပွဲအတွက်ဆို ပရိသတ်ပိုမိုဝင်ဆန့်လာပါဦးမယ်။
အလင်းရောင်ကွင်းမှာ အင်္ဂလန်အသင်းရဲ့ ပွဲစဉ်များအပြင် ရက်ဘီပွဲများလည်း လက်ခံကျင်းပဖူးပြီး ဖြစ်ပါတယ်။
ယခု ဆန်းဒါးလန်းဟာ အလင်းရောင်ကွင်းတွင် လက်ဝှေ့ပွဲ လက်ခံကျင်းပရေး ခြေလှမ်းလှမ်းနေပြီလည်း ဖြစ်ပါတယ်။
တကယ်တော့ ဆန်းဒါးလန်းရဲ့ တည်နေရာက လက်ဝှေ့နှင့် စိမ်းတဲ့ နေရာတော့ မဟုတ်ပါဘူး။ ဂန္ထဝင်လက်ဝှေ့ကျော်အမြောက်အမြားလာရောက်ဖူးတဲ့ နေရာ ဖြစ်ပါတယ်။
၁၉၇၇ ခုနှစ်တုန်းက လက်ဝှေ့ဂန္ထဝင်မိုဟာမက်အလီ တိုင်နီဆိုက်သို့ လာရောက်လည်ပတ်ကာ ဒေသတွင်း အပျော်တမ်းလက်ဝှေ့ကလပ်တစ်ခုသို့ သွားရောက်လည်ပတ်ကာ ပရိသတ်များနှင့် တွေ့ဆုံခဲ့ဖူးပါတယ်။ ဒါပေမယ့် အလီဟာ ဆန်းဒါးလန်းရဲ့အလင်းရောင်ကွင်းသို့တော့ မရောက်ခဲ့ပါဘူး။
စနေနေ့ညတွင် နယူးကာဆယ်အရီနာတွင် ရုရှားလက်ဝှေ့သမားဘက်ခရမ်မူတာဇာလီနှင့် ထိုးသတ်မယ့် ဂျို့စ်ကယ်လီမှာ ဆန်းဒါးလန်းအကယ်ဒမီတွင် ကစားခဲ့ဖူးသူ ဖြစ်ပြီး ယနေ့တိုင် အလင်းရောင်ကွင်းသို့ လာရောက်ကာ ပွဲများ ကြည့်နေသူ ဖြစ်ပါတယ်။

