လျှပ်စစ်မီတာသုံးစွဲခများ လအလိုက် မပေးဆောင်ပါက ချက်ချင်းမီးဖြတ်တောက်မှု စတင်ပြုလုပ်နေဟု ဆို

လျှပ်စစ်မီတာသုံးစွဲခများ လအလိုက် မပေးဆောင်ပါက ချက်ချင်းမီးဖြတ်တောက်မှု စတင်ပြုလုပ်နေသည်ဟု မီတာခ မဆောင်မိသဖြင့် မီးဖြတ်တောက်ခံရသော ပြည်သူများက ပြောသည်။

နွေဦးတော်လှန်ရေးကြောင့် မီတာခများ မပေးဆောင်ခြင်း၊ နယ်မြေစိုးမိုးမှု ယာယီလွတ်ကင်းနေသော ဒေသများရှိနေခြင်းနှင့် ယခင်က လျှပ်စစ်မီတာခများအား သုံးလ၊ လေးလမှ လများသွာကြာအောင် မီတာခမဆောင်ကြသော်လည်း လျှပ်စစ်မီးဖြတ်တောက်မှု မရှိခဲ့ဘဲ ယခုလမှ စတင်ကာ ရက်လွန်သည်နှင့် မီးဖြတ်တောက်နေသည်ဟုလည်း ပြောသည်။

“ဒီလ မီတာခဆောင်ဖို့မေ့သွားတာ။ ခါတိုင်းလည်း သုံးလေးလမဆောင်ဖြစ်တာကို မီးမဖြတ်ဘဲ ဒီမနက်ကြမှ တစ်အိမ်တည်း မီးဖြတ်သွားလို့ EPC ရုံး ဖုန်းဆက်မှ ရက်လွန်လို့ မီးဖြတ်တာ၊ အရင်လို မရတော့ဘူးပြောတယ်။ သူတို့ပြောတာကတော့ မီတာခလာဆောင်၊ အရေးပေါ်မီးပျက်မှာ စာရင်းသွင်းပြီးမှ မီးလာအောင် ပြန်လာလုပ်ပေးမယ်ပြောတယ်... ဟု ယနေ့ မီးဖြတ်ခံရသည့် ပြည်သူတစ်ဦးက ပြောသည်။

လျှပ်စစ်မီတာခများအချိန်မီမပေးဆောင်ပါက ယခုလတင်သာမက နောက်လာမည့်လများတွင်ပါ တစ်ရက်လွန်သည်နှင့် ဖြတ်တောက်မည်ဖြစ်၍ မီတာခပုံမှန်မပေးဆောင်ပါက လစဉ်မီးဖြတ်ခံနေရမည်ဟုလည်း တာမွေမြို့နယ်လျှပ်စစ်ရုံး အရေးပေါ်မီးပျက်ပြုပြင်ဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

image

စဥ်းစားပြီးမှအလုပ်လုပ်ပါ

💡💡💡💡💡💡💡💡💡

တစ်ခါတုန်းက မြွေတစ်ကောင်ဟာ ရေအိုင်တစ်ခုအတွင်းမှ ဖားအားလုံးကို စားဖို့အကြံနဲ့ လာခဲ့ပါတယ်။ မြွေက ဖားတွေကို " သင်တို့ကို လုပ်ကိုင်ပေးဖို့ ရောက်လာရတာပါ။ ဗြဟ္မာတစ်ဦးရဲ့ ကျိန်စာကြောင့်ပေါ့"လို့ ပြောလိုက်တာပေါ့။
ဖားဘုရင်ဟာ ဝမ်းသာသွားပြီး ဖားအားလုံးကို မြွေအကြောင်း ပြောပြလိုက်တာပေါ့။ ဖားဘုရင် နောက်ကို လိုက်ရင်း ဖားအားလုံးဟာ မြွေရဲ့ကျောပေါ်ကို စီးဖို့ လိုက်ကြတာပေါ့။
နောက်နေ့မှာ မြွေက " ငါဘာမှ မစားရသေးဘူး။ မြန်မြန်သွားဖို့ အားနည်း နေပြီ"လို့ ပြောလိုက်သတဲ့။ ဖားဘုရင်က " မင်းရဲ့အမြီးဖျားမှာ ထိုင်နေတဲ့ဖားသေးသေးလေးကို စားလို့ရတယ်"လို့ မြွေကို ပြောလိုက်ပါတယ်။ မြွေက ဖားတစ်ကောင်ကို စားပစ်လိုက်တာပေါ့။

နောက်ရက်နည်းနည်းကြာတော့မြွေဟာ ဖားအားလုံးကို စားပစ်လိုက်ပါတယ်။ ဖားဘုရင်ပဲ ကျန်တော့တာပေါ့။
နောက်နေ့မှာ မြွေက " ငါ ဘာမှမစားရသေးဘူး။ မြန်မြန်သွားဖို့ အားနည်းနေပြီး"လို့ ပြောလိုက်ပြန် ပါတယ်။
ဖားဘုရင်ကလည်း " အမြီးဖျားမှာ ထိုင်နေတဲ့ဖားကို စားနိုင်ပါတယ်"လို့ပြောလိုက်ပြန်သတဲ့။ ဒီတစ်ခါမှာ တော့ မြွေကို ဖားဘုရင်ကို စားပစ်လိုက်ပါတော့တယ်။
ဒီပုံပြင်လေးရဲ့ ပေးချင်တဲ့သင်ခန်းစာကတော့ ဘယ်အလုပ်ကိုမဆို မလုပ်ခင်မှာ စဉ်းစားရမယ်ဆို တာပါပဲကွယ်။ ။

image

ပြီးပြည့်စုံတဲ့ရာသီအစ ပိုင်ဆိုင်ပြီးနောက် ကွန်ပနီကို ဘိုင်ယန်မြူးနစ် စာချုပ်သစ်ချုပ်ဆိုလာ
==================

ဘိုင်ယန်မြူးနစ်ဟာ ၂၀၂၅-၂၆ ရာသီအား ပြီးပြည့်စုံတဲ့ စတင်မှု ပြုလုပ်နိုင်ပြီးနောက် နည်းပြဗင်းဆင့်ကွန်ပနီကို အသင်းတွင် ၂၀၂၉ ခုနှစ် ဇွန်လအထိ ရှိနေမယ့် စာချုပ်သစ်အား ချုပ်ဆိုလာပါတယ်။

ကွန်ပနီရဲ့ ဘိုင်ယန်မြူးနစ်ဟာ ရာသီအသစ်အဖွင့်လှပလျက်ရှိနေပြီး ဘွန်ဒက်စ်လီဂါအား ၅ မှတ်ဖြတ်ကာ ဦးဆောင်ထားနိုင်ပါတယ်။

အသက် ၃၉ နှစ်ရှိ ဘယ်လ်ဂျီယံနိုင်ငံသားနည်းပြဟာ ဘန်လေမှ မြူးနစ်သို့ ရောက်လာပြီးနောက် ပထမဆုံးရာသီတွင်ပင် ဘွန်ဒက်စ်လီဂါဖလား ရယူပေးနိုင်ခဲ့ပါတယ်။

သူ့ရဲ့ ယခင်စာချုပ်မှာ ၂၀၂၇ ခုနှစ်ဇွန်လတွင် ကုန်ဆုံးမှာ ဖြစ်ပြီး ၂ နှစ်စာချုပ်သက်တမ်းတိုး ချုပ်ဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ နည်းပြကွန်ပနီကို စာချုပ်သစ်ချုပ်ဆိုလိုက်ပြီးနောက် အသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ ဟယ်ရီကိန်းကို စာချုပ်သစ်ချုပ်ဆိုရေး လုပ်ဆောင်လာဖို့လည်း ရှိနေပါတယ်။

ဟယ်ရီကိန်းဟာ စနေနေ့တုန်းက ဒေါ့မွန်နိုင်ပွဲတွင် ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ပရော်ဖက်ရှင်နယ်ကလပ်ကစားသမားဘဝ ဂိုး ၄၀၀ ပြည့်ခဲ့ပြီ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်အတွက် ၁၀၇ ပွဲကစားထားရာမှာ ၁၀၄ ဂိုးအထိ သွင်းထားနိုင်ပါတယ်။