image
27 ပတ် - ဘာသာပြန်ပါ။

ယူအီးအက်ဖ်အေရဲ့ လူသိနည်းတဲ့ စည်းမျဉ်းကြောင့် ချန်ပီယံလိဂ်ရှုံးထွက်အဆင့် အိမ်ကွင်းပွဲစဉ်အား ကြားကွင်းမှာ ကစားလာရဖို့ ရှိနေတဲ့ ချဲလ်ဆီး
======================
ချဲလ်ဆီးဟာ ယူအီးအက်ဖ်အေရဲ့ လူသိနည်းတဲ့ စည်းမျဉ်းကြောင့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်တွင် အိမ်ကွင်းအားသာချက်အား လက်လွှတ်လာရဖို့ ရှိနေပါတယ်။
လီယမ်ရိုဆင်နီယာဦးဆောင်တဲ့ ချဲလ်ဆီးဟာ နည်းပြဟောင်းအန်တိုနီယိုကွန်တီ ဦးဆောင်တဲ့ နာပိုလီကို ၃-၂ ဖြင့် အနိုင်ယူကာ သူ့လက်ထက် အကောင်းဆုံးနိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။
ချဲလ်ဆီးဟာ နာပိုလီနိုင်ပွဲကြောင့် ချန်ပီယံလိဂ်အမှတ်ပေးဇယားအဆင့် ၆ နေရာမှာ ရပ်တည်ကာ ၁၆ သင်း ရှုံးထွက်အဆင့်သို့ တိုက်ရိုက်တက်ရောက်နိုင်ခဲ့ပါတယ်။
ချဲလ်ဆီးဟာ ပြုပြင်ပြောင်းလဲမှု ပြုလုပ်လာတဲ့ စည်းမျဉ်းအရ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ဒုတိယအကျော့ကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားလာရမှာ ဖြစ်ပြီး နယူးကာဆယ် (သို့မဟုတ်) လက်ရှိ ချန်ပီယံ ပီအက်စ်ဂျီနှင့် ရင်ဆိုင်လာဖို့ ရှိနေပါတယ်။
ဒါပေမယ့် ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းအရ မြို့တစ်မြို့တွင် ပွဲတစ်ပွဲတည်းကိုသာ လက်ခံကစားရမှာ ဖြစ်တာကြောင့် ချဲလ်ဆီးမှာ အိမ်ကွင်းပွဲစဉ်အား ကြားကွင်းတွင် ကစားရမယ့်ကိန်းဆိုက်နေပါတယ်။
ချဲလ်ဆီးရဲ့ လန်ဒန်ပြိုင်ဘက်များဖြစ်ကြတဲ့ အာဆင်နယ်နှင့် စပါးစ်တို့မှာလည်း အဆင့် ၁ နှင့် အဆင့် ၄ နေရာတို့မှာ ရပ်တည်ကာ ရှုံးထွက်အဆင့်သို့ တိုက်ရိုက်တက်ရောက်ထားကြပါတယ်။
ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်များကို မတ်လ ၁၇ နှင့် ၁၈ ရက်တို့မှာ ကစားလာပါမယ်။
ချဲလ်ဆီးဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်မတိုင်မီ ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းနှင့်အညီ ကောင်းမွန်တဲ့ ကွင်းလုံခြုံရေး ရရှိရေးအတွက် မီထရိုပိုလီတန်ရဲတပ်ဖွဲ့အပြင် အခြားလန်ဒန်အာဏာပိုင်များနှင့် ဆွေးနွေးလာရပါမယ်။
ချဲလ်ဆီးနှင့် စပါးစ်တို့ဟာ ပရီးမီးယားလိဂ်ပွဲစဉ်များအား တစ်နေ့တည်းတွင် အိမ်ကွင်းအတူတူ လက်ခံကျင်းပလာခဲ့ကြဖူးပါတယ်။
ဒါပေမယ့် ယူအီးအက်ဖ်အေစည်းမျဉ်းအရ ကီလိုမီတာ ၅၀ (မိုင် ၃၀)အတွင်း မြို့ (သို့မဟုတ်) တူညီတဲ့ မြို့၊ တူညီတဲ့ ကွင်းတို့တွင် တစ်နေ့တည်း နှစ်ပွဲကစားခွင့် မရှိပါဘူး။
တကယ်လို့များ ယင်းသို့ ပြဿနာကြုံလာပါက လိဂ်အဆင့်တွင် အဆင့်နိမ့် ရပ်တည်တဲ့အသင်းက ကြားကွင်းကို အသုံးပြုရမယ်လို့ ယူအီးအက်ဖ်အေစည်းမျဉ်းက ဆိုထားပါတယ်။
ယခု ချဲလ်ဆီးနှင့် စပါးစ်တို့အကြား အကာအဝေး မိုင် ၂၀ ဝန်းကျင်မျှသာ ကွာဝေးနေမှုနှင့်အတူ ပြဿနာတက်နေပါတယ်။
တဖက်တွင် အထက်ပါပြဿနာ မကြုံရရေး ရှောင်လွဲရန်အတွက် ချဲလ်ဆီးရဲ့ ပွဲအား ကြာသပတေးနေ့သို့ ရွေ့ဆိုင်းမှုလည်း ပြုလုပ်လာနိုင်ပါတယ်။ ချဲလ်ဆီးရဲ့ ပွဲအား ကြာသပတေးနေသို့ ရွှေ့ဆိုင်းလာပါကလည်း ယူရိုပါလိဂ်နှင့် ကွန်ဖရင့်လိဂ် ရုပ်သံထုတ်လွှင့်မှုများအပေါ်တွင်လည်း များစွာ ရိုက်ခတ်မှု ရှိလာပါမယ်။

image
27 ပတ် - ဘာသာပြန်ပါ။

တိုက်စစ်မှူးအိုလီဝတ်ကင် ဒဏ်ရာရရှိသွားမှုနှင့်အတူ ကြီးမားတဲ့ ထိုးနှက်ချက် ကြုံလာရတဲ့ အက်စတွန်ဗီလာ
=====================
အက်စတွန်ဗီလာဟာ အဓိကတိုက်စစ်မှူးအိုလီဝတ်ကင် တံကောက်ကြောဒဏ်ရာရရှိလာမှုနှင့်အတူ ပရီးမီးယားလိဂ်ဖလားတိုက်ပွဲအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ကြုံလာရပါတယ်။
ဗီလာဟာ မနေ့ညတုန်းက ရက်ဘူးလ်လိုက်ဇစ်နှင့်ပွဲမတိုင်မီကတည်းက ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့်သို့ တိုက်ရိုက်တက်ရောက်ရေး နေရာသေချာထားခဲ့တာပါ။
ဒါကြောင့်လည်း အူနိုင်းအမ်မရီဟာ အသက် ၁၈ နှစ်အရွယ် ဂျော့ဟမ်းမင်း၊ တိုင်ရွန်းမင်၊ နေရာပျောက်နေတဲ့ ဟာဗေးအီးလီးယော့စတဲ့ ကစားသမားများကို ထည့်သွင်း အသုံးပြုလာပေမယ့် အရေးပါတဲ့ အိုလီဝတ်ကင်ကိုလည်း အသုံးပြုလာပါတယ်။
အသက် ၃၀ နှစ်ရှိ အင်္ဂလန်တိုက်စစ်မှူးက ယခုရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၈ ဂိုးဖြင့် ကလပ်ရဲ့ဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်နေသူပါ။
ဗီလာဟာ ပရီးမီးယားလိဂ်ရာသီသိမ်းရန် ၁၅ ပွဲတည်းသာ လိုတော့တဲ့အချိန်တွင် ထိပ်ဆုံးမှ အာဆင်နယ်နှင့် ၄ မှတ်သာ ကွာဟနေမှုကြောင့် ချန်ပီယံဆုအတွက် မျှော်လင့်ချက်အပြည့်အဝ ရှိနေပါတယ်။
ဒါပေမယ့် ဗီလာဟာ လိုက်ဇစ်နှင့်ပွဲစဉ်ရဲ့ ပွဲချိန် ၃၅ မိနစ်မှာပင် ဝတ်ကင် ဒဏ်ရာရရှိကာ မော်ဂန်ရိုဂျာနှင့် လူစားလဲလိုက်ရပါတယ်။ ဗီလာဟာ တိုက်စစ်မှူးဝတ်ကင်မပါဝင်ဘဲ ရက်သတ္တပတ်အတန်ကြာ ကစားလာရတော့မှာ ဖြစ်ပါတယ်။
မနေ့ညကပွဲတွင် ဗီလာဟာ လိုက်ဇစ်ကို ၂-၀ ဂိုးဖြင့် နောက်ကလိုက်ကစားခဲ့ရပေမယ့်လည်း မော်ဂန်ရိုဂျာ၊ တိုင်ရွန်မင်၊ ဂျီမိုတို့ရဲ့ ဂိုးတွေကြောင့် ၃-၂ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
ဗီလာဟာ ဝတ်ကင် ဒဏ်ရာရရှိသွားမှုနှင့်အတူ ဘီဆစ်တပ်မှ ပူပူနွေးနွေး ခေါ်ယူထားတဲ့ အင်္ဂလန်တိုက်စစ်မှူးတမ်မီအေဘရာဟမ်ကို အားကိုးလာရပါတော့မယ်။
အသက် ၂၈ နှစ်ရှိ ချဲလ်ဆီး၊ ရိုးမားနှင့် အေစီမီလန်တိုက်စစ်မှူးဟောင်းဟာ ၂၀၁၈-၁၉ ရာသီတုန်းက ဗီလာတွင် အငှားဖြင့် လာကစားဖူးပြီး ၂၆ ဂိုးသွင်းကာ ပရီးမီးယားလိဂ်သို့ တန်းတက်နိုင်အောင် ကူညီခဲ့ဖူးသူ ဖြစ်ပါတယ်။

image
27 ပတ် - ဘာသာပြန်ပါ။

အန်ဖီးလ်သို့ လက်ထောက်နည်းပြအဖြစ် တကျော့ပြန်လာမယ့် ဂျာဂင်ဂလော့ပ်
===================
ဂျာဂင်ကလော့ပ်ဟာ အန်ဖီးလ်မှ ထွက်ခွာသွားပြီး ၁၈ လအကြာမှာတော့ လီဗာပူးသို့ တကျော့ပြန်လာတော့မှာ ဖြစ်ပါတယ်။
ဂျာမန်လူမျိုးနည်းပြဟာ လီဗာပူးကို ၉ နှစ်ကြာ ကိုင်တွယ်စဉ်အတွင်း ဆုဖလားများ ရရှိအောင် ဦးဆောင်နိုင်ခဲ့မှုနှင့်အတူ အန်ဖီးလ်ဂန္ထဝင်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။
ကလော့ပ်ဟာ လီဗာပူးနှင့်အတူ ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလားနှင့် ချန်ပီယံလိဂ်ဖလားတို့ ရယူနိုင်ခဲ့ပါတယ်။
သူဟာ ၂၀၂၄ ခုနှစ် နွေရာသီမှာတော့ အန်ဖီးလ်မှ ထွက်ခွာသွားခဲ့ကာ ဖိအားနည်းတဲ့ အလုပ်ဖြစ်တဲ့ ရက်ဘူးလ်ရဲ့ တစ်ကမ္ဘာ့လုံးဆိုင်ရာ ဘောလုံးအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်လာခဲ့ပါတယ်။
ကလော့ပ်နေရာကို အစားထိုးတာဝန်ယူတဲ့ အန်းဆလော့ဟာ လီဗာပူးကို ကိုင်တွယ်တဲ့ ပထမဆုံးရာသီမှာ ပရီးမီးယားလိဂ်ဖလား ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့်လည်း ယခုရာသီတွင် ရုန်းကန်နေရမှုနှင့်အတူ ပရိသတ်အချို့ကို အသင်းကို ပြန်လည်ကိုင်တွယ်စေလိုနေကြပါတယ်။
ယခုအခါမှာတော့ လီဗာပူးပရိသတ်များရဲ့ ဆန္ဒပြည့်ဝလာတော့မှာ ဖြစ်ပါတယ်။
ကလော့ပ်ဟာ လီဗာပူးသို့ ရာထူးသစ်ဖြင့် ပြန်ရောက်လာမှာဖြစ်ပါတယ်။ လက်ထောက်နည်းပြအဖြစ် ပြန်ရောက်လာမှာလည်း ဖြစ်ပါတယ်။
သူဟာ ဒေါ့မွန်ဂန္ထဝင်များအသင်းနှင့် ကစားမယ့် လီဗာပူးဂန္ထဝင်များအသင်းပွဲတွင် လက်ထောက်နည်းပြအဖြစ်‌ ဆောင်ရွက်လာမှာလည်း ဖြစ်ပါတယ်။
သူဟာ လီဗာပူးဂန္ထဝင်နည်းပြကန်နီဒဲလ်ကလစ်ရှ်ရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်လာပါမယ်။
လီဗာပူးပရိသတ်များဟာ ကလော့ပ်ကို အန်ဖီးလ်ကွင်းမှာ ပြန်လည်ကြီးကြပ်တာ မြင်ရလာမှာ ဖြစ်လို့ စိတ်လှုပ်ရှားနေကြပြီလည်း ဖြစ်ပါတယ်။