သူဟာ ယခုရာသီတွင် ၅၂ မိနစ်ကစားတိုင်း ၁ ဂိုးသွင်းနိုင်တဲ့အထိ ကြောက်ခမန်းလိလိဂိုးသွင်းနှုန်း ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

image

နယ်သာလန်၌ မျောက်ကျောက်ရောဂါမျိုးကွဲသစ်တွေ့

နယ်သာလန်တွင် မျောက်ကျောက်ရောဂါ မျိုးကွဲအသစ်လူနာကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့သည်။ ပထမဆုံးအကြိမ်အဖြစ်ပို၍ ကူးစက်လွယ်သော မျောက်ကျောက်ရောဂါ (mpox) မျိုးကွဲအသစ်ကို အတည်ပြုခဲ့ကြောင်းကျန်းမာရေး၊ လူမှုဝန်ထမ်းနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး ဂျန်အန်ထော်နီ ဘရူဂျင် က အင်္ဂါနေ့တွင် လွှတ်တော်သို့ စာဖြင့်တင်ပြပြောကြားခဲ့သည်။
အောက်တိုဘာလ ၁၇ ရက်နေ့တွင်တွေ့ရှိခဲ့သောကူးစက်မှုသည် တိုင်းပြည်တွင် မျောက်ကျောက်ရောဂါ mpox မျိုးကွဲ ၁ဘီ ကိုပထမဆုံးအကြိမ်တွေ့ရှိခဲ့သည်။

"ဒီမျောက်ကျောက်ရောဂါ mpox-မူကွဲအသစ်ကို နယ်သာလန်မှာ ပထမဆုံးအကြိမ် ဖော်ထုတ်တွေ့ရှိခဲ့တာပါ" ဟု ဝန်ကြီးက စာထဲတွင် ဖော်ပြခဲ့သည်။ ဥရောပရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဗဟိုဌာန (ECDC) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့သည် အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

ပြည်သူ့ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အမျိုးသား သိပ္ပံ (RIVM) က အစီရင်ခံတင်ပြသည်မှာ ရောဂါပိုးရှိသူသည် မျောက်ကျောက်ရောဂါ mpox ကာကွယ်ဆေးမထိုးရသေးသကဲ့သို့ မကြာသေးမီကလည်း ခရီးသွားထား ခြင်းမရှိခဲ့ကြောင်း သိရသည်။

အဆိုပါအမျိုးသားကို သီးခြားခွဲထားပြီး ဒေသဆိုင်ရာ ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုဌာနက ရောဂါ၏ ဇစ်မြစ်နှင့် ကူးစက်မှုကို ခြေရာခံခြင်းကို လုပ်ဆောင်နေသည်။ ဝန်ကြီးက "နောက်ထပ်ပြန့်ပွားနိုင်ခြေက နည်းပုံ ပေါ်တယ်" ဟု ပြည်သူများကို အာမခံပေးရန် ကြိုးပမ်းခဲ့သည်။

ART ဆေးနှင့် ဆေးပစ္စည်း ဝယ်ယူရန် ကျပ် ၆၀ ဘီလီယံ ထောက်ပံ့ပေးထား

အောက်တိုဘာ ၂၂

HIV ပိုးရှိ လူနာတွေကို ကုသပေးလျက်ရှိတဲ့ ART ဆေးနဲ့ ဆေးပစ္စည်းတွေ ဝယ်ယူဖို့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ ငွေကျပ် ၆၀ ဘီလီယံအထိ တိုးမြှင့်ထောက်ပံ့ပေးထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ပြောပါတယ်။

HIV ကူးစက်မှုနဲ့ ကူးစက်ခံရတဲ့ ဦးတည်အုပ်စုတွေမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ကွာခြားလျက်ရှိတယ်လို့ ဆိုပါတယ်။

ဖွေထိုင်းပါတီ အကြီးအကဲအဖြစ်ကနေ ဝန်ကြီးချုပ်ဟောင်း ပေတုန်တန် နုတ်ထွက်ပြီ

အောက်တိုဘာ ၂၂

ထိုင်းဝန်ကြီးချုပ်ဟောင်း ပေတုန်တန် ရှင်နာဝပ်ထရာဟာ ဖခင်ဖြစ်သူ ၀န်ကြီးချုပ်ဟောင်း သက်ဆင် တည်ထောင်ခဲ့တဲ့ ဖွေထိုင်းပါတီ အကြီးအကဲ အဖြစ်ကနေ ဒီကနေမှာ နုတ်ထွက်လိုက်ပါတယ်။

အသက် ၃၉ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်း ပေတုန်တန်ဟာ ကမ္ဘောဒီးယားနဲ့ နယ်နိမိတ်အငြင်းပွားမှုမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ တယ်လီဖုန်းအသံဖိုင် ပေါက်ကြားပြီးနောက် ကျင့်ဝတ်ဖောက်ဖျက်မှုနဲ့ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။

ရှင်နာဝပ် မိသားစုဟာ ထိုင်းနိုင်ငံရေးမှာ ဆယ်စုနှစ် နှစ်ခုကြာအောင် ထိုင်းစစ်တပ်ကို လိုလားသူ ဘုရင်စနစ်လိုလားသူတွေရဲ့ အဓိကရန်သူဖြစ်ခံ့ပါတယ်။ ပေတုန်တန်ကတော့ ပါတီခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်တာဟာ ပါတီကို အလုံးစုံ ပြန်လည်ပြင်ဆင်မှု ပြုလုပ်နိုင်စေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

“မိမိ နှုတ်ထွက်လိုက်တာက ပါတီကို ပြုပြင်ပြောင်းလဲံ အဆင့်မြှင့်နိုင်စေတဲ့အတွက် နောက်ဆုံးမှာ ရွေးကောက်ပွဲမှာ အနိုင်ရနိုင်ပါတယ်” လို့ ကြေညာချက်မှာ ဆိုပါတယ်။ သူမအနေနဲ့ ပါတီဝင်အဖြစ် ဆက်လက်ရှိနေမှာဖြစ်ပြီး ထိုင်းနိုင်ငံအတွက် ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း ပြောပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် ဖွေထိုင်းပါတီကို ပထမဆုံးပြန်လည်ထူထောင်ခဲ့သူ သက်ဆင်ဟာ ၂၀၀၆ ခုနှစ် အာဏာသိမ်းမှုမှာ ဖြုတ်ချခံခဲ့ရပြီး ဆယ်စုနှစ်တခုကျော်ကြာ ပြည်ပမှာ တိမ်းရှောင်နေခဲ့ပါတယ်။ ပေတုန်တန်ကတော့ ဖခင်ဖြစ်သူ သက်ဆင်၊ အ‌ဒေါ်ဖြစ်သူ ယင်လပ်တို့နောက်မှာ တတိယမြောက် ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားနေဆဲ နောက်ဆုံးမျိုးဆက်လည်းဖြစ်ပါတယ်။

ပါတီခေါင်းဆောင်အဖြစ်ကနေ ပေတုန်တန် နုတ်ထွက်မှုဟာ ထိုင်းနိုင်ငံရေးမှာ ရှင်နာဝပ်ထရာမိသားစုရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကို အဆုံးသတ်နိုင်တယ်လို့ အချို့က ယုံကြည်နေကြပေမယ့် ရှင်နာဝပ်ထရာမိသားစုဟာ ဖွေထိုင်းပါတီကို လွှမ်းမိုးထားဆဲဖြစ်တယ်လို့ အချို့က ယုံကြည်နေပါတယ်။

ပါတီကို ဘယ်သူက ဦးဆောင်တာ အရေးမကြီးပါဘူး၊ နောက်ကွယ်မှာ ရှင်နာဝပ်ထရာ မိသားစုက အမြဲတမ်း စီမံပေးမှာပါ” လို့ Sukhothai Thammathirat Open University မှ နိုင်ငံရေးကျွမ်းကျင်သူ ယူတာပွန်အစ်ဆာရာချိုင်က သုံးသပ်ပြောဆိုပါတယ်။