image
27 ပတ် - ဘာသာပြန်ပါ။

အာဖရိကဖလားဗိုလ်လုပွဲ နိုင်ပွဲမှ ရုပ်ပျက်ဆင်းပျက်ပြဿနာအတွက် ပွဲပယ်ခံလာရတဲ့ ဆီနီဂေါနည်းပြ
==================
ဆီနီဂေါနည်းပြပါပီသီယော်ဟာ ယခုလအစောပိုင်းတုန်းက မော်ရိုကိုအား အနိုင်ရတဲ့ အာဖရိကဖလားဗိုလ်လုပွဲမှ ရုပ်ပျက်ဆင်းပျက်အဖြစ်အပျက်အတွက် ၅ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခြင်းခံလာရပါတယ်။
အာဖရိကဘောလုံးအဖွဲ့ချုပ်ဟာ သီယော်ရဲ့ အားကစားသမားစိတ်ဓာတ်မရှိတဲ့ လုပ်ရပ်အတွက်၊ ပွဲကို မတည်မငြိမ်ဖြစ်အောင် လုပ်မှုတို့အတွက် ဒေါ်လာ ၁၀၀၀၀၀ လည်း ဒဏ်ရိုက်ခဲ့ပါတယ်။
ဇန်နဝါရီလ ၁၈ ရက်နေ့တုန်းက ရာဘက်တွင် ဆီနီဂေါတို့ ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ အာဖရိကဖလားဗိုလ်လုပွဲတွင် ဆီနီဂေါနည်းပြသီယော်ဟာ မော်ရိုကိုဘက်သို့ အချိန်ပို ပင်နယ်တီပေးလာမှုအပေါ် ဆန့်ကျင်တဲ့အနေဖြင့် ကစားသမားများအား အဝတ်အစားလဲခန်းသို့ ဝင်ရန် ညွှန်ကြားခဲ့ပါတယ်။
ယင်းအဖြစ်အပျက်ကြောင့် ပွဲမှာ ၁၇ မိနစ်ခန် ရပ်ဆိုင်းခဲ့ရပြီး ဆီနီဂေါတိုက်စစ်သမားဆာဒေယိုမာနေးက ကစားသမားများအား ကွင်းအတွင်းသို့ ပြန်ဝင်လာအောင် ဖျောင်းဖျခဲ့ရပါတယ်။
ဒါ့အပြင် ဆီနီဂေါတိုက်စစ်သမားများဖြစ်ကြတဲ့ လီမန်အန်ဒီယာယီနှင့် ဆားတို့မှာလည်း ဒိုင်လူကြီးအား အားကစားသမားမပီသတဲ့ အပြုအမူများ ပြုလုပ်မှုအတွက် ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံလာရသလို ဆီနီဂေါဘောလုံးအဖွဲ့ချုပ်မှာလည်း ဒေါ်လာ ၆၁၅၀၀၀ ဒဏ်ရိုက်ခြင်းခံခဲ့ရပါတယ်။
မော်ရိုကိုတိုက်စစ်သမားအစ္စမေးလ်ဆိုင်ဘာရီမှာ ၃ ပွဲပယ်နှင့် ဒေါ်လာ ၁၀၀၀၀၀ ဒဏ်ရိုက်ခြင်းခံခဲ့ရသလို နောက်ခံလူဟာကီမီမှာလည်း ၂ ပွဲပယ်ခံလာရကာ ၁ ပွဲအား ၁၂ လ ဆိုင်းငံ့ပြစ်ဒဏ်ချမှတ်ခြင်းခံ့ခဲ့ရပါတယ်။
မော်ရိုကိုဘောလုံးအဖွဲ့ချုပ်ဟာ ကွင်းအတွင်းမှ ထွက်ခွာသွားတဲ့ ဆီနီဂေါကစားသမားများရဲ့ လုပ်ရပ်အတွက် ပွဲအား အနိုင်ပေးရန် အယူခံဝင်ခဲ့ပေမယ့်လည်း အာဖရိကဘောလုံးအဖွဲ့ချုပ်က ပယ်ချခဲ့ပါတယ်။
သီယော်နှင့် ပွဲပယ်ခံရတဲ့ ကစားသမားများမှာ ပွဲပယ်ပြစ်ဒဏ်အား အာဖရိကဖလားပွဲစဉ်များတွင်သာ ကျခံရမှာ ဖြစ်ပြီး ကမ္ဘာ့ဖလားတွင် ကျခံလာရမှာ မဟုတ်ပါဘူး။
ဆီနီဂေါဘောလုံးအဖွဲ့ချုပ်မှာ ဒေါ်လာ ၆၁၅၀၀၀မှ ဒေါ်လာ ၃၀၀၀၀၀ ကို ဆီနီဂေါကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များရဲ့ စည်းကမ်းချိုးဖောက်မှုကြောင့်လည်းကောင်း၊ ဒေါ်လာ ၃၀၀၀၀၀ ကို ပရိသတ်များ စည်းကမ်းချိုးဖောက်မှုကြောင့်လည်းကောင်း ချမှတ်ခံခဲ့ရတာပါ။
ယင်းပွဲတွင် ဆီနီဂေါပရိသတ်များဟာ မော်ရိုကိုဘက်သို့ ပင်နယ်တီပေးလိုက်ပြီးနောက် ကွင်းအတွင်း ဝင်ရောက်ခဲ့သလို လုံခြုံရေးများနှင့် ပြဿနာတက်ခဲ့ကြပါတယ်။
ကျန် ဒေါ်လာ ၁၅၀၀၀ မှာ ဆီနီဂေါကစားသမား ၅ ဦးတို့ အဝါကတ်ပြသခြင်းခံရမှုကြောင့် ဖြစ်ပါတယ်။
တဖက်တွင် မော်ရိုကိုဘောလုံးအဖွဲ့ချုပ်ဟာ ဗိုလ်လုပွဲစဉ်မှ ဘောကောက်လူငယ်များရဲ့ အပြုအမူအတွက် ဒေါ်လာ ၂၀၀၀၀၀ ဒဏ်ရိုက်ခြင်းခံခဲ့ရပါတယ်။

image
27 ပတ် - ဘာသာပြန်ပါ။

ရေကူးကန် ၂ ကန်အပြင် ကားအစီး ၂၀ အတွက် ဂိုဒေါင်ပါဝင်တဲ့ စံအိမ်သစ်ကြီးတစ်လုံးအား ခရစ္စတီယာနိုရော်နယ်ဒိုနှင့် ဂျော်ဂျီနာတို့ တည်ဆောက်နေ
===================
ခရစ္စတီယာနိုရော်နယ်ဒိုနှင့် ဂျော်ဂျီနာရိုဒရီဂွက်ဇ်တို့ဟာ စံံအိမ်သစ်ကြီးတစ်လုံး တည်ဆောက်ကာ နေအိမ်ပိုင်ဆိုင်မှုကို တိုးချဲ့နေပါတယ်။
၂၀၁၆ ခုနှစ်ကတည်းက တွဲလာတဲ့ စူပါစတားစုံတွဲဟာ မက်ဒရစ်ရှိ Gucci စတိုးတစ်ခုတွင် တွေ့ဆုံ ချစ်ကြိုက်လာကြတာပါ။
၎င်းတို့ဟာ ကမ္ဘာနေရာအနှံ့အပြားတွင် ပေါင်သန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ နေအိမ်များ၊ တိုက်ခန်းများ ပိုင်ဆိုင်ထားကြသူများ ဖြစ်ပါတယ်။
ယခု ၎င်းတို့ဟာ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ မွေးရပ်မြေ ပေါ်တူဂီတွင် နောက်ထပ် စံအိမ်ကြီးတစ်ခုအား တည်ဆောက်နေကြပါတယ်။
စပိန်မဂ္ဂဇင်း Semana က ခရစ္စတီယာနိုရော်နယ်ဒိုတို့ စုံတွဲဟာ ပေါင် ၂၁.၆ သန်းတန်ဖိုးရှိ စံအိမ်ကြီးတစ်ခု တည်ဆောက်နေကြောင်း ဖော်ပြလာပါတယ်။
ယင်းစံအိမ်သစ်မှာ ကမ်းခြေမြို့ ကာစကိုင်းဆစ်တွင် တည်ရှိပြီး စတုရန်းမီတာ ၁၂၀၀၀ ကျင်ဝန်းတဲ့ မြေတွင် စတုရန်းမီတာ ၅၀၀၀ ကျယ်ဝန်းလာပါမယ်။
ယင်းစံအိမ်တွင် အိမ်တွင်းနှင့် အိမ်ပြင် ရေကူးကန် ၂ ကန် ပါဝင်လာမှာ ဖြစ်သလို ရုပ်ရှင်ရုံလည်း ပါဝင်လာပါမယ်။
ဒါ့အပြင် ကိုယ်ကာယလေ့ကျင့်ခန်းလုပ်လေ့ရှိတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုအတွက် အဆင့်မြင့်အားကစားခန်းမလည်း ပါဝင်လာမှာ ဖြစ်သလို ဥယျာဉ်များလည်း ပါဝင်လာပါမယ်။
ခရစ္စတီယာနိုရော်နယ်ဒို ဝယ်ယူစုဆောင်ထားတဲ့ တန်ဖိုးကြီးကားများ ထားရန် ကားအစီး ၂၀ ဆန့် ကားဂိုဒေါင်တစ်ခုလည်း ပါဝင်လာပါမယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဆော်ဒီ၊ စပိန်၊ အီတလီ၊ ပေါ်တူဂီ၊ အင်္ဂလန်နှင့် ယူအေအီးတို့တွင်လည်း ဇိမ်ခံအိမ်များ ပိုင်ဆိုင်ထားသူ ဖြစ်ပြီး တန်ဖိုးစုစုပေါင်း ပေါင် ၆၅ သန်းတန်ဖိုးရှိတယ်လို့ ယုံကြည်ရပါတယ်။

image
27 ပတ် - ဘာသာပြန်ပါ။

ချန်ပီယံလိဂ်တွင် ဘယ်နောက်ခံလူမှ မရေးထိုးခဲ့ဖူးတဲ့ စံချိန်အား လီဗာပူးအသင်းခေါင်းဆောင်ရေးထိုးလာ
=======================
လီဗာပူးအသင်းခေါင်းဆောင်ဗာဂယ်ဗန်ဒိုက်ဟာ ချန်ပီယံလိဂ်တွင် ဘယ်နောက်ခံလူမျှ မရရှိခဲ့ဖူးတဲ့ စံချိန်အား ရေးထိုးလာပါတယ်။
လီဗာပူးဟာ ဗုဒ္ဓဟူးနေ့ညတုန်းက အန်ဖီးလ်ကွင်းတွင် ကွာရာဘတ်အား ၆-၀ ဂိုးဖြင့် သက်တောင့်သက်သာ အနိုင်ယူကာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ဗာဂယ်ဗန်ဒိက်ဟာ ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိပေမယ့်လည်း မက်အယ်လစ်စတာ၊ ဟူဂိုအီကီတီကီ၊ ချီယေဆာတို့ ဂိုးသွင်းနိုင်အောင် ဖန်တီးမှု ပြုလုပ်နိုင်ခဲ့မှုနှင့်အတူ ချန်ပီယံလိဂ်သမိုင်းတွင် တစ်ပွဲတည်းမှာ ဖန်တီးမှု ၃ ကြိမ်ပြုလုပ်နိုင်တဲ့ ပထမဆုံးဗဟိုနောက်ခံလူ ဖြစ်လာပါတယ်။
သူဟာ ပွဲချိန် ၁၅ မိနစ်တွင် ထောင့်ကန်ဘောမှ တဆင့် ခေါင်းတိုက်ချပေးကာ အယ်လစ်စတာ ဦးဆောင်ဂိုးသွင်းနိုင်အောင် စတင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။
ယင်းနောက် သူဟာ ပွဲချိန် ၅၇ မိနစ်တွင် နောက်တန်းမှ ရှင်းထုတ်ကန်တင်ကာ ဟူဂိုအီကီတီကီ ဆွဲပြေးဂိုးသွင်းနိုင်အောင် ဖန်တီးခဲ့ပါတယ်။
သူဟာ တတိယဖန်တီးမှုအဖြစ် ပွဲချိန် မိနစ် ၉၀ တွင် လူစားဝင်ရောက်လာတဲ့ ချီယေဆာ ဂိုးသွင်းနိုင်အောင် ခင်းပေးပြီး ဖန်တီးပေးခဲ့ပါတယ်။
ဗန်ဒိုက်ဟာ ကွာရာဘတ်နှင့်ပွဲတွင် ဖန်တီးမှု ၃ ကြိမ်ပြုလုပ်ပြီးနောက် ယခုရာသီ ချန်ပီယံလိဂ်တွင် ဂိုး/ဖန်တီးမှု ၅ ကြိမ်အထိ ပြုလုပ်ထားနိုင်ပြီး ဆိုဘိုဆလိုင်း(၈ ကြိမ်)ပြီးလျှင် အများဆုံးလီဗာပူးကစားသမားအဖြစ် ရပ်တည်နေပါတယ်။
လီဗာပူးဟာ လာမယ့် တနင်္ဂနွေနေ့တွင် အန်ဖီးလ်ကွင်းမှာ နယူးကာဆယ်ကို ဧည့်ခံကစားရမှာ ဖြစ်ပြီး ယင်းပွဲအပြီးတွင် မန်စီးတီးအား ထပ်မံ ဧည့်ခံကစားရပါမယ်။

image
27 ပတ် - ဘာသာပြန်ပါ။

ဘာစီလိုနာအတွက် ဖရီးကစ်မှ ဂိုးသွင်းယူပြီးနောက် ဒေးဗစ်ဘက်ဟမ်းရဲ့ စံချိန်ကို လိုက်မီလာတဲ့ မားကပ်စ်ရက်ဖို့ဒ်
=======================
မားကပ်စ်ရက်ဖို့ဒ်ဟာ ချန်ပီယံလိဂ်တွင် ဘာစီလိုနာအတွက် ဖရီးကစ်မှ တိုက်ရိုက် ဂိုးသွင်းယူပြီးနောက် ယူနိုက်တက်ဂန္ထဝင်ဆာဒေးဗစ်ဘက်ဟမ်းရဲ့ စံချိန်ကို လိုက်မီလာခဲ့ပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟာ ယူနိုက်တက်မှ ဘာစီလိုနာသို့ အငှားဖြင့် ပြောင်းရွှေ့လာပြီးနောက် စပိန်တွင် အလျှင်အမြန်အထိုင်ကျကာ ခြေစွမ်းပြနေသူလည်း ဖြစ်ပါတယ်။
အသက် ၂၈ နှစ်ရှိ တိုက်စစ်မှူးဟာ ဘာစီလိုနာအတွက် ဖရီးကစ်မှ တဆင့် ဂိုးသွင်းပြီးနောက် အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဒေးဗစ်ဘက်ဟမ်းရဲ့ စံချိန်ကို လိုက်မီလာပါတယ်။
ဒေးဗစ်ဘက်ဟမ်းလိုပဲ ယူနိုက်တက်အကယ်ဒမီမှ ထွက်ပေါ်လာတဲ့ ရက်ဖို့ဒ်ဟာ စီနီယာအသင်းသို့ တက်လှမ်းလာပြီးနောက် ရိုင်ယန်ဂစ်ကဲ့သို့ ကစားသမားဘဝတစ်ခုလုံးကို ယူနိုက်တက်တွင် ကုန်ဆုံးလာမယ့်သူအဖြစ် ယုံကြည်ခဲ့ကြရပါတယ်။
သူဟာ ၂၀၂၂-၂၃ ရာသီတွင် ကစားသမားဘဝ အကောင်းဆုံးရာသီအဖြစ် ဂိုး ၃၀ အထိ သွင်းယူနိုင်ခဲ့ပြီးနောက် လုပ်ခများစွာ တိုးမြှင့်ကာ စာချုပ်သစ်ချုပ်ဆိုခြင်းခံခဲ့ရပါတယ်။
ဒါပေမယ့် နောက်တစ်ရာသီမှာတော့ မားကပ်စ်ရက်ဖို့ဒ်ဟာ အံ့ဩသင့်ဖို့ကောင်းစွာ ခြေစွမ်းကျဆင်းသွားခဲ့ပြီး ရူဘင်အမိုရမ် ရောက်လာချိန်တွင် ပြဿနာတက်ပြီးနောက် ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလတုန်းက ဗီလာသို့ အငှားဖြင့် သွားကစားခဲ့ရပါတယ်။
သူဟာ ဗီလာတွင် ၆ လအငှားဖြင့် ကစားပြီးနောက် နွေရာသီမှာတော့ ကစားသမားဘဝ အိပ်မက်ကလပ်ဖြစ်တဲ့ ဘာစီလိုနာသို့ ပြောင်းလာခဲ့ပါတယ်။
ဘာစီလိုနာမှာတော့ သူဟာ အကောင်းဆုံးပုံစံ ပြန်လည်ရှာတွေ့ကာ ကိုပင်ဟေဂင်အား ၄-၁ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ဖရီးကစ်မှ တဆင့် ယခုရာသီ ၉ ဂိုးမြောက်ဂိုးအား သွင်းယူနိုင်ခဲ့ပါတယ်။
သူဟာ လူစားဝင်ရောက်လာပြီးနောက် ပွဲချိန် ၈၅ မိနစ်မှာ ကိုက် ၂၀ အကွာမှ ဖရီးကစ်အား တိုက်ရိုက်ကန်သွင်းကာ စတုတ္ထဂိုးအား သွင်းယူခဲ့ပါတယ်။
ယင်းဂိုးကြောင့် မားကပ်စ်ရက်ဖို့ဒ်ဟာ ဒေးဗစ်ဘက်ဟမ်းနှင့်အတူ ချန်ပီယံလိဂ်တွင် ကလပ်နှစ်ခုအတွက် ဖရီးကစ်မှ တဆင့် ဂိုးသွင်းနိုင်တဲ့ ဒုတိယမြောက် အင်္ဂလိပ်ကစားသမား ဖြစ်လာခဲပါတယ်။
ဒေးဗစ်ဘက်ဟမ်းဟာ ကစားသမားဘဝတုန်းက ယူနိုက်တက်နှင့် ရီးရဲလ်မက်ဒရစ်တို့အတွက် ချန်ပီယံလိဂ်တွင် ဖရီးကစ်မှ ဂိုးသွင်းခဲ့တာပါ။
မားကပ်စ်ရက်ဖို့ဒ်ဟာ ဘာစီလိုနာတွင် အငှားဖြင့် ကစားစဉ်အတွင်း ခြေစွမ်းပြ ကစားနိုင်မှုနှင့်အတူ ရာသီအကုန်တွင် အပြီးသတ်ပြောင်းရွှေ့ခွင့်ရလာမယ်လို့လည်း ယုံကြည်ရပါတယ်။

image
27 ပတ် - ဘာသာပြန်ပါ။

ကစားသမားဟောင်းဒေါက်ကလပ်လူးဝစ်ဇ်ကို ခေါ်ယူကာ အလယ်တန်းပြဿနာကို အက်စတွန်ဗီလာဖြေရှင်းလာ
====================
အက်စတွန်ဗီလာဟာ ကစားသမားဟောင်းဒေါက်ကလပ်လူးဝစ်ဇ်အား ဂျူဗင်တပ်မှ ရာသီအကုန်အထိ အငှားဖြင့် ခေါ်ယူလာပါတယ်။
ဘရာဇီးကွင်းလယ်ကစားသမားဟာ ၂၀၂၄ ခုနှစ် နွေရာသီတုန်းက ဗီလာမှ ဂျူဗင်တပ်သို့ ပေါင် ၄၂ သန်းဖြင့် ပြောင်းရွှေ့သွားခဲ့သူ ဖြစ်ပြီး တူရင်တွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်ရပြီးနောက် နွေရာသီတုန်းက နော်တင်ဟမ်ဖောရက်စ်သို့ အငှားဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။
သူဟာ နော်တင်ဟမ်ဖောရက်စ်တွင်လည်း ရုန်းကန်ရမှုနှင့်အတူ အူနိုင်းအမ်မရီရဲ့ ဗီလာသို့ ပြန်လည်ပြောင်းရွှေ့လာခဲ့ပါတယ်။
သူဟာ ဂျူဗင်တပ်တွင် ပြိုင်ပွဲအရပ်ရပ် ၂၇ ပွဲကစားခဲ့ရပေမယ့်လည်း ပွဲအများစုကို အရန်အဖြစ် ဝင်ရောက်ကစားခဲ့ရတာပါ။ သူဟာ ဂျူဗင်တပ်ရဲ့ အနာဂတ်အစီအစဉ်တွင် ပါဝင်ခြင်း မရှိမှုကြောင့် နွေရာသီတွင် နော်တင်ဟမ်ဖောရက်စ်သို့ ပြန်ပြောင်းလာခဲ့ပေမယ့် ရှောင်ဒိုက်ချီလက်ထက်တွင်လည်း အရန်အဖြစ်သာ ကစားလာခဲ့ရပါတယ်။
ဗီလာဟာ ကွင်းလယ်ကစားသမားယူရီတီလီမန်းမှာ ဒဏ်ရာကြောင့် နှစ်လကျော်အနားယူရမယ့်အပြင် ဘူဘာကာကာမာရာမှာလည်း ရာသီအကုန်အထိ အနားယူနေရသလို ဂျွန်မက်ဂင်းမှာလည်း ဒဏ်ရာကြောင့် နားနေရမှုကြောင့် ကွင်းလယ်ပြဿနာအား ဖြေရှင်းရန် ဒေါက်ကလပ်လူးဝစ်ဇ်အား ခေါ်ယူလာပါတယ်။
တဖက်တွင် ဗီလာဟာ နွေရာသီတုန်းက အပြီးသတ်ခေါ်ယူမယ့်အချက်ဖြင့် အငှားဖြင့် ခေါ်ယူထားတဲ့ အင်္ဂလန်အလယ်တန်းကစားသမားဟာဗေးအီးလီးယော့ရဲ့အနာဂတ်အား ဖြေရှင်းရပါဦးမယ်။
အသက် ၂၂ နှစ်ရှိ အီးလီးယော့ဟာ အမ်းမရီရဲ့အစီအစဉ်တွင်ထဲမှာ မပါဝင်ကြောင်း အသိပေးခြင်းခံထားရပေမယ့် ယခုရာသီတွင် လီဗာပူး၊ ဗီလာတို့အတွက် ကစားထားရမှုနှင့်အတူ ၂၀၂၅-၂၆ ရာသီတွင် တတိယမြောက်ကလပ်တစ်ခုအတွက် ကစားခွင့်မရှိတော့ပါဘူး။
ဒါကြောင့်လည်း ဟာဗေးအီးလီးယော့အနေဖြင့် မေဂျာလိဂ်သို့ ပြောင်းရွှေ့ကစားကာ ပြဿနာအား ယာယီဖြေရှင်းလာဖို့ ရှိနေပါတယ်။

image
27 ပတ် - ဘာသာပြန်ပါ။

ပါကွီတာအား ဖလာမင်ဂိုသို့ ပေါင် ၃၅.၅ သန်းဖြင့် ရောင်းချရန် ဝက်စ်ဟမ်း သဘောတူညီမှု ရရှိ
==================
ဝက်စ်ဟမ်းဟာ ဘရာဇီးတိုက်စစ်သမားလူးကပ်စ်ပါကွီတာအား ဖလာမင်ဂိုသို့ ယူရို ၄၁ သန်း(ပေါင် ၃၅.၅ သန်း)ဖြင့် ရောင်းချရန် သဘောတူညီလိုက်ပြီ ဖြစ်ပါတယ်။
အသက် ၂၈ နှစ်ရှိ ပါကွီတာဟာ ၂၀၂၂ ခုနှစ်တွင် လိုင်ယွန်မှ ပြောင်းလာပြီးနောက် ဝက်စ်ဟမ်းတွင် အဓိကကစားသမားအဖြစ် ကစားလာသူ ဖြစ်ပြီး ဇန်နဝါရီလ အစောပိုင်းတုန်းက ဖလာမင်ဂိုသို့ ပြောင်းခွင့်ပေးရန် တောင်းဆိုခဲ့သူလည်း ဖြစ်ပါတယ်။
ဝက်စ်ဟမ်းဟာ အစောပိုင်းတုန်းက ပါကွီတာအား ရာသီအကုန်အထိ အငှားဖြင့် ဆက်လက်ခေါ်ယူနိုင်မည်ဆိုပါက အပြောင်းအရွှေ့ကို လက်ခံရန် လုပ်ဆောင်ထားပေမယ့်လည်း ဖလာမင်ဂိုဘက်က ယခုလတွင်ပင် အပြောင်းအရွှေ့ဖြစ်မြောက်ရေး ကြိုးပမ်းလာခဲ့တာပါ။
ယခုအခါမှာတော့ ပါကွီတာဟာ ဖလာမင်ဂိုသို့ ပြောင်းလာတော့မှာလည်း ဖြစ်ပါတယ်။
ဝက်စ်ဟမ်းဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်များတွင် ပါကွီတာ မပါဝင်ပေမယ့်လည်း ၃ ပွဲဆက် နိုင်ပွဲ ရရှိထားကာ ၂၀၂၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ၃ ပွဲဆက် နိုင်ပွဲ ရထားပါတယ်။
ဒါပေမယ့် ဝက်စ်ဟမ်းဟာ တန်းဆင်းဇုန်ပြင်ပနှင့် ၅ မှတ်အကွာ အဆင့် ၁၈ နေရာမှာ ရပ်တည်နေတုန်း ဖြစ်ပါတယ်။

image